Engine တလုံးမှ overheat အပူလွန်ကဲခြင်း
<Unicode>
Engine တလုံးမှ overheat အပူလွန်ကဲခြင်း 
🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚
Overheat ခံစားဖူးထားသော engine တလုံးအား စစ်ဆေး ပြု ပြင်ပေးရခြင်းတွင် စစ်ဆေးရမည့် အစိတ်အပိုင်းများနှင့် ပြု ပြင်ပေးရမည့် အစိတ်အပိုင်းများ အင်မတန်မှ များပြားပါသည်။ 
စစ်ဆေးရာတွင် အပိုင်း (၃) ပိုင်းခွဲခြား၍ စစ်ဆေးပေးရပါသည်။ 
1️⃣ပထမ engine အပေါ်ပိုင်း....
engine အပေါ်ပိုင်းဟု ဆိုရာတွင် cylinder head (ဆလင်ဒါ ဟက်) နှင့် ၄င်းတွင်ဆက်စပ်နေသော အစိတ်အပိုင်းများလည်း ပါဝင်ပါသည်။ 
2️⃣ဒုတိယအပိုင်းမှာ cylinder block (ဆလင်ဒါဘလောက်)(သို့) engine block (အင်ဂျင် ဘလောက်)အပိုင်းပင် ဖြစ်ပါသည်။  cylinder liner (ဆလင်ဒါ လိုင်နာ) (သို့) sleeve(စလစ်) ၊ piston (ပစ္စတင်) ၊ piston ring ( ပစ္စတင် ရိန်းင်း) ၊ connecting rod (ကော်နက်တင်း ရော့(ဒ်) ) စသည့် အစိတ်အပိုင်းတို့ ပါဝင်ပါမည်။ 
3️⃣တတိယအပိုင်းမှာ crankcase (ခရန့်ကေ့စ်) ဟု ခေါ်ဆိုသည့် အပိုင်းပင် ဖြစ်သည်။ 
၄င်းတွင် crankshaft (ခရိုင့်ရှပ်(ဖ်)) ၊ main bearing (မိန်းဘယ်ယာရင်) စသည့် ဆက်စပ်ပစ္စည်းများ ပါဝင်ပါသည်။ Overheat ခံစားဖူးထားသော engine အား ပြုပြင်ရာတွင် သာမန် engine တလုံးအား Overhaul (သို့) rebuilt ပြုလုပ်ပေးရခြင်းထက် ပို၍ အသေးစိတ်စစ်ဆေးပြုပြင်ပေးရပါသည်။ စက်ပစ္စည်း များကို စစ်ဆေးပြုပြင်ပေးရသူ တယောက်အနေဖြင့် material ပိုင်း အကြောင်းကို အခြေခံအနေဖြင့် သိရှိနားလည်ထားနိုင်ရေးသည် အလွန်အရေးပါသော အကြောင်းအချက် တခုဖြစ်သည်။ မိမိစစ်ဆေးမည့် အစိတ်အပိုင်းသည် cast iron(သံကြွပ်) ဖြင့် ပြုလုပ်ထားသည့်အစိတ်အပိုင်းလား (သို့) aluminium alloy (အလျူ မီနီယမ် သတ္တုစပ်) ဖြင့်  ပြုလုပ်ထားသည့်အစိတ်အပိုင်းလားဆန်းစစ် ဆုံးဖြတ်၍ စစ်ဆေးပေးရပါမည်။ သတ္တုများသည် အမျိုးအစား ကွဲပြားသလောက် ၄င်းတို့၏ ခံနိုင်ရည်စံနှုန်းနှင့် ပွန်းစားမှုစည်းများလည်း များစွာကွာခြားကြပါသည်။
              Engine တလုံးအား Overheat ဖြစ်ပေါ်စေရခြင်းတွင် အဓိက အကြောင်းအချက်အနေဖြင့် engine ၏ အအေးခံစနစ် ချို့ယွင်းပျက်စီးရာမှ ဖြစ်ပေါ်ရသည့် အကြောင်းအခြင်းအရာကြောင့်ဖြစ်ပါသည်။ 
 Overhaul ပြုလုပ်ထားသည့် engine (သို့) gasket လဲထားသည့် engine များတွင် အဖြစ်များတတ်ပါသည်။ လဲလှယ်သုံးစွဲထားသည့် gasket အထူ/အပါး မညီမျှမှုသည် engine အား Overheat သက်ရောက်ခံစားစေရနိုင်ပါသည်။ ထိုအချက်ကို သတိပြုမိသူ အလွန်နဲပါးပါသည်။
🚨အထူးသတိပြုရမည့်အချက်များထဲ၌
ဟက်ထိပ်နက် 4 လုံးအား တင်းအားညီမျှရပါမည်🚨
Engine တစ်လုံးအတွက် အအေးခံစနစ်သည် အလွန်အရေးပါသော စနစ်တခုဖြစ်ပါသည်။  Engine တွင်ဖြစ်ပေါ်နေသော အပူတချို့အား engine ၏စွမ်းဆောင်ရည်ပြည့်ဝရန် တစိတ်တပိုင်းအသုံးချပြီး ၊ engine အတွက် လိုအပ်သည်ထက်များလာသော အပူများအား အအေးခံကရိယာဖြင့်ပြန်လည်အအေးခံပြီး သုံးစွဲပါသည်။
Engine တစ်လုံး၏ အအေးခံစနစ်တွင် အောက်ဖော်ပြပါ ပစ္စည်းများ ပါရှိကြပါသည်။
1. water pump ( ရေပန့်) ၄င်းဖြင့် engine အနှံ့ ရေရောက်ရှိစေရန် ရေအား ပို့ဆောင်ပေးသည့် ကိရိ
ယာ 
2. hose ( အအေးခံစနစ်များဖြင့်ဆက်သွယ်ရန်ပိုက် )
3. thermostat ( အပူချိန်ထိန်းကိရိယာ )
4. radiator (ရေအား အအေးခံသည့်ကိရိယာ
5. radiator cap ( ရေတိုင်ကီ အဖုံး )
6. fan ( ပန်ကာ / radiator အတွက် အအေးခံရန်လေမလုံလောက်သည့်အခါ ၄င်းဖြင့်မှုတ်၍အအေးပေးရန် 
8. Concentration of antifreeze (အအေးခံ အရည်၏ ပြင်းအား) 
စသည့် အထက်ပါပစ္စည်းများသည် အအေးခံစနစ်တွင် မရှိမဖြစ် ပါဝင်ရမည့် ပစ္စည်းများဖြစ်ပါသည်။ တချို့က radiator ကို ရေတိုင်ကီဟု မြန်မာမှုပြု ခေါ်ဆိုကြသည်။ အမှန်မှာ ရေတိုင်ကီနှင့် အအေးခံအစိတ်အပိုင်းများ တပါတည်းတွဲဆက်ထားသော ပစ္စည်းတခုဖြစ်ပါသည်။ 
အထက်ဖော်ပြပါ ပစ္စည်းအစိတ်အပိုင်း ထဲမှ တခုခုချို့ယွင်းပျက်စီးလျင် engine အား အပူလွန်ကဲစေပြီး ၊ engine အား မမျှော်မှန်းနိုင်သည့် ပျက်စီးမှုများအား ဖြစ်ပေါ်စေပါသည်။ ထိုသို့ engine အပူလွန်ကဲခြင်းကို engine overheat ဟု ခေါ်ဆိုပါသည်။ 
Engine တစ်လုံးတွင် overheat ( အပူလွန်ကဲခြင်း ) ဖြစ်စဉ် ဖြစ်ပေါ်ပါက အောက်ပါ အစိတ်အပိုင်းများ ပျက်စီးနိုင်ပါ သည်။
1. gasket ( ပေါက်ခြင်း / ပြတ်ထွက်ခြင်း )
 ၄င်းသည် cylinder head နှင့် cylinder block အကြားတွင်ရှိသော အနဲငယ်သာထူသည့် အစိတ်အပိုင်းတခုဖြစ်ပါသည်။ engine အပူလွန်ကဲသည့်အခါ ၄င်းမှာ အပူဒဏ်မခံနိုင်ပဲ ပုံပျက်၍ ပျက်စီးသွားတတ်ပါသည်။ ထိုအခါ ၄င်းအစိတ်အပိုင်းတွင် ပါဝင်သော ရေလိုင်း/ ဆီလိုင်းများ တလိုင်းနှင့်တလိုင်းကူးစက်ပြီး engine အား ပျက်စီးစေနိုင်ပါသည်။
2. piston ပျက်စီးခြင်း ( cobustion chamber - မီးလောင်ပေါက်ကွဲမှုအခန်း ) ထဲတွင် ဖြစ်ပေါ်နေသည့် အပူချိန် နှင့် piston မှ အပူများသည် liner ( sleeve - စလစ် ) သို့ ကူးပြောင်းကြပါသည်။ liner ( sleeve - စလစ် ) မှ အပူများသည် ၄င်း၏ ဘေးတွင်ရှိသော ရေလိုင်းထဲမှ ရေထံ အပူစီးကူးရပါသည်။ အကယ်၍ ထိုရေများသာ ပူနေပါက အပူများသည် စီးကူးစရာမရှိတော့ပဲ piston နှင့် engine block အား ပျက်စီးစေနိုင်ပါသည်။
3. bearings ပျက်စီးခြင်း ( Engine တလုံးတွင် overheat ( အပူလွန်ကဲခြင်း ) ဖြစ်စဉ် ဖြစ်ပေါ်ပါက engine ထဲတွင် လှည့်ပတ်စီးဆင်းနေသော ချောဆီများသည် အပူကြောင့် ကျဲလာပါမည်။ ထိုအခါ ၄င်းစီးဝင်ရာ bearings များကိုပါ ပျက်စီးစေနိုင်ပါသည်။
4. cylinder head ( ကွဲခြင်း / အက်ခြင်း /  ခုံးခြင်း / မျက်နှာပြင်မညီမညာဖြစ်စေခြင်း ) စသည့်လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါသည်။
5. cylinder block ( ကွဲခြင်း / အက်ခြင်း /  ခုံးခြင်း / မျက်နှာပြင်မညီမညာဖြစ်စေခြင်း ) စသည့်လက္ခဏာများ  များ ဖြစ်ပေါ်စေနိုင်ပါသည်။
6. cylinder head မှ valve များ ၊ valve seat နှင့် valve guide များအားလည်း အပူဒဏ်ကြောင့် ပျက်စီးစေနိုင်ပါသည်။ 
engine တလုံးတွင် overheat ( အပူလွန်ကဲခြင်း ) ဖြစ်စဉ် ဖြစ်ပေါ်ပါက gasket ပေါက်သွား၍ gasket အသစ်လဲလှယ်ရုံနှင့် မပြည့်စုံပါ။ အထက်ပါ အစိတ်အပိုင်းများပါ ထိခိုက်ပျက်စီးမှု ရှိ / မရှိ စစ်ဆေးပေးရပါမည်။ အထူးသဖြင့် အလူမီနီယမ်ဖြင့်ပြုလုပ်ထားသော cylinder head များတွင် အပူဒဏ်ကြောင့် ကွဲခြင်း / အက်ခြင်း /  ခုံးခြင်း / မျက်နှာပြင်မညီမညာဖြစ်စေခြင်း စသည့် နောက်ဆက်တွဲ လက္ခဏာများ ပေါ်လာတတ်သည်။ 
1. water pump
         ၄င်းတွင် centrifugal force ( ဗဟိုခွာအားသုံး ) impeller ပါရှိပါသည်။ ၄င်း impeller ကို shaft ၊ pulley စသည်တို့ဖြင့် တွဲဆက်ထားပါသည်။  impeller ကို မြန်မာမှုအနေဖြင့် ရေဒလက် / ပန့်ဒလက် စသဖြင့် ခေါ်ဆိုသုံးနှုန်းကြပါသည်။ ထို့အပြင် pump shaft လိုင်းမှ ရေယိုစိမ့်မှု မဖြစ်ပေါ်စေရန် spring ( စပရိန် ) အားဖြည့်သုံး mechanical seal တခုပါဝင်ပါသည်။ အဆိုပါ mechanical  seal ပျက်စီးချို့ယွင်းလျင် pump မှ ရေယိုစိမ့်မှု ဖြစ်ပေါ်နိုင်ပါသည်။ pump များသည် ထုတ်လုပ်သူအပေါ်မူတည်၍ ပုံသဏ္ဍာန် အမျိုးမျိုးရှိတတ်ကြပါသည်။ pump ကို pulley ဖြင့်မောင်းသည့်ပုံစံ ၊ gear အသွားဖြင့်မောင်းသည့်ပုံစံ စသဖြင့်ရှိတတ်ပါသည်။ gear အသွားဖြင့်မောင်းသည့်ပုံစံတွင် အထက်ပါ mechanical seal ချို့ယွင်းပါက ရေများသည် gear အသွားမှတဆင့် engine အတွင်းပိုင်းသို့ ရေဝင်ရောက်ရှိနိုင်ပါသည်။ ထိုသို့ ဖြစ်ခြင်းအား အလွယ်တကူသိရှိစေရန် pump ၏ အောက်ခြေတွင် ရေယိုစီးကျစေရန်အတွက် vent hole ဟုခေါ်သည့် အပေါက်ကလေး ဖောက်ပေးထားတတ်ကြပါသည်။ ထိုအပေါက်ကလေးကို တချို့က " နှာပေါက် " ဟု မြန်မာမှုပြုကြပါသည်။ အဆိုပါ vent hole ( နှာပေါက် ) မှ ရေယိုစိမ့် စီးကျနေလျင် mechanical seal ချို့ယွင်းနေပြီဟု အလွယ်တကူ သိစေနိုင်ပါသည်။ ပုံများဖြင့် ဖော်ပြပေးထားပါသည်။ ပုံ( 1 )များတွင် ရှုပါ။
2. hose ( အအေးခံစနစ်များဖြင့်ဆက်သွယ်ရန်
     ပိုက် )
         hose ဆိုသည်ကို အလွယ်ခေါ်ဆိုရလျင် ရာဘာပိုက်ဟုပင် ခေါ်ရပါမည်။ ၄င်းသည်လည်း အအေးခံစနစ်အတွက် အရေးပါသောအစိတ်အပိုင်းတခုပင်ဖြစ်သည်။ ၄င်းကို အပြင်ပန်း သာမန်ကာလျှံကာ အကြည့်ဖြင့်ကြည့်၍ စစ်ဆေးလျင် ကောင်းမွန်သည်ဟု အလွယ်တကူယူဆနိုင်ပါသည်။ ၄င်းကိုဖြုတ်၍ အတွင်းပိုင်းများအား စစ်ဆေးကြည့်ရှုမှ အက်ရာ ကွဲရာများကို တွေ့မြင်ရနိုင်ပါသည်။ ပုံ( 2 ) နှင့်တကွပြထားပါသည်။ ၄င်းကို တင်းကြပ်မည့် ကလစ်များ လုံခြုံမြဲမြံမှုကလည်း အရေးပါပါသည်။ သို့မှသာ ရေယိုစိမ့်မှုမှ ရှောင်လွှဲနိုင်ပါမည်။
3. thermostat ( အပူချိန်ထိန်းကိရိယာ )
         Engine အတွင်းတွင် လှည့်ပတ်စီးဆင်းနေသော ရေများကို အလုံးစုံ အေးမြသွားစေရန်အတွက် အအေးမခံပါ။ Engine တလုံး ပြည့်ဝသည့်ပေါက်ကွဲမှုတခုဖြစ်ရန်အတွက် အပူလိုအပ်ပါသည်။ ထို လိုအပ်သည့်အပူကို thermostat ( အပူချိန်ထိန်းကိရိယာ ) မှ ထိန်းသိမ်းပေးထားပါသည်။ engး အတွက် လိုအပ်လာသည်ထက်ပိုပူလာသောရေများကိုမှ thermostat ( အပူချိန်ထိန်းကိရိယာ ) အတွင်းရှိ valve မှ ဖွင့်ပေးပြီး radiator ( ရေအား အအေးခံကရိယာ ) သို့ ပို့ဆောင်၍ အအေးခံပါသည်။ thermostat ( အပူချိန်ထိန်းကိရိယာ ) အတွင်းတွင် ရေ valve ပါရှိပါသည်။ ထို valve လေးသည် engine ၏ သာမန်အပူချိန်တွင် နဂိုအတိုင်းရှိနေပါသည်။ ရေများ အလွန်ပူလာမှ ထို valve လေးတွင် ဖွဲ့စည်းထားသော သတ္တု ဖြင့် ပြုလုပ်ထားသည့် valve လေးသည် အပူကြောင့် ပွလာကာ ၊ ရေလိုင်းအား တဖြည်းဖြည်းချင်းဖွင့်ပေးပြီး radiator ( ရေအား အအေးခံကိရိယာ ) သို့ ရေများအား ရောက်ရှိအအေးခံစေပါသည်။ အအေးခံရေများ အေးသွားသောအခါ အဆိုပါ ကြေး valve လေးသည် အေးသောရေကြောင့် ကျုံ့သွားပြီး ၊ radiator ( ရေအား အအေးခံကိရိယာ ) သို့သွားနေသော ရေသွားလမ်းကြောင်းအား ပိတ်သွားစေပါသည်။ထိုအခါ ရေများသည် bypass လိုင်းမှတဆင့် engine အတွင်း ဝင်ရောက်ပါသည်။ ပုံတွင် ကြည့် ရှုပါ။ ထိုနည်းဖြင့် thermostat ( အပူချိန်ထိန်းကိရိယာ ) တလုံးသည် အလုပ်လုပ်ပါသည်။ thermostat တလုံး အလုပ်လုပ်ပုံ ကောင်းမွန်မှုရှိ / မရှိအား ကိုယ်တိုင်စစ်ဆေးကြည့်နိုင်ပါသည်။ ပထမဦးစွာ အိုး / ခွက် တခုအတွင်း ရေဖြည့်ပါ ၊ ပြီးလျင် အိုးအောက်ခြေမှ အပူပေးပါ ၊ ထို့နောက် thermostat အား အဆိုပါရေထဲသို့နှစ်ပါ ၊ ပြီးလျင် အပူချိန်တိုင်းတာနိုင်မည့် ပြဒါးတိုင်အား ရေထဲတွင် အောက်ခြေပြဒါးမြုပ်ရုံ ထည့်ထားပါ ၊ အပူချိန် မည်၍ မည်မျှတွင် thermostat မှ valve လေး ပွင့်သွားသည်လဲကို ကြည့်ရှု၍ စမ်းသပ်နိုင်ပါသည်။ ပုံ( 3 ) နှင့်တကွ ဖော်ပြပေးထားပါသည်။ အအေးခံစနစ်အတွင်း ရေဖြည့်ထည့်သောအခါတိုင်း ဖြစ်ပေါ်သည့် လေပူဖောင်းကလေးများအား ဖယ်ထုတ်ပေးသည့် ၊ ချူ ထုတ်ပေးသည့် jiggle pin (သို့) ball ဘောစေ့လေးများ အချို့ engine များ၏ thermostat တွင် ပါရှိတတ်သည်။ပုံ ( 4 ) တွင်ကြည့်ပါ။ radiator တလုံးတွင် engine အတွင်း၌ လည်ပတ်နေသောရေများသည် radiator အပေါ်မှဝင်၍ ၊  radiator ၏ အောက်ခြေတွင်ရှိသော pump မှတဆင့် engine အတွင်း ရေများပြန်ဝင်ရောက်ကြသည်။ ထို့ကြောင့် thermostat သည် engine ရေအထွက်လိုင်း ၊ တနည်းအားဖြင့်ပြောရလျင် radiator အတွင်းရေဝင်ရောက်မည့်နေရာ၌ တည်ရှိတတ်သည်။
4. radiator ( ရေအား အအေးခံကရိယာ )
          အဆိုပါ ကိရိယာအား အလွယ်တကူ မြန်မာမှုပြုနေကြသည်မှာ ရေတိုင်ကီဟု ပင်ဖြစ်ပါသည်။ ၄င်းတွင် ၄င်းအတွင်းတွင်ရှိနေသောရေများကို အအေးခံရန်အတွက် fin ဟု ခေါ်သည့် ဘာဂျာပုံစံ လေများစီးဝင်ရောက်သည့် အတွန့်အခေါက် သံပြားလေးများ ပါရှိကြပါသည်။ ပြင်ပမှ တိုးဝင်ရောက်သောလေများသည် အဆိုပါ fin လေးများအား ပွတ်တိုက်ပြီး radiator အတွင်းရှိရေပူများ၏ အပူများအား သယ်ဆောင်သွားခြင်းဖြင့် အေးစေပါသည်။ မော်တော်ယာဉ်များတွင် ရပ်တန့်ထားသောအချိန်များ၌ လေရရှိရန် ခက်ခဲပါမည်။ ထို့အတွက် fan ( ပန်ကာ ) ဖြင့် အအေးခံနိုင်ရန် fan ( ပန်ကာ ) ထည့်သွင်းတည်ဆောက်ထားပါသည်။ radiator ၏ ပြင်ပတွင်တည်ရှိနေသော အဆိုပါ ဘာဂျာပုံစံ အတွန့်အခေါက် fin လေးများသည် ၊ လေထဲတွင်ပါရှိသည့် ဖုန် ၊ အမှုံ ၊ အညစ်အကြေးများ ဝင်ရောက်ကျော်လွန်ဖြတ်သန်းရသည့်အတွက်ကြောင့် အလွယ်တကူ ပိတ်ဆို့နိုင်ပါသည်။ ထိုသို့ လေလမ်းကြောင်းပိတ်ဆို့သွားသည့်အတွက် ရေများအအေးခံမှုအား ပျက်စီးစေပါသည်။ ဖုန်များ ၊ အမှုန်များသည် ရေနှင့့်ထိတွေ့ပါက ကြေး(ဂျီး) အဖြစ်အလွယ်တကူ ကူးပြောင်းသွားပါသည်။ ထိုအခါ လေအဝင်လိုင်းများအားပိတ်ဆို့စေပြီး ရေအအေးခံမှုအား နှောင့်ယှက်တားဆီးထားနိုင်ပါသည်။ ထို့အတွက်ကြောင့် overheat ပြဿ     နာတွင် radiator မှ လေဝင်လမ်းကြောင်းများသည်လည်း အရေးပါပါသည်။ အဆိုပါလမ်းကြောင်းတွင် ပိတ်ဆို့နေသည်များကို ရေအားသုံး pressure gun ဖြင့်အရင်ထိုးစေ၍ ဆေးကြောပါ ။ ပြီးနောက်တွင်မှ လေအားသုံး pressure gun ဖြင့် အစောနက ရေအကြွင်းအကျန်များအား ဖယ်ရှားရှင်းလင်း သန့်စင်ပါ။ ရေဖြင့် အရင်ဆေးကြောခြင်းသည် ရေ+ဖုန် ကြောင့် ဖြစ်သည့်အညစ်အကြေးများအား ပျော်ကျ ပျောက်ကွယ်စေပါသည်။ လေဖြင့်အရင်ထိုးဆေးလျင် ရေ+ဖုန် ကြောင့် ဖြစ်သည့်အညစ်အကြေးများသည် ကြမ်းတမ်းမာကြောသောကြောင့် fin များအား ပျက်စီးစေနိုင်ပါသည်။ radiator တွင် ထုတ်လုပ်သူအပေါ်မူတည်၍ ရေစီးဆင်းသည့် type ( ပုံစံ ) များပြောင်းလဲနိုင်ပါသည်။
သဘောပေါက် နားလည်ပြီး
တတ် သိ အောင်မြင်ကြပါစေ။
..
.Z🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯A🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯W🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯H🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯T🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯E🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯T🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠
အလုပ်အားချိန် အလုအယက် မျှဝေ ပါသည်
<Zawgyi>
🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚🎚
ယာ 
1. water pump
     ပိုက် )
သဘောပေါက် နားလည်ပြီး
..
.Z🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯A🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯W🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯H🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯T🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯E🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯T🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠🛠