<Unicode>
Userများ နှင့် ပညာသင်ညီကိုများအတွက်
ဆိုင်ကယ် စက်မနိုးရင် ဘာတွေစစ်ရမလဲ?
အကြမ်းအားဖြင့်စပြီးစစ်ရမှာက
၁။ဆီလိုင်း
၂။မီးလိုင်း
၃။အင်္ဂျင်လိုင်း
၁။ဆီလိုင်းမှာ အရင်ဆုံးအကြမ်းစစ်ရမယ် ဆီရှိမရှိ ဆီကော့ထိဆီရောက်မရောက် ပြီးရင် carburetor ဆီကန်ထဲ ဆီလုံလောက်အောင်ရောက်မရောက်အကြမ်းအားဖြင့်စစ်ပါ ပြီးရင်ကျန်တဲ့မီးလိုင်းနဲ့အင်္ဂျင်လိုင်းဆက်စစ် အင်္ဂျင်နဲ့မီးလိုင်း ကောင်းရင် ကာပရိုက်တာကိုပြန်စစ်ပါ။
ကာပရိုက်တာကိုစစ်တာဆေးတာတို့လုပ်တဲ့အခါလည်း သေချာလုပ်ဖို့လိုပါတယ် အရင်ဆုံးပြောင်အောင်ဆေး ဂျက်လိုင်းတွေပွင့်အောင်ဆီမှုတ်
Float valve (ဒုံးကျည်) နေရာပြောင်းသွားတဲ့အခါ ပြန်တပ်ရင် ဆီယိုတာတွေဖြစ်တတ်ပါတယ် အထိုင်ပေါက်လေးကို အဝတ်စလေးနဲ့ဖြစ်၂ ပြောင်အောင်ကရိုင်းပါ။
သာမန်ဘီးတွေမှာဆို folat armလေးကသံအထိုင်လေးပါ အဲဒါကိုအနိမ့်အမြင့်ချိန်လို့ရပါတယ် အရမ်းမြင့်ရင်ဆီပိတ်မယ် နိမ့်ရင်ဆီယိုတတ်ပါတယ် ဖလုတ်ဘောလေးကိုသေချာချိန်ပါ။
အကုန်ပြီးလို့တပ်ပြီးစက်နိုးသွားရင်လည်း ဆီဝိတ်ကိုပြန်ချိန်ပြီးစစ်ပါ ပုံမှန်ရှိလား များနေလား တစ်ခါတော့ ဆီပြန်ချိန်ပါ။
ကာပရိုက်တာဆေးတဲ့ဘီးတွေဆိုလဲ ဆက်စပ်နေတဲ့ ဗားတွေချိန် လေစစ်တွေဆေးမကောင်းရင်လဲ ပလပ်စစ် တစ်ခါတည်းလုပ်ပါ။
၂။မီးလိုင်း
မီးလိုင်းမှာတော့ အရင်ဆုံး ပလပ်ကြိုးထွက်စမ်းပါ ကြိုးမီးထွက်တယ်ဆိုပလပ်မီးဖြတ်နေလား မီးအရမ်းဖြူနေလား ပလပ်ကိုဆက်ပြီးစစ်ပါ မီးထွက်တိုင်းမနိုးပါဘူး ပလပ်ကလဲအရေးပါပါတယ်။
မီးမထွက်ရင် ပလပ်ကွိုင် CDI ကွိုင် ဆက်ပြီးစစ်ရပါမယ်။
မီးလိုင်းမှာသတိထားကမှာတစ်ချက်က မီးပျောက်ပြီဆိုရင် သော့ဖွင့်ရင်မီးတွေပျောက်လား Normalမီးတွေလာလားပေါ့။
အရင်ကအကောင်း ခုမှ သော့ဖွင့်ရင် ဂီယာမီးတွေပျောက်တာ အဲမီးလဲပျောက်ရောစက်မနိုးဘူးဆိုတဲ့သူတွေနဲ့ ဘက်ထရီအားရှိမှ စက်နိုးတယ် အားကုန်ရင်ထိုးရပ်တယ်ဆိုတဲ့သူတွေလဲတွေ့ရတယ် အဲလိုသူတွေက DC cdi တွေဖြစ်ဖို့များတယ်ဝါယာရှော့နဲ့ အားသွင်းလိုင်းပြန်စစ်ရပါမယ်။
၃။အင်္ဂျင်လိုင်း
အင်္ဂျင်လိုင်းကတော့ ကစ်နင်းကြည့်ပါ ကစ်ထောက်ပြီးလုံးဝနင်းမရတာမျိုးဆိုရင် အင်္ဂျင်ဝိုင်ငတ်ပြီးမိန်းဖမ်းတာဖြစ်နိုင်သလို သံလိုက်အုံခြမ်းက ဘောကတ်နတ်ပြုတ်တာတွေ တခြားနတ်တွေပြုတ်တာ စတပ်ချိန်း တိုင်ပင်ချိန်း ညပ်တာမျိုးလဲဖြစ်တတ်ပါတယ်။
နောက်တစ်ချက်က ပလပ်ကိုချွတ်ပြီးလက်နဲ့ပိတ်ပြီး လေကျစ်အားစစ်ပါ မတိုးတော့ရင် အင်္ဂျင်ကျတာပါ ဗားအရမ်းနင်းနေလားစစ်ပါ မရရင်တော့ ဝရိမ်းကိူကျတာပါ အိပ်ဇောအဝမှာမီးခိုးစရှိလား ရှိုက်ဘား လေပိုထုတ်ပိုက်က အင်္ဂျင်ဝိုင်မှုတ်နေလားကြည့်ပါ တစ်ခုခုမှာပြစ်ချက်ရှိနေပါတယ်။
ဒီလောက်ဆိုရင်တော့အကြမ်းအားဖြင့်သိလောက်ပါပြီ။
card.
<Zawgyi>
Userမ်ား ႏွင့္ ပညာသင္ညီကိုမ်ားအတြက္
ဆိုင္ကယ္ စက္မႏိုးရင္ ဘာေတြစစ္ရမလဲ?
အၾကမ္းအားျဖင့္စၿပီးစစ္ရမွာက
၁။ဆီလိုင္း
၂။မီးလိုင္း
၃။အဂၤ်င္လိုင္း
၁။ဆီလိုင္းမွာ အရင္ဆုံးအၾကမ္းစစ္ရမယ္ ဆီရွိမရွိ ဆီေကာ့ထိဆီေရာက္မေရာက္ ၿပီးရင္ carburetor ဆီကန္ထဲ ဆီလုံေလာက္ေအာင္ေရာက္မေရာက္အၾကမ္းအားျဖင့္စစ္ပါ ၿပီးရင္က်န္တဲ့မီးလိုင္းနဲ႔အဂၤ်င္လိုင္းဆက္စစ္ အဂၤ်င္နဲ႔မီးလိုင္း ေကာင္းရင္ ကာပ႐ိုက္တာကိုျပန္စစ္ပါ။
ကာပ႐ိုက္တာကိုစစ္တာေဆးတာတို႔လုပ္တဲ့အခါလည္း ေသခ်ာလုပ္ဖို႔လိုပါတယ္ အရင္ဆုံးေျပာင္ေအာင္ေဆး ဂ်က္လိုင္းေတြပြင့္ေအာင္ဆီမႈတ္
Float valve (ဒုံးက်ည္) ေနရာေျပာင္းသြားတဲ့အခါ ျပန္တပ္ရင္ ဆီယိုတာေတြျဖစ္တတ္ပါတယ္ အထိုင္ေပါက္ေလးကို အဝတ္စေလးနဲ႔ျဖစ္၂ ေျပာင္ေအာင္က႐ိုင္းပါ။
သာမန္ဘီးေတြမွာဆို folat armေလးကသံအထိုင္ေလးပါ အဲဒါကိုအနိမ့္အျမင့္ခ်ိန္လို႔ရပါတယ္ အရမ္းျမင့္ရင္ဆီပိတ္မယ္ နိမ့္ရင္ဆီယိုတတ္ပါတယ္ ဖလုတ္ေဘာေလးကိုေသခ်ာခ်ိန္ပါ။
အကုန္ၿပီးလို႔တပ္ၿပီးစက္ႏိုးသြားရင္လည္း ဆီဝိတ္ကိုျပန္ခ်ိန္ၿပီးစစ္ပါ ပုံမွန္ရွိလား မ်ားေနလား တစ္ခါေတာ့ ဆီျပန္ခ်ိန္ပါ။
ကာပ႐ိုက္တာေဆးတဲ့ဘီးေတြဆိုလဲ ဆက္စပ္ေနတဲ့ ဗားေတြခ်ိန္ ေလစစ္ေတြေဆးမေကာင္းရင္လဲ ပလပ္စစ္ တစ္ခါတည္းလုပ္ပါ။
၂။မီးလိုင္း
မီးလိုင္းမွာေတာ့ အရင္ဆုံး ပလပ္ႀကိဳးထြက္စမ္းပါ ႀကိဳးမီးထြက္တယ္ဆိုပလပ္မီးျဖတ္ေနလား မီးအရမ္းျဖဴေနလား ပလပ္ကိုဆက္ၿပီးစစ္ပါ မီးထြက္တိုင္းမႏိုးပါဘူး ပလပ္ကလဲအေရးပါပါတယ္။
မီးမထြက္ရင္ ပလပ္ကြိဳင္ CDI ကြိဳင္ ဆက္ၿပီးစစ္ရပါမယ္။
မီးလိုင္းမွာသတိထားကမွာတစ္ခ်က္က မီးေပ်ာက္ၿပီဆိုရင္ ေသာ့ဖြင့္ရင္မီးေတြေပ်ာက္လား Normalမီးေတြလာလားေပါ႔။
အရင္ကအေကာင္း ခုမွ ေသာ့ဖြင့္ရင္ ဂီယာမီးေတြေပ်ာက္တာ အဲမီးလဲေပ်ာက္ေရာစက္မႏိုးဘူးဆိုတဲ့သူေတြနဲ႔ ဘက္ထရီအားရွိမွ စက္ႏိုးတယ္ အားကုန္ရင္ထိုးရပ္တယ္ဆိုတဲ့သူေတြလဲေတြ႕ရတယ္ အဲလိုသူေတြက DC cdi ေတြျဖစ္ဖို႔မ်ားတယ္ဝါယာေရွာ့နဲ႔ အားသြင္းလိုင္းျပန္စစ္ရပါမယ္။
၃။အဂၤ်င္လိုင္း
အဂၤ်င္လိုင္းကေတာ့ ကစ္နင္းၾကည့္ပါ ကစ္ေထာက္ၿပီးလုံးဝနင္းမရတာမ်ိဳးဆိုရင္ အဂၤ်င္ဝိုင္ငတ္ၿပီးမိန္းဖမ္းတာျဖစ္ႏိုင္သလို သံလိုက္အုံျခမ္းက ေဘာကတ္နတ္ျပဳတ္တာေတြ တျခားနတ္ေတြျပဳတ္တာ စတပ္ခ်ိန္း တိုင္ပင္ခ်ိန္း ညပ္တာမ်ိဳးလဲျဖစ္တတ္ပါတယ္။
ေနာက္တစ္ခ်က္က ပလပ္ကိုခြၽတ္ၿပီးလက္နဲ႔ပိတ္ၿပီး ေလက်စ္အားစစ္ပါ မတိုးေတာ့ရင္ အဂၤ်င္က်တာပါ ဗားအရမ္းနင္းေနလားစစ္ပါ မရရင္ေတာ့ ဝရိမ္းကိူက်တာပါ အိပ္ေဇာအဝမွာမီးခိုးစရွိလား ရႈိက္ဘား ေလပိုထုတ္ပိုက္က အဂၤ်င္ဝိုင္မႈတ္ေနလားၾကည့္ပါ တစ္ခုခုမွာျပစ္ခ်က္ရွိေနပါတယ္။
ဒီေလာက္ဆိုရင္ေတာ့အၾကမ္းအားျဖင့္သိေလာက္ပါၿပီ။
card.