ဆိုင်ကယ်ပြုပြင်သဘောတရားများနှင့်အယူအဆများ(၁)

<Unicode>
ဆိုင်ကယ်ပြုပြင်သဘောတရားများနှင့်အယူအဆများ(၁)

မဂ်လာပါ အခုကျနော်ပြောပြမှာက နည်းပညာလေ့လာသူညီအကိုများအတွက် အခြေခံကျသောအချက်အလက်လေးများတစ်ဆင့်ချင်းပြောပြပေးပါမယ် နားလည်လွယ်အောင်ပြောမှာဖြစ်လို့ ကျနော်ရေးသော စာစုများဟာ အပေါစားဆန်မယ်ထင်ကောင်းထင်ရပါလိမ့်မယ် လေ့လာနေဆဲ ညီအကိုများအတွက်ရယ် ကိုယ့်ရဲ့ဆိုင်ကယ်လေးကိုဂရုစိုက်ချင်တဲ့ညီအကိုတွေအတွက် နားလည်မှတ်သားနိုင်အောင် ပြောပြပေးမှာဖြစ်ပါတယ်
စာစုတစ်ခုချင်းဆီတိုင်းမှာ အယူအဆမတူတာတွေ သဘောထားကွဲလွဲနိုင်မဲ့ပိုစ်တွေ ရှိကြသလို လုပ်သက် အတွေ့အကြုံခြင်းလဲမတူကွဲပြားကြပါတယ် အယူအဆမတူ ဖော်ပြပုံခြင်းမတူညီကြပေမဲ့ တစ်ချို့စာစုတိုင်းဟာ အမြင်မှားတာမျိုးဖြစ်နိုင်ပေမဲ့ ထဲထဲဝင်ဝင်ပြောတာနဲ့ အဖြစ်သဘောကိုညွှန်ပြတာကြောင့် အမြင်မှားတာမျိုး ဟိုကတစ်မျိုးဒီကတစ်မျိုး အမျိုးမျိုး သက်ရောက်စေတာမျိုးဖြစ်တတ်ပါတယ် အဲ့ဒီတော့ နည်းပညာလမ်းညွှန်များအားလုံးကိုလေ့လာမယ်ဆိုရင် ဝေဖန်ပိုင်းခြားလက်တွေ့စမ်းသပ်အဖြေရှာကြည့်ပေးဖို့လိုပါတယ်
ဥပမာဆိုပါစို့ ဝါယာလိုင်းတစ်ခုကိုလိုက်မယ်ဆိုလျှင် မီတာကိုင်သောဆရာနဲ့မီတာမကိုင်သောဆရာ ဟူ၍၂မျိုးရှိပါတယ် မီတာဖြင့်ထောက်လှမ်းသောအရည်အချင်းမှာ တိကျသည်ဆိုသော်လည်း အတွေးအခေါ်တော့ပါရသည်ဖြစ်သည် မီတာမကိုင်သောသူမှာလည်းအတွေးအခေါ်ပါရသည်ဖြစ်သည် သို့သော် လက်ဖြစ်ဝါယာလိုင်းထက်တော့ မီတာကိုင်သူမှာတပန်းသာမည်ဖြစ်သည် ကိုဝန်ခံရမည်ဖြစ်သည် သို့ပေသည့် 2မျိုးစလုံးကျွှမ်းကျင်မှု့ရှိမှသာ ကောင်းပါသည် ရိုးရိုးတရုတ်မဘီးတွေအတွက်တော့ မီတာမလိုပဲ အတွေးအခေါ်ဖြင့်ဆိုလုံလောက်ပါသည် အတွေးအခေါ်ဆိုသည်မှာ ဝါယာလမ်းကြောင်း အဝင်အထွက်သဘောကိုဆိုလိူတာဖြစ်ပါတယ်
အဝင်အထွက်သဘောကိုနားမလည်ပါက မီတာကိုင်သော်လည်းအချည်းနှီးသာဖြစ်ပါလိမ့်မည် ထို့ကြောင့်မီတာကိုင်ခြင်းမကိုင်ခြင်းက ဆရာမကျပါ ဝါယာလမ်းကြောင်းအဝင်အထွက်ကို သိရှိနိုင်ခြင်း ဝေဖန်နိုင်ခြင်း ကသာဆရာကျပါသည်  

ဒီအစီအစဉ်မှာ အပိုင်းခွဲပီးအခြေခံကျသော လမ်းညွှန်ချက်လေးတွေ‌မျှဝေပေးသွားမှာဖြစ်ပါတယ် အခုတော့ဒီလောက်နဲ့နားကြပါအုံးစို့
ဆက်ရန်ရှိသေးပါသည်

<Zawgyi>

ဥပမာဆိုပါစို့ ဝါယာလိုင်းတစ်ခုကိုလိုက်မယ်ဆိုလျှင် မီတာကိုင်သောဆရာနဲ့မီတာမကိုင်သောဆရာ ဟူ၍၂မျိုးရှိပါတယ် မီတာဖြင့်ထောက်လှမ်းသောအရည်အချင်းမှာ တိကျသည်ဆိုသော်လည်း အတွေးအခေါ်တော့ပါရသည်ဖြစ်သည် မီတာမကိုင်သောသူမှာလည်းအတွေးအခေါ်ပါရသည်ဖြစ်သည် သို့သော် လက်ဖြစ်ဝါယာလိုင်းထက်တော့ မီတာကိုင်သူမှာတပန်းသာမည်ဖြစ်သည် ကိုဝန်ခံရမည်ဖြစ်သည် သို့ပေသည့် 2မျိုးစလုံးကျွှမ်းကျင်မှု့ရှိမှသာ ကောင်းပါသည် ရိုးရိုးတရုတ်မဘီးတွေအတွက်တော့ မီတာမလိုပဲ အတွေးအခေါ်ဖြင့်ဆိုလုံလောက်ပါသည် အတွေးအခေါ်ဆိုသည်မှာ ဝါယာလမ်းကြောင်း အဝင်အထွက်သဘောကိုဆိုလိုတာဖြစ်ပါတယ်

ဆက်ရန်ရှိသေးပါသည်