<Unicode>
ဒီတစ်ခါပြောချင်တာ
"ဘယ်အချိန်မှာ အင်ဂျင်ဝိုင် လဲရမလဲ။"
အင်ဂျင်ဝိုင်ဟာ အသက်သွေးဖြစ်တယ်လို့ ကျနော် ရှည်ရှည်ဝေးဝေး ပြောခဲ့ပြီးပါပြီ။
ေရာဂါတစ်ခု မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်တယ်ဗျ။
ရောဂါဖြစ်ပြီဆိုတာနဲ့ ကုသလို့ အလွယ်တကူရနိုင်တာတွေ ရှိသလို လက်လျော့လိုက်ရတဲ့ ဆိုင်ကယ်ရောဂါတွေ ရှိပါတယ်။အစိတ်အပိုင်းတွေ ဖြုတ်ပြီး
အသစ်လဲလှယ်တပ်ဆင်တိုင်းမကောင်းနိုင်ပါဘူး။
ခွဲစိတ်ရပြီဆိုတာနဲ့ သူ့ နဂို အတိုင်းတော့ ပြန်ဖြစ်ဖို့
ရာခိုင်နှုန်းနည်းပါတယ်။သူ့ original ပစ္စည်းရနိုင်ရင် အကောင်းဆုံးပါ။ original နဲ့ အရည်အသွေး တူညီတာ ရရင်လည်း သိပ်မဆိုးလှသေးပါဘူး။ ဆိုးတာက တရုတ် အညံ့နဲ့ ယိုးဒယား မဟုတ်တဲ့ အတုတွေ က ရောဂါအတွက် ခဏပဲ သက်သာစေပြီး ထပ်ပြီး ဒုက္ခပေးတတ်ပါတယ်။
ကြိုတင်ကာကွယ် တဲ့ အလေ့အကျင့်မှာ
နှစ်မျိုးခွဲပြောပါရစေ။
၁။ဆိုင်ကယ် အင်ဂျင် ဝိုင်ဂရုတစိုက် လဲတဲ့ အကျင့်မွေးဖို့ရယ်
၂။အင်ဂျင်ဝိုင် ရဲ့ အကျိုးကျေးဇူးအပြည့်အဝရဖို့
ဘယ်လို အသုံးပြုရမယ် ဆိုတာရယ်ပါပဲ။
အင်ဂျင်ဝိုင် ကို ဘယ်လို အမျိုးအစားခွဲနိုင်လဲ ဆိုရင်
သူထုတ်လုပ်တဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ခွဲခြားရတာပါပဲ။
Car အတွက် ထုတ်လုပ်တာ ဆိုင်ကယ်မှာ သုံးလို့
အဆင်မပြေသလို ဆိုင်ကယ် အတွက် ထုတ်ထားတဲ့ အင်ဂျင်ဝိုင်ဟာ ကားနဲ့ မသင့်လျှော်ပါဘူး။
ကားအတွင်းပိုင်းမှာ ကလပ်မပါ ပေမယ့်လည်း
ဆိုင်ကယ်မှာ wet clutch ပါတဲ့အတွက် formula မတူကြပါ။
Car မှာတော့ Gasoline နဲ့ Diesel လို့ အင်ဂျင် နှစ်မျိုးရှိလို့ နှစ်မျိုးခွဲထုတ်ပါတယ်။
အဲ့ဒီ နှစ်မျိုးမှာ လည်း ဆီသား အမျိုးမျိုးနဲ့ လာပြီး
ဆီသား (အပြစ်အကျဲ)တစ်ခုတည်းကိုပဲ သုံးရမယ်လို့ ဘယ် ကားထုတ်လုပ်သူကမှ မဆိုထားပါဘူး။
နည်းပညာရှင်တွေကိုယ်တိုင်ကလည်း ရာသီ ဥတု ကွာခြားမှုတွေ နဲ့ လိုက်လျောညီထွေဖြစ်အောင်
ဆီသား အမျိုးမျိုးထုတ်လုပ်ထားတာပါ။
အရမ်းအေးလွန်းတဲ့ ဒေသတွေမှာ ဆီသား အကျဲတွေ သုံးကြပြီးတော့
အလွန်အမင်းပူတဲ့ အာရှ အာဖရိက ဒေသတွေမှာတော့ ဆီသား ပြစ်တာတွေ သုံးကြပါတယ်။
အဲ့ဒီ မှာ ဆီသား(အထူ အပါး)သတ်မှတ်ချက်လေး
ရှင်းပြပါ့မယ်။
ဥပမာ- 10w30SAE လို့ရေးထားရင်
သူက ဘယ်အတွက်လို့ ရည်ညွှန်းတာမဟုတ်ဘဲ
သူ့ ဆီသား အထူအပါး အနေအထားကို ဖော်ပြတာပါ။(ဆိုင်ကယ် အတွက် ထုတ်ထားရင် For motorcycle လို့ရေးပါတယ်)
သာမန် အပူချိန်မှာ ဆီသားအထူ 10Wရှိနေတယ်။
(10W ဆိုတာ ပင်လယ်ရေထက် ဆယ်ဆ လို့ ဆိုလိုတာပါ။)
အပူချိန် များလာလေ သူက ကြဲ မသွားအောင် နည်းပညာမြင့် ထုတ်လုပ်ထားတာပါ။
ပူရင် ကြဲမသွားဘူး။ ပိုပြစ်လာပါတယ်။ ဘယ်အထိပြစ်လဲ ဆိုရင် 30Wအထိပေါ့။သူ့ ဆီသားအထူက
အဆသုံးဆယ် ပြစ်လာတယ်။ သူ့မူလ ဆီသားထက်တော့ သုံးဆ ပိုပြစ်လာတာပေါ့။
အပူချိန် 100degree မှာ သူ့ ဆီသားက 30Wပဲ။
ဒါပေမယ့် ထပ်ပြီး မပြစ်နိုင်တော့ဘူး။ အဲ့ဒါ သူ့ပါဝါ အကုန်ပဲ။
ဆီသားပါးတာတွေကို စက်အင်ဂျင် အသစ်တွေမှာ အသုံးများကြတယ်။ လည်ပတ်အားပိုကောင်းမွန်စေဖို့ပေါ့။ တွေးကြည့်ပါ။ လေ တောင် အရမ်းတိုက်လာရင် အားတစ်ရပ်ဖြစ်လာတယ်။
ဆီသား ပြစ်တာက RPMများတဲ့ အခြေအနေမှာ
Resistance တစ်ခု(အနှောက်အယှက် တစ်ခု)ဖြစ်လာစေတယ်ဗျ။ လည်ပတ်တာကို ပိုပြီး အားကောင်းစေချင်ရင် အပါးသုံးတာ ပိုကောင်းတယ်ပေါ့ဗျာ။
ဟုတ်ပြီ ။ ပါးတဲ့ ဆီသားက အပူဒဏ် အထူထက် ပိုခံလားလို့မေးရင် အဲ့လို မဟုတ်ပါဘူးလို့ပြောရမယ်။
ဆီသားအထူ ဟာလည်း အပါးထက် ပိုပြီး အပူဒဏ် မခံနိုင်ပါဘူး။
ဒါပေမယ့် ဘာကြောင့် အချို့ ဘီးတွေမှာ 20W50တွေ သုံးနေလဲ မေးရင်တော့
သူက အင်ဂျင် ဆူနေတဲ့ ဘီးတွေကိုတော့
ညက်ညောတဲ့ အသံဖြစ်အောင် ဆူညံမှုတွေ လျှော့ချနိုင်လို့ပါ လို့ပဲ တိုတို ပြောပါရစေ။
အကျဘက်ရောက်နေတဲ့ ဘဲကြီးတွေ အတွက်တော့
အပြစ်ဟာ အကျဲ ထက် ပိုသင့်တော်ပါတယ်။
ပိုပြီးလည်း ညက်ညောမယ်။ အကျလည်း ပိုသက်သာစေပါလိမ့်မယ်။
မှားနေကြတဲ့အတွေးလေးတွေ ရှိတယ်ဗျ။
အင်ဂျင်ဝိုင်ဆိုတာဟာ တစ်ရက်ထက် တစ်ရက်
အိုမင်းလာတဲ့ သက်ရှိမဟုတ်ဘူးဆိုတာပါဘဲ။
မစီးဘဲ ဒီအတိုင်း ထားတဲ့ ဆိုင်ကယ်ဟာ အင်ဂျင် ဝိုင် ကျမှာ မဟုတ်ပါဘူး။ (သို့သော် မနှိုးဘဲ ကြာရှည်ပစ်ထားရင် ဆိုင်ကယ် အတွင်းပိုင်း ဆီမရှိတဲ့နေရာတွေမှာ သံတွေဟာ ရေငွေ့ကြောင့် သံချေးလိုက်လာမှာပါ)အင်ဂျင် ဝိုင်ကတော့ ကျမှာမဟုတ်ပါ။
ကျနော်တို့ သွားလာတဲ့ ခရီးနဲ့ တွက်ပြီး လဲလှယ်ရမှာပေါ့။ ကျနော် လဲတဲ့အတိုင်း ခင်ဗျားတို့ လဲ စရာမလိုဘူးနော်။ ခင်ဗျား စကေးနဲ့ ခင်ဗျားလဲရမှာ။
ကျနော့် ဆိုင်ကယ် တစ်လကို ကီလို ၃၀၀၀ ကျော်အောင် သွားရတယ်။ ကျနော်က ၂၀၀၀ ဆိုရင် တစ်ခါလဲတယ်။
ခင်ဗျားတို့လည်း မလဲခင် ကီလိုမီတာ မှတ်ထားပါ။
၂၀၀၀ ပြည့်တိုင်း သို့မဟုတ် ၃၀၀၀ပြည့်တိုင်း တစ်ကြိမ် လဲပါ။
ခြွင်းချက် အနေနဲ့ တစ်ခါတစ်ရံမှာ ခရီးဝေး သွားဖို့ ကြုံလာရင် ကီလို နညး်သေးပေမယ့် အသစ်လဲ ပြီးမှ ခရီးသွားစေချင်တယ်။
အင်ဂျင်လည်း သက်သာသလို လမ်းမှာလည်း
အင်ဂျင် ဂျမ့်ဖြစ်တာ ဘာညာ ပြသနာ မတတ်နိုင်အောင်ပေါ့။
Hight way မှာဆို တအိအိ ပဲ မောင်းတတ်တဲ့ လူကြီးတွေတောင် ၇၀ ၊၈၀ လောက် လှော်တတ်တယ်။
ဟဲ ဟဲ... လူငယ်တွေလား ။ မေးမနေနဲ့ ဗျို့။
လီဗာကုန် ဖြဲ ပြီးသားပဲ။
နောက် မှတ်သင့်တာလေး ပြောပါ့မယ်။
အင်ဂျင်ပါကင်မှာ သူ့ Or မီးဆေးဆီပါပါတယ်။
0 km ကနေ 500km ဖြည်းဖြည်းမောင်းပါတဲ့။
(အချို့ ဆရာများကတော့ အရှိန်ပြင်းပြင်းလေးမောင်းပြီး အသားကျအောင် လုပ်ပါတဲ့)
500km ပြည့်ရင် လဲ ရမယ်။
500Km to 1500 km(1000km ပြည့်ရင် လဲမယ်)
1500km to 3000km(1500km ပြည့်ရင် လဲမယ်)
3000km to 5000km( 2000km ပြည့်ရင် လဲရမယ်)
5000km to 8000km(3000km ပြည့်ရင် လဲရမယ်တဲ့)
User manual ကဆိုတာ။နောက်တော့ ကီလိုမီတာ ၃၀၀၀ပြည့်တိုင်း တစ်ကြိမ်လဲပါတဲ့။
ကျနော်ကတော့ အလယ်အလတ်ပဲ ထည့်သုံးနိုင်လို့ ၂၀၀၀ ကီလိုမီတာ ဆိုရင် တစ်ကြိမ်လဲပါတယ်ခင်ဗျာ။
အင်ဂျင် ဝိုင်လဲ တာကြောင့် ဆိုင်ကယ် အတွက်အပြည့်အဝ စိတ်မချရသေးဘူးနော်။
ဂရုစိုက်ပြီး မှန်မှန်ကန်ကန် သုံးတတ် ခိုင်းတတ်ဖို့ လိုသေးတယ်။
မနက် စစချင်းမှာ သူ့ကို သွေးပူလေ့ကျင့်ခန်းပေးရမယ်ဗျ။ မိတ်ဆွေက ဘီး အသစ်ကလေးရှိတယ် ဆိုရင်တော့ သော့မဖွင့်ခင် ကစ်သုံးလေးချက်တော့ နင်းပေးပါ။
နောက် မှ သော့ဖွင့်ပါ။ ချုပ်ဆွဲပါ။ ကစ်နဲ့ နှိုးပါ။
Battery အတွက် အသက်ရှည်စေပါလိ်မ့်မယ်။
ချုပ်ဆွဲရင် အကျင့်ပါတတ်တယ်လို့ ဘယ်သူ တီထွင်တယ် မသိဘူး။ ချုပ်မဆွဲချင်ကြဘူးဗျ။
ချုပ်ဆွဲရတာ က နာရီအကြာကြီး ရပ်ထားတဲ့အခါ
ကာဘရိုက်တာ ထဲမှာ ဆီအငွေ့ပျံပြီး ဆီပမာဏ လျော့နေလို့ ဆွဲရတာပါ။
အဲ့ဒီ အခါ လွယ်လွယ်ကူကူ နိုးပါလိမ့်မယ်။ ဆီပို ကြွေးလိုက်တာပေါ့လေ။ စက်နိုးပြီး တအောင့်လောက်နေမှ ချုပ်ချပါ။ အချို့ဘီးတွေမှာ ဆို အင်ဂျင် ပူမှ ကို ချုပ်ပြန်ချလို့ရပါတယ်။
နောက် အင်ဂျင် ဝိုင် ကောင်းရက်နဲ့ အင်ဂျင် မထိခိုက်စေဖို့ စထွက်ထွက်ချင်း အလျင်စလို မထွက်ပါနဲ့ ။ အရှိန် ချက်ချင်းမမြှင့် ပါနဲ့။ တဖြည်းဖြည်းချင်းသာ အရှိန်တင်ပါ။
မနက်ခင်းသာမဟုတ် ။ စထွက်တိုင်းမှာ သတိရှိပါစေ။
ဆိုင်ကယ်ရောဂါ ကြိုတင် ကာကွယ် တတ်ကြပါစေ။
ကိုဖြိုး
(ဝါသနာရှင် တစ်ဦး)
<Zawgyi>
ဒီတစ္ခါေျပာခ်င္တာ
"ဘယ္အခ်ိန္မွာ အင္ဂ်င္ဝိုင္ လဲရမလဲ။"
အင္ဂ်င္ဝိုင္ဟာ အသက္ေသြးျဖစ္တယ္လို႔ က်ေနာ္ ရွည္ရွည္ေဝးေဝး ေျပာခဲ့ၿပီးပါၿပီ။
ေရာဂါတစ္ခု မျဖစ္ခင္ ႀကိဳတင္ကာကြယ္တာ အေကာင္းဆုံးျဖစ္တယ္ဗ်။
ေရာဂါျဖစ္ၿပီဆိုတာနဲ႔ ကုသလို႔ အလြယ္တကူရႏိုင္တာေတြ ရွိသလို လက္ေလ်ာ့လိုက္ရတဲ့ ဆိုင္ကယ္ေရာဂါေတြ ရွိပါတယ္။အစိတ္အပိုင္းေတြ ျဖဳတ္ၿပီး
အသစ္လဲလွယ္တပ္ဆင္တိုင္းမေကာင္းႏိုင္ပါဘူး။
ခြဲစိတ္ရၿပီဆိုတာနဲ႔ သူ့ နဂို အတိုင္းေတာ့ ျပန္ျဖစ္ဖို႔
ရာခိုင္ႏႈန္းနည္းပါတယ္။သူ့ original ပစၥည္းရႏိုင္ရင္ အေကာင္းဆုံးပါ။ original နဲ႔ အရည္အေသြး တူညီတာ ရရင္လည္း သိပ္မဆိုးလွေသးပါဘူး။ ဆိုးတာက တ႐ုတ္ အညံ့နဲ႔ ယိုးဒယား မဟုတ္တဲ့ အတုေတြ က ေရာဂါအတြက္ ခဏပဲ သက္သာေစၿပီး ထပ္ၿပီး ဒုကၡေပးတတ္ပါတယ္။
ႀကိဳတင္ကာကြယ္ တဲ့ အေလ့အက်င့္မွာ
ႏွစ္မ်ိဳးခြဲေျပာပါရေစ။
၁။ဆိုင္ကယ္ အင္ဂ်င္ ဝိုင္ဂ႐ုတစိုက္ လဲတဲ့ အက်င့္ေမြးဖို႔ရယ္
၂။အင္ဂ်င္ဝိုင္ ရဲ႕ အက်ိဳးေက်းဇူးအျပည့္အဝရဖို႔
ဘယ္လို အသုံးျပဳရမယ္ ဆိုတာရယ္ပါပဲ။
အင္ဂ်င္ဝိုင္ ကို ဘယ္လို အမ်ိဳးအစားခြဲႏိုင္လဲ ဆိုရင္
သူထုတ္လုပ္တဲ့ ရည္ရြယ္ခ်က္ေပၚမူတည္ၿပီး ခြဲျခားရတာပါပဲ။
Car အတြက္ ထုတ္လုပ္တာ ဆိုင္ကယ္မွာ သုံးလို႔
အဆင္မေျပသလို ဆိုင္ကယ္ အတြက္ ထုတ္ထားတဲ့ အင္ဂ်င္ဝိုင္ဟာ ကားနဲ႔ မသင့္ေလွ်ာ္ပါဘူး။
ကားအတြင္းပိုင္းမွာ ကလပ္မပါ ေပမယ့္လည္း
ဆိုင္ကယ္မွာ wet clutch ပါတဲ့အတြက္ formula မတူၾကပါ။
Car မွာေတာ့ Gasoline နဲ႔ Diesel လို႔ အင္ဂ်င္ ႏွစ္မ်ိဳးရွိလို႔ ႏွစ္မ်ိဳးခြဲထုတ္ပါတယ္။
အဲ့ဒီ ႏွစ္မ်ိဳးမွာ လည္း ဆီသား အမ်ိဳးမ်ိဳးနဲ႔ လာၿပီး
ဆီသား (အျပစ္အက်ဲ)တစ္ခုတည္းကိုပဲ သုံးရမယ္လို႔ ဘယ္ ကားထုတ္လုပ္သူကမွ မဆိုထားပါဘူး။
နည္းပညာရွင္ေတြကိုယ္တိုင္ကလည္း ရာသီ ဥတု ကြာျခားမႈေတြ နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္
ဆီသား အမ်ိဳးမ်ိဳးထုတ္လုပ္ထားတာပါ။
အရမ္းေအးလြန္းတဲ့ ေဒသေတြမွာ ဆီသား အက်ဲေတြ သုံးၾကၿပီးေတာ့
အလြန္အမင္းပူတဲ့ အာရွ အာဖရိက ေဒသေတြမွာေတာ့ ဆီသား ျပစ္တာေတြ သုံးၾကပါတယ္။
အဲ့ဒီ မွာ ဆီသား(အထူ အပါး)သတ္မွတ္ခ်က္ေလး
ရွင္းျပပါ႔မယ္။
ဥပမာ- 10w30SAE လို႔ေရးထားရင္
သူက ဘယ္အတြက္လို႔ ရည္ၫႊန္းတာမဟုတ္ဘဲ
သူ့ ဆီသား အထူအပါး အေနအထားကို ေဖာ္ျပတာပါ။(ဆိုင္ကယ္ အတြက္ ထုတ္ထားရင္ For motorcycle လို႔ေရးပါတယ္)
သာမန္ အပူခ်ိန္မွာ ဆီသားအထူ 10Wရွိေနတယ္။
(10W ဆိုတာ ပင္လယ္ေရထက္ ဆယ္ဆ လို႔ ဆိုလိုတာပါ။)
အပူခ်ိန္ မ်ားလာေလ သူက ႀကဲ မသြားေအာင္ နည္းပညာျမင့္ ထုတ္လုပ္ထားတာပါ။
ပူရင္ ႀကဲမသြားဘူး။ ပိုျပစ္လာပါတယ္။ ဘယ္အထိျပစ္လဲ ဆိုရင္ 30Wအထိေပါ႔။သူ့ ဆီသားအထူက
အဆသုံးဆယ္ ျပစ္လာတယ္။ သူ့မူလ ဆီသားထက္ေတာ့ သုံးဆ ပိုျပစ္လာတာေပါ႔။
အပူခ်ိန္ 100degree မွာ သူ့ ဆီသားက 30Wပဲ။
ဒါေပမယ့္ ထပ္ၿပီး မျပစ္ႏိုင္ေတာ့ဘူး။ အဲ့ဒါ သူ့ပါဝါ အကုန္ပဲ။
ဆီသားပါးတာေတြကို စက္အင္ဂ်င္ အသစ္ေတြမွာ အသုံးမ်ားၾကတယ္။ လည္ပတ္အားပိုေကာင္းမြန္ေစဖို႔ေပါ႔။ ေတြးၾကည့္ပါ။ ေလ ေတာင္ အရမ္းတိုက္လာရင္ အားတစ္ရပ္ျဖစ္လာတယ္။
ဆီသား ျပစ္တာက RPMမ်ားတဲ့ အေျခအေနမွာ
Resistance တစ္ခု(အေႏွာက္အယွက္ တစ္ခု)ျဖစ္လာေစတယ္ဗ်။ လည္ပတ္တာကို ပိုၿပီး အားေကာင္းေစခ်င္ရင္ အပါးသုံးတာ ပိုေကာင္းတယ္ေပါ႔ဗ်ာ။
ဟုတ္ၿပီ ။ ပါးတဲ့ ဆီသားက အပူဒဏ္ အထူထက္ ပိုခံလားလို႔ေမးရင္ အဲ့လို မဟုတ္ပါဘူးလို႔ေျပာရမယ္။
ဆီသားအထူ ဟာလည္း အပါးထက္ ပိုၿပီး အပူဒဏ္ မခံႏိုင္ပါဘူး။
ဒါေပမယ့္ ဘာေၾကာင့္ အခ်ိဳ႕ ဘီးေတြမွာ 20W50ေတြ သုံးေနလဲ ေမးရင္ေတာ့
သူက အင္ဂ်င္ ဆူေနတဲ့ ဘီးေတြကိုေတာ့
ညက္ေညာတဲ့ အသံျဖစ္ေအာင္ ဆူညံမႈေတြ ေလွ်ာ့ခ်ႏိုင္လို႔ပါ လို႔ပဲ တိုတို ေျပာပါရေစ။
အက်ဘက္ေရာက္ေနတဲ့ ဘဲႀကီးေတြ အတြက္ေတာ့
အျပစ္ဟာ အက်ဲ ထက္ ပိုသင့္ေတာ္ပါတယ္။
ပိုၿပီးလည္း ညက္ေညာမယ္။ အက်လည္း ပိုသက္သာေစပါလိမ့္မယ္။
မွားေနၾကတဲ့အေတြးေလးေတြ ရွိတယ္ဗ်။
အင္ဂ်င္ဝိုင္ဆိုတာဟာ တစ္ရက္ထက္ တစ္ရက္
အိုမင္းလာတဲ့ သက္ရွိမဟုတ္ဘူးဆိုတာပါဘဲ။
မစီးဘဲ ဒီအတိုင္း ထားတဲ့ ဆိုင္ကယ္ဟာ အင္ဂ်င္ ဝိုင္ က်မွာ မဟုတ္ပါဘူး။ (သို႔ေသာ္ မႏႈိးဘဲ ၾကာရွည္ပစ္ထားရင္ ဆိုင္ကယ္ အတြင္းပိုင္း ဆီမရွိတဲ့ေနရာေတြမွာ သံေတြဟာ ေရေငြ႕ေၾကာင့္ သံေခ်းလိုက္လာမွာပါ)အင္ဂ်င္ ဝိုင္ကေတာ့ က်မွာမဟုတ္ပါ။
က်ေနာ္တို႔ သြားလာတဲ့ ခရီးနဲ႔ တြက္ၿပီး လဲလွယ္ရမွာေပါ႔။ က်ေနာ္ လဲတဲ့အတိုင္း ခင္ဗ်ားတို႔ လဲ စရာမလိုဘူးေနာ္။ ခင္ဗ်ား စေကးနဲ႔ ခင္ဗ်ားလဲရမွာ။
က်ေနာ့္ ဆိုင္ကယ္ တစ္လကို ကီလို ၃၀၀၀ ေက်ာ္ေအာင္ သြားရတယ္။ က်ေနာ္က ၂၀၀၀ ဆိုရင္ တစ္ခါလဲတယ္။
ခင္ဗ်ားတို႔လည္း မလဲခင္ ကီလိုမီတာ မွတ္ထားပါ။
၂၀၀၀ ျပည့္တိုင္း သို႔မဟုတ္ ၃၀၀၀ျပည့္တိုင္း တစ္ႀကိမ္ လဲပါ။
ႁခြင္းခ်က္ အေနနဲ႔ တစ္ခါတစ္ရံမွာ ခရီးေဝး သြားဖို႔ ႀကဳံလာရင္ ကီလို နညး်ေသးေပမယ့္ အသစ္လဲ ၿပီးမွ ခရီးသြားေစခ်င္တယ္။
အင္ဂ်င္လည္း သက္သာသလို လမ္းမွာလည္း
အင္ဂ်င္ ဂ်မ့္ျဖစ္တာ ဘာညာ ျပသနာ မတတ္ႏိုင္ေအာင္ေပါ႔။
Hight way မွာဆို တအိအိ ပဲ ေမာင္းတတ္တဲ့ လူႀကီးေတြေတာင္ ၇၀ ၊၈၀ ေလာက္ ေလွာ္တတ္တယ္။
ဟဲ ဟဲ... လူငယ္ေတြလား ။ ေမးမေနနဲ႔ ဗ်ိဳ႕။
လီဗာကုန္ ၿဖဲ ၿပီးသားပဲ။
ေနာက္ မွတ္သင့္တာေလး ေျပာပါ႔မယ္။
အင္ဂ်င္ပါကင္မွာ သူ့ Or မီးေဆးဆီပါပါတယ္။
0 km ကေန 500km ျဖည္းျဖည္းေမာင္းပါတဲ့။
(အခ်ိဳ႕ ဆရာမ်ားကေတာ့ အရွိန္ျပင္းျပင္းေလးေမာင္းၿပီး အသားက်ေအာင္ လုပ္ပါတဲ့)
500km ျပည့္ရင္ လဲ ရမယ္။
500Km to 1500 km(1000km ျပည့္ရင္ လဲမယ္)
1500km to 3000km(1500km ျပည့္ရင္ လဲမယ္)
3000km to 5000km( 2000km ျပည့္ရင္ လဲရမယ္)
5000km to 8000km(3000km ျပည့္ရင္ လဲရမယ္တဲ့)
User manual ကဆိုတာ။ေနာက္ေတာ့ ကီလိုမီတာ ၃၀၀၀ျပည့္တိုင္း တစ္ႀကိမ္လဲပါတဲ့။
က်ေနာ္ကေတာ့ အလယ္အလတ္ပဲ ထည့္သုံးႏိုင္လို႔ ၂၀၀၀ ကီလိုမီတာ ဆိုရင္ တစ္ႀကိမ္လဲပါတယ္ခင္ဗ်ာ။
အင္ဂ်င္ ဝိုင္လဲ တာေၾကာင့္ ဆိုင္ကယ္ အတြက္အျပည့္အဝ စိတ္မခ်ရေသးဘူးေနာ္။
ဂ႐ုစိုက္ၿပီး မွန္မွန္ကန္ကန္ သုံးတတ္ ခိုင္းတတ္ဖို႔ လိုေသးတယ္။
မနက္ စစခ်င္းမွာ သူ့ကို ေသြးပူေလ့က်င့္ခန္းေပးရမယ္ဗ်။ မိတ္ေဆြက ဘီး အသစ္ကေလးရွိတယ္ ဆိုရင္ေတာ့ ေသာ့မဖြင့္ခင္ ကစ္သုံးေလးခ်က္ေတာ့ နင္းေပးပါ။
ေနာက္ မွ ေသာ့ဖြင့္ပါ။ ခ်ဳပ္ဆြဲပါ။ ကစ္နဲ႔ ႏႈိးပါ။
Battery အတြက္ အသက္ရွည္ေစပါလိ္မ့္မယ္။
ခ်ဳပ္ဆြဲရင္ အက်င့္ပါတတ္တယ္လို႔ ဘယ္သူ တီထြင္တယ္ မသိဘူး။ ခ်ဳပ္မဆြဲခ်င္ၾကဘူးဗ်။
ခ်ဳပ္ဆြဲရတာ က နာရီအၾကာႀကီး ရပ္ထားတဲ့အခါ
ကာဘ႐ိုက္တာ ထဲမွာ ဆီအေငြ႕ပ်ံၿပီး ဆီပမာဏ ေလ်ာ့ေနလို႔ ဆြဲရတာပါ။
အဲ့ဒီ အခါ လြယ္လြယ္ကူကူ ႏိုးပါလိမ့္မယ္။ ဆီပို ေႂကြးလိုက္တာေပါ႔ေလ။ စက္ႏိုးၿပီး တေအာင့္ေလာက္ေနမွ ခ်ဳပ္ခ်ပါ။ အခ်ိဳ႕ဘီးေတြမွာ ဆို အင္ဂ်င္ ပူမွ ကို ခ်ဳပ္ျပန္ခ်လို႔ရပါတယ္။
ေနာက္ အင္ဂ်င္ ဝိုင္ ေကာင္းရက္နဲ႔ အင္ဂ်င္ မထိခိုက္ေစဖို႔ စထြက္ထြက္ခ်င္း အလ်င္စလို မထြက္ပါနဲ႔ ။ အရွိန္ ခ်က္ခ်င္းမျမႇင့္ ပါနဲ႔။ တျဖည္းျဖည္းခ်င္းသာ အရွိန္တင္ပါ။
မနက္ခင္းသာမဟုတ္ ။ စထြက္တိုင္းမွာ သတိရွိပါေစ။
ဆိုင္ကယ္ေရာဂါ ႀကိဳတင္ ကာကြယ္ တတ္ၾကပါေစ။
ကိုၿဖိဳး
(ဝါသနာရွင္ တစ္ဦး)