<Unicode>
"မင်္ဂလာပါဗျ"
------------------
ကျွန်တော်တို့ ဒီနေ့လေ့လာမယ် အကြောင်းအရာကတော့ အင်ဂျင်ဝိုင်တွေရဲ့ အကြောင်းဖြစ်ပါတယ်ဗျ။
*စာအနည်းငယ် ရှည်နိုင်ပြီး အဆုံးထိဖတ်လျှင် တခုခုတော့ မှတ်မိသွားနိုင်ပါတယ်*
မည်သည့် အင်ဂျင်အမျိုးအစား၌မဆို လွယ်ကူချောမွေ့စွာဖြင့် အချိန်ကြာကြာ အလုပ်လုပ်နိုင်ရန်အတွက် ချောဆီသည် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်ပါတယ်။ အင်ဂျင်တစ်လုံး၏ အတွင်းအစိတ်အပိုင်းများတွင် သံ၊ သတ္ထု စသဖြင့် မာကြောသောအရာများနှင့် ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာမည့် ပွန်းစားမှုဒါဏ်ကို ကာကွယ်နိုင်ရန် Lubricant(ချောဆီ)သည် အဓိကလိုအပ်ချက်တစ်ခုဖြစ်လာပါတယ်။
Engine Oil(အင်ဂျင်ဝိုင်)အကြောင်းနှင့်ပတ်သက်
ပြီး ကျွန်တော်၏ဆရာဖြစ်သော "ဆရာရဲရင့်သာဝေပိုင်"
သည်လည်း အကြိမ်ကြိမ် ရှင်းပြထားပြီးဖြစ်ပါတယ်။
ဆရာ့၏လမ်းညွန်သွန်သင်မှုများဖြင့် ယနေ့ ဤစာပိုဒ်လေးကိုထပ်မံရေးသားမျှဝေလိုက်ပါတယ်...။
ကျွန်တော်တို့ အင်ဂျင်ဝိုင်နဲ့ ပတ်သက်ပြီး အပိုင်း
(၃)ပိုင်းခွဲ၍သိထားရမှာဖြစ်ပါတယ်။
(၁) Mineral Oil (တွင်းထွက်ဆီ)
(၂) Semi-synthetic Oil (ဓာတုတွင်းထွက်အရောဆီ)
(၃) Fully synthetic Oil ( 100%ဓာတုဆီ )
ဆိုပြီးတွေ့ရပါတယ်။ Mineral oil (တွင်းထွက်ဆီ)သည် ရေနံကို အခြေခံပြီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Semi synthetic oil ကတော့ တွင်းထွက်နဲ့ဓာတုကိုရောစပ်ထားတာဖြစ်ပြီး Fully synthetic oil ကတော့ ဓာတုဗေဒ သီးသန့်ဖြင့် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။
Mineral Oil (တွင်းထွက်ဆီ)ကို မည်သည့် အင်ဂျင်များတွင် အသုံးပြုသင့်သလဲဆိုရင် အချိန်နာရီတစ်ခုဖြင့် အင်ဂျင်ဝိုင်ကို တိကျစွာ လဲလှယ်ရန်သတ်မှတ်ထားသော ယန္တရားများတွင်အသုံးပြုနိုင်ပါတယ်။ ဥပမာ-
စပါးရိတ်စက် (သို့) ဘက်ဟိုးများကဲ့သို နာရီသတ်မှတ်ချက်ဖြင့် service ဝင်ရသော ယန္တရားများတွင် သုံးသင့်ပါတယ်။ Semi synthetic , Fully synthetic တို့အသုံးပြု
မယ်ဆိုလည်းရပါတယ် သို့သော် အဆိုပါအင်ဂျင်များ
သည် သတ်မှတ်ချိန်ပြည့်လျှင် အင်ဂျင်ဝိုင်လှယ်ပေးရသောကြောင့် ကုန်ကျစရိတ်ပိုများနိုင်ပါတယ်။ Mineral oil သည် အခြားအင်ဂျင်ဝိုင်များထက် ဈေးနှုန်းသက်သာပါတယ်။ Mineral oil သည် တွင်းထွက်ရေနံကိုအခြေခံပြုလုပ်ထားတာဖြစ်ပြီး ဖယောင်းဂျိုးအနည်ကျခြင်းတော့ ရှိနိုင်ပါတယ်။
Semi synthetic oil (ဓာတု၊တွင်းထွက်ဆီ) ဖြင့်ထုတ်လုပ်ထားတာဖြစ်၍ ကာလတိုမောင်းနှင်သော အင်ဂျင်များတွင်အသုံးပြုနိုင်ပြီး Mineral oil နဲ့ယှဉ်ရင်တော့ အရည်အသွေးပိုကောင်းပါတယ်။
Fully synthetic oil (100%ဓာတုဆီ)ကတော့ဓာတ်ခွဲခန်းတွင် စနစ်တကျပြုလုပ်ထားသောဆီဖြစ်ပြီးအရည်အသွေးကောင်းသောဆီဖြစ်ပါတယ်။ မော်လီကျူးများ ညီညာမှုရှိသောကြောင့် အင်ဂျင်ကိုစွမ်းဆောင်ရည်မြင့်စေပြီး ကြာရှည်အသုံးခံပါတယ်။ အရည်အသွေး
ကောင်းသလိုဈေးနှုန်းလည်းမြင့်ပါတယ်။ 100%ဓာတုဆီဖြစ်သောကြောင့် ဖယောင်းဂျိုးကျခြင်းမှ ကာကွယ်ပေးပါတယ်။
အင်ဂျင်ဝိုင်တစ်ဗူး ဝယ်ယူတော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ Grade နံပါတ်တွေကိုကြည့်ပြီး ရွေးချယ်ဝယ်ယူ သင့်ပါတယ်။
Engine oil တစ်ခုရဲ့ Grade ဆိုတာပျစ်စေးအား
ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဉပမာ - 20W–50 အင်ဂျင်ဝိုင်ဆိုပါစို့ " 20 " သည်ပျစ်စေးအားကိုရည်ညွန်းတာဖြစ်ပြီး
" W " သည် Winter(ဆောင်းရာသီ) ကိုရည်ရွယ်တာဖြစ်ပါတယ်။ အေးနေတဲ့အချိန်မှာ ရှိနေမည့် အင်ဂျင်ဝိုင်ရဲ့ ပျစ်စေးအားနံပါတ်သည် " 20W " ဖြစ်ပါတယ်။ "50"သည်အင်ဂျင်အပူချိန်တက်လာသည်နှင့်အမျှ ဖြစ်ပေါ်လာမည့် အင်ဂျင်ဝိုင်ရဲ့ ပျစ်စေးအားဖြစ်ပါတယ်။ နံပါတ်သေးလေ ပျစ်စေးအားနည်းလေဖြစ်ပြီး နံပါတ်ကြီးလေ ပျစ်စေးအားများလေဖြစ်ပါတယ်။
အင်ဂျင်ဝိုင်တွေမှာ Multi Grade နဲ့ Single Grade
ဆိုပြီးရှိပါတယ်။ Grade နံပါတ်တွေကိုသတ်မှတ်ပေးတာကတော့ "SAE"လို့ခေါ်တဲ့ Scientist of Automotive Engineering ( ရွေ့လျားစက်ပစ္စည်းများဆိုင်ရာသိပ္ပံပညာရှင်များအဖွဲ့) ဖြစ်ပါတယ်။အင်ဂျင်ဝိုင်ရဲ့ Grade Number တွေအနေနဲ့အောက်ပါအတိုင်းတွေ့နိုင်ပါတယ် –
SAE 0W–30
SAE 5W–30
SAE 10W–30
SAE 10W–40
SAE 15W–40
SAE 20W–50 အစရှိသဖြင့် များစွာတွေ့နိုင်ပါတယ်။
မိမိ နေရပ်ဒေသရှိ အပူချိန်ပေါ်မှုတည်၍သင့်လျော်ရာကို
ရွေးချယ်အသုံးပြုနိုင်ပါတယ်။ (ပုံတွင်ကြည့်ပါ)
အင်ဂျင်ဝိုင်တွေကို ဆိုင်ကယ်မှာ သုံးရမည့်အင်ဂျင်ဝိုင်နှင့် ကားတွေမှာအသုံးပြုရမည့် အင်ဂျင်ဝိုင်ဆိုပြီး ခွဲခြားသတ်မှတ်ချက်တွေရှိပါတယ်။ ကားအင်ဂျင်ဝိုင်ကို ဆိုင်ကယ်တွင်အသုံးပြုရန် မသင့်ပါ။ ကားအင်ဂျင်တွေမှာ အင်ဂျင်ရယ်၊ ကလပ်ရယ်၊ ဂီယာဘောက်ရယ် က သီးခြာတည်ရှိနေတာဖြစ်ပါတယ်။ ဆိုလိုချင်တာက ကားများတွင် အင်ဂျင်ဝိုင်ဟာ အင်ဂျင်တစ်ခုတည်းအတွက် သီးခြားအလုပ်လုပ်ပေးရတာ ဖြစ်ပါတယ်။
ဆိုင်ကယ်တွေမှာ မတူကွဲပြားတဲ့အချက်က ဖွဲ့စည်းပုံကျစ်ကျစ်လစ်လစ် နဲ့တည်ဆောက်ရတာဖြစ်သောကြောင့် Moto Guzzi နဲ့ BMW လိုဆိုင်ကယ်အချို့မှလွဲ၍ အခြားသောဆိုင်ကယ်တွေမှာ အင်ဂျင်+ဂီယာဘောက်+ကလပ် စသဖြင့် အရာအားလုံးကိုပေါင်းစပ်ဖွဲစည်းထားပြီးအင်ဂျင်ဝိုင်တစ်မျိုးတည်းကို ချောဆီအဖြစ် အသုံးပြုထားပါတယ်။
ကားများမှာ ဂီယာပိုင်းအတွက် ဂီယာဝိုင်သီးသန့်၊ အင်ဂျင်
ပိုင်းအတွက် အင်ဂျင်ဝိုင် သီးသန့်ခွဲထားတာဖြစ်ပါတယ်။
ကားအင်ဂျင်ဝိုင်ကိုဆိုင်ကယ်မှာထည့်ရင် ဘာဖြစ်
နိုင်လဲဆိုတော့ ကလပ်ပြားကကြွေကျလာတဲ့ အမှုံအမွှားတွေက အင်ဂျင်ထဲမှာ Deposit(အနည်ကျနိုင်စွမ်း)နည်းပြီး အင်ဂျင်ကို ပျက်စီးစေနိုင်ပါတယ်။ကားအင်ဂျင်ဝိုင်ဟာ
ဆိုင်ကယ်အင်ဂျင်ဝိုင်နဲ့ မော်လီကျူးဖွဲ့စည်းပုံ မတူကွဲပြားသောကြောင့်ဖြစ်ပါတယ်။
API service code တွေကဘာလဲ? ဘယ်လိုခွဲခြားထားလဲဆိုတာ ဆက်ကြည့်ရအောင်...
API ဆိုတာ American Petroleum Institute (အမေရိကန်အခြေစိုက်ရေနံဆိုင်ရာအရပ်ဖက်အဖွဲ့အစည်း) ဖြစ်ပါတယ်။ API ကသတ်မှတ်လိုက်တဲ့ service class (၂)မျိုးရှိပါတယ်။ ဓာတ်ဆီအင်ဂျင်တွေအတွက် service class နှင့် ဒီဇာယ်အင်ဂျင်တွေအတွက် service class ဆိုပြီးခွဲခြားထားပါတယ်။
ဓာတ်ဆီအင်ဂျင်တွေအတွက် service classificat-
ion နံပါတ်က "S" နဲ့စပြီး ဒီဇာယ်အင်ဂျင်တွေအတွက် service classification နံပါတ်က "C" နဲ့စတာကိုတွေ့ရပါမယ်။ API service code ၂ မျိုးပါရင်တော့ဓာတ်ဆီ
အင်ဂျင်နဲ့ဒီဇာယ်အင်ဂျင် နှစ်ခုစလုံးသုံးလို့ရတာပဲဖြစ်ပါတယ်။Gasoline engine (ဓာတ်ဆီအင်ဂျင်)အတွက် သီးသန့်ထုတ်ထားတဲ့ service numbers တွကတော့---
SA = 1930
SB = 1951
SC = 1967
SD = 1971
SE = 1979
SF = 1988
SG = 1993
SH = 1996
SJ = 2001
SM = 2010
SN = 2010 October. Fully synthetic oil.
အစရှိသဖြင့်ဓာတ်ဆီအင်ဂျင်ရဲ့ service numberတွေကိုတွေ့မြင်နိုင်ပါတယ်။ "SN" မှလွဲ၍ အခြားသော service
code များသည် Semi synthetic များဖြစ်ပါတယ်။
အင်ဂျင်ဝိုင်၏ အရည်အသွေးနဲ့ပတ်သက်ပြီးစံနှုန်းတွေကိုသတ်မှတ်ပေးတဲ့ အဖွဲ့အစည်းများရှိပါတယ်။
ACEA, ILSAC, JASO အစရှိသဖြင့် အဖွဲ့အစည်းတွေရှိပါတယ်။ အရှေ့အာရှအတွက် စံနှုန်းသတ်မှတ်ပေးတဲ့အဖွဲ့အစည်းကတော့ JASO လို့ခေါ်တဲ့ Japanese Auto-
motive Standards Organization (ဂျပန်နိုင်ငံခြေစိုက်ရွေ့လျားစက်ပစ္စည်းများဆိုင်ရာစံသတ်မှတ်ချက်အဖွဲ့)ဖြစ်ပါတယ်။ JASO မှာ --
- MA
- MA1
- MA2
- MB အစရှိသဖြင့်သတ်မှတ်ချက်တွေရှိပါတယ်။
JASO - MA ဆိုတာ အင်ဂျင်၊ ကလပ်၊ ဂီယာဘောက်တွေကို အင်ဂျင်ဝိုင် တစ်မျိုးတည်း ထည့်သုံးတဲ့အင်ဂျင်တွေအတွက်ဖြစ်ပါတယ်။
JASO - MA1 ဆိုတာ အင်ဂျင်၊ ကလပ်၊ ဂီယာဘောက်တွေကို သီးခြားထားရှိတဲ့ အင်ဂျင်တွေမှာ အသုံး
ပြုရမှာဖြစ်ပါတယ်။
JASO - MA2 သည် အရည်အသွေးမြှင့်ခေတ်မှီမော်တော်ဆိုင်ကယ်တွေ၊ catalytic converters လို့ခေါ်တဲ့ အိတ်ဇောအတွင်းမှာကျောက်ဇကာပါလာသော EFI ဆိုင်ကယ်တွေ EFIမဟုတ်တဲ့ ခေတ်ပေါ်ဆိုင်ကယ်တွေအတွက် JASO - MA2 standard code ကိုဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။
JASO - MB ကတော့ specification အနည်း
ငယ်နိမ့်ထားပြီး Scooter အင်ဂျင်တွေ Auto အင်ဂျင်တွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒီဇာယ်၊ ဓာတ်ဆီသုံး 2 stroke အင်ဂျင်ကြီးတွေအတွက် JASO က FA, FB, FC, FD အစရှိသဖြင့်အင်ဂျင်ဝိုင်အဆင့်သတ်မှတ်ချက်တွေနဲ့ထုတ်လုပ်ထားပါတယ်။ ထပ်မံပြီးတော့ JASO ကဒီဇာယ်အင်ဂျင်တွေအတွက် DL-1, DH-1, DH-2, GLV-1, 315-1A အစရှိသဖြင့် Grade တွေသီးခြားသတ်မှတ်ထားပါတယ်။
အဲ့ဒီတော့ Motorcycle တွေအတွက် JASO-MA,
MA1, MA2, MB အစရှိသဖြင့် မိမိဆိုင်ကယ်နှင့် သင့်လျော်သော နံပါတ်ကိုရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။ JASO code ပါတဲ့အင်ဂျင်ဝိုင်ဟာ JASO code
မပါတဲ့ အင်ဂျင်ဝိုင်ထက် အရည်အသွေးပိုကောင်းသလို
ဈေးနှုန်းလည်းမြင့်ပါတယ်။
ဒါ့ကြောင့်ကျွန်တော်တို့ဟာ အင်ဂျင်ဝိုင်ဝယ်ယူတော့မည်
ဆိုလျှင်
-SAE ကုဒ် နံပါတ် ပါရမယ်။
-API ကုဒ် နံပါတ် ပါရမယ်။
ဆိုင်ကယ်အတွက်ဆိုရင် JASO MAလား, MA1လား, MA2လား, MBလားဆိုတာသိရှိပြီး မိမိအသုံးပြုနေတဲ့ အင်ဂျင်နဲ့ သင့်လျော်ရာကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။
မိမိ၏ဆိုင်ကယ် (သို့) ကား တစ်စီးအားမည့်သည့်အချိန်တွင် အင်ဂျင်ဝိုင်လဲလှယ်ပေးသင့်သလဲဆိုရင် အတိအကျပြောဖို့ရန်ခက်ပါတယ်။ မော်ဒယ်မြင့်ဆိုင်ကယ်တွေနဲ့ကားတွေမှာဆိုရင် ယဉ်ဝယ်တဲ့အခါ ပါလာသော Owner Manual (ပိုင်ရှင်လမ်းညွှန်)စာအုပ်ကိုကြည့်နိုင်ပြီး၊ Owner Manual မရှိသော ပိုင်ရှင်များအတွက် အသုံးပြုပြီးသောအချိန်ကာလ အလျောက် အင်ဂျင်ဝိုင်ကိုစစ်ဆေးလဲလှယ်ပေးသင့်ပါကြောင်း ပြောကြားလိုပါတယ်။
အင်ဂျင်ဝိုင်တစ်ဗူးသည် စတင်ဖွင့်ဖေါက်သည့် အချိန်မှစ၍ ဓာတ်ပြုမှုကိုစတင်ပြီး မသုံးမပြုသော်ငြားလည်း
သက်တန်းကုန်ဆုံးနိုင်ပါတယ်။
အင်ဂျင်တစ်လုံးတွင် အင်ဂျင်ဝိုင်သည် အဓိကလိုအပ်သောအရာဖြစ်ပြီး မိမိ၏ မော်တော်ယဉ်အား အမှန်တကယ်တန်ဖိုးထားပါက အင်ဂျင်ဝိုင်ကိုဂရုစိုက်
လဲလှယ်ပေးသင့်ကြောင်းပြောကြားလိုက်ပါသည်။
"ကျေးဇူးတင်ပါသည်"
#PyaePhyoAung_လေးတူး
<Zawgyi>
"မဂၤလာပါဗ်"
------------------
ကြၽန္ေတာ္တို႔ ဒီေန႔ေလ့လာမယ္ အေၾကာင္းအရာကေတာ့ အင္ဂ်င္ဝိုင္ေတြရဲ႕ အေၾကာင္းျဖစ္ပါတယ္ဗ်။
*စာအနည္းငယ္ ရွည္ႏိုင္ၿပီး အဆုံးထိဖတ္လွ်င္ တခုခုေတာ့ မွတ္မိသြားႏိုင္ပါတယ္*
မည္သည့္ အင္ဂ်င္အမ်ိဳးအစား၌မဆို လြယ္ကူေခ်ာေမြ႕စြာျဖင့္ အခ်ိန္ၾကာၾကာ အလုပ္လုပ္ႏိုင္ရန္အတြက္ ေခ်ာဆီသည္ မရွိမျဖစ္ လိုအပ္ေသာအရာ ျဖစ္ပါတယ္။ အင္ဂ်င္တစ္လုံး၏ အတြင္းအစိတ္အပိုင္းမ်ားတြင္ သံ၊ သတၳဳ စသျဖင့္ မာေၾကာေသာအရာမ်ားႏွင့္ ဖြဲ႕စည္းတည္ေဆာက္ထားတာျဖစ္ၿပီး အစိတ္အပိုင္းတစ္ခုႏွင့္တစ္ခု ပြတ္တိုက္မႈေၾကာင့္ ျဖစ္ေပၚလာမည့္ ပြန္းစားမႈဒါဏ္ကို ကာကြယ္ႏိုင္ရန္ Lubricant(ေခ်ာဆီ)သည္ အဓိကလိုအပ္ခ်က္တစ္ခုျဖစ္လာပါတယ္။
Engine Oil(အင္ဂ်င္ဝိုင္)အေၾကာင္းႏွင့္ပတ္သက္
ၿပီး ကြၽန္ေတာ္၏ဆရာျဖစ္ေသာ "ဆရာရဲရင့္သာေဝပိုင္"
သည္လည္း အႀကိမ္ႀကိမ္ ရွင္းျပထားၿပီးျဖစ္ပါတယ္။
ဆရာ့၏လမ္းၫြန္သြန္သင္မႈမ်ားျဖင့္ ယေန႔ ဤစာပိုဒ္ေလးကိုထပ္မံေရးသားမွ်ေဝလိုက္ပါတယ္...။
ကြၽန္ေတာ္တို႔ အင္ဂ်င္ဝိုင္နဲ႔ ပတ္သက္ၿပီး အပိုင္း
(၃)ပိုင္းခြဲ၍သိထားရမွာျဖစ္ပါတယ္။
(၁) Mineral Oil (တြင္းထြက္ဆီ)
(၂) Semi-synthetic Oil (ဓာတုတြင္းထြက္အေရာဆီ)
(၃) Fully synthetic Oil ( 100%ဓာတုဆီ )
ဆိုၿပီးေတြ႕ရပါတယ္။ Mineral oil (တြင္းထြက္ဆီ)သည္ ေရနံကို အေျခခံၿပီးထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ Semi synthetic oil ကေတာ့ တြင္းထြက္နဲ႔ဓာတုကိုေရာစပ္ထားတာျဖစ္ၿပီး Fully synthetic oil ကေတာ့ ဓာတုေဗဒ သီးသန္႔ျဖင့္ ထုတ္လုပ္ထားတာပဲျဖစ္ပါတယ္။
Mineral Oil (တြင္းထြက္ဆီ)ကို မည္သည့္ အင္ဂ်င္မ်ားတြင္ အသုံးျပဳသင့္သလဲဆိုရင္ အခ်ိန္နာရီတစ္ခုျဖင့္ အင္ဂ်င္ဝိုင္ကို တိက်စြာ လဲလွယ္ရန္သတ္မွတ္ထားေသာ ယႏၲရားမ်ားတြင္အသုံးျပဳႏိုင္ပါတယ္။ ဥပမာ-
စပါးရိတ္စက္ (သို႔) ဘက္ဟိုးမ်ားကဲ့သို နာရီသတ္မွတ္ခ်က္ျဖင့္ service ဝင္ရေသာ ယႏၲရားမ်ားတြင္ သုံးသင့္ပါတယ္။ Semi synthetic , Fully synthetic တို႔အသုံးျပဳ
မယ္ဆိုလည္းရပါတယ္ သို႔ေသာ္ အဆိုပါအင္ဂ်င္မ်ား
သည္ သတ္မွတ္ခ်ိန္ျပည့္လွ်င္ အင္ဂ်င္ဝိုင္လွယ္ေပးရေသာေၾကာင့္ ကုန္က်စရိတ္ပိုမ်ားႏိုင္ပါတယ္။ Mineral oil သည္ အျခားအင္ဂ်င္ဝိုင္မ်ားထက္ ေဈးႏႈန္းသက္သာပါတယ္။ Mineral oil သည္ တြင္းထြက္ေရနံကိုအေျခခံျပဳလုပ္ထားတာျဖစ္ၿပီး ဖေယာင္းဂ်ိဳးအနည္က်ျခင္းေတာ့ ရွိႏိုင္ပါတယ္။
Semi synthetic oil (ဓာတု၊တြင္းထြက္ဆီ) ျဖင့္ထုတ္လုပ္ထားတာျဖစ္၍ ကာလတိုေမာင္းႏွင္ေသာ အင္ဂ်င္မ်ားတြင္အသုံးျပဳႏိုင္ၿပီး Mineral oil နဲ႔ယွဉ္ရင္ေတာ့ အရည္အေသြးပိုေကာင္းပါတယ္။
Fully synthetic oil (100%ဓာတုဆီ)ကေတာ့ဓာတ္ခြဲခန္းတြင္ စနစ္တက်ျပဳလုပ္ထားေသာဆီျဖစ္ၿပီးအရည္အေသြးေကာင္းေသာဆီျဖစ္ပါတယ္။ ေမာ္လီက်ဴးမ်ား ညီညာမႈရွိေသာေၾကာင့္ အင္ဂ်င္ကိုစြမ္းေဆာင္ရည္ျမင့္ေစၿပီး ၾကာရွည္အသုံးခံပါတယ္။ အရည္အေသြး
ေကာင္းသလိုေဈးႏႈန္းလည္းျမင့္ပါတယ္။ 100%ဓာတုဆီျဖစ္ေသာေၾကာင့္ ဖေယာင္းဂ်ိဳးက်ျခင္းမွ ကာကြယ္ေပးပါတယ္။
အင္ဂ်င္ဝိုင္တစ္ဗူး ဝယ္ယူေတာ့မယ္ဆိုရင္ သတ္မွတ္ထားတဲ့ Grade နံပါတ္ေတြကိုၾကည့္ၿပီး ေရြးခ်ယ္ဝယ္ယူ သင့္ပါတယ္။
Engine oil တစ္ခုရဲ႕ Grade ဆိုတာပ်စ္ေစးအား
ကို ဆိုလိုျခင္းျဖစ္ပါတယ္။ ဉပမာ - 20W–50 အင္ဂ်င္ဝိုင္ဆိုပါစို႔ " 20 " သည္ပ်စ္ေစးအားကိုရည္ၫြန္းတာျဖစ္ၿပီး
" W " သည္ Winter(ေဆာင္းရာသီ) ကိုရည္ရြယ္တာျဖစ္ပါတယ္။ ေအးေနတဲ့အခ်ိန္မွာ ရွိေနမည့္ အင္ဂ်င္ဝိုင္ရဲ႕ ပ်စ္ေစးအားနံပါတ္သည္ " 20W " ျဖစ္ပါတယ္။ "50"သည္အင္ဂ်င္အပူခ်ိန္တက္လာသည္ႏွင့္အမွ် ျဖစ္ေပၚလာမည့္ အင္ဂ်င္ဝိုင္ရဲ႕ ပ်စ္ေစးအားျဖစ္ပါတယ္။ နံပါတ္ေသးေလ ပ်စ္ေစးအားနည္းေလျဖစ္ၿပီး နံပါတ္ႀကီးေလ ပ်စ္ေစးအားမ်ားေလျဖစ္ပါတယ္။
အင္ဂ်င္ဝိုင္ေတြမွာ Multi Grade နဲ႔ Single Grade
ဆိုၿပီးရွိပါတယ္။ Grade နံပါတ္ေတြကိုသတ္မွတ္ေပးတာကေတာ့ "SAE"လို႔ေခၚတဲ့ Scientist of Automotive Engineering ( ေရြ႕လ်ားစက္ပစၥည္းမ်ားဆိုင္ရာသိပၸံပညာရွင္မ်ားအဖြဲ႕) ျဖစ္ပါတယ္။အင္ဂ်င္ဝိုင္ရဲ႕ Grade Number ေတြအေနနဲ႔ေအာက္ပါအတိုင္းေတြ႕ႏိုင္ပါတယ္ –
SAE 0W–30
SAE 5W–30
SAE 10W–30
SAE 10W–40
SAE 15W–40
SAE 20W–50 အစရွိသျဖင့္ မ်ားစြာေတြ႕ႏိုင္ပါတယ္။
မိမိ ေနရပ္ေဒသရွိ အပူခ်ိန္ေပၚမႈတည္၍သင့္ေလ်ာ္ရာကို
ေရြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။ (ပုံတြင္ၾကည့္ပါ)
အင္ဂ်င္ဝိုင္ေတြကို ဆိုင္ကယ္မွာ သုံးရမည့္အင္ဂ်င္ဝိုင္ႏွင့္ ကားေတြမွာအသုံးျပဳရမည့္ အင္ဂ်င္ဝိုင္ဆိုၿပီး ခြဲျခားသတ္မွတ္ခ်က္ေတြရွိပါတယ္။ ကားအင္ဂ်င္ဝိုင္ကို ဆိုင္ကယ္တြင္အသုံးျပဳရန္ မသင့္ပါ။ ကားအင္ဂ်င္ေတြမွာ အင္ဂ်င္ရယ္၊ ကလပ္ရယ္၊ ဂီယာေဘာက္ရယ္ က သီးျခာတည္ရွိေနတာျဖစ္ပါတယ္။ ဆိုလိုခ်င္တာက ကားမ်ားတြင္ အင္ဂ်င္ဝိုင္ဟာ အင္ဂ်င္တစ္ခုတည္းအတြက္ သီးျခားအလုပ္လုပ္ေပးရတာ ျဖစ္ပါတယ္။
ဆိုင္ကယ္ေတြမွာ မတူကြဲျပားတဲ့အခ်က္က ဖြဲ႕စည္းပုံက်စ္က်စ္လစ္လစ္ နဲ႔တည္ေဆာက္ရတာျဖစ္ေသာေၾကာင့္ Moto Guzzi နဲ႔ BMW လိုဆိုင္ကယ္အခ်ိဳ႕မွလြဲ၍ အျခားေသာဆိုင္ကယ္ေတြမွာ အင္ဂ်င္+ဂီယာေဘာက္+ကလပ္ စသျဖင့္ အရာအားလုံးကိုေပါင္းစပ္ဖြဲစည္းထားၿပီးအင္ဂ်င္ဝိုင္တစ္မ်ိဳးတည္းကို ေခ်ာဆီအျဖစ္ အသုံးျပဳထားပါတယ္။
ကားမ်ားမွာ ဂီယာပိုင္းအတြက္ ဂီယာဝိုင္သီးသန္႔၊ အင္ဂ်င္
ပိုင္းအတြက္ အင္ဂ်င္ဝိုင္ သီးသန္႔ခြဲထားတာျဖစ္ပါတယ္။
ကားအင္ဂ်င္ဝိုင္ကိုဆိုင္ကယ္မွာထည့္ရင္ ဘာျဖစ္
ႏိုင္လဲဆိုေတာ့ ကလပ္ျပားကေႂကြက်လာတဲ့ အမႈံအမႊားေတြက အင္ဂ်င္ထဲမွာ Deposit(အနည္က်ႏိုင္စြမ္း)နည္းၿပီး အင္ဂ်င္ကို ပ်က္စီးေစႏိုင္ပါတယ္။ကားအင္ဂ်င္ဝိုင္ဟာ
ဆိုင္ကယ္အင္ဂ်င္ဝိုင္နဲ႔ ေမာ္လီက်ဴးဖြဲ႕စည္းပုံ မတူကြဲျပားေသာေၾကာင့္ျဖစ္ပါတယ္။
API service code ေတြကဘာလဲ? ဘယ္လိုခြဲျခားထားလဲဆိုတာ ဆက္ၾကည့္ရေအာင္...
API ဆိုတာ American Petroleum Institute (အေမရိကန္အေျခစိုက္ေရနံဆိုင္ရာအရပ္ဖက္အဖြဲ႕အစည္း) ျဖစ္ပါတယ္။ API ကသတ္မွတ္လိုက္တဲ့ service class (၂)မ်ိဳးရွိပါတယ္။ ဓာတ္ဆီအင္ဂ်င္ေတြအတြက္ service class ႏွင့္ ဒီဇာယ္အင္ဂ်င္ေတြအတြက္ service class ဆိုၿပီးခြဲျခားထားပါတယ္။
ဓာတ္ဆီအင္ဂ်င္ေတြအတြက္ service classificat-
ion နံပါတ္က "S" နဲ႔စၿပီး ဒီဇာယ္အင္ဂ်င္ေတြအတြက္ service classification နံပါတ္က "C" နဲ႔စတာကိုေတြ႕ရပါမယ္။ API service code ၂ မ်ိဳးပါရင္ေတာ့ဓာတ္ဆီ
အင္ဂ်င္နဲ႔ဒီဇာယ္အင္ဂ်င္ ႏွစ္ခုစလုံးသုံးလို႔ရတာပဲျဖစ္ပါတယ္။Gasoline engine (ဓာတ္ဆီအင္ဂ်င္)အတြက္ သီးသန္႔ထုတ္ထားတဲ့ service numbers တြကေတာ့---
SA = 1930
SB = 1951
SC = 1967
SD = 1971
SE = 1979
SF = 1988
SG = 1993
SH = 1996
SJ = 2001
SM = 2010
SN = 2010 October. Fully synthetic oil.
အစရွိသျဖင့္ဓာတ္ဆီအင္ဂ်င္ရဲ႕ service numberေတြကိုေတြ႕ျမင္ႏိုင္ပါတယ္။ "SN" မွလြဲ၍ အျခားေသာ service
code မ်ားသည္ Semi synthetic မ်ားျဖစ္ပါတယ္။
အင္ဂ်င္ဝိုင္၏ အရည္အေသြးနဲ႔ပတ္သက္ၿပီးစံႏႈန္းေတြကိုသတ္မွတ္ေပးတဲ့ အဖြဲ႕အစည္းမ်ားရွိပါတယ္။
ACEA, ILSAC, JASO အစရွိသျဖင့္ အဖြဲ႕အစည္းေတြရွိပါတယ္။ အေရွ႕အာရွအတြက္ စံႏႈန္းသတ္မွတ္ေပးတဲ့အဖြဲ႕အစည္းကေတာ့ JASO လို႔ေခၚတဲ့ Japanese Auto-
motive Standards Organization (ဂ်ပန္ႏိုင္ငံေျခစိုက္ေရြ႕လ်ားစက္ပစၥည္းမ်ားဆိုင္ရာစံသတ္မွတ္ခ်က္အဖြဲ႕)ျဖစ္ပါတယ္။ JASO မွာ --
- MA
- MA1
- MA2
- MB အစရွိသျဖင့္သတ္မွတ္ခ်က္ေတြရွိပါတယ္။
JASO - MA ဆိုတာ အင္ဂ်င္၊ ကလပ္၊ ဂီယာေဘာက္ေတြကို အင္ဂ်င္ဝိုင္ တစ္မ်ိဳးတည္း ထည့္သုံးတဲ့အင္ဂ်င္ေတြအတြက္ျဖစ္ပါတယ္။
JASO - MA1 ဆိုတာ အင္ဂ်င္၊ ကလပ္၊ ဂီယာေဘာက္ေတြကို သီးျခားထားရွိတဲ့ အင္ဂ်င္ေတြမွာ အသုံး
ျပဳရမွာျဖစ္ပါတယ္။
JASO - MA2 သည္ အရည္အေသြးျမႇင့္ေခတ္မွီေမာ္ေတာ္ဆိုင္ကယ္ေတြ၊ catalytic converters လို႔ေခၚတဲ့ အိတ္ေဇာအတြင္းမွာေက်ာက္ဇကာပါလာေသာ EFI ဆိုင္ကယ္ေတြ EFIမဟုတ္တဲ့ ေခတ္ေပၚဆိုင္ကယ္ေတြအတြက္ JASO - MA2 standard code ကိုဝယ္ယူအသုံးျပဳရမွာျဖစ္ပါတယ္။
JASO - MB ကေတာ့ specification အနည္း
ငယ္နိမ့္ထားၿပီး Scooter အင္ဂ်င္ေတြ Auto အင္ဂ်င္ေတြအတြက္ ထုတ္လုပ္ထားတာျဖစ္ပါတယ္။
ဒီဇာယ္၊ ဓာတ္ဆီသုံး 2 stroke အင္ဂ်င္ႀကီးေတြအတြက္ JASO က FA, FB, FC, FD အစရွိသျဖင့္အင္ဂ်င္ဝိုင္အဆင့္သတ္မွတ္ခ်က္ေတြနဲ႔ထုတ္လုပ္ထားပါတယ္။ ထပ္မံၿပီးေတာ့ JASO ကဒီဇာယ္အင္ဂ်င္ေတြအတြက္ DL-1, DH-1, DH-2, GLV-1, 315-1A အစရွိသျဖင့္ Grade ေတြသီးျခားသတ္မွတ္ထားပါတယ္။
အဲ့ဒီေတာ့ Motorcycle ေတြအတြက္ JASO-MA,
MA1, MA2, MB အစရွိသျဖင့္ မိမိဆိုင္ကယ္ႏွင့္ သင့္ေလ်ာ္ေသာ နံပါတ္ကိုေရြးခ်ယ္အသုံးျပဳရမွာ ျဖစ္ပါတယ္။ JASO code ပါတဲ့အင္ဂ်င္ဝိုင္ဟာ JASO code
မပါတဲ့ အင္ဂ်င္ဝိုင္ထက္ အရည္အေသြးပိုေကာင္းသလို
ေဈးႏႈန္းလည္းျမင့္ပါတယ္။
ဒါ႔ေၾကာင့္ကြၽန္ေတာ္တို႔ဟာ အင္ဂ်င္ဝိုင္ဝယ္ယူေတာ့မည္
ဆိုလွ်င္
-SAE ကုဒ္ နံပါတ္ ပါရမယ္။
-API ကုဒ္ နံပါတ္ ပါရမယ္။
ဆိုင္ကယ္အတြက္ဆိုရင္ JASO MAလား, MA1လား, MA2လား, MBလားဆိုတာသိရွိၿပီး မိမိအသုံးျပဳေနတဲ့ အင္ဂ်င္နဲ႔ သင့္ေလ်ာ္ရာကိုေရြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။
မိမိ၏ဆိုင္ကယ္ (သို႔) ကား တစ္စီးအားမည့္သည့္အခ်ိန္တြင္ အင္ဂ်င္ဝိုင္လဲလွယ္ေပးသင့္သလဲဆိုရင္ အတိအက်ေျပာဖို႔ရန္ခက္ပါတယ္။ ေမာ္ဒယ္ျမင့္ဆိုင္ကယ္ေတြနဲ႔ကားေတြမွာဆိုရင္ ယဉ္ဝယ္တဲ့အခါ ပါလာေသာ Owner Manual (ပိုင္ရွင္လမ္းၫႊန္)စာအုပ္ကိုၾကည့္ႏိုင္ၿပီး၊ Owner Manual မရွိေသာ ပိုင္ရွင္မ်ားအတြက္ အသုံးျပဳၿပီးေသာအခ်ိန္ကာလ အေလ်ာက္ အင္ဂ်င္ဝိုင္ကိုစစ္ေဆးလဲလွယ္ေပးသင့္ပါေၾကာင္း ေျပာၾကားလိုပါတယ္။
အင္ဂ်င္ဝိုင္တစ္ဗူးသည္ စတင္ဖြင့္ေဖါက္သည့္ အခ်ိန္မွစ၍ ဓာတ္ျပဳမႈကိုစတင္ၿပီး မသုံးမျပဳေသာ္ျငားလည္း
သက္တန္းကုန္ဆုံးႏိုင္ပါတယ္။
အင္ဂ်င္တစ္လုံးတြင္ အင္ဂ်င္ဝိုင္သည္ အဓိကလိုအပ္ေသာအရာျဖစ္ၿပီး မိမိ၏ ေမာ္ေတာ္ယဉ္အား အမွန္တကယ္တန္ဖိုးထားပါက အင္ဂ်င္ဝိုင္ကိုဂ႐ုစိုက္
လဲလွယ္ေပးသင့္ေၾကာင္းေျပာၾကားလိုက္ပါသည္။
"ေက်းဇူးတင္ပါသည္"
#PyaePhyoAung_ေလးတူး