<Unicode>
Ready!!!(Go)
One Two Three Four. ...
ဆိုင်ကယ်တွေ ပေါ်ကာစက အခုလို ဓာတ်ဆီအင်ဂျင်ေတွ မဟုတ်ဘူးဗျ။
ရေနွေးငွေ့သုံးအင်ဂျင်တွေ၊ တစ်လုံးထိုး ဒီဇယ် အင်ဂျင်တွေနဲ့ပေါ့ ။သူ့ မှာ ဂီယာဘောက် မပါဘူး။
ဝိုး...။ဘယ်လိုများသူ သွားပါလိမ့်။
အတော်လေးကို စိတ်ဝင်စားစရာပါပဲ။
ဟိုးရှေးရှေးက ဆရာကြီးများ တွေးခေါ်တတ်လိုက်တာ။ အခါခါ ဦးညွတ်မိတယ်။
အခု ကျနော်တို့ သိပ်သဘောကျတဲ့ Auto gear စနစ်ကို အစောဆုံး ဆိုင်ကယ်တွေမှာ သုံးခဲ့တယ် လို့ဆိုရင် မမှားဘူးဗျ။
သူ ဘယ်လိုသွားလဲဆိုရင် ပတ်တားကြိုး ကို ခပ်ချောင်ချောင် တပ်ဆင်ထားတယ်။ ခါးမှာ ရိုလာ ဘီးတစ်လုံးက အရှင်တပ်ထားပြီး အဲ့ဒီခါးဘီးကို နင်းတဲ့အခါ ပတ်တားကြိုးတင်းသွားရာကနေ ဆိုင်ကယ်ကို
တဖြည်းဖြည်းချင်း အရှိန်ရ ရွေ့လျားစေတာ။
သူက ကမ္ဘာ့ ပထမဆုံး ဂါဗနာ စနစ်ပဲလေ။ မဟုတ်ဘူးလား။
ကျနော်တို့ အခု ဆိုင်ကယ်တွေမှာ ဂီယာ သုံးချက်ကနေ လေးချက်၊ ငါးချက် ၊ ခြောက်ချက် စသဖြင့်
Gear box စနစ်တွေ အများကြီး ရှိနေပြီပေါ့။
အဲ့ဒီ ဂီယာတွေ တစ်ပြီးတော့ နှစ် ၊နှစ်ပြီးတော့ သုံး ပြောင်းလဲ လိုက်တာနဲ့ အမြန်နှုန်းတွေ ပိုတိုးလာပါတယ်။စတုန်းက အရှိန်ပေါ် ထပ်ဆင့်ပြီး အပတ်ရေ တိုးတိုး ပေးလိုက်တာပေါ့ဗျာ။
ဂီယာနံပါတ်တစ်မှာ ဘယ်နှစ်ပတ်လည်သလဲ၊
နံပါတ်သုံး လေး ငါး ဘယ်လောက် အပတ်ရေ ရှိလဲ
ကျနော်မသိဘူး။ဆိုင်ကယ်တွေ အမျိုးအမည်များလာလေလေ မတူညီတဲ့ စနစ်တွေနဲ့ တည်ဆောက်လာလို့ စံသတ်မှတ်ချက် အပတ်ရေ၊ position ၊
form တွေ ကွဲပြားလာလို့ တစ်မျိုးတည်း အတိအကျ ဆိုနိုင်စရာမရှိဘူး။
တစ်ခုကတော့ တူညီတာ ရှိပါတယ်။
အဲ့ဒါ (clutch )ကလပ် ပါဘဲ။
ကလပ် လို့ ပြောလိုက်တာနဲ့ clutch ဘီးတွေ ပြေးမြင် မိကြမယ်။
ကျနော် တို့တွေ အစီးများကြတဲ့ မိန်းကလေးလည်း အလွယ်ကတကူ စီးနိုင်အောင် ထုတ်ထားတဲ့
Scotor အမျိူးအစားတွေမှာလည်း clutch ပါ ပါတယ်။
သူက Auto clutch ပေါ့။ လက်နဲ့ ဆွဲညှစ်ပြီး ကလပ်
ကို free ဖြစ်အောင် လုပ်တဲ့ အခြေအနေကို ခြေထောက်ကနေ ဂီယာ ချိန်းရင်း အလုပ်လုပ်သွားတာပါ။
ပထမ နင်းလိုက်တာနဲ့ free position အရင် ရပါတယ်။ ဆက်နင်းလိုက်တဲ့အခါ ဂီယာ ကွန်ထရိုလာကနေ ဂီယာ ထိုးပေးလိုက်တာပါပဲ။
Nature (free gear)ကနေ တစ် ၊ တစ်ကနေ နှစ် စသဖြင့် အစဥ်အတိုင်း တူညီတဲ့ ပုံစံနဲ့ အလုပ်လုပ်ပေးပါတယ်။
Auto clutch လို့ ဘာကြောင့် ခေါ်သလဲဆိုရင်
သူက ကလပ်ဘီးကြီးတွေလို ကလပ်ဆွဲ ဂီယာ ထိုးလိုက်တာနဲ့တူပေမယ့် တစ်ချက် ထူးခြားတာက
ကလပ်ဘီးကြီးတွေမှာ slow အနေအထားမှာ free
မဖြစ်စေပေမယ့်လို့ ဘီးသေးလေးတွေမှာတော့
ဘယ်ဂီယာမှာပဲ ရှိနေပါစေ slow နဲ့ဆိုရင် free ဖြစ်နေမှာပါ။ ဒါလေးတော့ ထူးခြားနေတာပေါ့။
အဲ့ဒါ ကြောင့် Auto အလုပ်လုပ်တဲ့ clutch လို့ ဆိုရခြင်းပါ။
ဒါက ဘာကြောင့်ကွာခြားရတာလည်းဆိုရင်
ကလပ်ဘီးတွေမှာ စထွက်ထွက်ချင်း ကလပ်ကို ဖြည်းဖြည်းချင်း လွှတ်ရတဲ့ အခက်အခဲရှိပါတယ်။
စစီးတဲ့ လူတွေဆို အဲ့ဒီ အခက်အခဲ အရင်ကျော်လွှားပြီးမှ ကလပ်ဘီးစီးတတ် ကြရတာပါ။
နောက် တော့ မိန်းကလေးပါစီးနိုင်အောင် အဲ့ဒီပြသနာကို ကောင်းကောင်း ဖြေရှင်းခဲ့ကြတယ်။
သူ အလုပ်လုပ်ပုံကတော့ ကလပ်ပြားတွေဟာ တွန်းကန်ထားတဲ့ (spring)စပရင် တွေကြောင့်
တစ်ချပ်နဲ့ညတစ်ချက် ငြိကပ်ပြီး နေပါတယ်။
ဂီယာ ထိုးဖို့ free အနေအထားရောက်အောင်
ဂီယာ ရှပ်တံက နေ ကလပ်အုံကို ဖိမယ့် မောင်းနဲ့ ဆက်ထားပါတယ်။ အဲ့ဒီ ကလပ်အုံအလယ်တည့်တည့်က သုံးမြောင့် ေဘာတွေဟာ နေရာ အရွှေ့ခံလိုက်ရချိန်မှာ ကလပ်ပြားတွေ ကို ဖိပြီး slip ဖြစ်အောင် ကူညီလိုက်ပါတယ်။
အဲ့ဒီနောက်မှာတော့ ဂီယာ ဝင်သွားပြီး ဂီယာ ရှပ်တံဟာ သူ့မူလနေရာ ရောက်တာနဲ့ စပရင် ကန်အားကြောင့် ကလပ်ပြားတွေ ပြန်လည်ငြိကပ်ပြီး ဂီယာဘောက်မှ တဆင့် စပရော့ကတ် တွေ လည်စေပါတယ်။
Auto clutch က slow အနေအထားမှာ စပရင် တွန်းအားနဲ့ တင် မလည်ပတ်စေအောင် အလုပ်လုပ်ပေးပါတယ်။အင်ဂျင် လည်ပတ်တာ မြင့်လာမှ ပိုမို ငြိချိတ်လာစေပါတယ်။
ငြိချိတ်လာတဲ့ သဘောမှာလည်း ချက်ချင်းကြီး လုံးဝ ချိတ်သွားတာမျိုး မဖြစ်စေဘဲ ဖြည်းဖြည်းချင်းမှ
အရှိန်ရ ပြီး ငြိချိတ် စေတာမျိုးပါ။
ညင်သာမှု ရှိစေတာပေါ့။(ဘီးကြီးတွေမှာတော့
လက်ကနေ ချိန်ဆပြီး ညင်သာအောင် လုပ်ရတာပါ)
အဲ့ဒါကို ကြည့်ရင် အဖြေတွေ့ပါမယ်ဗျ။
ကလပ်ပြားတွေဟာ ဂီယာ ချိန်းဖို့ တစ်ခုတည်းအတွက်တင် မဟုတ်တော့ဘဲ ညင်သာအောင်၊
ဆောင့်ကြီးအောင့်ကြီး မဖြစ်အောင် သူက အလိုက်သင့် slip ဖြစ်ပေးရတဲ့ အခြေအနေတွေ ရှိေနပါတယ်။
ဆိုင်ကယ်ကလပ်တွေဟာ ဆီထဲမှာ ငြိချိတ်နိုင်အောင် အထူးပြုလုပ်ထားပါတယ်။
ဒါကြောင့် သူက ဆီလိုပါတယ်။ ဆီမရှိရင်ပွတ်အား
ကြောင့် ချော်ရာကနေ ပူလာမယ်။
ပူရကနေ ကလပ်ပြား ကျွမ်းစေ လောင်စေမှာပါ။
(မီးမတောက်ပေမယ့် ကျွမ်းပါတယ်)။
ချောမွေ့တဲ့ ဆီဟာ သူ့အရည်အသွေးကို ကြာရှည်
ထိန်းပေးပါတယ်။
အလွန်အမင်း heat တက်ခြင်းကနေ ကင်းဝေးစေလို့
ကလပ်ပြားတွေဟာ ပွန်းစားခြင်းကင်းပြီး နှစ်ချီအောင် သုံးနိုင်ပါတယ်။
ဂါဗနာ ဘီးတွေမှာတော့ ကလပ်ပြား သက်သာပါတယ်။ ဂါဗနာ စလောင်းနဲ့ ရှူးဟာ ညင်သာဖို့အတွက် တာဝန် ခွဲဝေ ထမ်းဆောင်ပါတယ်။
ဒါကြောင့် ဂါဗနာ ဘီးတွေမှာ ကလပ်ပြား လောင်တဲ့ ပြသနာ နည်းပါးပါတယ်။(ဆီပြတ်သွားရင်တော့ ဂန့်မှာပါပဲ)
ဝန်တွေအများကြီး ကုန်ချိန် အများကြီး တင်ရတဲ့ မိတ်ဆွေတို့လည်း ကလပ်ပြားခဏခဏ စားနေလို့ လဲရတာ စိတ်ပျက်နေမယ် ဆိုရင် အင်ဂျင် ဝိုင် အရည်အသွေးရှိတာ ထည့်စီးပါ။
ဆီပါ ပြီးတာပဲ သဘောနဲ့ မလဲဘဲစီး၊ထပ်ဖြည့်စီး
လုပ်နေလို့ကတော့ ကလပ်ပြားတွေ ကြွေကျ၊ကျွမ်းလောင်နေဦးမှာပါဘဲ။
ခင်ဗျားဟာ ဘယ်လို အရသာ ကို ကြိုက်လဲဗျ။
ခပ်ကြမ်းကြမ်း ကြွ ထနေတဲ့ မြင်းရိုင်းလို ဘီးမျိုးလား။ ဒါမှ မဟုတ် ငြိမ့်ညောင်း တဲ့ ဆင်တစ်ကောင်ရဲ့ ဇိမ်ရှိခြင်းမျိုးလား။
ရွေးချယ် နိုင်ပါတယ်။
အကြံပြုစကားပြောရမယ်ဆိုရင်
၁။အားလုံးသိပြီးသား အင်ဂျင်ဝိုင် ကောင်းပါစေ
၂။ဂီယာ အစဥ်အတိုင်းထိုးပြီးမှ ထွက်ပါ
၃။ဂီယာချိန်း မပျင်းပါနဲ့
၄။ အတက်တွေမှာ ကြိတ်မရုန်းခိုင်းပါနဲ့
(နိုင်တဲ့ ဂီယာနဲ့ သာတက်ပါ၊ အင်ဂျင်အော်မှာ မကြောက်ပါနဲ့)
၅။ကလပ်ကြိုး တင်းမနေစေပါနဲ့(ကလပ်ဘီးတွေမှာ)
၆။ရိုးရိုးဘီးတွေမှာ ဂီယာ ချိန်းရတာပျော့အောင်
ကလပ်အုံမှာရှိတဲ့ free ချိန်တဲ့ နတ်ကို မကလိပါနဲ့။ပုံမှန်ပဲထားပါ။
ဝါသနာအရ မျှဝေခြင်းဖြစ်လို့ သိပြီးတဲ့ဆရာများ
ခွင့်လွတ်ပါ။အမှားပါရင် ေထာက်ပြဝေဖန်ပါ။
လိုအပ်နေတာရှိရင် ဖြည့်စွက် ပြောပေးပါ။
တတ်သလောက် ပြောမပြနိုင်ကြတဲ့ ဆရာကြီးတွေကိုယ်စား သိသလောက်လေး ပြောပြပေးတာပါ။
ပြောပြသလောက် တတ်ပါရစေဗျ။
တတ်အောင်လည်း လေ့လာနေပါတယ်။
အချို့က ဝါသနာရှင်ပါလို့ ရေးထားပါလျှက်နဲ့
ပညာလာစမ်းတယ်ဗျာ။
ထပ်ပြောပါရစေ။
ကျနော် လုပ်စားနေတဲ့ work shop ဆရာမဟုတ်ပါ။
ေလ့လာနေတဲ့ ဝါသနာရှင်ပါ။
အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းမြေ့ကြပါစေ။
ဆိုင်ကယ်လေးတွေ ကိုယ်တိုင်ဂရုစိုက်ရင်း
ဆေးရုံပို့ ရခြင်း ကင်းကြပါစေ။
ကိုဖြိုး(MDY)
#ဝါသနာရှင်တစ်ဦး
<Zawgyi>
Ready!!!(Go)
One Two Three Four. ...
ဆိုင္ကယ္ေတြ ေပၚကာစက အခုလို ဓာတ္ဆီအင္ေဂ်င္တြ မဟုတ္ဘူးဗ်။
ေရေႏြးေငြ႕သုံးအင္ဂ်င္ေတြ၊ တစ္လုံးထိုး ဒီဇယ္ အင္ဂ်င္ေတြနဲ႔ေပါ႔ ။သူ့ မွာ ဂီယာေဘာက္ မပါဘူး။
ဝိုး...။ဘယ္လိုမ်ားသူ သြားပါလိမ့္။
အေတာ္ေလးကို စိတ္ဝင္စားစရာပါပဲ။
ဟိုးေရွးေရွးက ဆရာႀကီးမ်ား ေတြးေခၚတတ္လိုက္တာ။ အခါခါ ဦးၫြတ္မိတယ္။
အခု က်ေနာ္တို႔ သိပ္သေဘာက်တဲ့ Auto gear စနစ္ကို အေစာဆုံး ဆိုင္ကယ္ေတြမွာ သုံးခဲ့တယ္ လို႔ဆိုရင္ မမွားဘူးဗ်။
သူ ဘယ္လိုသြားလဲဆိုရင္ ပတ္တားႀကိဳး ကို ခပ္ေခ်ာင္ေခ်ာင္ တပ္ဆင္ထားတယ္။ ခါးမွာ ႐ိုလာ ဘီးတစ္လုံးက အရွင္တပ္ထားၿပီး အဲ့ဒီခါးဘီးကို နင္းတဲ့အခါ ပတ္တားႀကိဳးတင္းသြားရာကေန ဆိုင္ကယ္ကို
တျဖည္းျဖည္းခ်င္း အရွိန္ရ ေရြ႕လ်ားေစတာ။
သူက ကမၻာ့ ပထမဆုံး ဂါဗနာ စနစ္ပဲေလ။ မဟုတ္ဘူးလား။
က်ေနာ္တို႔ အခု ဆိုင္ကယ္ေတြမွာ ဂီယာ သုံးခ်က္ကေန ေလးခ်က္၊ ငါးခ်က္ ၊ ေျခာက္ခ်က္ စသျဖင့္
Gear box စနစ္ေတြ အမ်ားႀကီး ရွိေနၿပီေပါ႔။
အဲ့ဒီ ဂီယာေတြ တစ္ၿပီးေတာ့ ႏွစ္ ၊ႏွစ္ၿပီးေတာ့ သုံး ေျပာင္းလဲ လိုက္တာနဲ႔ အျမန္ႏႈန္းေတြ ပိုတိုးလာပါတယ္။စတုန္းက အရွိန္ေပၚ ထပ္ဆင့္ၿပီး အပတ္ေရ တိုးတိုး ေပးလိုက္တာေပါ႔ဗ်ာ။
ဂီယာနံပါတ္တစ္မွာ ဘယ္ႏွစ္ပတ္လည္သလဲ၊
နံပါတ္သုံး ေလး ငါး ဘယ္ေလာက္ အပတ္ေရ ရွိလဲ
က်ေနာ္မသိဘူး။ဆိုင္ကယ္ေတြ အမ်ိဳးအမည္မ်ားလာေလေလ မတူညီတဲ့ စနစ္ေတြနဲ႔ တည္ေဆာက္လာလို႔ စံသတ္မွတ္ခ်က္ အပတ္ေရ၊ position ၊
form ေတြ ကြဲျပားလာလို႔ တစ္မ်ိဳးတည္း အတိအက် ဆိုႏိုင္စရာမရွိဘူး။
တစ္ခုကေတာ့ တူညီတာ ရွိပါတယ္။
အဲ့ဒါ (clutch )ကလပ္ ပါဘဲ။
ကလပ္ လို႔ ေျပာလိုက္တာနဲ႔ clutch ဘီးေတြ ေျပးျမင္ မိၾကမယ္။
က်ေနာ္ တို႔ေတြ အစီးမ်ားၾကတဲ့ မိန္းကေလးလည္း အလြယ္ကတကူ စီးႏိုင္ေအာင္ ထုတ္ထားတဲ့
Scotor အမ်ိဴးအစားေတြမွာလည္း clutch ပါ ပါတယ္။
သူက Auto clutch ေပါ႔။ လက္နဲ႔ ဆြဲညႇစ္ၿပီး ကလပ္
ကို free ျဖစ္ေအာင္ လုပ္တဲ့ အေျခအေနကို ေျခေထာက္ကေန ဂီယာ ခ်ိန္းရင္း အလုပ္လုပ္သြားတာပါ။
ပထမ နင္းလိုက္တာနဲ႔ free position အရင္ ရပါတယ္။ ဆက္နင္းလိုက္တဲ့အခါ ဂီယာ ကြန္ထ႐ိုလာကေန ဂီယာ ထိုးေပးလိုက္တာပါပဲ။
Nature (free gear)ကေန တစ္ ၊ တစ္ကေန ႏွစ္ စသျဖင့္ အစဥ္အတိုင္း တူညီတဲ့ ပုံစံနဲ႔ အလုပ္လုပ္ေပးပါတယ္။
Auto clutch လို႔ ဘာေၾကာင့္ ေခၚသလဲဆိုရင္
သူက ကလပ္ဘီးႀကီးေတြလို ကလပ္ဆြဲ ဂီယာ ထိုးလိုက္တာနဲ႔တူေပမယ့္ တစ္ခ်က္ ထူးျခားတာက
ကလပ္ဘီးႀကီးေတြမွာ slow အေနအထားမွာ free
မျဖစ္ေစေပမယ့္လို႔ ဘီးေသးေလးေတြမွာေတာ့
ဘယ္ဂီယာမွာပဲ ရွိေနပါေစ slow နဲ႔ဆိုရင္ free ျဖစ္ေနမွာပါ။ ဒါေလးေတာ့ ထူးျခားေနတာေပါ႔။
အဲ့ဒါ ေၾကာင့္ Auto အလုပ္လုပ္တဲ့ clutch လို႔ ဆိုရျခင္းပါ။
ဒါက ဘာေၾကာင့္ကြာျခားရတာလည္းဆိုရင္
ကလပ္ဘီးေတြမွာ စထြက္ထြက္ခ်င္း ကလပ္ကို ျဖည္းျဖည္းခ်င္း လႊတ္ရတဲ့ အခက္အခဲရွိပါတယ္။
စစီးတဲ့ လူေတြဆို အဲ့ဒီ အခက္အခဲ အရင္ေက်ာ္လႊားၿပီးမွ ကလပ္ဘီးစီးတတ္ ၾကရတာပါ။
ေနာက္ ေတာ့ မိန္းကေလးပါစီးႏိုင္ေအာင္ အဲ့ဒီျပသနာကို ေကာင္းေကာင္း ေျဖရွင္းခဲ့ၾကတယ္။
သူ အလုပ္လုပ္ပုံကေတာ့ ကလပ္ျပားေတြဟာ တြန္းကန္ထားတဲ့ (spring)စပရင္ ေတြေၾကာင့္
တစ္ခ်ပ္နဲ႔ညတစ္ခ်က္ ၿငိကပ္ၿပီး ေနပါတယ္။
ဂီယာ ထိုးဖို႔ free အေနအထားေရာက္ေအာင္
ဂီယာ ရွပ္တံက ေန ကလပ္အုံကို ဖိမယ့္ ေမာင္းနဲ႔ ဆက္ထားပါတယ္။ အဲ့ဒီ ကလပ္အုံအလယ္တည့္တည့္က သုံးေျမာင့္ ေဘာေတြဟာ ေနရာ အေရႊ႕ခံလိုက္ရခ်ိန္မွာ ကလပ္ျပားေတြ ကို ဖိၿပီး slip ျဖစ္ေအာင္ ကူညီလိုက္ပါတယ္။
အဲ့ဒီေနာက္မွာေတာ့ ဂီယာ ဝင္သြားၿပီး ဂီယာ ရွပ္တံဟာ သူ့မူလေနရာ ေရာက္တာနဲ႔ စပရင္ ကန္အားေၾကာင့္ ကလပ္ျပားေတြ ျပန္လည္ၿငိကပ္ၿပီး ဂီယာေဘာက္မွ တဆင့္ စပေရာ့ကတ္ ေတြ လည္ေစပါတယ္။
Auto clutch က slow အေနအထားမွာ စပရင္ တြန္းအားနဲ႔ တင္ မလည္ပတ္ေစေအာင္ အလုပ္လုပ္ေပးပါတယ္။အင္ဂ်င္ လည္ပတ္တာ ျမင့္လာမွ ပိုမို ၿငိခ်ိတ္လာေစပါတယ္။
ၿငိခ်ိတ္လာတဲ့ သေဘာမွာလည္း ခ်က္ခ်င္းႀကီး လုံးဝ ခ်ိတ္သြားတာမ်ိဳး မျဖစ္ေစဘဲ ျဖည္းျဖည္းခ်င္းမွ
အရွိန္ရ ၿပီး ၿငိခ်ိတ္ ေစတာမ်ိဳးပါ။
ညင္သာမႈ ရွိေစတာေပါ႔။(ဘီးႀကီးေတြမွာေတာ့
လက္ကေန ခ်ိန္ဆၿပီး ညင္သာေအာင္ လုပ္ရတာပါ)
အဲ့ဒါကို ၾကည့္ရင္ အေျဖေတြ႕ပါမယ္ဗ်။
ကလပ္ျပားေတြဟာ ဂီယာ ခ်ိန္းဖို႔ တစ္ခုတည္းအတြက္တင္ မဟုတ္ေတာ့ဘဲ ညင္သာေအာင္၊
ေဆာင့္ႀကီးေအာင့္ႀကီး မျဖစ္ေအာင္ သူက အလိုက္သင့္ slip ျဖစ္ေပးရတဲ့ အေျခအေနေတြ ေရွိနပါတယ္။
ဆိုင္ကယ္ကလပ္ေတြဟာ ဆီထဲမွာ ၿငိခ်ိတ္ႏိုင္ေအာင္ အထူးျပဳလုပ္ထားပါတယ္။
ဒါေၾကာင့္ သူက ဆီလိုပါတယ္။ ဆီမရွိရင္ပြတ္အား
ေၾကာင့္ ေခ်ာ္ရာကေန ပူလာမယ္။
ပူရကေန ကလပ္ျပား ကြၽမ္းေစ ေလာင္ေစမွာပါ။
(မီးမေတာက္ေပမယ့္ ကြၽမ္းပါတယ္)။
ေခ်ာေမြ႕တဲ့ ဆီဟာ သူ့အရည္အေသြးကို ၾကာရွည္
ထိန္းေပးပါတယ္။
အလြန္အမင္း heat တက္ျခင္းကေန ကင္းေဝးေစလို႔
ကလပ္ျပားေတြဟာ ပြန္းစားျခင္းကင္းၿပီး ႏွစ္ခ်ီေအာင္ သုံးႏိုင္ပါတယ္။
ဂါဗနာ ဘီးေတြမွာေတာ့ ကလပ္ျပား သက္သာပါတယ္။ ဂါဗနာ စေလာင္းနဲ႔ ႐ွဴးဟာ ညင္သာဖို႔အတြက္ တာဝန္ ခြဲေဝ ထမ္းေဆာင္ပါတယ္။
ဒါေၾကာင့္ ဂါဗနာ ဘီးေတြမွာ ကလပ္ျပား ေလာင္တဲ့ ျပသနာ နည္းပါးပါတယ္။(ဆီျပတ္သြားရင္ေတာ့ ဂန္႔မွာပါပဲ)
ဝန္ေတြအမ်ားႀကီး ကုန္ခ်ိန္ အများႀကီး တင္ရတဲ့ မိတ္ေဆြတို႔လည္း ကလပ္ျပားခဏခဏ စားေနလို႔ လဲရတာ စိတ္ပ်က္ေနမယ္ ဆိုရင္ အင္ဂ်င္ ဝိုင္ အရည္အေသြးရွိတာ ထည့္စီးပါ။
ဆီပါ ၿပီးတာပဲ သေဘာနဲ႔ မလဲဘဲစီး၊ထပ္ျဖည့္စီး
လုပ္ေနလို႔ကေတာ့ ကလပ္ျပားေတြ ေႂကြက်၊ကြၽမ္းေလာင္ေနဦးမွာပါဘဲ။
ခင္ဗ်ားဟာ ဘယ္လို အရသာ ကို ႀကိဳက္လဲဗ်။
ခပ္ၾကမ္းၾကမ္း ႂကြ ထေနတဲ့ ျမင္း႐ိုင္းလို ဘီးမ်ိဳးလား။ ဒါမွ မဟုတ္ ၿငိမ့္ေညာင္း တဲ့ ဆင္တစ္ေကာင္ရဲ႕ ဇိမ္ရွိျခင္းမ်ိဳးလား။
ေရြးခ်ယ္ ႏိုင္ပါတယ္။
အႀကံျပဳစကားေျပာရမယ္ဆိုရင္
၁။အားလုံးသိၿပီးသား အင္ဂ်င္ဝိုင္ ေကာင္းပါေစ
၂။ဂီယာ အစဥ္အတိုင္းထိုးၿပီးမွ ထြက္ပါ
၃။ဂီယာခ်ိန္း မပ်င္းပါနဲ႔
၄။ အတက္ေတြမွာ ႀကိတ္မ႐ုန္းခိုင္းပါနဲ႔
(ႏိုင္တဲ့ ဂီယာနဲ႔ သာတက္ပါ၊ အင္ဂ်င္ေအာ္မွာ မေၾကာက္ပါနဲ႔)
၅။ကလပ္ႀကိဳး တင္းမေနေစပါနဲ႔(ကလပ္ဘီးေတြမွာ)
၆။႐ိုး႐ိုးဘီးေတြမွာ ဂီယာ ခ်ိန္းရတာေပ်ာ့ေအာင္
ကလပ္အုံမွာရွိတဲ့ free ခ်ိန္တဲ့ နတ္ကို မကလိပါနဲ႔။ပုံမွန္ပဲထားပါ။
ဝါသနာအရ မွ်ေဝျခင္းျဖစ္လို႔ သိၿပီးတဲ့ဆရာမ်ား
ခြင့္လြတ္ပါ။အမွားပါရင္ ေထာက္ျပေဝဖန္ပါ။
လိုအပ္ေနတာရွိရင္ ျဖည့္စြက္ ေျပာေပးပါ။
တတ္သေလာက္ ေျပာမျပႏိုင္ၾကတဲ့ ဆရာႀကီးေတြကိုယ္စား သိသေလာက္ေလး ေျပာျပေပးတာပါ။
ေျပာျပသေလာက္ တတ္ပါရေစဗ်။
တတ္ေအာင္လည္း ေလ့လာေနပါတယ္။
အခ်ိဳ႕က ဝါသနာရွင္ပါလို႔ ေရးထားပါလွ်က္နဲ႔
ပညာလာစမ္းတယ္ဗ်ာ။
ထပ္ေျပာပါရေစ။
က်ေနာ္ လုပ္စားေနတဲ့ work shop ဆရာမဟုတ္ပါ။
ေလ့လာေနတဲ့ ဝါသနာရွင္ပါ။
အားလုံး ကိုယ္စိတ္ႏွစ္ပါး က်န္းမာခ်မ္းေျမ့ၾကပါေစ။
ဆိုင္ကယ္ေလးေတြ ကိုယ္တိုင္ဂ႐ုစိုက္ရင္း
ေဆး႐ုံပို႔ ရျခင္း ကင္းၾကပါေစ။
ကိုၿဖိဳး(MDY)
#ဝါသနာရွင္တစ္ဦး