အင်ဂျင်ကျနေပြီလားဆိုတာ သိနိုင်မယ့် အချက် ၅ ချက်☢☢☢


<Unicode>
☢☢☢အင်ဂျင်ကျနေပြီလားဆိုတာ သိနိုင်မယ့် အချက် ၅ ချက်☢☢☢

အင်ဂျင်ကျတာ၊ အင်ဂျင်ကိုင်တာ၊ အင်ဂျင်တင်တာ၊ အင်ဂျင်အပေါ်ဖွင့်/အောက်ဖွင့်လုပ်တာ" ဆိုတာမျိုးတွေကို လူတိုင်းကြားဖူးကြမှာပါ။ အဲဒါတွေဘာကြောင့်လုပ်တာလဲ? ဘယ်လို အခြေအနေတွေမှာ အဲဒီလိုလုပ်ဖို့လိုအပ်သလဲ❗ အင်ဂျင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို လုပ်တာလဲ❗

ဘယ်အချိန်မှာ Engine Overhaul (အင်ဂျင်ကိုင်) လုပ်ဖို့လိုအပ်သလဲ❗

1️⃣ အင်ဂျင်ဝိုင်စားများလာတာ
အင်ဂျင်ကိုင်ရတော့မယ့် အင်ဂျင်တိုင်းလိုလို ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက အင်ဂျင်ဝိုင်စားများလာတာပါပဲ။ အင်ဂျင်ဝိုင်လဲထားမယ်၊ အင်ဂျင်ဝိုင်သက်တမ်းပုံမှန်ကာလ မပြည့်သေးခင် အင်ဂျင်ဝိုင်ခန်းသွားမယ်၊ အင်ဂျင်ဝိုင်လျော့သွားမယ်ဆိုရင် အဲဒါ သင့်အင်ဂျင်ကျလာတဲ့ လက္ခဏာတစ်ခုပါပဲ။ အင်ဂျင်ဝိုင်ဟာပုံမှန်အားဖြင့် အင်ဂျင်အစိတ်အပိုင်းတွေကနေ ယိုစိမ့်တာ မရှိဘူးဆိုရင် လျော့ကျတာ မဆိုသလောက်လေးပဲရှိတတ်တာမျိုးပါ။ ဒါပေမယ့် အင်ဂျင်ဝိုင်ယိုစိမ့်တာ ဘာမှမရှိဘဲ အင်ဂျင်ဝိုင် level ကိုတိုင်းတာကြည့်တဲ့အခါ ထည့်ထားတဲ့ level အမှတ်ထက်အများကြီးလျော့သွားတယ်ဆိုရင် အဲဒါ အင်ဂျင်ကျတဲ့ လက္ခဏာပါပဲ။ဒါဆို အင်ဂျင်ဝိုင်စားတာ ဘာကြောင့်များလာသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းက pistons တွေမှာ တပ်ဆင်ထားတဲ့ piston rings တွေပွန်းစားသွားလို့ပါ။ ဒါကြောင့် အင်ဂျင်ကိုင်ပြီဆို မဖြစ်မနေ မလွဲမသွေ လဲပေးရတဲ့ အစိတ်အပိုင်းက oil control rings တွေပါပဲ။ Oil control rings တွေကို ဆီထိန်းကွင်းလို့ ဝပ်ရှော့ဆရာတွေကခေါ်ကြပြီး အင်ဂျင်ထဲမှာရှိတဲ့ pistons တွေ အတက်အဆင်းလုပ်တဲ့အခါ ချောမွေ့စေဖို့ ချောဆီအဖြစ်ဆောင်ရွက်ပေးတဲ့ အင်ဂျင်ဝိုင်တွေကို မီးလောင်ခန်းထဲမရောက်အောင် ထိန်းချုပ်ပေးတဲ့ အလုပ်ကို အဓိကလုပ်ဆောင်ပါတယ်။ အဲဒီ rings တွေက နှစ်ပေါင်းကြာရှည်စွာ အင်ဂျင်ရဲ့ စလစ်လို့ခေါ်တဲ့ sleeve မီးလောင်ခန်းနံရံတွေနဲ့ ပွတ်တိုက်ပြီး အတက်အဆင်းလုပ်ရပါများလာတဲ့အခါမှာ ပွန်းစားကုန်ပါတယ်။ အဲဒီလိုပွန်းစားကုန်တဲ့အတွက် သူထိန်းပေးရမယ့် အင်ဂျင်ဝိုင်တွေကို မထိန်းပေးနိုင်တော့ဘဲ အင်ဂျင်ဝိုင်တွေဟာ မီးလောင်ခန်းထဲကို ကျော်ဝင်ပြီး မီးလောင်ကုန်ပါတော့တယ်။ အဲဒါကြောင့် အင်ဂျင်ထဲက အင်ဂျင်ဝိုင်တွေ ခမ်းကုန်၊ လျော့လျော့ကုန်ရတာပါပဲ။အင်ဂျင်ဝိုင်အသစ်လဲထားပြီး မကြာခင် အင်ဂျင်ဝိုင် level တွေ အရမ်းလျော့နေကာ မကြာမကြာ အင်ဂျင်ဝိုင် လီတာဘူးသေးလေးတွေကိုင်ကိုင်ပြီး အင်ဂျင်ဝိုင်လိုက်လိုက်ဖြည့်နေရပြီဆိုရင်တော့ဖြင့် မကြာခင်အင်ဂျင်ကိုင်ဖို့လိုနေပြီဆိုတာပါပဲ။
(အင်ဂျင်ဝိုင်လျော့စေတဲ့ အခြားအကြောင်းတွေလည်းရှိတတ်ပါတယ်။ ဥပမာ (tappet seal) တိုက်ပစ်စီးကနေ ဆီယိုတာမျိုး  main oil seal ကနေ ဆီယိုတာမျိုးတွေလည်းရှိတတ်တာမလို့ သေချာစစ်ဆေးပြီးမှ အင်ဂျင်ကိုင်ဖို့၊ အင်ဂျင်ချဖို့ ဆုံးဖြတ်သင့်ပါတယ်)
2️⃣အင်ဂျင်မီးခိုးလိုက်တာ
အင်ဂျင်ကျ/မကျ သိနိုင်တဲ့ အခြားအချက်တစ်ခုက အင်ဂျင်မီးခိုးလိုက်တာပါ။ ပုံမှန်အားဖြင့် အင်ဂျင်တစ်လုံးဟာ ကောင်းမွန်နေတယ်ဆိုရင် ကြည်လဲ့လဲရှိတဲ့ မီးခိုးပဲထွက်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ အခြားထူးထူးခြား မီးခိုးရောင်တွေ (အမဲရောင်၊ အနက်ရောင်၊ အပြာရောင်၊ အဖြူရောင်) စတဲ့ မီးခိုးရောင်တွေ အများကြီးထွက်လာပြီဆိုရင် အဲဒီကားအင်ဂျင်ရဲ့ လုပ်ငန်းဆောင်တာတွေ တစ်ခုခုမှားယွင်းနေပါပြီ။အဲဒီလိုမီးခိုးရောင်တွေ အများကြီးရှိတဲ့ အထဲကမှ အင်ဂျင်ကျတာကို သိသာထင်ရှားစေတဲ့ မီးခိုးရောင်က နက်ပြာရောင် မီးခိုးပါ။ အဲဒီလိုနက်ပြာရောင် မီးခိုးထွက်ရတဲ့ အကြောင်းအရင်းက အပေါ်မှာပြောခဲ့သလိုပဲ အင်ဂျင်ဝိုင်တွေ အင်ဂျင်ခန်းထဲရောက် မီးလောင်ကုန်လို့ပါပဲ။ အဓိက အားဖြင့်တော့ oil control rings ကြောင့်ဖြစ်ပြီး valve oil seal တွေ မလုံရင်၊ ပွန်းစားရင်လည်း အင်ဂျင်မီးခိုးလိုက်တတ်ပါတယ်။ အဲဒီလို နက်ပြာရောင်မီးခိုးတွေ တသီတတန်းကြီးထွက်နေပြီ၊ အင်ဂျင်ဝိုင်ကလည်းစားနေပြီဆိုရင်တော့ အင်ဂျင်ကိုင်ဖို့ ကျိန်းသေလိုအပ်နေပါပြီ။

3️⃣ အင်ဂျင် အသံထွက်တာ
အင်ဂျင်ခန်းထဲက ပုံမှန်မဟုတ်တဲ့ အသံဗလံတွေထွက်လာတာဟာလည်း အင်ဂျင်ကျလာတဲ့ လက္ခဏာရပ်ပါပဲ။ အင်ဂျင်ခန်းထဲကနေ “ဂိုးဂိုးဂွက်ဂွက်" စတဲ့ အသံတွေထွက်လာပြီဆိုရင်တော့ ဝပ်ရှော့ ဆရာကြီးတွေက အဲဒီလိုအသံတွေကို အောက်သံထွက်တယ်လို့ခေါ်ပြီး အင်ဂျင်ကိုင်ဖို့ အချက်ပေးခေါင်းလောင်းထိုးနေပြီလို့ ယူဆကြပါတယ်။ ဒီလိုအသံတွေ ဘာကြောင့်ထွက်လာရသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ သတ္တုနဲ့သံထည်အစိတ်အပိုင်းတွေ ပွန်းစားပြီး ချောင်ကုန်တဲ့အတွက် အစိတ်အပိုင်းတစ်ခုနဲ့တစ်ခု ရိုက်ခတ်ရာကနေထွက်လာရခြင်းဖြစ်ပါတယ်။
အထူးသဖြင့် bearing တွေပွန်းစားပြီး ကရိုင်းနဲ့ရိုက်ခတ်ရာကနေ ထွက်လာတဲ့အသံတွေရယ်၊ နောက် pistons ရယ် ပွန်စားနေတဲ့ (sleeve) စလစ် နဲ့ရိုက်ခတ်တဲ့အသံတွေပါပဲ။
အဲဒီလိုအသံတွေ ထွက်လာပြီဆိုရင်တော့ အင်ဂျင်ချပြီး အင်ဂျင်ကိုင်ဖို့ သေချာပေါက်လိုနေပါပြီ။

4️⃣ အင်ဂျင်အဆွဲအရုန်းမကောင်းတာ
အင်ဂျင်အဆွဲအရုန်းမကောင်းတာကလည်း အကြောင်းအချက်များစွာရှိပါသေးတယ်။ ကျနော်အရင်ကလည်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တချို့အင်ဂျင်အဆွဲအရုန်းကျစေတဲ့ အကြောင်းအရာတွေကတော့ အင်ဂျင်ကို အသေးစားပြုပြင်မှုလေးတွေလုပ်ပြီး အဆွဲအရုန်းပုံမှန်ဖြစ်အောင်လုပ်ဆောင်နိုင်ပေမယ့် အင်ဂျင်ရဲ့အဓိကကျတဲ့ အင်ဂျင်ခန်းအတွင်းက (compression) ဆီနဲ့လေကို ဖိသိပ်အား ကျသွားပြီဆိုရင်တော့ အသေးစားပြုပြင်မှုလေးတွေပဲ လုပ်လို့မရတော့ဘဲ အင်ဂျင်ချပြီး အင်ဂျင်တစ်ခုလုံးကို ပြုပြင်ရတော့မှာပါ။
ဒီလိုအင်ဂျင်ရဲ့ ဖိသိပ်အား (compression) ကျသွားရခြင်းအကြောင်းရင်းကတော့ piston ရဲ့ compression rings တွေပွန်းစားသွားတာ၊ နောက်တစ်ခုက cylinder ရဲ့ အတွင်းနံရံဖြစ်တဲ့ (sleeve) စလစ်နံရံတွေစားသွားတာကြောင့်ပါပဲ။

5️⃣ လောင်စာဆီစားနှုန်းများလာတာ
လောင်စာဆီစားနှုန်းများလာတာဟာလည်း အင်ဂျင်ကျလာတဲ့ လက္ခဏာရပ်တွေထဲက တစ်ခုပါပဲ။ ဆီစားနှုန်းလည်းများလာတယ်၊ အဆွဲအရုန်းကလည်းကျလာတယ်ဆိုရင် အခြားဆီစားနှုန်းများစေတဲ့ ရောဂါတွေကို စစ်ဆေးနိုင်ပြီး အခြားရောဂါတွေမရှိဘဲ သိသိသာသာဆီစားနှုန်းများလာတယ်ဆိုရင်တော့ဖြင့် အင်ဂျင်ကျလာပြီလို ဆိုရမှာပါပဲ။လောင်စာဆီစားနှုန်း ဘာကြောင့်များလာရသလဲဆိုရင် အပေါ်မှာပြောခဲ့သလို လေနဲ့ဆီအရောအနှောကို ဖိသိပ်ရတဲ့ piston မှာရှိတဲ့ compression rings တွေမကောင်းလို့ပါပဲ။ Compression rings တွေမကောင်းတဲ့အခါ ဆီနဲ့လေအရောအနှောကို တင်းပြည့်ကျပ်ပြည့် မဖိသိပ်နိုင်တော့ဘဲ rings တွေရဲ့ အကြိုအကြားကနေ ဆီနဲ့လေတွေကို ယိုစိမ့်ထွက်စေပါတယ်။ အဲဒီလိုယိုစိမ့်ထွက်ပြီး အင်ဂျင်ဝိုင်ထားတဲ့ crankcase တွေထဲရောက်ကာ အင်ဂျင်ဝိုင် ဂိတ်တံက တစ်ဆင့် အခိုးအငွေ့တွေ မှုတ်ထုတ်လာစေတော့တာပါပဲ။ အထူးသဖြင့်  အင်ဂျင်ကျလာပြီဆိုရင် မီးခိုးလိုက်လာတာအပြင် အင်ဂျင်ဝိုင်ဂိတ်တံကနေ မီးလောင်ပြီးသား မီးခိုးငွေ့တွေရယ်၊ မလောင်ရသေးတဲ့ ဆီနဲ့လေအရောအနှောတွေရယ် မှုတ်ထုတ်တာကို ထင်ထင်ရှားရှားမြင်ရမှာပါပဲ။အင်ဂျင်ချမယ်၊ အင်ဂျင်ကိုင်မယ်ဆိုရင် မဖြစ်မနေပြုပြင်လဲလှယ်ရမယ့် ပစ္စည်းတွေကတော့

1️⃣. Piston rings တွေ

2️⃣. Bearing တွေ (ပွန်းစားနေတယ်ဆိုရင် အသစ်လဲလှယ်ရပါမယ်)

3️⃣. Crankshaft (ကရိုင်း ပွန်းစားနေမယ်ဆိုရင် ကရိုင်း သ တာ ၊ သ မရအောင်ထိ ပျက်စီးနေရင် အသစ်လဲလှယ်တာ)

4️⃣. Cylinder နံရံတွေဖြစ်တဲ့ sleeve တွေ ပွန်းစားနေမယ်ဆိုရင် စလစ် ဘိုးရင်းထိုးတာ၊ စလစ်အသစ်ရိုက်တာ
5️⃣. Piston တွေ လဲလှယ်တာ၊ piston နဲ့ connection rod တို့ကို ဆက်သွယ်ထားတဲ့ gudgeon pins တွေချောင်နေရင် လဲလှယ်တာ

6️⃣. Engine head ပြုပြင်တာ၊ valve seal တွေ valve guide တွေ အသစ်လဲလှယ်တာအစရှိတဲ့ ငွေကုန်ကြေးကျများတဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို အကုန်အသေးစိတ်ပြုပြင်ရမှာပါ။ ဒီအချက်တွေကတော့ အင်ဂျင်ကျနေပြီလား❓ အင်ဂျင်တစ်ခုလုံးချပြီး engine overhaul လုပ်ဖို့လိုနေပြီလား❓ ဆိုတာသိနိုင်တဲ့ အခြေခံအချက်တွေပါ။ ဒီအချက်တွေကို သိရှိနားလည်ထားခြင်းဖြင့် အင်ဂျင် အမှန်တကယ် overhaul ပြုပြင်ဖို့လိုအပ်နေပြီလားဆိုတာ❓ ခန့်မှန်းတွက်ချက်နိုင်ပြုပြင်နိုင် မှာပါ။
🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑သဘောတရားတွေနားလည်၍
အသိပညာတွေ တိုးပွားကာ
ကောင်းမွန်သောအတတ်ပညာဖြင့်
ရိုးသားစွာ လုပ်ကိုင်နိုင်ကြပါစေ
🖌🖌🖌🖌🖌🖌🖌🖌🖌🖌🖌🖌

<Zawgyi>
☢☢☢အင္ဂ်င္က်ေနၿပီလားဆိုတာ သိႏိုင္မယ့္ အခ်က္ ၅ ခ်က္☢☢☢

အင္ဂ်င္က်တာ၊ အင္ဂ်င္ကိုင္တာ၊ အင္ဂ်င္တင္တာ၊ အင္ဂ်င္အေပၚဖြင့္/ေအာက္ဖြင့္လုပ္တာ" ဆိုတာမ်ိဳးေတြကို လူတိုင္းၾကားဖူးၾကမွာပါ။ အဲဒါေတြဘာေၾကာင့္လုပ္တာလဲ? ဘယ္လို အေျခအေနေတြမွာ အဲဒီလိုလုပ္ဖို႔လိုအပ္သလဲ❗ အင္ဂ်င္ရဲ႕ ဘယ္အစိတ္အပိုင္းေတြကို လုပ္တာလဲ❗

ဘယ္အခ်ိန္မွာ Engine Overhaul (အင္ဂ်င္ကိုင္) လုပ္ဖို႔လိုအပ္သလဲ❗

1️⃣ အင္ဂ်င္ဝိုင္စားမ်ားလာတာ
အင္ဂ်င္ကိုင္ရေတာ့မယ့္ အင္ဂ်င္တိုင္းလိုလို ႀကဳံေတြ႕ရတဲ့ ျပႆနာတစ္ခုက အင္ဂ်င္ဝိုင္စားမ်ားလာတာပါပဲ။ အင္ဂ်င္ဝိုင္လဲထားမယ္၊ အင္ဂ်င္ဝိုင္သက္တမ္းပုံမွန္ကာလ မျပည့္ေသးခင္ အင္ဂ်င္ဝိုင္ခန္းသြားမယ္၊ အင္ဂ်င္ဝိုင္ေလ်ာ့သြားမယ္ဆိုရင္ အဲဒါ သင့္အင္ဂ်င္က်လာတဲ့ လကၡဏာတစ္ခုပါပဲ။ အင္ဂ်င္ဝိုင္ဟာပုံမွန္အားျဖင့္ အင္ဂ်င္အစိတ္အပိုင္းေတြကေန ယိုစိမ့္တာ မရွိဘူးဆိုရင္ ေလ်ာ့က်တာ မဆိုသေလာက္ေလးပဲရွိတတ္တာမ်ိဳးပါ။ ဒါေပမယ့္ အင္ဂ်င္ဝိုင္ယိုစိမ့္တာ ဘာမွမရွိဘဲ အင္ဂ်င္ဝိုင္ level ကိုတိုင္းတာၾကည့္တဲ့အခါ ထည့္ထားတဲ့ level အမွတ္ထက္အမ်ားႀကီးေလ်ာ့သြားတယ္ဆိုရင္ အဲဒါ အင္ဂ်င္က်တဲ့ လကၡဏာပါပဲ။ဒါဆို အင္ဂ်င္ဝိုင္စားတာ ဘာေၾကာင့္မ်ားလာသလဲဆိုရင္ေတာ့ အင္ဂ်င္အတြင္းပိုင္းက pistons ေတြမွာ တပ္ဆင္ထားတဲ့ piston rings ေတြပြန္းစားသြားလို႔ပါ။ ဒါေၾကာင့္ အင္ဂ်င္ကိုင္ၿပီဆို မျဖစ္မေန မလြဲမေသြ လဲေပးရတဲ့ အစိတ္အပိုင္းက oil control rings ေတြပါပဲ။ Oil control rings ေတြကို ဆီထိန္းကြင္းလို႔ ဝပ္ေရွာ့ဆရာေတြကေခၚၾကၿပီး အင္ဂ်င္ထဲမွာရွိတဲ့ pistons ေတြ အတက္အဆင္းလုပ္တဲ့အခါ ေခ်ာေမြ႕ေစဖို႔ ေခ်ာဆီအျဖစ္ေဆာင္ရြက္ေပးတဲ့ အင္ဂ်င္ဝိုင္ေတြကို မီးေလာင္ခန္းထဲမေရာက္ေအာင္ ထိန္းခ်ဳပ္ေပးတဲ့ အလုပ္ကို အဓိကလုပ္ေဆာင္ပါတယ္။ အဲဒီ rings ေတြက ႏွစ္ေပါင္းၾကာရွည္စြာ အင္ဂ်င္ရဲ႕ စလစ္လို႔ေခၚတဲ့ sleeve မီးေလာင္ခန္းနံရံေတြနဲ႔ ပြတ္တိုက္ၿပီး အတက္အဆင္းလုပ္ရပါမ်ားလာတဲ့အခါမွာ ပြန္းစားကုန္ပါတယ္။ အဲဒီလိုပြန္းစားကုန္တဲ့အတြက္ သူထိန္းေပးရမယ့္ အင္ဂ်င္ဝိုင္ေတြကို မထိန္းေပးႏိုင္ေတာ့ဘဲ အင္ဂ်င္ဝိုင္ေတြဟာ မီးေလာင္ခန္းထဲကို ေက်ာ္ဝင္ၿပီး မီးေလာင္ကုန္ပါေတာ့တယ္။ အဲဒါေၾကာင့္ အင္ဂ်င္ထဲက အင္ဂ်င္ဝိုင္ေတြ ခမ္းကုန္၊ ေလ်ာ့ေလ်ာ့ကုန္ရတာပါပဲ။အင္ဂ်င္ဝိုင္အသစ္လဲထားၿပီး မၾကာခင္ အင္ဂ်င္ဝိုင္ level ေတြ အရမ္းေလ်ာ့ေနကာ မၾကာမၾကာ အင္ဂ်င္ဝိုင္ လီတာဘူးေသးေလးေတြကိုင္ကိုင္ၿပီး အင္ဂ်င္ဝိုင္လိုက္လိုက္ျဖည့္ေနရၿပီဆိုရင္ေတာ့ျဖင့္ မၾကာခင္အင္ဂ်င္ကိုင္ဖို႔လိုေနၿပီဆိုတာပါပဲ။
(အင္ဂ်င္ဝိုင္ေလ်ာ့ေစတဲ့ အျခားအေၾကာင္းေတြလည္းရွိတတ္ပါတယ္။ ဥပမာ (tappet seal) တိုက္ပစ္စီးကေန ဆီယိုတာမ်ိဳး  main oil seal ကေန ဆီယိုတာမ်ိဳးေတြလည္းရွိတတ္တာမလို႔ ေသခ်ာစစ္ေဆးၿပီးမွ အင္ဂ်င္ကိုင္ဖို႔၊ အင္ဂ်င္ခ်ဖို႔ ဆုံးျဖတ္သင့္ပါတယ္)
2️⃣အင္ဂ်င္မီးခိုးလိုက္တာ
အင္ဂ်င္က်/မက် သိႏိုင္တဲ့ အျခားအခ်က္တစ္ခုက အင္ဂ်င္မီးခိုးလိုက္တာပါ။ ပုံမွန္အားျဖင့္ အင္ဂ်င္တစ္လုံးဟာ ေကာင္းမြန္ေနတယ္ဆိုရင္ ၾကည္လဲ့လဲရွိတဲ့ မီးခိုးပဲထြက္ပါတယ္။ အဲဒီလိုမွ မဟုတ္ဘဲ အျခားထူးထူးျခား မီးခိုးေရာင္ေတြ (အမဲေရာင္၊ အနက္ေရာင္၊ အျပာေရာင္၊ အျဖဴေရာင္) စတဲ့ မီးခိုးေရာင္ေတြ အမ်ားႀကီးထြက္လာၿပီဆိုရင္ အဲဒီကားအင္ဂ်င္ရဲ႕ လုပ္ငန္းေဆာင္တာေတြ တစ္ခုခုမွားယြင္းေနပါၿပီ။အဲဒီလိုမီးခိုးေရာင္ေတြ အမ်ားႀကီးရွိတဲ့ အထဲကမွ အင္ဂ်င္က်တာကို သိသာထင္ရွားေစတဲ့ မီးခိုးေရာင္က နက္ျပာေရာင္ မီးခိုးပါ။ အဲဒီလိုနက္ျပာေရာင္ မီးခိုးထြက္ရတဲ့ အေၾကာင္းအရင္းက အေပၚမွာေျပာခဲ့သလိုပဲ အင္ဂ်င္ဝိုင္ေတြ အင္ဂ်င္ခန္းထဲေရာက္ မီးေလာင္ကုန္လို႔ပါပဲ။ အဓိက အားျဖင့္ေတာ့ oil control rings ေၾကာင့္ျဖစ္ၿပီး valve oil seal ေတြ မလုံရင္၊ ပြန္းစားရင္လည္း အင္ဂ်င္မီးခိုးလိုက္တတ္ပါတယ္။ အဲဒီလို နက္ျပာေရာင္မီးခိုးေတြ တသီတတန္းႀကီးထြက္ေနၿပီ၊ အင္ဂ်င္ဝိုင္ကလည္းစားေနၿပီဆိုရင္ေတာ့ အင္ဂ်င္ကိုင္ဖို႔ က်ိန္းေသလိုအပ္ေနပါၿပီ။

3️⃣ အင္ဂ်င္ အသံထြက္တာ
အင္ဂ်င္ခန္းထဲက ပုံမွန္မဟုတ္တဲ့ အသံဗလံေတြထြက္လာတာဟာလည္း အင္ဂ်င္က်လာတဲ့ လကၡဏာရပ္ပါပဲ။ အင္ဂ်င္ခန္းထဲကေန “ဂိုးဂိုးဂြက္ဂြက္" စတဲ့ အသံေတြထြက္လာၿပီဆိုရင္ေတာ့ ဝပ္ေရွာ့ ဆရာႀကီးေတြက အဲဒီလိုအသံေတြကို ေအာက္သံထြက္တယ္လို႔ေခၚၿပီး အင္ဂ်င္ကိုင္ဖို႔ အခ်က္ေပးေခါင္းေလာင္းထိုးေနၿပီလို႔ ယူဆၾကပါတယ္။ ဒီလိုအသံေတြ ဘာေၾကာင့္ထြက္လာရသလဲဆိုရင္ေတာ့ အင္ဂ်င္အတြင္းပိုင္းမွာရွိတဲ့ သတၱဳနဲ႔သံထည္အစိတ္အပိုင္းေတြ ပြန္းစားၿပီး ေခ်ာင္ကုန္တဲ့အတြက္ အစိတ္အပိုင္းတစ္ခုနဲ႔တစ္ခု ႐ိုက္ခတ္ရာကေနထြက္လာရျခင္းျဖစ္ပါတယ္။
အထူးသျဖင့္ bearing ေတြပြန္းစားၿပီး က႐ိုင္းနဲ႔႐ိုက္ခတ္ရာကေန ထြက္လာတဲ့အသံေတြရယ္၊ ေနာက္ pistons ရယ္ ပြန္စားေနတဲ့ (sleeve) စလစ္ နဲ႔႐ိုက္ခတ္တဲ့အသံေတြပါပဲ။
အဲဒီလိုအသံေတြ ထြက္လာၿပီဆိုရင္ေတာ့ အင္ဂ်င္ခ်ၿပီး အင္ဂ်င္ကိုင္ဖို႔ ေသခ်ာေပါက္လိုေနပါၿပီ။

4️⃣ အင္ဂ်င္အဆြဲအ႐ုန္းမေကာင္းတာ
အင္ဂ်င္အဆြဲအ႐ုန္းမေကာင္းတာကလည္း အေၾကာင္းအခ်က္မ်ားစြာရွိပါေသးတယ္။ က်ေနာ္အရင္ကလည္း ေရးခဲ့ဖူးပါတယ္။ ဒါေပမယ့္ တခ်ိဳ႕အင္ဂ်င္အဆြဲအ႐ုန္းက်ေစတဲ့ အေၾကာင္းအရာေတြကေတာ့ အင္ဂ်င္ကို အေသးစားျပဳျပင္မႈေလးေတြလုပ္ၿပီး အဆြဲအ႐ုန္းပုံမွန္ျဖစ္ေအာင္လုပ္ေဆာင္ႏိုင္ေပမယ့္ အင္ဂ်င္ရဲ႕အဓိကက်တဲ့ အင္ဂ်င္ခန္းအတြင္းက (compression) ဆီနဲ႔ေလကို ဖိသိပ္အား က်သြားၿပီဆိုရင္ေတာ့ အေသးစားျပဳျပင္မႈေလးေတြပဲ လုပ္လို႔မရေတာ့ဘဲ အင္ဂ်င္ခ်ၿပီး အင္ဂ်င္တစ္ခုလုံးကို ျပဳျပင္ရေတာ့မွာပါ။
ဒီလိုအင္ဂ်င္ရဲ႕ ဖိသိပ္အား (compression) က်သြားရျခင္းအေၾကာင္းရင္းကေတာ့ piston ရဲ႕ compression rings ေတြပြန္းစားသြားတာ၊ ေနာက္တစ္ခုက cylinder ရဲ႕ အတြင္းနံရံျဖစ္တဲ့ (sleeve) စလစ္နံရံေတြစားသြားတာေၾကာင့္ပါပဲ။

5️⃣ ေလာင္စာဆီစားႏႈန္းမ်ားလာတာ
ေလာင္စာဆီစားႏႈန္းမ်ားလာတာဟာလည္း အင္ဂ်င္က်လာတဲ့ လကၡဏာရပ္ေတြထဲက တစ္ခုပါပဲ။ ဆီစားႏႈန္းလည္းမ်ားလာတယ္၊ အဆြဲအ႐ုန္းကလည္းက်လာတယ္ဆိုရင္ အျခားဆီစားႏႈန္းမ်ားေစတဲ့ ေရာဂါေတြကို စစ္ေဆးႏိုင္ၿပီး အျခားေရာဂါေတြမရွိဘဲ သိသိသာသာဆီစားႏႈန္းမ်ားလာတယ္ဆိုရင္ေတာ့ျဖင့္ အင္ဂ်င္က်လာၿပီလို ဆိုရမွာပါပဲ။ေလာင္စာဆီစားႏႈန္း ဘာေၾကာင့္မ်ားလာရသလဲဆိုရင္ အေပၚမွာေျပာခဲ့သလို ေလနဲ႔ဆီအေရာအေႏွာကို ဖိသိပ္ရတဲ့ piston မွာရွိတဲ့ compression rings ေတြမေကာင္းလို႔ပါပဲ။ Compression rings ေတြမေကာင္းတဲ့အခါ ဆီနဲ႔ေလအေရာအေႏွာကို တင္းျပည့္က်ပ္ျပည့္ မဖိသိပ္ႏိုင္ေတာ့ဘဲ rings ေတြရဲ႕ အႀကိဳအၾကားကေန ဆီနဲ႔ေလေတြကို ယိုစိမ့္ထြက္ေစပါတယ္။ အဲဒီလိုယိုစိမ့္ထြက္ၿပီး အင္ဂ်င္ဝိုင္ထားတဲ့ crankcase ေတြထဲေရာက္ကာ အင္ဂ်င္ဝိုင္ ဂိတ္တံက တစ္ဆင့္ အခိုးအေငြ႕ေတြ မႈတ္ထုတ္လာေစေတာ့တာပါပဲ။ အထူးသျဖင့္  အင္ဂ်င္က်လာၿပီဆိုရင္ မီးခိုးလိုက္လာတာအျပင္ အင္ဂ်င္ဝိုင္ဂိတ္တံကေန မီးေလာင္ၿပီးသား မီးခိုးေငြ႕ေတြရယ္၊ မေလာင္ရေသးတဲ့ ဆီနဲ႔ေလအေရာအေႏွာေတြရယ္ မႈတ္ထုတ္တာကို ထင္ထင္ရွားရွားျမင္ရမွာပါပဲ။အင္ဂ်င္ခ်မယ္၊ အင္ဂ်င္ကိုင္မယ္ဆိုရင္ မျဖစ္မေနျပဳျပင္လဲလွယ္ရမယ့္ ပစၥည္းေတြကေတာ့

1️⃣. Piston rings ေတြ

2️⃣. Bearing ေတြ (ပြန္းစားေနတယ္ဆိုရင္ အသစ္လဲလွယ္ရပါမယ္)

3️⃣. Crankshaft (က႐ိုင္း ပြန္းစားေနမယ္ဆိုရင္ က႐ိုင္း သ တာ ၊ သ မရေအာင္ထိ ပ်က္စီးေနရင္ အသစ္လဲလွယ္တာ)

4️⃣. Cylinder နံရံေတြျဖစ္တဲ့ sleeve ေတြ ပြန္းစားေနမယ္ဆိုရင္ စလစ္ ဘိုးရင္းထိုးတာ၊ စလစ္အသစ္႐ိုက္တာ
5️⃣. Piston ေတြ လဲလွယ္တာ၊ piston နဲ႔ connection rod တို႔ကို ဆက္သြယ္ထားတဲ့ gudgeon pins ေတြေခ်ာင္ေနရင္ လဲလွယ္တာ

6️⃣. Engine head ျပဳျပင္တာ၊ valve seal ေတြ valve guide ေတြ အသစ္လဲလွယ္တာအစရွိတဲ့ ေငြကုန္ေၾကးက်မ်ားတဲ့ အင္ဂ်င္အစိတ္အပိုင္းေတြကို အကုန္အေသးစိတ္ျပဳျပင္ရမွာပါ။ ဒီအခ်က္ေတြကေတာ့ အင္ဂ်င္က်ေနၿပီလား❓ အင္ဂ်င္တစ္ခုလုံးခ်ၿပီး engine overhaul လုပ္ဖို႔လိုေနၿပီလား❓ ဆိုတာသိႏိုင္တဲ့ အေျခခံအခ်က္ေတြပါ။ ဒီအခ်က္ေတြကို သိရွိနားလည္ထားျခင္းျဖင့္ အင္ဂ်င္ အမွန္တကယ္ overhaul ျပဳျပင္ဖို႔လိုအပ္ေနၿပီလားဆိုတာ❓ ခန္႔မွန္းတြက္ခ်က္ႏိုင္ျပဳျပင္ႏိုင္ မွာပါ။
🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🛅🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔐🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑🔑သေဘာတရားေတြနားလည္၍
အသိပညာေတြ တိုးပြားကာ
ေကာင္းမြန္ေသာအတတ္ပညာျဖင့္
႐ိုးသားစြာ လုပ္ကိုင္ႏိုင္ၾကပါေစ
🖌🖌🖌🖌🖌🖌🖌🖌🖌🖌🖌🖌