EFI ဆိုင်ကယ်ပြုပြင်နည်းများ
EFI ဆိုင်ကယ်ပြုပြင်နည်းများ
Honda EFI ဆိုင်ကယ် Click, Scoppy, Wave တွေမှာ အင်ဂျင်မနိူးဘူးဆိုရင် လုပ်ဆောင်ရမဲ့အချက် ၆ ချက်ရှိတယ် -
၅။Ignition coil ကောင်းမကောင်းစစ်ဆေးရမယ်။
Ignition coil ကို၀င်တဲ့ ဝါယာရိန်းကို စစ်ဆေးကြည့်ရမယ်။Ignition coil ကို၀င်တဲ့ ဝါယာကြိုး၂ကြိုးကိုဖြုတ်ပြီးတော့ အချက်ပြမီးသီးတစ်လုံးလောက်ယူထားပါ။Ignition coil နံပတ် ၁ကြိုးကို မီးသီးလုံးကြိုးတစ်စထိုးထားပါ မီးသီးလုံးကကျန်ကြိုးတစ်ချောင်းကို ဘက်ထရီအိုးက အနုတ်ကြိုးနဲ့ထိုးထားပြီးတော့ သော့ဖွင့်လိုက်မယ်ဆိုရင်မီးလင်းပါတယ်။မီးမလင်းဘူးဆိုရင်တော့ fuse, relay တို့စစ်ဆေးရပါမယ်။ fuse, relay တို့ကောင်းနေရင်တော့ ဝါယာကြိုးပြတ်မပြတ်စစ်ဆေးရပါမယ်။
Ignition coil ဆော့ကက်က နံပတ်၁ကြိုးကို မီးသီးလုံးကြိုးတစ်စထိုးထားပါ မီးသီးလုံးကကျန်ကြိုးတစ်ချောင်းကို နံပတ်၂ ကြိုးနဲ့ထိုးထားပြီးတော့ သော့ဖွင့်် ပြီးတော့စတတ်ဆွဲလိုက်တဲ့အချိန်မှာလင်းနေလိမ့်မယ်။မလင်းဘူးဆိုရင်တော့ နံပတ် ၂၀ါယာကြိုးပြတ်မပြတ်စစ်ဆေးရပါမယ်။နံပတ် ၂၀ါယာကြိုးကောင်းနေရင်တော့ ကွန်ထိုးဘောက်လဲရပါမယ်။
ကွိုင်ကို၀င်တဲ့ ဝါယာရိန်း ကောင်း၊ မကောင်း ဘယ်လိုပြုပြင်မလဲဆိုတာကို ဖော်ပြပြီးတဲ့နောက်မှာတော့ ကွိုင်ကောင်း၊ မကောင်းကို ဘယ်လိုစမ်းသပ်မလဲဆိုတော့ ကွိုင်ပလပ်ခေါင်း ဆော့ကပ်ကိုဖြုတ်ပြီးတော့ စပတ်ပလပ်အပိုတစ်ခုကို ကွိုင်ပလပ်ခေါင်းမှာတပ်၊ Start ဆွဲ စက်နှိုးလိုက်မယ်ဆိုရင် ကွိုင်ကမီးထွက်ရပါမယ်။ မီးမထွက်ဘူးဆိုရင်တော့ ကွိုင်အသစ်လဲရပါမယ်။
၆။ECU(Engine Control Unit) ကောင်းမကောင်းစစ်ဆေးရမယ်။
ပြစ်ချက်ကုဒ်၁ကနေ၅အထိစစ်ဆေးလိုက်မယ်ဆိုရင် ECU(Engine Control Unit)ကောင်းမကောင်းကိုသိရှိပြီးသားဖြစ်ပါလိမ့်မယ်။
Credit: AUTOMOBILE Weekly Car Journal
efiလမ်းညွှန်များကို ယခုအခြေခံနည်းပညာတွင် တင်ပေးသွားမည်ဖြစ်ပါတယ်
<Zawgyi>
EFI ဆိုင္ကယ္ျပဳျပင္နည္းမ်ား
EFI ဆိုင္ကယ္ျပဳျပင္နည္းမ်ား
Honda EFI ဆိုင္ကယ္ Click, Scoppy, Wave ေတြမွာ အင္ဂ်င္မနိူးဘူးဆိုရင္ လုပ္ေဆာင္ရမဲ့အခ်က္ ၆ ခ်က္ရွိတယ္ -
၅။Ignition coil ေကာင္းမေကာင္းစစ္ေဆးရမယ္။
Ignition coil ကို၀င္တဲ့ ဝါယာရိန္းကို စစ္ေဆးၾကည့္ရမယ္။Ignition coil ကို၀င္တဲ့ ဝါယာႀကိဳး၂ႀကိဳးကိုျဖဳတ္ၿပီးေတာ့ အခ်က္ျပမီးသီးတစ္လုံးေလာက္ယူထားပါ။Ignition coil နံပတ္ ၁ႀကိဳးကို မီးသီးလုံးႀကိဳးတစ္စထိုးထားပါ မီးသီးလုံးကက်န္ႀကိဳးတစ္ေခ်ာင္းကို ဘက္ထရီအိုးက အႏုတ္ႀကိဳးနဲ႔ထိုးထားၿပီးေတာ့ ေသာ့ဖြင့္လိုက္မယ္ဆိုရင္မီးလင္းပါတယ္။မီးမလင္းဘူးဆိုရင္ေတာ့ fuse, relay တို႔စစ္ေဆးရပါမယ္။ fuse, relay တို႔ေကာင္းေနရင္ေတာ့ ဝါယာႀကိဳးျပတ္မျပတ္စစ္ေဆးရပါမယ္။
Ignition coil ေဆာ့ကက္က နံပတ္၁ႀကိဳးကို မီးသီးလုံးႀကိဳးတစ္စထိုးထားပါ မီးသီးလုံးကက်န္ႀကိဳးတစ္ေခ်ာင္းကို နံပတ္၂ ႀကိဳးနဲ႔ထိုးထားၿပီးေတာ့ ေသာ့ဖြင့္္ ၿပီးေတာ့စတတ္ဆြဲလိုက္တဲ့အခ်ိန္မွာလင္းေနလိမ့္မယ္။မလင္းဘူးဆိုရင္ေတာ့ နံပတ္ ၂၀ါယာႀကိဳးျပတ္မျပတ္စစ္ေဆးရပါမယ္။နံပတ္ ၂၀ါယာႀကိဳးေကာင္းေနရင္ေတာ့ ကြန္ထိုးေဘာက္လဲရပါမယ္။
ကြိဳင္ကို၀င္တဲ့ ဝါယာရိန္း ေကာင္း၊ မေကာင္း ဘယ္လိုျပဳျပင္မလဲဆိုတာကို ေဖာ္ျပၿပီးတဲ့ေနာက္မွာေတာ့ ကြိဳင္ေကာင္း၊ မေကာင္းကို ဘယ္လိုစမ္းသပ္မလဲဆိုေတာ့ ကြိဳင္ပလပ္ေခါင္း ေဆာ့ကပ္ကိုျဖဳတ္ၿပီးေတာ့ စပတ္ပလပ္အပိုတစ္ခုကို ကြိဳင္ပလပ္ေခါင္းမွာတပ္၊ Start ဆြဲ စက္ႏႈိးလိုက္မယ္ဆိုရင္ ကြိဳင္ကမီးထြက္ရပါမယ္။ မီးမထြက္ဘူးဆိုရင္ေတာ့ ကြိဳင္အသစ္လဲရပါမယ္။
၆။ECU(Engine Control Unit) ေကာင္းမေကာင္းစစ္ေဆးရမယ္။
ျပစ္ခ်က္ကုဒ္၁ကေန၅အထိစစ္ေဆးလိုက္မယ္ဆိုရင္ ECU(Engine Control Unit)ေကာင္းမေကာင္းကိုသိရွိၿပီးသားျဖစ္ပါလိမ့္မယ္။
Credit: AUTOMOBILE Weekly Car Journal
efiလမ္းၫႊန္မ်ားကို ယခုအေျခခံနည္းပညာတြင္ တင္ေပးသြားမည္ျဖစ္ပါတယ္