Clutch(ကလပ်) အကြောင်းလေးလေ့လာကြည့်ရအောင် ပညာသင်ညီကိုတို့ရေ.........
.......(ကလပ်)ဆိုတာကို သိပီးသားဖြစ်ပေမဲ့ (clutch)ကိုဘယ်လိုဖွဲ့စည်းထားလဲ ? ဘယ်လိုအလုပ်ကိုလုပ်ဆောင်ပေးလဲ? ကလပ်ဘယ်နှစ်မျိုးရှိလဲ ? စတဲ့အချက်တေကို လေ့လားနေဆဲ ပညာသင်ညီကိုများ ကိုဗဟုသုတရစေဖို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်.......
ကလပ်(clutch)ကို ဘယ်လိုဖွဲ့စည်းထားလဲလေ့လာကြည့်ရအောင်..အင်ဂျင်တစ်လုံးရဲ့ (transmission)ထွန်ရ်စမေးရှင်းလို့ခေါ်တဲ့ ဂီယာဘောက်တေ ဖလိုင်းဝှီးလို့ခေါ်တဲ့ ခိုပင်နံယံအကြီးတေ ဂီယာတံတေ စတဲ့အဖွဲ့စည်းတေနဲ့ဆီလျှော်အောင်ချိတ်ဆက်ထားပါတယ်။ အင်ဂျင်ရဲ့လည်ပတ်မှုစွမ်းအင်တေမှတဆင့် ဖလိုင်းဝှီးဝှီးကိုကူးပြောင်းပေးကာ ဖလိုင်းဝှီးမှဂီယာဘောက်သို့၊ ဂီယာဘောက်မှတဆင့် ဘီးကိုလိမ့်စေကာ လယ်ပတ်ချင်းစွမ်းအင်မှတဆင့် ရွေ့လျှားခြင်းစွမ်းအင်သို့ ပြောင်းလဲပေးတဲ့လုပ်ငန်းကို လုပ်ဆောင်ပေးတာပဲဖစ်ပါတယ်.....
ကလပ်က်ိုအများအားဖြင့်ခွဲ (၃)မျုိး တွေ့ရပါတယ်...
1.semi Auto (တစ်ဝက်တပျက်အောင်တိုပါ)-ကလပ်မပါပဲ ဂီယာထိုးနိုင်တဲ့ကလပ်
2.manual clutch (လူကိုယ်တိုင် ကလပ်ဆွဲညှစ်မှ ဂီယာထိုးရတဲ့ကလပ်)
3.fully auto (ကလပ်ရော / ဂီယာရော ထိုးစရာမလိုပဲ အလိုလျှောက်ချိန်းပြောင်းပေးတဲ့ကလပ် အဖွဲစည်း)
ဒီ ကလပ် သုံးမျိုး ကိုတော့မြင်တွေ့နေကြဖြစ်လို့ စာဖက်ကိုဆုံးအောင်ဖက်ပီးတာနဲ့. လုပ်ဆောင်ပုံတေကိုနားလည်မယ်လို့ယုံကြည်ပါတယ်.......
1.Semi-Auto(တဝက်တပျက်အော်တို)
အကြမ်းမျဉ်းအားဖြင့် 110.125.တရုတ်ဘီး.(ကလပ်ညစ်စရာ)မပါလာတဲ ဂီယာထိုးတာနဲ့ကလပ်ပါတစ်ခါတည်းတွဲပီးလုပ်ဆောင်ပေးတဲ့ဘီးအမျိုးစားတေကို (semi auto clutch)လို့ခေါ်တာဖြစ်ပါတယ်......
(Semi Auto) တစ်ဝက်တစ်ပျက်အော်တိုဆိုတာနဲ့ ကလပ်အုံ အပြင် ဂါဗနာ စနစ်တစ်ခုလဲ ပါလာပါတယ်..
...ကလပ်နဲ့ ဂါဗနာ နှစ်ခုဟာ ပူးပေါင်းကာ လုပ်ငန်းနှစ်မျိုးကို လုပ်ဆောင်ပေးတယ်...
ကလပ်ဟာ ဂီယာထိုးလိုက်တာနဲ့ ယုံနားရွက်လို့ခေါ်တဲ့ (ကလပ်အုံ ဘိ)သုံးလုံးဘောဆံလေးဟာ ကလပ်ကို free ဖရီးဖြစ်အောင်ဖိချပေးတယ် လိုအပ်တဲ့ဂီယာရောက်တာနဲ့ ပြန်ခွာပေးကာ ဂီယာဘောက်ကို လည်ပတ်အားထုတ်ပေးတယ် ...ဘီးလိမ့်ဘို့ကိုတော့ ဂါဗနာ ကဆက်လက်တာဝန်ယူရပါတယ်။
ကစ်နင်းတဲ့အခါ ကစ်ချိတ်ဖို့ ၊ စက်နိုးဖို့ကို ဝရစ်ချက်လို့ခေါ်တဲ့ တစ်ဖက်သပ်ပဲချိတ်ပေးတဲ့ ပင်နံယံတစ်ခုစီကို ဂါဗနာနဲ့ ကလပ်အုံကြားမှာချိတ်ဆက်ပေးထားပါတယ်......
(Semi-Auto Clutch) ကိုကောက်နုတ်ကြည့်မယ်ဆိုရင် ...
ကလပ်(clutch)ဟာ ဂီယာထိုးရင် ဖိ/ခွာ လုပ်ပေးဖို့
ဂီယာဘောက်နဲ့ ယာယီအဆက်သွယ်ဖြတ်ပေးဖို့
ကစ်နင်းရင်ကစ်ချိတ်ပေးဖို့ လုပ်ပေးတယ်...
..ဂါဗနာ ဆိုတာ (ဗဟိုခွာအားပါ) လီဗာမဆွဲခင်အချိန် စက်နိုးအနေထားမှာ အနည်းငယ်လေးမျှသာလည်တယ် ။
လီဘာဆွဲလိုက်တာနဲ့ သတ်မှတ်ထားတဲ့ အပတ်ရည်ရောက်တာနဲ့စပီး ရှုးတုံးဟာ ကားတက်လာပီး ဂါဗနာကန်တော့ကိုပွတ်ဆွဲပီးဘီးလိမ့်ဖို့အတွက် ကလပ်အုံကိုလယ်ပတ်အားတေပို့ ကလပ် ကတဆင့် ဂီယာဘောက်သို့လွှဲပြောင်းပေးကာ ဘီးလိမ့်ခြင်းကိုဖြစ်စေပါတယ်။....ဂါဗနာက ဘီးလိမ့်ဘို့အဓိကလုပ်ဆောင်ပါတယ်....
Manual Clutch (လူကိုတိုင် ကလပ်ညစ်ရတဲ့ ကလပ်ပါ)..
မန်နျူရယ် ကလပ်ကိုဘီးကြီးအများစုမှာတွေ့ရပါတယ် သူကြတော့ ဆီမီးအော်တိုလို ဂီယာထိုးတာနဲ့ကလပ်ပါရောအလုပ်လုပ်တာမဟုတ်တော့ဘူး။ ဖရီးလုပ်ပေးဖို့ ဘယ်ဘက် လက်ကိုင်မှာ ကလပ်က်ို သပ်သပ်ထည့်ပေးထားတယ် ။ဂီယာပြောင်းတိုင်း ကလပ် ကိုဆွဲညှစ်ပေးရပါတယ် ဂါဗနာမပါတော့ပါဘူး ဂါဗနာနေရာမှာ ဖလိုင်းဝှီးအသေးနဲ့ ခိုပင်နံယံလေးအစားထိုးထားပါတယ် ။ manual clutch မှာ ကောင်တဲ့အချက်တေက
ကိုယ်ပြောင်းလဲချင်တဲ့ဂီယာ ကိုကျော်ခွလို့ရပါတယ် အရုန်းဆွဲလဲကောင်းတယ် ။.....
ဘီးလိမ့်ဘို့အတွက်ကို ကလပ်တေကပဲလုပ်ပေးရသလို ဂီယာထိုးရင်ခွာပေးတဲ့အလုပ်ကို ပါလုပ်ပေးရပါတယ်
သူ့မှာက. ကလပ်နဲ့ဆိုတော့လူတိုင်း အလွယ်တကူစီးလို့မရပါဘူး.
ဘာလို့လဲဆိုတော့ ကလပ်မလွှတ်တက်ရင် စက်ခနခနသေမယ်
မီးပိုင့်/လူထူတဲ့နေရာတေမှာ မကျွမ်းကျင်ရင် အဆင်မပြေနိုင်ပါဘူး
ယဉ်အကျော်တေမှာ ရုတ်တရက် ကလပ်ကစားတာမမှန်ရင်ထိုးရပ်သွားနိုင်ပါတယ်....စာရှည်ရင်ဖတ်ရတာပြင်းမှာဆိုးလို့ အတိုချုံ့နိုင်သလောက်ချံရေးထားပါတယ် နားလည်ပေးကြပါ ညီကိုတို့
နားလည်ရလွယ်ကူအောင်တော့အတက်နိုင်ဆုံး ရေးသားထားပါတယ်...
Fully Auto (အပြည့်အဝအော်တို)
Auto.တေမှာကြတော့ ကိုယ်တိုင်ဂီယာထိုးစရာ မလိုတော့သလို ကလပ်လဲပါမလာတော့ပါဘူး..
လမ်မ်းအခြေနေနဲ့ မောင်းနှင်နေတဲ့အရှိန်ကိုတွက်ချက်ကာ လိုအပ်မဲ့ဂီယာက်ို အလိုလျှောက်ချိန်ဆက်/ပြောင်းလဲပေးတာပဲဖစ်ပါတယ်။ လျှပ်စစ်ထိန်းချူပ်မှု့ တည်ဆောက်ထားတာဖြစ်ပါတယ်။
Fully Auto အသုံးပြုထားတဲ့ဘီးမျိုးကိုကြည့်ရင်တော့မောင်နှင်ရတာလွယ်ကူသလို မောင်းသူရဲ့စိတ်ကိုလဲကြည်နူးမှု့ရှိစေပါတယ်........
မပည့်စုံမှု့တေ တွေ့ခဲ့ရင်လဲနားလည်ပေးကြပါဆရာတို့ လေ့လာနေဆဲ ပညာသင်ညီကိုများအတွက် မျှဝေပေးခြင်းဖြစ်ပါတယ် ...........စာဖက်သူအပေါင်းတို့ ပညာပြည့်ဝကြပါစေ ..တိုးတက်အောင်မြင်ကြပါစေ....
..............ဦးရဲထက် .င.သ.ခ.မြို့
<Zawgyi>
ကလပ်ကိုအများအားဖြင့်ခွဲ (၃)မျိုး တွေ့ရပါတယ်...