<Unicode>
ဓာတ်ဆီအင်ဂျင်တစ်လုံးဟာ ဆွဲသင့်သလောက်မဆွဲခြင်း၊ ဓာတ်ဆီပိုစားကာ မီးခိုးမည်းများထွက်ခြင်း၊ ချောဆီပိုစားခြင်း၊ ၀န်ပိုရုန်းရတဲ့အခါ မီးသံ (Knocking) ထွက်ပြီး အင်ဂျင်မဆွဲခြင်း၊ အင်ဂျင်ပုံမှန်ထက် အပူချိန်များခြင်း စတဲ့ ပြစ်ချက်တွေဟာ အင်ဂျင်ချို့ယွင်းချက်ရဲ့ အကြောင်းအရာများဖြစ်ပါတယ်။
အင်ဂျင်ပါ၀ါဆုံးရှုံးခြင်း (သို့) အင်ဂျင်မဆွဲခြင်း ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့♦️
1️⃣ အင်ဂျင် (Compression Pressure) နည်းခြင်း
2️⃣ မီးပေးစနစ် (Ignition System) မမှန်ကန်ခြင်း
3️⃣ ဆီပေးစနစ် (Fuel System) မမှန်ကန်ခြင်း
4️⃣ လေ၀င်နည်းခြင်း
5️⃣အင်ဂျင်ပူလွန်းခြင်း (Over Heat)
6️⃣ အင်ဂျင်အေးလွန်းခြင်း (Over Cooling)
7️⃣ အခြားပြစ်ချက်များ ပဲဖြစ်ပါတယ်။
1️⃣ အင်ဂျင် (Compression Pressure) နည်းခြင်း💢
အင်ဂျင် (Compression Pressure) ကို Tester အသုံးပြုကာ စမ်းသပ်သိရှိနိုင်ပါတယ်။ အလွယ် ဆုံး စမ်းသပ်နည်းကတော့ Spark Plug တွေကို ဖြုတ်ကာ လက်ဖြင့်ပိတ်ပြီး အင်ဂျင်ကို လှည့်ပေးခြင်းဖြင့် သိရှိနိုင်ပါတယ်။ အဲလိုမစမ်းသပ်မီ ပြုလုပ်သင့်တဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ Valve တွေရဲ့ Tappet Clearance ကို သတ်မှတ်ထားတဲ့အတိုင်း ချိန်ပေးထားရပါမယ်။ Pressure နည်းခြင်းဟာ စလစ်၊ ပစ်စတင်နှင့် ပစ်စတင်ရိန်းများ (သို့)ဗားများမလုံခြင်း၊ ဂတ်စကတ် ယိုစီးမှုရှိခြင်း၊ ဟက်နစ် (Head Nut) များ တင်းကျပ်မှုမမှန်ကန်ခြင်း၊ ဘလောက် (သို့) ဟက်မျက်နှာပြင်များ လိမ်ကောက်နေခြင်းစတဲ့ ပြစ်ချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အင်ဂျင်ရဲ့ Compression ကို တိုင်းကြည့်ပါ။ ထပ်မံပြီး စလင်ဒါအတွင်း အင်ဂျင် ၀ိုင်အနည်းငယ်ထည့်ပြီး ပြန်လည်စမ်းသပ်ပါ။ ဖိအားပိုတက်လာပါက ပစ်စတင်နှင့် ပစ်စတင်ရိန်းကြောင့် ဖြစ်ပါတယ်။ ဖိအားမှာ မူလအတိုင်းဖြစ်ပါက ဗားများမလုံတာဖြစ်ပါတယ်။ ဂတ်စကတ်မလုံပါက ယိုစီးမှုကိုတွေ့နိုင်ပါတယ်။ ဘလောက်နှင့် ဟက်မျက်နှာပြင်များ လိမ်ကောက်နေပါက ပြန်လည်ပြုပြင်ရပါမယ်။
2️⃣ မီးပေးစနစ် (Ignition System) မမှန်ကန်ခြင်း💢
မီးပေးစနစ်တွင် ပါ၀င်တဲ့ ဘက်ထရီ၊ ခလုတ်၊ ကွိုင် (Ignition Coil)၊ ကွန်တက်ပွိုင့် (Contact Point)၊ ကွန်ဒက်ဆာ (Condenser)၊ ရိုတာအမ်း (Rotor Arm)၊ ဒီစတီဗျူတာ (Distributor)၊ ကွိုင်၀ါယာ (High Tension Wire) နှင့် ပလပ် (Spark Plug) စတဲ့ ပစည်းတွေကောင်းမွန်ပါက မီးပေးစနစ်ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ချိန်ညှိပေး (Adjustment)ရန် လိုအပ်ပါတယ်။ ထို့ပြင် Ignition Timing ကို ချိန်ညှိရာမှာ ထုတ်လုပ်တဲ့ Company ရဲ့ အညွှန်းအတိုင်း ဆောင်ရွက်ရပါမယ်။ ဆက်သွယ်တဲ့၀ါယာတွေ သေချာရန် အဓိကလိုအပ်တဲ့ ၀ါယာအဆက်အသွယ်များ ချောင်နေခြင်း၊ လျော့နေခြင်းတွေရှိပါကလည်း မီးပေးစနစ်ကို ထိခိုက်နိုင်ပါတယ်။
3️⃣ ဆီပေးစနစ် (Fuel System) မမှန်ကန်ခြင်း💢
ဓာတ်ဆီပေးပို့မှုနည်းခြင်း၊များခြင်းစာ ဆီပို့စနစ်မမှန်ကန်ခြင်းဖြစ်ပါတယ်။ ဆီပို့စနစ်မှာ ပါ၀င်တဲ့ ဆီတိုင်ကီ၊ ဆီပိုက်လိုင်းများ၊ ဆီပို့ပန့်ဆီစစ်နှင့် ကာဗျူရေတာတို့တစ်ခုချင်း ကောင်းမွန်မှသာ ဆီပို့မှုမှန်ကန်မှာဖြစ်ပါတယ်။ ဆီပိုက်လိုင်းများယိုနေခြင်း၊ ဟာနေခြင်း၊ ဆီစစ်အနည်းငယ်ပိတ်နေခြင်း နှင့် ကာဗျူရေတာ Jet များ ကျဿ်းမြောင်းနေပါက အင်ဂျင် အနေနဲ့ Low Speed ဖြစ်နေတဲ့အခါ မသိသာပေမဲ့ High Speed ဖြစ်ပါက ပိုမိုသိသာစေပြီး အင်ဂျင်ကိုထိခိုက်စေပါတယ်။ ဆီပိုက်လိုင်းများ ယိုနေပါက ဓာတ်ဆီနံ့နံနေပြီး ယိုစီးမှုများကို တွေ့နိုင်ပါတယ်။ ဆီစစ်ပိတ်နေပါက အတွင်းပိုင်းတွင် ဆီနည်းနေခြင်းကို ကြည့်ခြင်းဖြင့် တွေ့နိုင်ပါတယ်။ ကာဗျူရေတာရှိ Jet များမှာ ဂျီးပိတ်နေတဲ့အခါ ဆီပို့မှုနည်းနေတတ်ပါတယ်။ ဒါ့ကြောင့် ကာဗျူရေတာရှိ Jet များကို ဖြုတ်ပြီး ဆေးကြောသန့်စင်က လေမှုတ်ပေးရပါမယ်။
4️⃣၀င်နည်းခြင်း💢
အင်ဂျင်အတွင်းသို့ သတ်မှတ်ထားတဲ့ လေပမာဏပြည့်မီအောင် မ၀င်ရောက်ပါက ဓာတ်ဆီနှင့် လေအရောအနှောတွင် လေအချိုးနည်းပြီး ဓာတ်ဆီအချိုးများကာ ဓာတ်ဆီများ ကုန်စင်အောင် မလောင်ကျွမ်းနိုင်ခြင်းတို့ကြောင့် စက်သံမတက်ခြင်းနှင့် ၀န်မဆွဲခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် လေ၀င်ရာလမ်းကြောင်းဖြစ်သော Air Cleaner Manifold နှင့် ကာဗျူရေတာရဲ့ Choke Circuit တွေ ကောင်းမွန်သန့်ရှင်းအောင်ပြုပြင်ရပါမယ်။
Air Cleanerမှာ ပါ၀င်တဲ့ လေစစ်များဟာ အသုံးပြုတာကြာလာတာနှင့်အမျှ အမှုန်နှင့် အမှိုက်များကြောင့် လေကိုပိတ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဖြုတ်ပြီးလေမှုတ်ပါ။ စကဥူစစ်ဖြစ်ပါက ရေခိုးရေငွေ့ကြောင့် ပိတ်နေတတ်ပါတယ်။ ချောဆီအသုံးပြုရတဲ့ Air Cleaner ဖြစ်ပါက ဆီ Level ရောက်အောင်ထည့်ပါ။ ကာဗျူရေတာရှိ Choke Valve ဟာ အင်ဂျင် အလုပ်လုပ်နေတဲ့အခါ လုံး၀ပွင့်နေစေရန် စစ်ဆေးရပါမယ်။ 🔚ဓာတ်ဆီအင်ဂျင်တစ်လုံးဟာ ဆွဲသင့်သလောက်မဆွဲခြင်း၊ ဓာတ်ဆီပိုစားကာ မီးခိုးမည်းများထွက်ခြင်း၊ ချောဆီပိုစားခြင်း၊ ၀န်ပိုရုန်းရတဲ့အခါ မီးသံ (Knocking) ထွက်ပြီး အင်ဂျင်မဆွဲခြင်း၊ အင်ဂျင်ပုံမှန်ထက် အပူချိန်များခြင်း စတဲ့ ပြစ်ချက်တွေဟာ အင်ဂျင်ချို့ယွင်းချက်ရဲ့ အကြောင်းအရာများဖြစ်ပါတယ်။
5️⃣ အင်ဂျင်ပူလွန်းခြင်း (Over Heat)
အင်ဂျင်ပူလွန်းပါက အင်ဂျင်ရဲ့ ထုတ်လုပ်တဲ့ပါ၀ါကို ကျဆင်းစေပါတယ်။ အအေးပေးစနစ်ကြောင့်သော် လည်းကောင်း၊ အင်ဂျင်ကြောင့်သော်လည်းကောင်း၊ ချိန်ညှိတပ်ဆင်မှုမှားယွင်းမှုများကြောင့်သော်လည်းကောင်း၊ အခြားသောအကြောင်းအရာများကြောင့်သော်လည်းကောင်း အင်ဂျင်ပူလာတတ်ပါတယ်။
ဓာတ်ဆီအင်ဂျင်အများစုကတော့ လေအအေးပေးစနစ်ဖြင့် အသုံးပြုထားတဲ့ ပုံစံဖြစ်ပါတယ်။ လေအအေးပေးနစ်ဖြင့် အသုံးပြုထားတဲ့ အတွက်ကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိအသုံးပြုနေတဲ့ အင်ဂျင်ကို လေ၀င်လေထွက်ကောင်းတဲ့ နေရာတွင် ထားရှိကာ အသုံးပြုဖို့လိုအပ်ပါတယ်။ ပဲ့ထောင်စက် လှေအသုံးပြုသူများ အနေနဲ့ အင်ဂျင်ပူလွန်းခြင်းအဖြစ်နည်းတတ်ပေမဲ့ ဓာတ်ဆီမီးစက် အသုံးပြုသူများအနေနဲ့ ပိုမိုအဖြစ်များတတ် တာကြောင့် မိမိရဲ့ မီးစက်ကို လေ၀င်လေထွက်ကောင်းတဲ့ နေရာမှာထားကာ အသုံးပြုဖို့လိုအပ်ပါတယ်။
ရေအအေးပေးစနစ်ဖြင့် အသုံးပြုတဲ့ အင်ဂျင်ဖြစ်ပါက ရေနည်းနေခြင်း (သို့) ရေတိုင်ကီတွင် ရေလုံး၀မရှိခြင်း၊ ရေတိုင်ကီပိတ်နေခြင်း၊ ရေသွားလမ်းကြောင်းများ ပိတ်ဆို့နေခြင်း၊ ရေလည်အုံမကောင်းခြင်း၊ ပန်ကာကြိုးလျော့နေခြင်းနှင့် ပန်ကာရွဲ့စောင်းနေခြင်းတို့ဖြစ်ပါက ရေဆူပြီး အင်ဂျင်ကို အပူချိန်တက်လာ စေပါတယ်။
ဖြေရှင်းရမည့်နည်းလမ်းကတော့ ရေတိုင်ကီတွင် ရေနည်းနေပါက ရေပြန်ဖြည့်ပါ။ ရေတိုင်ကီပိတ်နေပါက ရေတိုင်ကီရဲ့ ရေလိုင်းများကို သန့်ရှင်းအောင်ပြုလုပ်ပေးပါ။ ရေတိုင်ကီရဲ့ ပန်ကာကြိုးလျော့နေပါက ပြန်လည် တင်းကျပ်ပေးပါ။ ရေတိုင်ကီရှိ ရေလည်အုံကောင်းမကောင်းကို သိလိုပါက အင်ဂျင်ကို အနှေးပုံစံလည်ပတ်ခြင်းဖြင့် ရေတိုင်ကီအဖုံးကိုဖွင့်ပြီးကြည့်ပါက ရေလည်ပတ်မှုကောင်းမကောင်းသိနိုင်ပါတယ်။ မကောင်းပါက ရေလည်အုံကိုဖြုတ်ပြီး ရေလည်အုံရဲ့ ဒလက် (Impeller)၊ ဘော (Ball)၊ ဆီလုံ၀ါရှာကွင်း (Oil Seal) နှင့် ဘောအထိုင်များ ကောင်းမကောင်း စစ်ဆေးပြုပြင်ပါ။
အထက်ပါအချက်များအပြင် အင်ဂျင်ပူလွန်းခြင်းဖြစ်ရတဲ့ အကြောင်းအရာတွေအနေနဲ့ အင်ဂျင်ရဲ့ အစိတ်အပိုင်း များလိုအပ်တာထက် တင်းကျပ်နေခြင်း၊ အိတ်ဇောပိုက်များပိတ်နေခြင်းနှင့် အင်ဂျင်၀ိုင်မမှန် ခြင်းတို့ဟာ အင်ဂျင်ရဲ့ အပူချိန်ကို တက်စေနိုင်တာကို အထူးသတိပြုသင့်ပါတယ်။
6️⃣ အင်ဂျင်အေးလွန်းခြင်း (Over Cooling)
အင်ဂျင်အေးလွန်းခြင်းအနေနဲ့ မြန်မာနိုင်ငံတွင် အဖြစ်နည်းတတ်ပါတယ်။ အအေးများတဲ့ ေဒသတွေမှာတော့ ဖြစ်တတ်ပါတယ်။ အင်ဂျင်ရဲ့ မောင်းနှင်တဲ့ အပူချိန် (Operating Temperature) သို့ အမြန်ဆုံးရောက်ရှိမှသာလျှင် အင်ဂျင်စက်သံမှန်ပြီး အသုံးပြုနိုင်ပါမယ်။
7️⃣ အခြားပြစ်ချက်များ (Other Faults)
အခြားပြစ်ချက်များအနေနဲ့ အိပ်ဇောပိုက်ပိတ်နေခြင်း၊ ကင့်ရှပ်တိုင်မင် (Cam Shaft Timing)မှားနေခြင်း၊ Tappet Clearance ချိန်ညှိမှုမမှန်ခြင်း၊ ဗားကပ်နေခြင်းနှင့် ဗားဟက်ပါးနေခြင်း၊ ဗားစပရိန် (Valve Spring) အားနည်းနေခြင်းတို့ ဖြစ်ပါတယ်။
💢အိပ်ဇောပိုက် (Exhaust Pipe) ပိတ်နေခြင်း
အိပ်ဇောပိုက် (Exhaust Pipe) ပိတ်နေခြင်းဟာ အင်ဂျင်ရဲ့ Idle Speed ကိုထိခိုက်ပါက ပါ၀ါထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။ အဲလိုဖြစ်ရခြင်းမှာ Muffler ပိတ်နေခြင်းနှင့် ပိုက်ကောက်နေခြင်းဖြစ်သည့်အတွက်ကြောင့် စစ်ဆေးပြုပြင်ရန် လိုအပ်ပါတယ်။
💢ကင့်ရှပ်တိုင်မင် (Cam Shaft Timing)မှားနေခြင်း
ကင့်ရှပ်တိုင်မင် (Cam Shaft Timing)မှားနေခြင်းကလည်း ပါ၀ါထုတ်လုပ်မှုကို ထိခိုက်နိုင်ပြီး ကင့်ရှပ် ဂီယာအသစ်လဲခြင်းကို ပြုလုပ်ရပါမယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီမှ သတ်မှတ်ပေးထားတဲ့ အမှတ်အသားများနှင့် ကိုက်ညီမှုရှိမရှိလည်း စစ်ဆေးသင့်ပါတယ်။
💢Tappet Clearance ချိန်ညှိမှုမမှန်ခြင်း
Tappet Clearance နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ပါ၀ါထုတ်လုပ်မှုကို ထိုခိုက်စေပါတယ်။ နည်းလွန်းပါက ဗားမပိတ်ပဲနေပြီး များလွန်းပါက အပွင့်နောက်ကျ၍ အပိတ်စောမည်ဖြစ်ပါတယ်။ အဲဒါကြောင့် Clearance ကို သတ်မှတ်ချက်အတိုင်း တိကျစွာ ချိန်ညှိသင့်ပါတယ်။
💢ဗားကပ်နေခြင်းနှင့် ဗားဟက်ပါးနေခြင်း
ဗားများကပ်ပြီး လှုပ်ရှားမှုနှေးကွေးနေပါက ပါ၀ါထုတ်လုပ်မှုကိုလည်း နည်းစေပါတယ်။ လိုအပ်ပါက ဗားအထိုင်ကို ကျဉ်းခြင်းနှင့် ဗားအသစ်ထည့်ခြင်းများကို ဆောင်ရွက်သင့်ပါတယ်။
💢ဗားစပရိန် (Valve Spring) အားနည်းနေခြင်း
အင်ဂျင်ကို အမြန်နှုန်းနဲ့မောင်းနှင်စဉ်တွင် စပရိန်ခုန်၍ ဗားကို မပိတ်ပဲနေတတ်ပါတယ်။ အဲဒါကြောင့် အချို့အင်ဂျင်တွေမှာ Frequency မတူတဲ့ စပရိန်နှစ်ခုကို အသုံးပြုထားတတ်ပါတယ်။ စပရိန်အမြင့်ချင်းတူတဲ့ စပရိန်များကိုသာ အသုံးပြုသင့်ပြီး နိမ့်နေတဲ့ စပရိန်ဟာ အားနည်းနေတတ်ပါတယ်
crd
<Zawgyi>
ဓာတ္ဆီအင္ဂ်င္တစ္လုံးဟာ ဆြဲသင့္သေလာက္မဆြဲျခင္း၊ ဓာတ္ဆီပိုစားကာ မီးခိုးမည္းမ်ားထြက္ျခင္း၊ ေခ်ာဆီပိုစားျခင္း၊ ၀န္ပို႐ုန္းရတဲ့အခါ မီးသံ (Knocking) ထြက္ၿပီး အင္ဂ်င္မဆြဲျခင္း၊ အင္ဂ်င္ပုံမွန္ထက္ အပူခ်ိန္မ်ားျခင္း စတဲ့ ျပစ္ခ်က္ေတြဟာ အင္ဂ်င္ခ်ိဳ႕ယြင္းခ်က္ရဲ႕ အေၾကာင္းအရာမ်ားျဖစ္ပါတယ္။
အင္ဂ်င္ပါ၀ါဆုံးရႈံးျခင္း (သို႔) အင္ဂ်င္မဆြဲျခင္း ျဖစ္ရတဲ့ အေၾကာင္းအရင္းေတြကေတာ့♦️
1️⃣ အင္ဂ်င္ (Compression Pressure) နည္းျခင္း
2️⃣ မီးေပးစနစ္ (Ignition System) မမွန္ကန္ျခင္း
3️⃣ ဆီေပးစနစ္ (Fuel System) မမွန္ကန္ျခင္း
4️⃣ ေလ၀င္နည္းျခင္း
5️⃣အင္ဂ်င္ပူလြန္းျခင္း (Over Heat)
6️⃣ အင္ဂ်င္ေအးလြန္းျခင္း (Over Cooling)
7️⃣ အျခားျပစ္ခ်က္မ်ား ပဲျဖစ္ပါတယ္။
1️⃣ အင္ဂ်င္ (Compression Pressure) နည္းျခင္း💢
အင္ဂ်င္ (Compression Pressure) ကို Tester အသုံးျပဳကာ စမ္းသပ္သိရွိႏိုင္ပါတယ္။ အလြယ္ ဆုံး စမ္းသပ္နည္းကေတာ့ Spark Plug ေတြကို ျဖဳတ္ကာ လက္ျဖင့္ပိတ္ၿပီး အင္ဂ်င္ကို လွည့္ေပးျခင္းျဖင့္ သိရွိႏိုင္ပါတယ္။ အဲလိုမစမ္းသပ္မီ ျပဳလုပ္သင့္တဲ့ လုပ္ေဆာင္ခ်က္တစ္ခုကေတာ့ Valve ေတြရဲ႕ Tappet Clearance ကို သတ္မွတ္ထားတဲ့အတိုင္း ခ်ိန္ေပးထားရပါမယ္။ Pressure နည္းျခင္းဟာ စလစ္၊ ပစ္စတင္ႏွင့္ ပစ္စတင္ရိန္းမ်ား (သို႔)ဗားမ်ားမလုံျခင္း၊ ဂတ္စကတ္ ယိုစီးမႈရွိျခင္း၊ ဟက္နစ္ (Head Nut) မ်ား တင္းက်ပ္မႈမမွန္ကန္ျခင္း၊ ဘေလာက္ (သို႔) ဟက္မ်က္ႏွာျပင္မ်ား လိမ္ေကာက္ေနျခင္းစတဲ့ ျပစ္ခ်က္ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အင္ဂ်င္ရဲ႕ Compression ကို တိုင္းၾကည့္ပါ။ ထပ္မံၿပီး စလင္ဒါအတြင္း အင္ဂ်င္ ၀ိုင္အနည္းငယ္ထည့္ၿပီး ျပန္လည္စမ္းသပ္ပါ။ ဖိအားပိုတက္လာပါက ပစ္စတင္ႏွင့္ ပစ္စတင္ရိန္းေၾကာင့္ ျဖစ္ပါတယ္။ ဖိအားမွာ မူလအတိုင္းျဖစ္ပါက ဗားမ်ားမလုံတာျဖစ္ပါတယ္။ ဂတ္စကတ္မလုံပါက ယိုစီးမႈကိုေတြ႕ႏိုင္ပါတယ္။ ဘေလာက္ႏွင့္ ဟက္မ်က္ႏွာျပင္မ်ား လိမ္ေကာက္ေနပါက ျပန္လည္ျပဳျပင္ရပါမယ္။
2️⃣ မီးေပးစနစ္ (Ignition System) မမွန္ကန္ျခင္း💢
မီးေပးစနစ္တြင္ ပါ၀င္တဲ့ ဘက္ထရီ၊ ခလုတ္၊ ကြိဳင္ (Ignition Coil)၊ ကြန္တက္ပြိဳင့္ (Contact Point)၊ ကြန္ဒက္ဆာ (Condenser)၊ ႐ိုတာအမ္း (Rotor Arm)၊ ဒီစတီဗ်ဴတာ (Distributor)၊ ကြိဳင္၀ါယာ (High Tension Wire) ႏွင့္ ပလပ္ (Spark Plug) စတဲ့ ပစည္းေတြေကာင္းမြန္ပါက မီးေပးစနစ္ေကာင္းမြန္သည္ဟု ဆိုႏိုင္ေသာ္လည္း ခ်ိန္ညႇိေပး (Adjustment)ရန္ လိုအပ္ပါတယ္။ ထို႔ျပင္ Ignition Timing ကို ခ်ိန္ညႇိရာမွာ ထုတ္လုပ္တဲ့ Company ရဲ႕ အၫႊန္းအတိုင္း ေဆာင္ရြက္ရပါမယ္။ ဆက္သြယ္တဲ့၀ါယာေတြ ေသခ်ာရန္ အဓိကလိုအပ္တဲ့ ၀ါယာအဆက္အသြယ္မ်ား ေခ်ာင္ေနျခင္း၊ ေလ်ာ့ေနျခင္းေတြရွိပါကလည္း မီးေပးစနစ္ကို ထိခိုက္ႏိုင္ပါတယ္။
3️⃣ ဆီေပးစနစ္ (Fuel System) မမွန္ကန္ျခင္း💢
ဓာတ္ဆီေပးပို႔မႈနည္းျခင္း၊မ်ားျခင္းစာ ဆီပို႔စနစ္မမွန္ကန္ျခင္းျဖစ္ပါတယ္။ ဆီပို႔စနစ္မွာ ပါ၀င္တဲ့ ဆီတိုင္ကီ၊ ဆီပိုက္လိုင္းမ်ား၊ ဆီပို႔ပန္႔ဆီစစ္ႏွင့္ ကာဗ်ဴေရတာတို႔တစ္ခုခ်င္း ေကာင္းမြန္မွသာ ဆီပို႔မႈမွန္ကန္မွာျဖစ္ပါတယ္။ ဆီပိုက္လိုင္းမ်ားယိုေနျခင္း၊ ဟာေနျခင္း၊ ဆီစစ္အနည္းငယ္ပိတ္ေနျခင္း ႏွင့္ ကာဗ်ဴေရတာ Jet မ်ား က်ႆ္းေျမာင္းေနပါက အင္ဂ်င္ အေနနဲ႔ Low Speed ျဖစ္ေနတဲ့အခါ မသိသာေပမဲ့ High Speed ျဖစ္ပါက ပိုမိုသိသာေစၿပီး အင္ဂ်င္ကိုထိခိုက္ေစပါတယ္။ ဆီပိုက္လိုင္းမ်ား ယိုေနပါက ဓာတ္ဆီနံ႔နံေနၿပီး ယိုစီးမႈမ်ားကို ေတြ႕ႏိုင္ပါတယ္။ ဆီစစ္ပိတ္ေနပါက အတြင္းပိုင္းတြင္ ဆီနည္းေနျခင္းကို ၾကည့္ျခင္းျဖင့္ ေတြ႕ႏိုင္ပါတယ္။ ကာဗ်ဴေရတာရွိ Jet မ်ားမွာ ဂ်ီးပိတ္ေနတဲ့အခါ ဆီပို႔မႈနည္းေနတတ္ပါတယ္။ ဒါ႔ေၾကာင့္ ကာဗ်ဴေရတာရွိ Jet မ်ားကို ျဖဳတ္ၿပီး ေဆးေၾကာသန္႔စင္က ေလမႈတ္ေပးရပါမယ္။
4️⃣၀င္နည္းျခင္း💢
အင္ဂ်င္အတြင္းသို႔ သတ္မွတ္ထားတဲ့ ေလပမာဏျပည့္မီေအာင္ မ၀င္ေရာက္ပါက ဓာတ္ဆီႏွင့္ ေလအေရာအေႏွာတြင္ ေလအခ်ိဳးနည္းၿပီး ဓာတ္ဆီအခ်ိဳးမ်ားကာ ဓာတ္ဆီမ်ား ကုန္စင္ေအာင္ မေလာင္ကြၽမ္းႏိုင္ျခင္းတို႔ေၾကာင့္ စက္သံမတက္ျခင္းႏွင့္ ၀န္မဆြဲျခင္းမ်ားျဖစ္ေပၚႏိုင္ပါတယ္။ ဒါေၾကာင့္ ေလ၀င္ရာလမ္းေၾကာင္းျဖစ္ေသာ Air Cleaner Manifold ႏွင့္ ကာဗ်ဴေရတာရဲ႕ Choke Circuit ေတြ ေကာင္းမြန္သန္႔ရွင္းေအာင္ျပဳျပင္ရပါမယ္။
Air Cleanerမွာ ပါ၀င္တဲ့ ေလစစ္မ်ားဟာ အသုံးျပဳတာၾကာလာတာႏွင့္အမွ် အမႈန္ႏွင့္ အမႈိက္မ်ားေၾကာင့္ ေလကိုပိတ္ေစႏိုင္ပါတယ္။ ဒါ႔ေၾကာင့္ ျဖဳတ္ၿပီးေလမႈတ္ပါ။ စကဥဴစစ္ျဖစ္ပါက ေရခိုးေရေငြ႕ေၾကာင့္ ပိတ္ေနတတ္ပါတယ္။ ေခ်ာဆီအသုံးျပဳရတဲ့ Air Cleaner ျဖစ္ပါက ဆီ Level ေရာက္ေအာင္ထည့္ပါ။ ကာဗ်ဴေရတာရွိ Choke Valve ဟာ အင္ဂ်င္ အလုပ္လုပ္ေနတဲ့အခါ လုံး၀ပြင့္ေနေစရန္ စစ္ေဆးရပါမယ္။ 🔚ဓာတ္ဆီအင္ဂ်င္တစ္လုံးဟာ ဆြဲသင့္သေလာက္မဆြဲျခင္း၊ ဓာတ္ဆီပိုစားကာ မီးခိုးမည္းမ်ားထြက္ျခင္း၊ ေခ်ာဆီပိုစားျခင္း၊ ၀န္ပို႐ုန္းရတဲ့အခါ မီးသံ (Knocking) ထြက္ၿပီး အင္ဂ်င္မဆြဲျခင္း၊ အင္ဂ်င္ပုံမွန္ထက္ အပူခ်ိန္မ်ားျခင္း စတဲ့ ျပစ္ခ်က္ေတြဟာ အင္ဂ်င္ခ်ိဳ႕ယြင္းခ်က္ရဲ႕ အေၾကာင္းအရာမ်ားျဖစ္ပါတယ္။
5️⃣ အင္ဂ်င္ပူလြန္းျခင္း (Over Heat)
အင္ဂ်င္ပူလြန္းပါက အင္ဂ်င္ရဲ႕ ထုတ္လုပ္တဲ့ပါ၀ါကို က်ဆင္းေစပါတယ္။ အေအးေပးစနစ္ေၾကာင့္ေသာ္ လည္းေကာင္း၊ အင္ဂ်င္ေၾကာင့္ေသာ္လည္းေကာင္း၊ ခ်ိန္ညႇိတပ္ဆင္မႈမွားယြင္းမႈမ်ားေၾကာင့္ေသာ္လည္းေကာင္း၊ အျခားေသာအေၾကာင္းအရာမ်ားေၾကာင့္ေသာ္လည္းေကာင္း အင္ဂ်င္ပူလာတတ္ပါတယ္။
ဓာတ္ဆီအင္ဂ်င္အမ်ားစုကေတာ့ ေလအေအးေပးစနစ္ျဖင့္ အသုံးျပဳထားတဲ့ ပုံစံျဖစ္ပါတယ္။ ေလအေအးေပးနစ္ျဖင့္ အသုံးျပဳထားတဲ့ အတြက္ေၾကာင့္ သုံးစြဲသူေတြအေနနဲ႔ မိမိအသုံးျပဳေနတဲ့ အင္ဂ်င္ကို ေလ၀င္ေလထြက္ေကာင္းတဲ့ ေနရာတြင္ ထားရွိကာ အသုံးျပဳဖို႔လိုအပ္ပါတယ္။ ပဲ့ေထာင္စက္ ေလွအသုံးျပဳသူမ်ား အေနနဲ႔ အင္ဂ်င္ပူလြန္းျခင္းအျဖစ္နည္းတတ္ေပမဲ့ ဓာတ္ဆီမီးစက္ အသုံးျပဳသူမ်ားအေနနဲ႔ ပိုမိုအျဖစ္မ်ားတတ္ တာေၾကာင့္ မိမိရဲ႕ မီးစက္ကို ေလ၀င္ေလထြက္ေကာင္းတဲ့ ေနရာမွာထားကာ အသုံးျပဳဖို႔လိုအပ္ပါတယ္။
ေရအေအးေပးစနစ္ျဖင့္ အသုံးျပဳတဲ့ အင္ဂ်င္ျဖစ္ပါက ေရနည္းေနျခင္း (သို႔) ေရတိုင္ကီတြင္ ေရလုံး၀မရွိျခင္း၊ ေရတိုင္ကီပိတ္ေနျခင္း၊ ေရသြားလမ္းေၾကာင္းမ်ား ပိတ္ဆို႔ေနျခင္း၊ ေရလည္အုံမေကာင္းျခင္း၊ ပန္ကာႀကိဳးေလ်ာ့ေနျခင္းႏွင့္ ပန္ကာရြဲ႕ေစာင္းေနျခင္းတို႔ျဖစ္ပါက ေရဆူၿပီး အင္ဂ်င္ကို အပူခ်ိန္တက္လာ ေစပါတယ္။
ေျဖရွင္းရမည့္နည္းလမ္းကေတာ့ ေရတိုင္ကီတြင္ ေရနည္းေနပါက ေရျပန္ျဖည့္ပါ။ ေရတိုင္ကီပိတ္ေနပါက ေရတိုင္ကီရဲ႕ ေရလိုင္းမ်ားကို သန္႔ရွင္းေအာင္ျပဳလုပ္ေပးပါ။ ေရတိုင္ကီရဲ႕ ပန္ကာႀကိဳးေလ်ာ့ေနပါက ျပန္လည္ တင္းက်ပ္ေပးပါ။ ေရတိုင္ကီရွိ ေရလည္အုံေကာင္းမေကာင္းကို သိလိုပါက အင္ဂ်င္ကို အေႏွးပုံစံလည္ပတ္ျခင္းျဖင့္ ေရတိုင္ကီအဖုံးကိုဖြင့္ၿပီးၾကည့္ပါက ေရလည္ပတ္မႈေကာင္းမေကာင္းသိႏိုင္ပါတယ္။ မေကာင္းပါက ေရလည္အုံကိုျဖဳတ္ၿပီး ေရလည္အုံရဲ႕ ဒလက္ (Impeller)၊ ေဘာ (Ball)၊ ဆီလုံ၀ါရွာကြင္း (Oil Seal) ႏွင့္ ေဘာအထိုင္မ်ား ေကာင္းမေကာင္း စစ္ေဆးျပဳျပင္ပါ။
အထက္ပါအခ်က္မ်ားအျပင္ အင္ဂ်င္ပူလြန္းျခင္းျဖစ္ရတဲ့ အေၾကာင္းအရာေတြအေနနဲ႔ အင္ဂ်င္ရဲ႕ အစိတ္အပိုင္း မ်ားလိုအပ္တာထက္ တင္းက်ပ္ေနျခင္း၊ အိတ္ေဇာပိုက္မ်ားပိတ္ေနျခင္းႏွင့္ အင္ဂ်င္၀ိုင္မမွန္ ျခင္းတို႔ဟာ အင္ဂ်င္ရဲ႕ အပူခ်ိန္ကို တက္ေစႏိုင္တာကို အထူးသတိျပဳသင့္ပါတယ္။
6️⃣ အင္ဂ်င္ေအးလြန္းျခင္း (Over Cooling)
အင္ဂ်င္ေအးလြန္းျခင္းအေနနဲ႔ ျမန္မာႏိုင္ငံတြင္ အျဖစ္နည္းတတ္ပါတယ္။ အေအးမ်ားတဲ့ ေဒသေတြမွာေတာ့ ျဖစ္တတ္ပါတယ္။ အင္ဂ်င္ရဲ႕ ေမာင္းႏွင္တဲ့ အပူခ်ိန္ (Operating Temperature) သို႔ အျမန္ဆုံးေရာက္ရွိမွသာလွ်င္ အင္ဂ်င္စက္သံမွန္ၿပီး အသုံးျပဳႏိုင္ပါမယ္။
7️⃣ အျခားျပစ္ခ်က္မ်ား (Other Faults)
အျခားျပစ္ခ်က္မ်ားအေနနဲ႔ အိပ္ေဇာပိုက္ပိတ္ေနျခင္း၊ ကင့္ရွပ္တိုင္မင္ (Cam Shaft Timing)မွားေနျခင္း၊ Tappet Clearance ခ်ိန္ညႇိမႈမမွန္ျခင္း၊ ဗားကပ္ေနျခင္းႏွင့္ ဗားဟက္ပါးေနျခင္း၊ ဗားစပရိန္ (Valve Spring) အားနည္းေနျခင္းတို႔ ျဖစ္ပါတယ္။
💢အိပ္ေဇာပိုက္ (Exhaust Pipe) ပိတ္ေနျခင္း
အိပ္ေဇာပိုက္ (Exhaust Pipe) ပိတ္ေနျခင္းဟာ အင္ဂ်င္ရဲ႕ Idle Speed ကိုထိခိုက္ပါက ပါ၀ါထုတ္လုပ္မႈကို ထိခိုက္ႏိုင္ပါတယ္။ အဲလိုျဖစ္ရျခင္းမွာ Muffler ပိတ္ေနျခင္းႏွင့္ ပိုက္ေကာက္ေနျခင္းျဖစ္သည့္အတြက္ေၾကာင့္ စစ္ေဆးျပဳျပင္ရန္ လိုအပ္ပါတယ္။
💢ကင့္ရွပ္တိုင္မင္ (Cam Shaft Timing)မွားေနျခင္း
ကင့္ရွပ္တိုင္မင္ (Cam Shaft Timing)မွားေနျခင္းကလည္း ပါ၀ါထုတ္လုပ္မႈကို ထိခိုက္ႏိုင္ၿပီး ကင့္ရွပ္ ဂီယာအသစ္လဲျခင္းကို ျပဳလုပ္ရပါမယ္။ ထုတ္လုပ္တဲ့ ကုမၸဏီမွ သတ္မွတ္ေပးထားတဲ့ အမွတ္အသားမ်ားႏွင့္ ကိုက္ညီမႈရွိမရွိလည္း စစ္ေဆးသင့္ပါတယ္။
💢Tappet Clearance ခ်ိန္ညႇိမႈမမွန္ျခင္း
Tappet Clearance နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ၊ ပါ၀ါထုတ္လုပ္မႈကို ထိုခိုက္ေစပါတယ္။ နည္းလြန္းပါက ဗားမပိတ္ပဲေနၿပီး မ်ားလြန္းပါက အပြင့္ေနာက္က်၍ အပိတ္ေစာမည္ျဖစ္ပါတယ္။ အဲဒါေၾကာင့္ Clearance ကို သတ္မွတ္ခ်က္အတိုင္း တိက်စြာ ခ်ိန္ညႇိသင့္ပါတယ္။
💢ဗားကပ္ေနျခင္းႏွင့္ ဗားဟက္ပါးေနျခင္း
ဗားမ်ားကပ္ၿပီး လႈပ္ရွားမႈေႏွးေကြးေနပါက ပါ၀ါထုတ္လုပ္မႈကိုလည္း နည္းေစပါတယ္။ လိုအပ္ပါက ဗားအထိုင္ကို က်ဉ္းျခင္းႏွင့္ ဗားအသစ္ထည့္ျခင္းမ်ားကို ေဆာင္ရြက္သင့္ပါတယ္။
💢ဗားစပရိန္ (Valve Spring) အားနည္းေနျခင္း
အင္ဂ်င္ကို အျမန္ႏႈန္းနဲ႔ေမာင္းႏွင္စဉ္တြင္ စပရိန္ခုန္၍ ဗားကို မပိတ္ပဲေနတတ္ပါတယ္။ အဲဒါေၾကာင့္ အခ်ိဳ႕အင္ဂ်င္ေတြမွာ Frequency မတူတဲ့ စပရိန္ႏွစ္ခုကို အသုံးျပဳထားတတ္ပါတယ္။ စပရိန္အျမင့္ခ်င္းတူတဲ့ စပရိန္မ်ားကိုသာ အသုံးျပဳသင့္ၿပီး နိမ့္ေနတဲ့ စပရိန္ဟာ အားနည္းေနတတ္ပါတယ္
crd