<Unicode>
ပန့်စနစ် နှင့် အင်ဂျက်တာများ
----------------
EFI လို့ပြောလိုက်တာနဲ့ ဆီပန့် ကိုပြေးမြင်ကြမှာပါ။
နည်းပညာမြင့် စနစ်တစ်ခုဖြစ်လို့အစစ လေ့လာနိုင်ပါမှ ကိုယ့်အတွက် ထိုက်တန်တဲ့နေရာလေးတစ်ခုကိုရနိုင်မှာပါ။ ခုလည်းပဲ ပြောချင်တာက အင်ဂျက်တာ တွေ
အင်ဂျက်ရှင်းတွေအကြောင်းပါ ဒါပေမယ့် နှီးနွယ်နေတဲ့ပညာရပ်တွေဖြစ်တာကြောင့်ယေဘုယျသဘော
လေးတွေကိုရောထွေး ပေးလိုက်ပါဦးမယ်။ ပြောလက်စ EFI နဲ့လဲ အကြောင်းတရားခြင်းဆက်နွယ်နေတာရယ် ပြောပြစရာလေးတွေလဲ ရှိတာကြောင့် ဒီလောက်ထိ
စကားချီးတွေများနေတာပါ။
Injection ဆိုတာ ထိုးသွင်းသည် လို့ ဘာသာပြန်နိုင်ပါတယ်။အင်ဂျက်တာဆိုတာကတော့ ပန်းထည့်
ထိုးထည့်တဲ့ အရာတစ်ခုပေါ့ဗျာ။ကျွန်တော်တို့
ပါတ်ဝန်းကျင်က အင်ဂျင်တွေအများစုမှာ အင်ဂျက်တာတွေပါလာပီ။ EFI တွေမှာအင်ဂျက်တာတွေပါလာပီဆိုတော့ သိဖို့လိုလာတဲ့ အစိတ်ပိုင်းတစ်ခုလို့ပြောရင်လဲ မမှားဘူးပေါ့ဗျာ။
ဓါတ်ဆီအင်ဂျင်တွေမှာလောင်စာကို အငွေ့စုပ် တဲ့ ကာဘရိုက်တာစနစ်ကနေ မန်နျူဖို့အရင်း ဘားအခြေကို ထိုးသွင်းတဲ့စနစ်အဖြစ်ပြောင်းလဲလာတာပါ။
အင်ဂျက်ရှင်းနှစ်မျိုးနှစ်စားကိုစတင် ပြောကြည့်ကြ
မယ်။
Direct injection
----------
ဒါရိုကိအင်ဂျက်ရှင်းလို့ သုံးနှုံးလိုက်ကတည်းက ဒါရိုက်ပန်းထည့်တယ်ဆိုတာတော့သိလောက်ပါပီ။ ဒါရိုက်
အင်ဂျက်ရှင်းဆိုတာ လောင်ကျွမ်းခန်း ပေါက်ကွဲခန်းထဲကို လောင်စာကို ဒါရိုက်ပန်းထည့်တာပါ။
ဒါကအလွယ်ပြောတာပါ။ ဒါ့ထက်ရှုပ်ထွေးပါသေး
တယ်။ အစဉ်အမြဲ compress (အဖိကျစ်ခံ )
နေရတဲ့ combustion chamber ထဲမှာ အင်ဂျက်တာရဲ့ ထိပ်ပိုင်းဟာ ဝင်နေရလို့ ဖိကျစ် နေတဲ့လေဖိအား
တွေဟာလဲ အင်ဂျက်တာရဲ့ထိပ်ကိုတိုးစောင့်ပါတော့
တယ်။ အင်ဂျက်တာရဲ့အထဲက စပရင်ဟာ အဲ့လေဖိအားထက်ကို တင်းနေနိုင်မှ အင်ဂျက်တာထဲကို
ဘက်ပြန်လေအညစ်ကြေးတွေမဝင်နိုင်မှာပါ။ နောက်တစ်ချက်က အင်ဂျက်တာဟာ အပူခံနိုင်အောင်လုပ်ထားရပါတယ်။ DI ( direct injection )တွေအတွက် ဆီကို ဖိအားမြင့်ပန့်စနစ်နဲ့ဖိကန်ပစ်ပါတယ်။
ကန်ထွက်လာမယ့် pump pressure ဟာအတော့်ကိုအားပြင်းမှသာ အင်ဂျက်တာရဲ့ ထိပ်က gate spring ကိုကန်ထွက်နိုင်မှာပါ။ ဒီဇယ်စနစ်တွေဟာ DI စနစ်တွေပါ။
မီးလောင်မှတ်နိမ့်တဲ့ ဆီထုထည် ထူထဲတဲ့ဒီဇယ်ဟာ အမှုံအမွှားတွေအဖြစ် ပန်းထုတ်မှ ဖိကျစ်ထားတဲ့ လေပူထဲမှာပေါက်ကွဲနိုင်မှာပါ။ဒီဇယ်မှာတော့ ပန့်ကို Plunger ( မြန်မာအခေါ် ပလန်ချာ) လို့ခေါ်ပီးတော့ အင်ဂျက်တာကိုတော့ Nozzel(နော်ဇယ်)လို့ခေါ်ကြပါတယ်။မယုံမရှိနဲ့ဗျ 35ကောင်
တရုပ်နီ ဒီဇယ် အင်ဂျင် ရဲ့ အင်ဂျက်တာကို အပြင်မှာ
စမ်းရင်းနဲ့ လက်မလေးနဲ့ပိတ်မိလို့ ဒီဇယ်အမှုံအမွှားတွေ လက်ကိုပေါက်ဝင်သွားပါတယ်။
လက်လဲဖြတ်လိုက်ရတာပါ။ မြန်မာတွေနော်ဇယ်ပလန်ချာ လဲတယ်ဆိုတာ ဒီအခေါ်ပါ။ အင်ဂျင်တစ်လုံးစီ
အတွက် အင်ဂျက်တာတစ်လုံးစီ နဲ့ ပလန့်ဂျာ ပန့်တစ်လုံးစီ ရှိသမို့ လေးလုံးထိုးဒီဇယ် ကားတွေမှာ ပန့်လေးလုံးကိုညီအောင်ပြန်ချိန်ရတဲ့ပြသနာရှိပါတယ်။ ဒီဘက်ကတော့ရန်ကုန်တက်ချိန်ရတယ်ပေါ့ဗျာ။ ကားစနစ်တွေမှာတော့ နည်းပညာမြင့်လာတဲ့အခါ single point အပြင် multipoint injection စနစ်တွေဖြစ်လာပါတယ်။ အရုန်းဆွဲတက်လာအောင် လုပ်တဲ့နည်းစနစ်တေ
ွဖြစ်ပီးတော့
twin injector လို့ခေါ်တဲ့စနစ်နဲ့ အင်ဂျင်တစ်လုံးကို အင်ဂျက်တာနှစ်လုံးတွဲ စနစ်တွေလဲ ပေါ်လာပါတယ်။Di စနစ်တွေမှာ အားသာချက်အလွန်များပါတယ်
လောင်စာဆီကိုအပြည့်အဝ လောင်ကျွမ်းနိုင်သလို
လောင်စာ ဆီစားသုံးမူလဲသက်သာစေပါတယ်။
အားနည်းချက်ကတော့ အင်ဂျက်တာတွေဟာစျေးကြီး
မြင့်တာရယ် ဖိအားမြင့် ပန့်အုံအတွက် နေရာသီးသန့် ထပ်ပေးရတာရယ် အထိခိုက်မခံနိုင်တာရယ်ပါပဲ။ BMW နည်းပညာမြင့်ကားတွေမှာ ပေါက်ကွဲခန်းအတွင်းကို ရေကို အင်ဂျက်တာသပ်သပ်နဲ့ ထပ်ထိုးထည့်ပီး အင်ဂျင်ကို 8ရာခိုင်နှုံးထိ ဆီစားသက်သာအောင်
ကြံဆောင်လာပါတယ်။ water injectionစနစ်က
တာဘိုင်အင်ဂျင်တွေနဲ့ လေယဉ်အင်ဂျင်တွေမှာ ပထမထဲကအသုံးရှိခဲ့ပါတယ်။ knocking ( ခေါက်သံ)
ဖျောက်ဖို့နဲ့ ပူလို့ပွနေတဲ့ လေပူကိုကျစ်လစ်စေပီး
အင်ဂျင်ရဲ့ ပါဝါက်ုတက်စေတာပါ။ တာဘိုချာချာနဲ့ ဆူပါချာချာ စနစ်တွေမှာလဲ water inject ပါတဲ့စနစ်တွေရှိပါသေးတယ်။ direct injection စနစ်က အလုပ်ဘယ်လိုလုပ်သလဲမေးရင်တော့ nozzel မှာ electronic parts တွေတစ်ခုမှမပါဝင်ပါဘူး။
အင်ဂျင်ရဲ့ကရိုင်းကနေ တိုင်ပင်ကိုက် ပန့်ကိုဖိတဲ့ lube (ဘု) လေးတွေကနေ အင်ဂျင်tdc မရောက်ခင် ဒီဂရီ
အနည်းငယ်အလိုမှာ တိတိကျကျ ပန်းသွင်းနိုင်အောင် အချိန် ကိုက်ဖိပေးရပါတယ်။နော်ဇယ်ရဲ့စပရင်က
တောင့်မခံနိုင်ချိန်မှ ဆီဟာစပရင်အရင်းကိုတွန်းကန်ပီး အပြင်ကို ဖြာထွက်ကုန်တာပါ။ diesel အင်ဂျင်တွေမှာ လုပ်စရာဆိုလို့ နော်ဇယ်နောက်က နတ်ကလေးကိုသာအတိုးအလျှော့ချိန်ရတာပါ။ သူက စပရင်ကိုအဖိ
အဖွ လုပ်ပေးတာမို့ အင်ဂျင်ကိုဆီဖိတယ် ဆီဖွတယ်
အသံနားထောင်ရင်းလုပ်ရတာပါ။ စလိုးချိန်သလိုပေါ့ဗျာ ဆှကျစ်လွန်းရင် အနိူးခက် ပီးတော့ ဆီဖွလွန်းတော့လဲ အနိုးလွယ် မီးခိုးမဲမဲတွေအူနေတာပေါ့။ ဟုတ်ပါပီ ဒါက direct injection အကြောင်းပါ။
port injection
------------------
သူကကျတော့ တဆင့်ခံပန်းခြင်း လို့ ဘာသာပြန်ပေးရမလိုပဲ။ combustion chamber တွေထဲကိုပန်းသ
လောက် အပူဒါဏ်မခံရဘူး။ ပန့်ကလဲ ဖိအားအရမ်း
မြင့်စရာမလိုဘူး။ ဖြာထွက်နိုင်ယုံလောက်ကလေးနဲ့
အဆင်ပြေတာကြောင့် ကားလေးတွေနဲ့
မော်တော်ဆိုင်ကယ်မှာအသုံးများပါတယ်။ ဓါတ်ဆီ
အင်ဂျင်လို့ သုံးနှုံးရင်လဲ အဆင်ပြေပါတယ်။ တိုင်ကီ
အတွင်းမှာမြုပ်ထားတဲ့ ပန့်ကနေ ဖိအားတစ်ခု နဲ့ အင်ဂျက်တာထိပ်ကို ဖိထားပေးမယ်။ ECU ကနေ လှမ်းပီး
ဖွင့်မှ ဆီကို မန်နျူဖို့အခြေ အင်းလက်ဘားရဲ့အောက်ကို Intake stoke မှာပဲ ပန်းထည့်တာပါ။ ကာဘရိုက်တာလောက် လောင်စာဟာ အဝေးကြီးမလာရတဲ့အ
တွက် drain လို့ခေါ်တဲ့လေပူမှာ အလျှင်အမြန်
ခြောက်သွေ့တဲ့ပြသနာမရှိလို့ ကာဘရိုက်တာထက်ပိုမိုဆီစားသက်သာတာပါ။ နောက်တစ်ခုကတော့ ecuရဲ့
စနစ်ထိန်းကြောင်းမူတွေနဲ့ အင်ဂျက်တာဟာ
ဆီအနည်းအများကို ဖွင့်ချိန်ပိတ်ချိန် အတိုအရှည်နဲ့
ပြပါတယ်။
ဆီများချင်ရင် ကြာကြာ ဖွင့်ပေးပီးဆီလျှော့ချင်ရင်တိုတိုဖွင့်ပါတယ်။ port injection စနစ်ကို ကြိုက်ကြတာဟာ နေရာယူမူတွေ အထိခိုက်ဒါဏ်တွေဟာ Direct injection တွေထက်ပိုမိုသက်သာလို့ပါပဲ။
port injection ဘယ်လောက်ကောင်းကောင်း direct injection လောက် တော့ဆီစားမသက်သာတာအမှန်ပဲ။
port injection တွေရဲ့ အားနည်းချက်ကိုပြောပါဆို
ရင်တော့ သူဟာ ဆယ်လိုနွိုက်ကွိုင်နဲ့ အလုပ်လုပ်ပီး
တော့ DI စနစ်က နော်ဇယ်လို တင်းနေတဲ့စပရင်မပါတာကြောင့် အင်းလက်ဘားများမလုံခဲ့ရင် အင်ဂျင်ရဲ့ဘက်ပြန်လေဟာ အင်ဂျက်တာကို ပျက်စီးစေပါတယ်။ အပေါက်တွေပိတ်ကုန်တာ အပူတက်လာတာ oil seal တွေ ပျော်ကုန်တာ စသည်ဖြင့်ပေါ့။ ဒါကြောင့် ROM နံပါတ်အမြင့် လောင်စာကိုစွဲမြဲ မသုံးသူတွေနဲ့ အင်ဂျင် ပျက်စီးစ ပြုနေတဲ့အင်ဂျင်ကို မောင်းနှင်သူတွေဟာ
အင်ဂျက်တာပျက်စီးတဲ့ ဒါဏ် မကြာခဏဆေးကြောရတဲ့ ဒုက္ခကို ခံစားရပါတယ်။ electronic parts
တွေဖြစ်တာကြောင့်အထိခိုက်မခံနိုင်တာ ပျက်စီးလွယ်တာတွေလဲဖြစ်တတ်ပါသေးတယ်။
တချို့ ကားတွေမှာ Di ကော pi ကော အင်ဂျက်တာနှစိလုံး ပြိုင်သုံးထားတာလဲ မြင်ဖူးပါတယ်။
ကျွန်တော်က လောကအစုံမှာကျင်လည်ခဲ့ဖူးတာ
ကြောင့် ကိုယ်တွေ့လေးတွေနဲ့ ယှဉ်ယှဉ်ပြောပြနေတဲ့အပေါ် တစ်စုံတရာ အမှားယွင်းလေးတွေပါခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ပါလိမ့်မယ်။
ကဲ ဒီလောက်ဆို အင်ဂျက်ရှင်းစနစ်တွေနဲ့ အင်ဂျက်တာများ ဆိုတဲ့ခေါင်းစဉ်ကို အတန်အသင့်တော့နားလည်
လောက်ပီထင်ပါရဲ့။ အားလုံးပဲဆိုင်ကယ်ဗဟုသုတ
ပြည့်ဝကြပါစေ။
ကျွန်တော် ရဲရင့်သာဝေပိုင်ပါ။
<Zawgyi>
ပန္႔စနစ္ ႏွင့္ အင္ဂ်က္တာမ်ား
----------------
EFI လို႔ေျပာလိုက္တာနဲ႔ ဆီပန္႔ ကိုေျပးျမင္ၾကမွာပါ။
နည္းပညာျမင့္ စနစ္တစ္ခုျဖစ္လို႔အစစ ေလ့လာႏိုင္ပါမွ ကိုယ့္အတြက္ ထိုက္တန္တဲ့ေနရာေလးတစ္ခုကိုရႏိုင္မွာပါ။ ခုလည္းပဲ ေျပာခ်င္တာက အင္ဂ်က္တာ ေတြ
အင္ဂ်က္ရွင္းေတြအေၾကာင္းပါ ဒါေပမယ့္ ႏွီးႏြယ္ေနတဲ့ပညာရပ္ေတြျဖစ္တာေၾကာင့္ေယဘုယ်သေဘာ
ေလးေတြကိုေရာေထြး ေပးလိုက္ပါဦးမယ္။ ေျပာလက္စ EFI နဲ႔လဲ အေၾကာင္းတရားျခင္းဆက္ႏြယ္ေနတာရယ္ ေျပာျပစရာေလးေတြလဲ ရွိတာေၾကာင့္ ဒီေလာက္ထိ
စကားခ်ီးေတြမ်ားေနတာပါ။
Injection ဆိုတာ ထိုးသြင္းသည္ လို႔ ဘာသာျပန္ႏိုင္ပါတယ္။အင္ဂ်က္တာဆိုတာကေတာ့ ပန္းထည့္
ထိုးထည့္တဲ့ အရာတစ္ခုေပါ႔ဗ်ာ။ကြၽန္ေတာ္တို႔
ပါတ္ဝန္းက်င္က အင္ဂ်င္ေတြအမ်ားစုမွာ အင္ဂ်က္တာေတြပါလာပီ။ EFI ေတြမွာအင္ဂ်က္တာေတြပါလာပီဆိုေတာ့ သိဖို႔လိုလာတဲ့ အစိတ္ပိုင္းတစ္ခုလို႔ေျပာရင္လဲ မမွားဘူးေပါ႔ဗ်ာ။
ဓါတ္ဆီအင္ဂ်င္ေတြမွာေလာင္စာကို အေငြ႕စုပ္ တဲ့ ကာဘ႐ိုက္တာစနစ္ကေန မန္ႏ်ဴဖို႔အရင္း ဘားအေျခကို ထိုးသြင္းတဲ့စနစ္အျဖစ္ေျပာင္းလဲလာတာပါ။
အင္ဂ်က္ရွင္းႏွစ္မ်ိဳးႏွစ္စားကိုစတင္ ေျပာၾကည့္ၾက
မယ္။
Direct injection
----------
ဒါ႐ိုကိအင္ဂ်က္ရွင္းလို႔ သုံးႏႈံးလိုက္ကတည္းက ဒါ႐ိုက္ပန္းထည့္တယ္ဆိုတာေတာ့သိေလာက္ပါပီ။ ဒါ႐ိုက္
အင္ဂ်က္ရွင္းဆိုတာ ေလာင္ကြၽမ္းခန္း ေပါက္ကြဲခန္းထဲကို ေလာင္စာကို ဒါ႐ိုက္ပန္းထည့္တာပါ။
ဒါကအလြယ္ေျပာတာပါ။ ဒါ႔ထက္ရႈပ္ေထြးပါေသး
တယ္။ အစဉ္အၿမဲ compress (အဖိက်စ္ခံ )
ေနရတဲ့ combustion chamber ထဲမွာ အင္ဂ်က္တာရဲ႕ ထိပ္ပိုင္းဟာ ဝင္ေနရလို႔ ဖိက်စ္ ေနတဲ့ေလဖိအား
ေတြဟာလဲ အင္ဂ်က္တာရဲ႕ထိပ္ကိုတိုးေစာင့္ပါေတာ့
တယ္။ အင္ဂ်က္တာရဲ႕အထဲက စပရင္ဟာ အဲ့ေလဖိအားထက္ကို တင္းေနႏိုင္မွ အင္ဂ်က္တာထဲကို
ဘက္ျပန္ေလအညစ္ေၾကးေတြမဝင္ႏိုင္မွာပါ။ ေနာက္တစ္ခ်က္က အင္ဂ်က္တာဟာ အပူခံႏိုင္ေအာင္လုပ္ထားရပါတယ္။ DI ( direct injection )ေတြအတြက္ ဆီကို ဖိအားျမင့္ပန္႔စနစ္နဲ႔ဖိကန္ပစ္ပါတယ္။
ကန္ထြက္လာမယ့္ pump pressure ဟာအေတာ့္ကိုအားျပင္းမွသာ အင္ဂ်က္တာရဲ႕ ထိပ္က gate spring ကိုကန္ထြက္ႏိုင္မွာပါ။ ဒီဇယ္စနစ္ေတြဟာ DI စနစ္ေတြပါ။
မီးေလာင္မွတ္နိမ့္တဲ့ ဆီထုထည္ ထူထဲတဲ့ဒီဇယ္ဟာ အမႈံအမႊားေတြအျဖစ္ ပန္းထုတ္မွ ဖိက်စ္ထားတဲ့ ေလပူထဲမွာေပါက္ကြဲႏိုင္မွာပါ။ဒီဇယ္မွာေတာ့ ပန္႔ကို Plunger ( ျမန္မာအေခၚ ပလန္ခ်ာ) လို႔ေခၚပီးေတာ့ အင္ဂ်က္တာကိုေတာ့ Nozzel(ေနာ္ဇယ္)လို႔ေခၚၾကပါတယ္။မယုံမရွိနဲ႔ဗ် 35ေကာင္
တ႐ုပ္နီ ဒီဇယ္ အင္ဂ်င္ ရဲ႕ အင္ဂ်က္တာကို အျပင္မွာ
စမ္းရင္းနဲ႔ လက္မေလးနဲ႔ပိတ္မိလို႔ ဒီဇယ္အမႈံအမႊားေတြ လက္ကိုေပါက္ဝင္သြားပါတယ္။
လက္လဲျဖတ္လိုက္ရတာပါ။ ျမန္မာေတြေနာ္ဇယ္ပလန္ခ်ာ လဲတယ္ဆိုတာ ဒီအေခၚပါ။ အင္ဂ်င္တစ္လုံးစီ
အတြက္ အင္ဂ်က္တာတစ္လုံးစီ နဲ႔ ပလန္႔ဂ်ာ ပန္႔တစ္လုံးစီ ရွိသမို႔ ေလးလုံးထိုးဒီဇယ္ ကားေတြမွာ ပန္႔ေလးလုံးကိုညီေအာင္ျပန္ခ်ိန္ရတဲ့ျပသနာရွိပါတယ္။ ဒီဘက္ကေတာ့ရန္ကုန္တက္ခ်ိန္ရတယ္ေပါ႔ဗ်ာ။ ကားစနစ္ေတြမွာေတာ့ နည္းပညာျမင့္လာတဲ့အခါ single point အျပင္ multipoint injection စနစ္ေတြျဖစ္လာပါတယ္။ အ႐ုန္းဆြဲတက္လာေအာင္ လုပ္တဲ့နည္းစနစ္ေတ
ွျဖစ္ပီးေတာ့
twin injector လို႔ေခၚတဲ့စနစ္နဲ႔ အင္ဂ်င္တစ္လုံးကို အင္ဂ်က္တာႏွစ္လုံးတြဲ စနစ္ေတြလဲ ေပၚလာပါတယ္။Di စနစ္ေတြမွာ အားသာခ်က္အလြန္မ်ားပါတယ္
ေလာင္စာဆီကိုအျပည့္အဝ ေလာင္ကြၽမ္းႏိုင္သလို
ေလာင္စာ ဆီစားသုံးမူလဲသက္သာေစပါတယ္။
အားနည္းခ်က္ကေတာ့ အင္ဂ်က္တာေတြဟာေစ်းႀကီး
ျမင့္တာရယ္ ဖိအားျမင့္ ပန္႔အုံအတြက္ ေနရာသီးသန္႔ ထပ္ေပးရတာရယ္ အထိခိုက္မခံႏိုင္တာရယ္ပါပဲ။ BMW နည္းပညာျမင့္ကားေတြမွာ ေပါက္ကြဲခန္းအတြင္းကို ေရကို အင္ဂ်က္တာသပ္သပ္နဲ႔ ထပ္ထိုးထည့္ပီး အင္ဂ်င္ကို 8ရာခိုင္ႏႈံးထိ ဆီစားသက္သာေအာင္
ႀကံေဆာင္လာပါတယ္။ water injectionစနစ္က
တာဘိုင္အင္ဂ်င္ေတြနဲ႔ ေလယဉ္အင္ဂ်င္ေတြမွာ ပထမထဲကအသုံးရွိခဲ့ပါတယ္။ knocking ( ေခါက္သံ)
ေဖ်ာက္ဖို႔နဲ႔ ပူလို႔ပြေနတဲ့ ေလပူကိုက်စ္လစ္ေစပီး
အင္ဂ်င္ရဲ႕ ပါဝါက္ုတက္ေစတာပါ။ တာဘိုခ်ာခ်ာနဲ႔ ဆူပါခ်ာခ်ာ စနစ္ေတြမွာလဲ water inject ပါတဲ့စနစ္ေတြရွိပါေသးတယ္။ direct injection စနစ္က အလုပ္ဘယ္လိုလုပ္သလဲေမးရင္ေတာ့ nozzel မွာ electronic parts ေတြတစ္ခုမွမပါဝင္ပါဘူး။
အင္ဂ်င္ရဲ႕က႐ိုင္းကေန တိုင္ပင္ကိုက္ ပန္႔ကိုဖိတဲ့ lube (ဘု) ေလးေတြကေန အင္ဂ်င္tdc မေရာက္ခင္ ဒီဂရီ
အနည္းငယ္အလိုမွာ တိတိက်က် ပန္းသြင္းႏိုင္ေအာင္ အခ်ိန္ ကိုက္ဖိေပးရပါတယ္။ေနာ္ဇယ္ရဲ႕စပရင္က
ေတာင့္မခံႏိုင္ခ်ိန္မွ ဆီဟာစပရင္အရင္းကိုတြန္းကန္ပီး အျပင္ကို ျဖာထြက္ကုန္တာပါ။ diesel အင္ဂ်င္ေတြမွာ လုပ္စရာဆိုလို႔ ေနာ္ဇယ္ေနာက္က နတ္ကေလးကိုသာအတိုးအေလွ်ာ့ခ်ိန္ရတာပါ။ သူက စပရင္ကိုအဖိ
အဖြ လုပ္ေပးတာမို႔ အင္ဂ်င္ကိုဆီဖိတယ္ ဆီဖြတယ္
အသံနားေထာင္ရင္းလုပ္ရတာပါ။ စလိုးခ်ိန္သလိုေပါ႔ဗ်ာ ဆွက်စ္လြန္းရင္ အနိူးခက္ ပီးေတာ့ ဆီဖြလြန္းေတာ့လဲ အႏိုးလြယ္ မီးခိုးမဲမဲေတြအူေနတာေပါ႔။ ဟုတ္ပါပီ ဒါက direct injection အေၾကာင္းပါ။
port injection
------------------
သူကက်ေတာ့ တဆင့္ခံပန္းျခင္း လို႔ ဘာသာျပန္ေပးရမလိုပဲ။ combustion chamber ေတြထဲကိုပန္းသ
ေလာက္ အပူဒါဏ္မခံရဘူး။ ပန္႔ကလဲ ဖိအားအရမ္း
ျမင့္စရာမလိုဘူး။ ျဖာထြက္ႏိုင္ယုံေလာက္ကေလးနဲ႔
အဆင္ေျပတာေၾကာင့္ ကားေလးေတြနဲ႔
ေမာ္ေတာ္ဆိုင္ကယ္မွာအသုံးမ်ားပါတယ္။ ဓါတ္ဆီ
အင္ဂ်င္လို႔ သုံးႏႈံးရင္လဲ အဆင္ေျပပါတယ္။ တိုင္ကီ
အတြင္းမွာျမဳပ္ထားတဲ့ ပန္႔ကေန ဖိအားတစ္ခု နဲ႔ အင္ဂ်က္တာထိပ္ကို ဖိထားေပးမယ္။ ECU ကေန လွမ္းပီး
ဖြင့္မွ ဆီကို မန္ႏ်ဴဖို႔အေျခ အင္းလက္ဘားရဲ႕ေအာက္ကို Intake stoke မွာပဲ ပန္းထည့္တာပါ။ ကာဘ႐ိုက္တာေလာက္ ေလာင္စာဟာ အေဝးႀကီးမလာရတဲ့အ
တြက္ drain လို႔ေခၚတဲ့ေလပူမွာ အလွ်င္အျမန္
ေျခာက္ေသြ႕တဲ့ျပသနာမရွိလို႔ ကာဘ႐ိုက္တာထက္ပိုမိုဆီစားသက္သာတာပါ။ ေနာက္တစ္ခုကေတာ့ ecuရဲ႕
စနစ္ထိန္းေၾကာင္းမူေတြနဲ႔ အင္ဂ်က္တာဟာ
ဆီအနည္းအမ်ားကို ဖြင့္ခ်ိန္ပိတ္ခ်ိန္ အတိုအရွည္နဲ႔
ျပပါတယ္။
ဆီမ်ားခ်င္ရင္ ၾကာၾကာ ဖြင့္ေပးပီးဆီေလွ်ာ့ခ်င္ရင္တိုတိုဖြင့္ပါတယ္။ port injection စနစ္ကို ႀကိဳက္ၾကတာဟာ ေနရာယူမူေတြ အထိခိုက္ဒါဏ္ေတြဟာ Direct injection ေတြထက္ပိုမိုသက္သာလို႔ပါပဲ။
port injection ဘယ္ေလာက္ေကာင္းေကာင္း direct injection ေလာက္ ေတာ့ဆီစားမသက္သာတာအမွန္ပဲ။
port injection ေတြရဲ႕ အားနည္းခ်က္ကိုေျပာပါဆို
ရင္ေတာ့ သူဟာ ဆယ္လိုႏြိဳက္ကြိဳင္နဲ႔ အလုပ္လုပ္ပီး
ေတာ့ DI စနစ္က ေနာ္ဇယ္လို တင္းေနတဲ့စပရင္မပါတာေၾကာင့္ အင္းလက္ဘားမ်ားမလုံခဲ့ရင္ အင္ဂ်င္ရဲ႕ဘက္ျပန္ေလဟာ အင္ဂ်က္တာကို ပ်က္စီးေစပါတယ္။ အေပါက္ေတြပိတ္ကုန္တာ အပူတက္လာတာ oil seal ေတြ ေပ်ာ္ကုန္တာ စသည္ျဖင့္ေပါ႔။ ဒါေၾကာင့္ ROM နံပါတ္အျမင့္ ေလာင္စာကိုစြဲၿမဲ မသုံးသူေတြနဲ႔ အင္ဂ်င္ ပ်က္စီးစ ျပဳေနတဲ့အင္ဂ်င္ကို ေမာင္းႏွင္သူေတြဟာ
အင္ဂ်က္တာပ်က္စီးတဲ့ ဒါဏ္ မၾကာခဏေဆးေၾကာရတဲ့ ဒုကၡကို ခံစားရပါတယ္။ electronic parts
ေတြျဖစ္တာေၾကာင့္အထိခိုက္မခံႏိုင္တာ ပ်က္စီးလြယ္တာေတြလဲျဖစ္တတ္ပါေသးတယ္။
တခ်ိဳ႕ ကားေတြမွာ Di ေကာ pi ေကာ အင္ဂ်က္တာႏွစိလုံး ၿပိဳင္သုံးထားတာလဲ ျမင္ဖူးပါတယ္။
ကြၽန္ေတာ္က ေလာကအစုံမွာက်င္လည္ခဲ့ဖူးတာ
ေၾကာင့္ ကိုယ္ေတြ႕ေလးေတြနဲ႔ ယွဉ္ယွဉ္ေျပာျပေနတဲ့အေပၚ တစ္စုံတရာ အမွားယြင္းေလးေတြပါခဲ့မယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္ရဲ႕ အားနည္းခ်က္သာျဖစ္ပါလိမ့္မယ္။
ကဲ ဒီေလာက္ဆို အင္ဂ်က္ရွင္းစနစ္ေတြနဲ႔ အင္ဂ်က္တာမ်ား ဆိုတဲ့ေခါင္းစဉ္ကို အတန္အသင့္ေတာ့နားလည္
ေလာက္ပီထင္ပါရဲ႕။ အားလုံးပဲဆိုင္ကယ္ဗဟုသုတ
ျပည့္ဝၾကပါေစ။
ကြၽန္ေတာ္ ရဲရင့္သာေဝပိုင္ပါ။