ဘရိတ်တွေရဲ့အကြောင်

<Unicode>
"မင်္ဂလာပါဗျ"
------------------

   ဒီနေ့တော့ ဘရိတ်တွေရဲ့အကြောင်းကိုမပြောမှီဘရိတ်‌
ဆီတွေနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို‌မျှ‌ဝေပေး
လိုက်ပါတယ်။
   သင့်၏ကား (သို့) ဆိုင်ကယ်အား မြန်နှုန်းမြင့်အရှိန်ဖြင့်
မောင်နှင်ပြီး အရေးပေါ်အခြေနေများ နှင့် ရပ်တန့်လိုသော
အခါများတွင် Centrifugal(ဗဟိုခွာအားအရှိန်)ဖြင့် လည်
ပတ်နေသော ဘီးများကို Drum brake(သို့) Disc brake
စနစ်ဖြင့်ရပ်တန့်စေပါတယ်။
   ဘရိတ်ဆီဆိုတာဘာလဲ? ဘရိတ်ဆီသည် ခေတ်သစ်ကားများနှင့်ဆိုင်ကယ်များ၏ ဟိုက်ဒရောလစ်ဘရိတ်စနစ်
တွင် အသုံးပြုသော ဓာတုဗေအရည်ဖြစ်ပါတယ်။ ဘရိတ်မောင်းတံဖြင့်မာစတာဆလင်ဒါကိုတွန်းလိုက်သောကြောင့်ဘရိတ်ဆီသည်ဖိကျစ်ခံရပြီးဘရိတ်ပိုက်မှတစ်ဆင့်စလစ်ပင်စင်များကို တွန်းကန်ကာ ဘရိတ်ရူးများကို အလုပ်လုပ်စေပါတယ်။ compression(ဖိသိပ်ခြင်း)ကြောင့်အရည်
၏ထုထည်သည် လေကဲ့သို့ပြောင်းလဲခြင်းမရှိသည်ကိုသတိပြုရပါမယ်။  ထိုအတူရေသည် လေကဲ့သို့ ဖိသိပ်အချိုးမပြောင်းသော်လည်း ဘရိတ်ဆီအစားထိုး အသုံးပြုရန်မသင့်ပါ။ အကြောင်းမှာ ဘရိတ်သည်မကြာခဏအသုံး
ပြုရသောကြောင့် ခရီးဝေးမောင်းနှင်သည်နှင့်အမျှ ဘရိတ်ဆီဟာ ရှူးများ၏ပွတ်တိုက်မှုနှင့်ဖိကျစ်မှုကြောင့် အပူထွက်ပေါ်လာနိုင်ကာ ဘရိတ်ဆီကိုအသုံးမပြုဘဲ ရေကိုအသုံးပြုမိ ပါက ‌ဆူပွက်ခြင်းကြောင့်ရေ၏ဖိသိပ်မှု အချိုးကျဆင်းနိုင်ပြီး ဘရိတ်ဖမ်းနိုင်စွမ်းကို များစွာအနှောက်အယှက်ပေးပါလိမ့်မည်။ အသက်အန္တရာယ်ပင်ကြုံ‌ တွေ့နိုင်သော
ကြောင့် သတ်မှတ်ထားသော ဆီအမျိုးအစားမှသွေဖယ်၍ အသုံးမပြုသင့်ကြောင်းအကြံပြုလိုက်ပါတယ်။ 
   ဘရိတ်ဆီများကို အမျိုးအစား(၆)မျိုးတွေ့နိုင်ပါတယ်...
DOT 2
DOT 3
DOT 4
LHM+
DOT 5
DOT 5.1
ဆိုပြီးတွေ့ရပါတယ်။
DOT 2 နှင့် LHM+ ဟာမျက်မှောက်ကာလတွင်အသုံးပြုမှုနည်းသော ဘရိတ်ဆီများဖြစ်ပါတယ်။ DOTဆိုတာ
Department of Transportationကိုဆိုလိုတာဖြစ်ပါတယ်။ အမေရိကန် ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဌာန၏ အသိမှတ်ပြု စံနှုန်းများဖြင့် "DOT" ကိုသတ်မှတ်ပေးတာဖြစ်ပါတယ်။
   DOT 3, 4, 5.1 တို့သည် Glycol ether ကိုအခြေခံထားတာဖြစ်သောကြောင့် ရေနဲ့လွယ်ကူစွာရောနိုင်သလို
ပြင်ပလေထုထဲမှရေငွေ့ကိုလည်းစုပ်ယူနိုင်ပါတယ်။
ဆေးသားတွေနဲ့ထိရင် ဆေးသားတွေကိုပျက်စီးစေနိုင်ပါတယ်။Glycol ကိုအခြေခံထားသောဘရိတ်ဆီများဖြစ်ပြီး
အချင်းချင်းရောစပ်အသုံးပြုနိုင်ပါတယ်။၂မျိုးစပ်ဘရိတ်ဆီများလည်းရှိပါတယ်။ သို့သော်၎င်းတို့တွင် ပျစ်စေးအားကိုယ်စီရှိကြပြီး မိမိယာဉ်အတွက် အသုံးပြုရန်လမ်းညွန်ထားသော နံပါတ်ကိုသာ သီးသန့်သုံးသင့်ပါတယ်။ DOT4 ကအကျဲဆုံးဖြစ်ပြီး DOT5.1 ကအပျစ်ဆုံးဖြစ်ပါတယ်။
   DOT 5 သည် Silicone ကိုအခြေခံထားသော ဘရိတ်ဆီဖြစ်ပြီး ရေနဲ့မရောစပ်နိုင်သလို ပြင်ပရေငွေ့ကိုလည်း မစုတ်ယူနိုင်ပေ။ ထို့ကြောင့် သတ္ထုဖြင့်ပြုလုပ်ထားသော ဘရိတ်ဆီကန်များ၊မာစတာဆလင်ဒါများနှင့်စလိစ်ပင်စင် များကို သံဂျေးတက်ပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။
DOT 5သည်အားသာချက်များစွာရှ်ိသော်လည်းတွင်ကျယ်
စွာအသုံးပြုမှုနည်းပါတယ်။အဘယ့်ကြောင့်ဆိုလျှင်DOT5 ၏ Viscosity(ပျစ်စေးအား)၊အဖိသိပ်ခံရမှုအပေါ်တုံ့ပြန်မှု
နှင့်ဈေးနှုန်းတို့ကြောင့် ခေတ်သစ်မော်တော်ယာဉ်များတွင် 
အသုံးပြုမှုနည်းပါးခြင်းဖြစ်ပါတယ်။ DOT 5 ဘရိတ်ဆီသည် အသုံးမပြုဘဲကြာရှည်စွာထားနိုင်ပြီးအရည်အသွေး
ဆုံးရှုံးမှုနည်းသောကြောင့် စစ်ဘက်ဆိုင်ရာသုံးမော်တော်
ယာဉ်များကဲ့သို့ လိုအပ်သောအခါမှအသုံးပြုသောယန္တရား များတွင်အသုံးပြုသည်ကိုတွေ့ရပါတယ်။
   DOT 2 သည် Alcoholကိုအခြေခံထုတ်လုပ်ထားသော
ဘရိတ်ဆီဖြစ်ပြီးဆေးသားများနင့်ထိတွေ့ပါက ပျက်စီးမှုမဖြစ်နိုင်ပါ။ခေတ်ဟောင်းဘရိတ်ဆီဖြစ်ပြီးအသုံးပြုခြင်းမရှိတော့ပေ။
   LHM Plus သည် "DOT"ဘရိတ်အရည်များနှင့်ရောစပ်အသုံးပြု၍မရပါ။ LHM+ သည် မြင့်မားသော viscosity
အညွန်းကိန်းရှိပြီး ရလဒ်အနေဖြင့် အပူချိန်အတက်အကျများ၏ လွမ်းမိုးမှုအောက်တွင် viscosity သည်ပြောင်းလဲရန်ခက်ခဲပါတယ်။ LHM+ သည် ပြင်သစ်ခေတ်ဟောင်းကားများတွင် အသုံးပြုခဲ့ပြီး ရာဘာနှင့်ဓာတ်မတည့်သော
အမျိုးအစားလည်း ဖြစ်ပါတယ်။
  ဘရိတ်ဆီတွေရဲ့မတူကွဲပြားတဲ့ စွမ်းဆောင်ရည်တွေကို
သိရှိပြီးဆိုတော့ ဆက်လက်ပြီး ဘရိတ်ဆီတွေရဲ့ 
Dry Boiling Point နှင့် Wet Boiling Point အကြောင်းရှင်းပြပေးပါမယ်။ Dry Boiling Point သည်ဘရိတ်ဆီ၏ 
မှုလ အခြေအနေဖြစ်ပြီး Wet Boiling Point သည် 
ပြင်ပရေငွေတွေကြောင့် ဘရိတ်ဆီထဲတွင် ရေ 3% ရောသွားသော အခြေနေဖြစ်ပါတယ်။အရည်ဆူမှတ် တွေကိုအောက်ပါအတိုင်းတွေ့မြင်နိုင်ပါတယ်...
"DOT3"    Dry Boiling Point 205°C(401°F)
                 Wet Boiling Point 140°C(284°F)

"DOT4"    Dry Boiling Point 230°C(446°F)
                 Wet Boiling Point 155°C(311°F)

"DOT5"    Dry Boiling Point 260°C(500°F)
                 Wet Boiling Point 180°C(356°F)

"DOT5.1" Dry Boiling Point 260°C(500°F)
                 Wet Boiling Point 180°C(356°F)

"LHM+"    Dry Boiling Point 249°C(480°F)
                 Wet Boiling Point 249°C(480°F)

"DOT2"     Dry Boiling Point 190°(C374°F)
                  Wet Boiling Point 140°C(284°F)
ဟူ၍အသီးသီးရှိကြပါတယ်။
ကား(သို့)ဆိုင်ကယ်ကို တောင်တက်တောင်ဆင်းလမ်းများ
ဒါမှမဟုတ် ခရီးရည်တစ်ခုကိုမောင်းနှင်မည်ဆိုပါကဘရိတ်ဆီ၏အရည်အသွေးသည် အရေးကြီးသောရွေးချယ်မှုအပိုင်းဖြစ်လာပါပြီ။ သင့်၏ကား၊ဆိုင်ကယ်အား ဘရိတ်မိခြင်းမမိခြင်းဟာ Dry Boiling Pointနှင့်Wet Boiling Point ပေါ်တွင်များစွာမှုတည်‌နေသောကြောင့်ဖြစ်ပါတယ်။ ပြင်ပရေခိုးရေငွေ့များကြောင့် ဘရိတ်ဆီ၏
အရည်ဆူမှတ်သည် ၅၀ ကနေ ၁၀၀ ကြားနိမ့်ကျသွားတာပဲဖြစ်ပါတယ်။  ဘရိတ်ကိုအသုံးပြုသည်နှင့်အမျှအပူကြောင့်အရည်ဆူကာလာလေပူပေါင်းများထွက်ပေါ်လာပြီး
ဘရိတ်နင်းသောအခါ ဆီဖိအားကျပြီး ဘရိတ်မိခြင်းကို
လျော့နည်းစေပါတယ်။ထို့ကြောင့် အရည်ဆူမှတ်တွေဟာ
ဘရိတ်မိခြင်းမမိခြင်းနှင့်များစွာသက်ဆိုင်နေပါတယ်။
   မိမိ၏မော်တော်ယာဉ်ကို မည်သည့်ဘရိတ်ဆီအမျိုးစား
ထည့်ရမည်ကိုမသိလျှင် ပိုင်ရှင်လမ်းညွှန်စာအုပ် (သို့)
ဘရိတ်ဆီကန်၏အဖုံးတွင် ကြည့်နိုင်ပါတယ်။ ရှေ့ဆက်ပြောကြားလိုတာက ဘရိတ်ဆီသည် ယိုစိမ့်မှုအလျင်း မရှိဘဲလျော့နည်းလာပါက ဘရိတ်ရှူးတွေကိုစစ်ဆေးဖို့လိုလာ
ပြီးဖြစ်ပါတယ်။ ယိုစိမ့်မှုမရှိပဲ ဘရိတ်ဆီလျော့နည်းသွားခြင်းသည် ဘရိတ်ရှူး ကုန်သွားခြင်းကြောင့်ဖြစ်ပါတယ်။
အကယ်၍သင်ဟာ ဘရိတ်ရှူးအသစ်မထည့်ပဲ ဆီဖြည့်သုံးမယ်ဆိုရင် ဘရိတ်Drumပြားတွေ ပျက်စီးနိုင်ပါတယ်။
   ဘရိတ်ဆီတွေကို ကီလိုမီတာ ၃၀၀၀၀ (သို့) ၂နှစ်ပြည့်တိုင်း လဲလှယ်ပေးရပါမယ်။ဘရိတ်ဆီ လဲလှယ်တဲ့အခါ ဘရိတ်ဆုံအတွင်းလေပူပေါင်းများကျန်မနေအောင် ဆီချူပေးရမှာလည်းဖြစ်ပါတယ်။ဆီချူရာတွင် ရေကိုအသုံးပြုခြင်းကိုရှောင်ကြဉ် ရပါမယ်။ ရေကြောင့်ဘရိတ်ဆီရဲ့ အရည်အသွေးကိုလျော့ကျစေနိုင်ပါတယ်။

   ထို့ကြောင့် ဘရိတ်ဆီအသုံးပြုရာတွင်  မိမိ၏ကား(သို့)
ဆိုင်ကယ်သည် DOt 3, DOT4, DOT5.1 စသဖြင့် မည်သည့်အမျိုးအစားအသုံးပြုရမည်ကိုသိရှိပြီး စနစ်တကျရွေးချယ်နိုင်ကြပါစေ....။

"ကျေးဇူးတင်ပါသည်"

#PyaePhyoAung_လေးတူး

<Zawgyi>
"မဂၤလာပါဗ်"
------------------

   ဒီေန႔ေတာ့ ဘရိတ္ေတြရဲ႕အေၾကာင္းကိုမေျပာမွီဘရိတ္‌
ဆီေတြနဲ႔ ပတ္သက္ၿပီး သိသင့္တာေလးေတြကို‌မွ်‌ေဝေပး
လိုက္ပါတယ္။
   သင့္၏ကား (သို႔) ဆိုင္ကယ္အား ျမန္ႏႈန္းျမင့္အရွိန္ျဖင့္
ေမာင္ႏွင္ၿပီး အေရးေပၚအေျခေနမ်ား ႏွင့္ ရပ္တန္႔လိုေသာ
အခါမ်ားတြင္ Centrifugal(ဗဟိုခြာအားအရွိန္)ျဖင့္ လည္
ပတ္ေနေသာ ဘီးမ်ားကို Drum brake(သို႔) Disc brake
စနစ္ျဖင့္ရပ္တန္႔ေစပါတယ္။
   ဘရိတ္ဆီဆိုတာဘာလဲ? ဘရိတ္ဆီသည္ ေခတ္သစ္ကားမ်ားႏွင့္ဆိုင္ကယ္မ်ား၏ ဟိုက္ဒေရာလစ္ဘရိတ္စနစ္
တြင္ အသုံးျပဳေသာ ဓာတုေဗအရည္ျဖစ္ပါတယ္။ ဘရိတ္ေမာင္းတံျဖင့္မာစတာဆလင္ဒါကိုတြန္းလိုက္ေသာေၾကာင့္ဘရိတ္ဆီသည္ဖိက်စ္ခံရၿပီးဘရိတ္ပိုက္မွတစ္ဆင့္စလစ္ပင္စင္မ်ားကို တြန္းကန္ကာ ဘရိတ္႐ူးမ်ားကို အလုပ္လုပ္ေစပါတယ္။ compression(ဖိသိပ္ျခင္း)ေၾကာင့္အရည္
၏ထုထည္သည္ ေလကဲ့သို႔ေျပာင္းလဲျခင္းမရွိသည္ကိုသတိျပဳရပါမယ္။  ထိုအတူေရသည္ ေလကဲ့သို႔ ဖိသိပ္အခ်ိဳးမေျပာင္းေသာ္လည္း ဘရိတ္ဆီအစားထိုး အသုံးျပဳရန္မသင့္ပါ။ အေၾကာင္းမွာ ဘရိတ္သည္မၾကာခဏအသုံး
ျပဳရေသာေၾကာင့္ ခရီးေဝးေမာင္းႏွင္သည္ႏွင့္အမွ် ဘရိတ္ဆီဟာ ႐ွဴးမ်ား၏ပြတ္တိုက္မႈႏွင့္ဖိက်စ္မႈေၾကာင့္ အပူထြက္ေပၚလာႏိုင္ကာ ဘရိတ္ဆီကိုအသုံးမျပဳဘဲ ေရကိုအသုံးျပဳမိ ပါက ‌ဆူပြက္ျခင္းေၾကာင့္ေရ၏ဖိသိပ္မႈ အခ်ိဳးက်ဆင္းႏိုင္ၿပီး ဘရိတ္ဖမ္းႏိုင္စြမ္းကို မ်ားစြာအေႏွာက္အယွက္ေပးပါလိမ့္မည္။ အသက္အႏၲရာယ္ပင္ႀကဳံ‌ ေတြ႕ႏိုင္ေသာ
ေၾကာင့္ သတ္မွတ္ထားေသာ ဆီအမ်ိဳးအစားမွေသြဖယ္၍ အသုံးမျပဳသင့္ေၾကာင္းအႀကံျပဳလိုက္ပါတယ္။ 
   ဘရိတ္ဆီမ်ားကို အမ်ိဳးအစား(၆)မ်ိဳးေတြ႕ႏိုင္ပါတယ္...
DOT 2
DOT 3
DOT 4
LHM+
DOT 5
DOT 5.1
ဆိုၿပီးေတြ႕ရပါတယ္။
DOT 2 ႏွင့္ LHM+ ဟာမ်က္ေမွာက္ကာလတြင္အသုံးျပဳမႈနည္းေသာ ဘရိတ္ဆီမ်ားျဖစ္ပါတယ္။ DOTဆိုတာ
Department of Transportationကိုဆိုလိုတာျဖစ္ပါတယ္။ အေမရိကန္ ကုန္လမ္းပို႔ေဆာင္ေရး ၫြန္ၾကားမႈဌာန၏ အသိမွတ္ျပဳ စံႏႈန္းမ်ားျဖင့္ "DOT" ကိုသတ္မွတ္ေပးတာျဖစ္ပါတယ္။
   DOT 3, 4, 5.1 တို႔သည္ Glycol ether ကိုအေျခခံထားတာျဖစ္ေသာေၾကာင့္ ေရနဲ႔လြယ္ကူစြာေရာႏိုင္သလို
ျပင္ပေလထုထဲမွေရေငြ႕ကိုလည္းစုပ္ယူႏိုင္ပါတယ္။
ေဆးသားေတြနဲ႔ထိရင္ ေဆးသားေတြကိုပ်က္စီးေစႏိုင္ပါတယ္။Glycol ကိုအေျခခံထားေသာဘရိတ္ဆီမ်ားျဖစ္ၿပီး
အခ်င္းခ်င္းေရာစပ္အသုံးျပဳႏိုင္ပါတယ္။၂မ်ိဳးစပ္ဘရိတ္ဆီမ်ားလည္းရွိပါတယ္။ သို႔ေသာ္၎တို႔တြင္ ပ်စ္ေစးအားကိုယ္စီရွိၾကၿပီး မိမိယာဉ္အတြက္ အသုံးျပဳရန္လမ္းၫြန္ထားေသာ နံပါတ္ကိုသာ သီးသန္႔သုံးသင့္ပါတယ္။ DOT4 ကအက်ဲဆုံးျဖစ္ၿပီး DOT5.1 ကအပ်စ္ဆုံးျဖစ္ပါတယ္။
   DOT 5 သည္ Silicone ကိုအေျခခံထားေသာ ဘရိတ္ဆီျဖစ္ၿပီး ေရနဲ႔မေရာစပ္ႏိုင္သလို ျပင္ပေရေငြ႕ကိုလည္း မစုတ္ယူႏိုင္ေပ။ ထို႔ေၾကာင့္ သတၳဳျဖင့္ျပဳလုပ္ထားေသာ ဘရိတ္ဆီကန္မ်ား၊မာစတာဆလင္ဒါမ်ားႏွင့္စလိစ္ပင္စင္ မ်ားကို သံေဂ်းတက္ပ်က္စီးျခင္းမွကာကြယ္ေပးပါတယ္။
DOT 5သည္အားသာခ်က္မ်ားစြာရွ္ိေသာ္လည္းတြင္က်ယ္
စြာအသုံးျပဳမႈနည္းပါတယ္။အဘယ့္ေၾကာင့္ဆိုလွ်င္DOT5 ၏ Viscosity(ပ်စ္ေစးအား)၊အဖိသိပ္ခံရမႈအေပၚတုံ႔ျပန္မႈ
ႏွင့္ေဈးႏႈန္းတို႔ေၾကာင့္ ေခတ္သစ္ေမာ္ေတာ္ယာဉ္မ်ားတြင္ 
အသုံးျပဳမႈနည္းပါးျခင္းျဖစ္ပါတယ္။ DOT 5 ဘရိတ္ဆီသည္ အသုံးမျပဳဘဲၾကာရွည္စြာထားႏိုင္ၿပီးအရည္အေသြး
ဆုံးရႈံးမႈနည္းေသာေၾကာင့္ စစ္ဘက္ဆိုင္ရာသုံးေမာ္ေတာ္
ယာဉ္မ်ားကဲ့သို႔ လိုအပ္ေသာအခါမွအသုံးျပဳေသာယႏၲရား မ်ားတြင္အသုံးျပဳသည္ကိုေတြ႕ရပါတယ္။
   DOT 2 သည္ Alcoholကိုအေျခခံထုတ္လုပ္ထားေသာ
ဘရိတ္ဆီျဖစ္ၿပီးေဆးသားမ်ားနင့္ထိေတြ႕ပါက ပ်က္စီးမႈမျဖစ္ႏိုင္ပါ။ေခတ္ေဟာင္းဘရိတ္ဆီျဖစ္ၿပီးအသုံးျပဳျခင္းမရွိေတာ့ေပ။
   LHM Plus သည္ "DOT"ဘရိတ္အရည္မ်ားႏွင့္ေရာစပ္အသုံးျပဳ၍မရပါ။ LHM+ သည္ ျမင့္မားေသာ viscosity
အၫြန္းကိန္းရွိၿပီး ရလဒ္အေနျဖင့္ အပူခ်ိန္အတက္အက်မ်ား၏ လြမ္းမိုးမႈေအာက္တြင္ viscosity သည္ေျပာင္းလဲရန္ခက္ခဲပါတယ္။ LHM+ သည္ ျပင္သစ္ေခတ္ေဟာင္းကားမ်ားတြင္ အသုံးျပဳခဲ့ၿပီး ရာဘာႏွင့္ဓာတ္မတည့္ေသာ
အမ်ိဳးအစားလည္း ျဖစ္ပါတယ္။
  ဘရိတ္ဆီေတြရဲ႕မတူကြဲျပားတဲ့ စြမ္းေဆာင္ရည္ေတြကို
သိရွိၿပီးဆိုေတာ့ ဆက္လက္ၿပီး ဘရိတ္ဆီေတြရဲ႕ 
Dry Boiling Point ႏွင့္ Wet Boiling Point အေၾကာင္းရွင္းျပေပးပါမယ္။ Dry Boiling Point သည္ဘရိတ္ဆီ၏ 
မႈလ အေျခအေနျဖစ္ၿပီး Wet Boiling Point သည္ 
ျပင္ပေရေငြေတြေၾကာင့္ ဘရိတ္ဆီထဲတြင္ ေရ 3% ေရာသြားေသာ အေျခေနျဖစ္ပါတယ္။အရည္ဆူမွတ္ ေတြကိုေအာက္ပါအတိုင္းေတြ႕ျမင္ႏိုင္ပါတယ္...
"DOT3"    Dry Boiling Point 205°C(401°F)
                 Wet Boiling Point 140°C(284°F)

"DOT4"    Dry Boiling Point 230°C(446°F)
                 Wet Boiling Point 155°C(311°F)

"DOT5"    Dry Boiling Point 260°C(500°F)
                 Wet Boiling Point 180°C(356°F)

"DOT5.1" Dry Boiling Point 260°C(500°F)
                 Wet Boiling Point 180°C(356°F)

"LHM+"    Dry Boiling Point 249°C(480°F)
                 Wet Boiling Point 249°C(480°F)

"DOT2"     Dry Boiling Point 190°(C374°F)
                  Wet Boiling Point 140°C(284°F)
ဟူ၍အသီးသီးရွိၾကပါတယ္။
ကား(သို႔)ဆိုင္ကယ္ကို ေတာင္တက္ေတာင္ဆင္းလမ္းမ်ား
ဒါမွမဟုတ္ ခရီးရည္တစ္ခုကိုေမာင္းႏွင္မည္ဆိုပါကဘရိတ္ဆီ၏အရည္အေသြးသည္ အေရးႀကီးေသာေရြးခ်ယ္မႈအပိုင္းျဖစ္လာပါၿပီ။ သင့္၏ကား၊ဆိုင္ကယ္အား ဘရိတ္မိျခင္းမမိျခင္းဟာ Dry Boiling Pointႏွင့္Wet Boiling Point ေပၚတြင္မ်ားစြာမႈတည္‌ေနေသာေၾကာင့္ျဖစ္ပါတယ္။ ျပင္ပေရခိုးေရေငြ႕မ်ားေၾကာင့္ ဘရိတ္ဆီ၏
အရည္ဆူမွတ္သည္ ၅၀ ကေန ၁၀၀ ၾကားနိမ့္က်သြားတာပဲျဖစ္ပါတယ္။  ဘရိတ္ကိုအသုံးျပဳသည္ႏွင့္အမွ်အပူေၾကာင့္အရည္ဆူကာလာေလပူေပါင္းမ်ားထြက္ေပၚလာၿပီး
ဘရိတ္နင္းေသာအခါ ဆီဖိအားက်ၿပီး ဘရိတ္မိျခင္းကို
ေလ်ာ့နည္းေစပါတယ္။ထို႔ေၾကာင့္ အရည္ဆူမွတ္ေတြဟာ
ဘရိတ္မိျခင္းမမိျခင္းႏွင့္မ်ားစြာသက္ဆိုင္ေနပါတယ္။
   မိမိ၏ေမာ္ေတာ္ယာဉ္ကို မည္သည့္ဘရိတ္ဆီအမ်ိဳးစား
ထည့္ရမည္ကိုမသိလွ်င္ ပိုင္ရွင္လမ္းၫႊန္စာအုပ္ (သို႔)
ဘရိတ္ဆီကန္၏အဖုံးတြင္ ၾကည့္ႏိုင္ပါတယ္။ ေရွ႕ဆက္ေျပာၾကားလိုတာက ဘရိတ္ဆီသည္ ယိုစိမ့္မႈအလ်င္း မရွိဘဲေလ်ာ့နည္းလာပါက ဘရိတ္႐ွဴးေတြကိုစစ္ေဆးဖို႔လိုလာ
ၿပီးျဖစ္ပါတယ္။ ယိုစိမ့္မႈမရွိပဲ ဘရိတ္ဆီေလ်ာ့နည္းသြားျခင္းသည္ ဘရိတ္႐ွဴး ကုန္သြားျခင္းေၾကာင့္ျဖစ္ပါတယ္။
အကယ္၍သင္ဟာ ဘရိတ္႐ွဴးအသစ္မထည့္ပဲ ဆီျဖည့္သုံးမယ္ဆိုရင္ ဘရိတ္Drumျပားေတြ ပ်က္စီးႏိုင္ပါတယ္။
   ဘရိတ္ဆီေတြကို ကီလိုမီတာ ၃၀၀၀၀ (သို႔) ၂ႏွစ္ျပည့္တိုင္း လဲလွယ္ေပးရပါမယ္။ဘရိတ္ဆီ လဲလွယ္တဲ့အခါ ဘရိတ္ဆုံအတြင္းေလပူေပါင္းမ်ားက်န္မေနေအာင္ ဆီခ်ဴေပးရမွာလည္းျဖစ္ပါတယ္။ဆီခ်ဴရာတြင္ ေရကိုအသုံးျပဳျခင္းကိုေရွာင္ၾကဉ္ ရပါမယ္။ ေရေၾကာင့္ဘရိတ္ဆီရဲ႕ အရည္အေသြးကိုေလ်ာ့က်ေစႏိုင္ပါတယ္။

   ထို႔ေၾကာင့္ ဘရိတ္ဆီအသုံးျပဳရာတြင္  မိမိ၏ကား(သို႔)
ဆိုင္ကယ္သည္ DOt 3, DOT4, DOT5.1 စသျဖင့္ မည္သည့္အမ်ိဳးအစားအသုံးျပဳရမည္ကိုသိရွိၿပီး စနစ္တက်ေရြးခ်ယ္ႏိုင္ၾကပါေစ....။

"ေက်းဇူးတင္ပါသည္"

#PyaePhyoAung_ေလးတူး