<Unicode>
Relay အကြောင်းမသိသေးသူများအတွက်ရည်ရွယ်ပါသည်
1.Relay ရဲ့အဓိပ္ပါယ်
2.Relay အလုပ်လုပ်ပုံ
3.Relay အသုံးပြုပုံ
တွေကိုကျနော်သိသမျှတင်ပြပေးပါမယ်
1. Relay ဆိုတာက Electromagnetic Switch ပါ
Electrical signal နဲ့ထိန်းချုပ်တဲ့ Switch ခလုပ်ပါ
2. Relay အလုပ်လုပ်ပုံကတော့
သူ့အထဲမှာ coil တခုနဲ့ contact point လေးတွေရှိပါတယ်
coil ကelectrical signal +&- ရရင် magnetic field ထွက်လာပီး contact point မှာတွဲထားတဲ့ သံပြားလေးကိုလှမ်းဆွဲပီး point နှစ်ခုကိုထိစေပါတယ်
အဲ့လိုထိသွားရင် pointရဲ့တဖက်မှာရှိတဲ့ power source ကနေ နောက်တဖက်မှာရှိတဲ့ electrical load ဆီကို current စီးသွားပါတယ်
current များများအသုံးပြုတဲ့ load အတွက် contact point ကြီးကြီးလိုပါတယ်
contact point ကြီးရင် relay ပါကြီးသွားပီး
သူအလုပ်လုပ်ဖို့ပေးရတဲ့ signal current လည်းများလာပါတယ်
3.လေးငုတ် relayမှာ နှစ်ငုတ်က သူအလုပ်လုပ်ဖို့ signal ဖြစ်ပီး ကျန်နှစ်ငုတ်က NO normally open ငုတ်တွေဖြစ်ပါတယ်
အများအားဖြင့် NO ငုတ်တခုမှာ standby power ထားပီး နောက်တခုကို load နဲ့ series ချိတ်ထားပါတယ်
-5ငုတ် relay မှာ 2ငုတ်က signal
NO တငုတ် NC တငုတ် Common တငုတ်
relay off နေရင် NCနဲ့Common ထိနေပီး
relay on နေရင် NOနဲ့Common ထိပါတယ်
-3ငုတ် relayလည်းရှိပါတယ်
သူက signalနဲ့NOကိုပေါင်းထားတာပါ
minus signalနဲ့ control လုပ်ရင် ပေါင်းထားတဲ့ငုတ်မှာ plus ထားပီး NOအထွက်မှာ plus ထွက်မှာပါ
plus signal controlဆိုရင် NOမှာ minusထွက်မှာပေါ့
Relay မှာ အနည်းဆုံး 3ငုတ် ကနေ
contact point နှစ်ခုဆိုရင် 8ငုတ် စသဖြင့် contact point များရင်များသလို ငုတ်အရေအတွက်လည်းများလာပါမယ်
👉 Relay ကိုဘာကြောင့်သုံးရလဲဆိုတော့
high current load တွေ on/off လုပ်တဲ့အခါ
comfort, remote ဖြစ်ပီး နေရာသက်သာ ရေရှည်ခံပီး လဲလို့လည်းလွယ်ပါတယ်
control သက်သာအောင် ctlနဲ့loadကြား ကြားခံအနေနဲ့ သုံးတာပါ
hydraulic MCV ကို pilot controlနဲ့ ခိုင်းသလိုပေါ့
ဥပမာ
စက်မှာ starter motor ကို key switch ကနေတိုက်ရိုက်ခိုင်းရင် ခုသုံးနေတဲ့ switchထက်ကြီးတာလိုပါတယ်
နောက် start motor ကနေ key switchကိုချိတ်ထားတဲ့ wire နှစ်ချောင်းကို ampere များများနိုင်တဲ့ ဂိတ်ကြီးတဲ့ကြိုးကိုသုံးရပါမယ်
-အဲ့ဒီမှာ relayကြားခံသုံးပီး သူ့ကို starter နားထားရင်
comfort - start switchအသေးနဲ့ သက်သက်သာသာ သုံးရတယ်
remote - starter နဲ့ relay ကြားမှာရှိတဲ့
big wire ကို တိုတိုသုံးထားပီး
start switch နဲ့ relay ကြားကို small wireသုံးနိုင်ပါပီ
နောက် ECUတွေ PLC တွေကနေ solenoidတွေ high load တွေကို on/off control လုပ်တဲ့အခါ
relayကိုကြားခံသုံးလိုက်ရင် controller အလုပ်လုပ်ရတာအများကြီးသက်သာပါတယ်
-မှတ်ချက်
controller က currentနဲ့ control လုပ်ရတဲ့ power shitလို EPPRလို solenoidတွေမှာတော့
relay ကြားခံသုံးလို့မရပါ
ဒီလောက်ဆိုရင်တော့ relay အကြောင်းသဘောပေါက်လောက်ပါပီ
ကျေးဇူးပါ
ကျော် ကိုတစ် ပါ
14.06.2016
.....
<Zawgyi>
1.Relay ရဲ့အဓိပ္ပါယ်
2.Relay အလုပ်လုပ်ပုံ
3.Relay အသုံးပြုပုံ
ဥပမာ
-မှတ်ချက်
ကျေးဇူးပါ
ကျော် ကိုတစ် ပါ
14.06.2016
.....