<Unicode>
**အင်္ဂျင်အသံထွက်ခြင်း နှင့် သတိထားရမည့်အချက်များ**
အမေးများကြလို့ပါ
တစ်စီးလုံးကတော့မြည်နိုင်တဲ့နေရာတွေချည်းပါပဲ ဒီအထဲကမှာခွဲခြားရမှာပါ
၁။ အင်္ဂျင်အလယ်ခြမ်း
အလယ်ခြမ်းမှာဆို ကရိုင်းရှိပါတယ်
ကွန်နက်တင်းဘောတွေက ရိုလာဘောလေးတွေပါ ချောင်ခါစ ဆိုရင်တော့ အင်္ဂျင်စနိုးချက်မှာ ပိုမြည်တတ်သလို လီဗာဆွဲပြီးပြန်ချလိုက်တဲ့အချိန်မျိုးမှာမြည်တတ်ပါတယ် အသံကမာပြီးပြတ်ပြတ်သားသားမြည်တာပါ အရမ်းမဆိုးသေးတဲ့ဘီးတွေကြ ပုံမှန်လေးမောင်းနေရင်ငြိမ်ပါတယ်
ဘီးအသစ်တွေမှာမြည်တယ်ဆိုတာက ကွန်နက်တင်းချောင်တာမျိုးမဟုတ်ပဲ အင်္ဂျင်အခြမ်းတွေရဲ့ ကရိုင်းအထိုင်က ဘယ်ညာ နည်းနည်းချောင်နေလို့ပါ
အဲလိုမြည်တာမျိုးက ဂီယာ ဖရီးနဲ့စနိုးချက်မှာမြည်တာများပါတယ်
ဂီယာထိုးလိုက်ရင်ငြိမ်သွားပါတယ်
ကရိုင်းအရမ်းချောင်ရင်မောင်းနေရင်းညပ်ပြီးကစ်နင်းမရတာမျိုးဖြစ်ပါမယ်
ဂီယာဘောက်ကတော့မြည်ခဲပါတယ် မြည်ခဲ့ရင် ဂီယာနဲ့မောင်းနေတဲ့ချိန်ပဲမြည်တာများပါတယ် ဂီယာဘောက်ဘောတွေချောင်ရင်တော့မြည်ပါတယ်
၂။စလစ်ခြမ်းမှာဆိုရင် အိုးခပ်သံထွက်တတ်ပါတယ် အိုးချောင်နေရင် TDC နဲ့ BDCနေရာမျိုး အတက်အဆင်းနေရာတွေအိုးခပ်ပါမယ် အင်္ဂျင်ဝိုင်ရှိနေရင် အဲဒီအသံက ဒုက္ခမပေးပါ မိန်းမဖမ်းပါဘူး အင်္ဂျင်ကျသွားဖို့ပဲရှိပါတယ်
၃။ဟတ်အခြမ်းမှာတော့ အရင်ဆုံးစစ်ရမှာ ဘားချိန်ရမယ် ဘားသံထွက်တတ်တယ် အမ်းမောင်း ကမ်းမရှပ်မကောင်းရင်လဲအသံထွက်ပါတယ် အမ်းမောင်းနည်းနည်းစားလို့ ခုန်ချသံမျိုးက ချက်ချင်းအင်္ဂျင်ကိုဒုက္ခမပေးပါဘူး
ကင်းဘုတွေအရမ်းစားနေရင်တော့ ဗားအဖွင့်အပိတ် မဖွင့်နိုင်မပိတ်နိုင်တာမျိုးဖြစ်ပါမယ်
အဲဒီလိုအသံမျိုးက စနိုးမှာရော လီဗာဆွဲရင်ရောမြည်ပါတယ်
၄။သံလိုက်အုံခြမ်း
အရင်ဆုံးတိုင်ပင်ချိန်းစစ်ရပါမယ် တိုင်ပင်ချိန်းအတွက်Postအသေးစိတ်ရေးထားပါတယ်
တိုင်ပင်ချိန်းသံထွက်ပြီဆိုရင် လုံးဝပေမစီးသင့်ပါဘူး အင်္ဂျင်ကိုဒုက္ခပေးမယ့်အချက်တွေများပါတယ် တိုင်ပင်ကျော်တာ ဆီပန့်မချိတ်တာတွေဖြစ်တတ်ပါတယ်
အဲဒီအခြမ်းမှာပဲ ဂရုစိုက်ရမှာက စတက်ဘောကတ်ပါ ဘောကတ်နတ်တွေချောင်ပြီး ကွိုင်ကိုရိုက်ခွဲတတ်ပါတယ်
၅။ကလပ်အုံအခြမ်း
ကလပ်အုံမှာလည်းမြည်စရာအသံတွေရှိပါတယ် ဂါပနာခေါက်သံ ကလပ်အထိုင်မြည်သံ ခိုငြီးသံ
ဂါပနာအသံမျိုးက လီဗာဆွဲပြီးလွှတ်ချလိုက်တဲ့အခါ ဒေါက်ခနဲ ၃ချက်၄ချက်မြည်တာမျိုးပါ
ခိုသံက ဘီးမပြေးတဲ့ချိန်ဆိုမထွက်ပါဘူး
ဆိုင်ကယ်မောင်းမှ ဘီးလိမ့်မှစမြည်တာပါ။
<Zawgyi>
**အဂၤ်င္အသံထြက္ျခင္း ႏွင့္ သတိထားရမည့္အခ်က္မ်ား**
အေမးမ်ားၾကလို႔ပါ
တစ္စီးလုံးကေတာ့ျမည္ႏိုင္တဲ့ေနရာေတြခ်ည္းပါပဲ ဒီအထဲကမွာခြဲျခားရမွာပါ
၁။ အဂၤ်င္အလယ္ျခမ္း
အလယ္ျခမ္းမွာဆို က႐ိုင္းရွိပါတယ္
ကြန္နက္တင္းေဘာေတြက ႐ိုလာေဘာေလးေတြပါ ေခ်ာင္ခါစ ဆိုရင္ေတာ့ အဂၤ်င္စႏိုးခ်က္မွာ ပိုျမည္တတ္သလို လီဗာဆြဲၿပီးျပန္ခ်လိုက္တဲ့အခ်ိန္မ်ိဳးမွာျမည္တတ္ပါတယ္ အသံကမာၿပီးျပတ္ျပတ္သားသားျမည္တာပါ အရမ္းမဆိုးေသးတဲ့ဘီးေတြၾက ပုံမွန္ေလးေမာင္းေနရင္ၿငိမ္ပါတယ္
ဘီးအသစ္ေတြမွာျမည္တယ္ဆိုတာက ကြန္နက္တင္းေခ်ာင္တာမ်ိဳးမဟုတ္ပဲ အဂၤ်င္အျခမ္းေတြရဲ႕ က႐ိုင္းအထိုင္က ဘယ္ညာ နည္းနည္းေခ်ာင္ေနလို႔ပါ
အဲလိုျမည္တာမ်ိဳးက ဂီယာ ဖရီးနဲ႔စႏိုးခ်က္မွာျမည္တာမ်ားပါတယ္
ဂီယာထိုးလိုက္ရင္ၿငိမ္သြားပါတယ္
က႐ိုင္းအရမ္းေခ်ာင္ရင္ေမာင္းေနရင္းညပ္ၿပီးကစ္နင္းမရတာမ်ိဳးျဖစ္ပါမယ္
ဂီယာေဘာက္ကေတာ့ျမည္ခဲပါတယ္ ျမည္ခဲ့ရင္ ဂီယာနဲ႔ေမာင္းေနတဲ့ခ်ိန္ပဲျမည္တာမ်ားပါတယ္ ဂီယာေဘာက္ေဘာေတြေခ်ာင္ရင္ေတာ့ျမည္ပါတယ္
၂။စလစ္ျခမ္းမွာဆိုရင္ အိုးခပ္သံထြက္တတ္ပါတယ္ အိုးေခ်ာင္ေနရင္ TDC နဲ႔ BDCေနရာမ်ိဳး အတက္အဆင္းေနရာေတြအိုးခပ္ပါမယ္ အဂၤ်င္ဝိုင္ရွိေနရင္ အဲဒီအသံက ဒုကၡမေပးပါ မိန္းမဖမ္းပါဘူး အဂၤ်င္က်သြားဖို႔ပဲရွိပါတယ္
၃။ဟတ္အျခမ္းမွာေတာ့ အရင္ဆုံးစစ္ရမွာ ဘားခ်ိန္ရမယ္ ဘားသံထြက္တတ္တယ္ အမ္းေမာင္း ကမ္းမရွပ္မေကာင္းရင္လဲအသံထြက္ပါတယ္ အမ္းေမာင္းနည္းနည္းစားလို႔ ခုန္ခ်သံမ်ိဳးက ခ်က္ခ်င္းအဂၤ်င္ကိုဒုကၡမေပးပါဘူး
ကင္းဘုေတြအရမ္းစားေနရင္ေတာ့ ဗားအဖြင့္အပိတ္ မဖြင့္ႏိုင္မပိတ္ႏိုင္တာမ်ိဳးျဖစ္ပါမယ္
အဲဒီလိုအသံမ်ိဳးက စႏိုးမွာေရာ လီဗာဆြဲရင္ေရာျမည္ပါတယ္
၄။သံလိုက္အုံျခမ္း
အရင္ဆုံးတိုင္ပင္ခ်ိန္းစစ္ရပါမယ္ တိုင္ပင္ခ်ိန္းအတြက္Postအေသးစိတ္ေရးထားပါတယ္
တိုင္ပင္ခ်ိန္းသံထြက္ၿပီဆိုရင္ လုံးဝေပမစီးသင့္ပါဘူး အဂၤ်င္ကိုဒုကၡေပးမယ့္အခ်က္ေတြမ်ားပါတယ္ တိုင္ပင္ေက်ာ္တာ ဆီပန္႔မခ်ိတ္တာေတြျဖစ္တတ္ပါတယ္
အဲဒီအျခမ္းမွာပဲ ဂ႐ုစိုက္ရမွာက စတက္ေဘာကတ္ပါ ေဘာကတ္နတ္ေတြေခ်ာင္ၿပီး ကြိဳင္ကို႐ိုက္ခြဲတတ္ပါတယ္
၅။ကလပ္အုံအျခမ္း
ကလပ္အုံမွာလည္းျမည္စရာအသံေတြရွိပါတယ္ ဂါပနာေခါက္သံ ကလပ္အထိုင္ျမည္သံ ခိုၿငီးသံ
ဂါပနာအသံမ်ိဳးက လီဗာဆြဲၿပီးလႊတ္ခ်လိုက္တဲ့အခါ ေဒါက္ခနဲ ၃ခ်က္၄ခ်က္ျမည္တာမ်ိဳးပါ
ခိုသံက ဘီးမေျပးတဲ့ခ်ိန္ဆိုမထြက္ပါဘူး
ဆိုင္ကယ္ေမာင္းမွ ဘီးလိမ့္မွစျမည္တာပါ။