ဆိုင်ကယ်(ရိန်း)Ring ဘာကြောင့်ကျသလဲ?

<Unicode>
ဆိုင်ကယ်(ရိန်း)Ring ဘာကြောင့်ကျသလဲ?

ကျနော်က ဝါသနာပါတော့ စပ်စပ်စုစုနိုင်ပါတယ်။
စပ်စု တယ်ဆိုတာ သိချင်တာ များလို့ပါ။
သိချင်တာတွေ များတော့ မေးရမြန်းရတာပေါ့။
အမေးရှိ ရင် အဖြေလည်းရှိပါတယ်။
အဖြေ မှန်တွေလည်း သိခဲ့ရသလို အဖြေမှားတွေနဲ့လည်း အများကြီး ကြုံပါတယ်။

စာဖတ်တယ်ဆိုတာ လက်တွေ့နဲ့တော့ မတူဘူးဗျ။
လက်တွေ့သမားရဲ့ စကားဟာ စာတစ်အုပ်လောက် အဖိုးတန်ပါတယ်။
စာဆိုတာကလည်း လက်တွေ့ကနေပေါက်ဖွားလာတာ မဟုတ်လား။

ဒါနဲ့လိုရင်း မရောက်တော့ဘူးဖြစ်နေမယ်။
အများအခေါ် ရိန်း။
သူ့အသံထွက်အမှန်က ရင်း(ring)လက်စွပ်ကွင်းလို 
ကွင်း လေးတွေမို့ ရင်းလို့ခေါ်တာပါ။

ဒီကြားထဲ အချို့ ဆရာတွေက "ဝရိမ်း" လို့ ခေါ်ပြန်သေးတယ်။ ကျနော် စဥ်းစား မရဘူး။

အိုရိမ်း လို့ ခေါ်တာ ဆိုရင်တော့ တစ်မျိုးပေါ့လေ။

ရိန်းမှာ နှစ်မျိုးရှိပါတယ်။
Compressionring လို့ခေါ်တဲ့ အပေါ်ဆုံးက top ring နှစ်ကွင်းနဲ့
Oil ring လို့ခေါ်တဲ့ ဆီထိမ်းတဲ့ အတွန့်ကွင်း တစ်ကွင်းနဲ့ အပါးကွင်းနှစ်ကွင်း ရှိပါတယ်။
တစ်ပြိုင်နက် ရိန်းကျ တတ်သလို တစ်မျိုးစီလည်း ကွဲပြားပြီး ရိန်းကျတတ်ပါတယ်။

(1)ရိန်းဘာလို့ကျရသလဲ။
(2)ရိန်းကျတာ ကို ဘယ်လို သိနိုင်သလဲ။
(3)ရိန်းကျရင် ဘာတွေ ဖြစ်နိုင်သလဲ။
(4)ရိန်းကျ ခြင်းနဲ့ စပ်ဆက် ပြသနာတွေက ဘာတွေလဲ။

(1) ရိန်း ကျတာအဓိက အကြောင်းအရင်းကတော့ အင်ဂျင်ဝိုင် ကြောင့် ကျပါတယ်။

အင်ဂျင် ဝိုင် မကောင်းတာ သုံးရင်
အင်ဂျင်ဝိုင် လဲသင့်တဲ့အချိန် မလဲရင်
အင်ဂျင် ဝိုင် ယိုနေစိမ့်နေခြင်းကို မပြုပြင်မိလို့ ယိုစိမ့်ပြီး အင်ဂျင်ဝိုင် ဂိတ်မီ အောင် မရှိတော့ရင်

နောက်တစ်ချက်က-

ဂရုတစိုက် စီးနှင်းမောင်းနှင်ခြင်းမပြုတာကြောင့်ဖြစ်ရတာပါ။

နာရီအတော်ကြာ ​ပစ်ထားပြီး စတင်နှိုးတဲ့အချိန်
လီဗာဖြဲခြင်း။
နာရီအတော်ကြာ ရပ်နေချိန် ဆိုင်ကယ် အင်္ဂျင် အတွင်းပိုင်းဆီများစစ်နေတဲ့အတွက် ဆီမရှိတဲ့ မေရာတွေ အတော်များပါတယ်။
​ှေရှ့ ဘားပိုင်းလည်း ဆီမရှိသလို ရိန်းအတွင်းလည်း ဆီမရှိပါ။ စလစ်ကိုလည်း ဆီမရောက်သေးပါ။ အဲ့ဒီအချိန် သံသံချင်း တိုက်ရိုက် ပွတ်စားမှုကြောင့်
အချိန်မတိုင်ခင် ရိန်းရော စလစ်ပါ မြန်မြန်ကျစေပါတယ်။

စက်နိုးပြီးတာနဲ့ ဂီယာထည့် ထွက်ခြင်း ဟာလည်း
အလားတူပဲ ဆိုးရွားလွန်းပြီး ဆိုင်ကယ် သက်တမ်း တိုစေမှာပါ။

နာရီများစွာ မနားတမ်း ဆက်တိုက်မောင်းနှင်ခြင်း။

အင်ဂျင် အလွန်အမင်းပူလာတဲ့အခါ အင်ဂျင်ဝိုင်ရဲ့စွမ်းဆောင်ရည်ဟာ အကန့်အသတ် ကျော်လွန်လာမှာပါ။ ရေတိုင်ကီ ပါတဲ့ ဆိုင်ကယ်တွေမှာ ရေဆူ တဲ့အခါ နားပေးရသလိုပဲ မပါတဲ့ ဆိုင်ကယ်တွေမှာတော့ နာရီ များစွာ ဆက်တိုက် မမောင်းသင့်ပါ။
အခြေအနေ အရ နားနားပြီး မောင်းသင့်ပါတယ်။

နောက်တစ်ချက်ရှိပါသေးတယ်
ဆိုင်ကယ် အင်ဂျင်ဝိုင်ထဲရေပါခြင်း ရေဝင်ခြင်း
မနှိုးပဲ မစီးပဲ လပေါင်းများစွာ ပစ်ထားခြင်း

စတာတွေကလည်း ရိန်းကျစေနိုင်ပါတယ်။
ဆိုင်ကယ် အင်ဂျင်ထဲရေဝင်တာက ထားပါတော့။
မစီးဘဲ ပစ်ထားတာကြာရင် ဘာလို့ရိန်းကျရတာလဲ။

ပြောပြီးခဲ့ သလိုပါပဲ။
မစီးဘဲ လတွေ တော်တော်ကြာရင် ဆီမရှိတော့တဲ့ 
အစိတ်အပိုင်းတွေဟာ သံချေး တက် လာနိုင်ပါတယ်။
အထူးသဖြင့် စလစ်နဲ့ ရိန်းဟာ စိုထိုင်းမှုကြောင့် ဆီမရှိ​ေတာ့တဲ့ ​အတွက ်သံချေးတတ်ပါတယ်။
မစီးဘဲ အကြာကြီး ပစ်မထားသင့်ပါ။
တစ်ရက်တစ်ခါ နှိုးပေးသင့်ပါတယ်။
အချို့ဘီးတွေ ဆိုရင် နှိုးမရ တော့အထိ ရိန်းသေ 
ဘားဟာ ဖြစ်ကုန်ပါတယ်။
နှိုးရရင်လည်း မီးခိုးဖြူ လိုက်နေတတ်ပါတယ်။

အဲ့ဒါတွေ အားလုံးခြုံကြည့်ရင် အင်ဂျင်ဝိုင်ဟာ အသက်သွေးဖြစ်တာကို မြင်သာ ပါလိမ့်မယ်။
ကျနော် ရေးခဲ့ ပြောခဲ့ပြီးပါပြီ။
နောက် တစ်ချက် ရိန်းတတ်တာကတော့
သက်တမ်းကုန်လို့ပါ။
သူ့အရည်အသွေးရှိသလောက်ပဲ ခံနိုင် သုံးနိုင်မှာလေ။ ဘယ်လောက်ဂရုစိုက်ပါစေ။ အချိန် တစ်ခု ကြာရင်တော့ ရိန်း ကျကို ကျရမှာပါ။

ဂရုစိုက်တဲ့လူတွေ အတွက်တော့ ရိန်းပဲ ကျပြီး ရိန်းပဲ လဲလှယ်ရုံနဲ့ အားလုံးအဆင်ပြေတတ်ပါတယ်။
ဂရုမစိုက်ရင်တော့ စလစ် ဘိုးရိန်းပါ အစင်းထင် ပြီး
တွင် ပြန်သ သုံးရမှာမို့ ပိုကုန်ကျမှာပါ။

2။ရိန်းကျတာကို ဘယ်လိုသိနိုင်လဲဆိုတော့
မီးခိုးဖြူ ထွက်နေပြီဆိုရင် လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ (2t သုံးရတဲ့ 2 stroke ဆိုင်ကယ်တွေ ကိုတော့ မပြောလိုပါ)
ဒါပေမယ့် မီးခိုးဖြူလိုက်တာကလည်း ရိန်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။
စလစ်မကောင်းတော့တာ၊ ဘားဝိုက်စီး မလုံတာ၊
အင်ဂျင် ဝိုင် ဂိတ်ကျော်အောင် ထည့်တာ တွေကလည်း မီးခိုးဖြူ ထွက်တတ်ပါတယ်။

အချို့ ဘီး တွေမှာ သိသိသာသာ မမြင်ရတတ်ပါဘူး။ဆီဂိတ် မမီတော့တဲ့အခါမှာလည်း မီးခိုးပါးနေတတ်ပါတယ်။ မြင်သာတာကတော့ အိတ်ဇောမှာ အင်ဂျင်ဝိုင် မီးခိုးကြောင့် ဆီ စိုလာတတ်တာပါပဲ။

မီးခိုးမမြင်ရပေမယ့် အိတ်ဇောမှာ ဆီစိုလာပြီဆိုရင် သေချာပါတယ် ရိန်းကျနေတာ သိပါပြီ။

အချို့ဘီးတွေမှာ အဆွဲအရုန်းကောင်းပါလျှက်နဲ့ မီးခိုးလိုက်လာတာကတော့ Compression ringကောင်းနေသေးပြီး Oil ring ကျလို့ ဖြစ်ရတာပါ။
တစ်ခါ ရိန်းတွေက အကုန်ကောင်းနေပါလျှက် စလစ်မှာ အစင်းကြီးကြီးမားမား ထင်နေရင်လည်း ဆီစိမ့်ကျော်ပြီး မီးခိုးဖြူ လိုက်မှာပါ။

(3)ဟုတ်ပါပြီ။ ရိန်းကျရင် ဘာတွေဖြစ်နိုင်လဲ ဆိုတော့..

ရိန်းကြောင့်ဖြစ်ဖြစ်.ဘားကြောင့်ဖြစ်ဖြစ် မီးခိုးဖြူလိုက်ပြီဆိုရင် အင်ဂျင် ကျန်းမာရေးညံ့နေတာတော့ သေချာပါတယ်။
ပလပ် တွေကို ဒုက္ခ ပေးတော့မယ်။
ဘားတွေ ပစ္စတင် တွေ ချိုးကပ်တော့မယ်။
ဘားဟာမယ်။နိုးရတာ ခက်မယ်။ 
စလစ်မှာ အစင်းတွေ ထင်လာနိုင်ပြီး ဘိုးရိန်းခုတ် ရတတ်ပါတယ်။
 
မီးခိုးဖြူလိုက်နေတာဟာ အင်ဂျင်ဝိုင် တွေ မီးလောင် နေတာကြောင့်ဖြစ်ပြီး အင်ဂျင်ဝိုင် စားပါမယ်။
ခဏခဏ ဖြည့်နေရမယ်။
မဖြည့်မိတဲ့အခါ ခမ်းလာပြီး မီးခိုးလိုက်တာ ပျောက်သွားတတ်ပါတယ်။
အဲ့ဒီ အခိုက်မှာ အရှိန်ပြင်းမောင်းတာ နဲ့ ခရီးဝေးသွားမိတဲ့အခါ မှာ အင်ဂျင် ​ရှေ့ပိုင်း ဂျမ်း ဖြစ်ပါမယ်။
ဘားကောက် သွားပါမယ်။
အခြားအင်ဂျင် အတွင်းပိုင်း ကလီစာတွေကိုလည်း
အမှုံ့ ခြေပစ်ပါတော့မယ်။

(4)ရိန်းကျခြင်းကြောင့် စပ်ဆက်ပြီး ပြသနာတွေ တက်ပါတယ်။
ပလပ် ထိခိုက်လို့ ပလပ်လဲရတာ ၊ဆီ ခမ်းလို့ဖြည့်ရတာ ရှိပါမယ်။
ဘားတွေလည်း မြန်မြန်ကျစေ ဟာစေပါတယ်။
အင်ဂျင်ဝိုင် ခမ်းစေတဲ့ အတွက် အတွင်းပိုင်း ကလီစာတွေ အခြေအနေ မြန်မြန် ဆိုးစေပါတယ်။
နောက် ကလပ်ပြားတွေ လောင်စေပါတယ်။
အဆွဲအရုန်းကျပြီး ဓာတ် ဆီလည်း သောက်ပါလိမ့်မယ်။

ရိန်း(Ring) ကျရင် ဖြစ်တဲ့ ဝေဒနါတွေက များလွန်းတယ်။ ရိန်းမကျအောင် ဂရုစိုက်ဖို့လိုတယ်။
အင်ဂျင် ဝိုင် ပုံမှန်လဲပေးမှ ဖြစ်မယ်။
ဆီယိုစိမ့်မှု မရှိအောင်လည်း ဝိုက်စီးတွေကိုဂရုစိုက် လဲလှယ်သင့်တယ်။
နောက် အရေးကြီး တာကတော့
ဆိုင်ကယ် စနိုးနိုးခြင်း လီဗာ အလွန်အမင်းတင်ခြင်း
ဂီယာထည့် ချက်ခြင်း ထွက်ခြင်း ​ရှောင်ကျဥ်ရပါမယ်။ 
နှိုးပြီးတာနဲ့ တစ်မိနစ်လောက်တော့ အနည်းဆုံး ပုံမှန်လေး လည်ပတ်စေသင့်ပါတယ်။
အင်ဂျင်ဝိုင် အင်ဂျင် အနှံ့ရောက်လောက်တဲ့ အနေအထားမှ သာလျှင် စတင် မောင်းနှင်သင့်ပါတယ် ခင်ဗျာ။

(ေရးရရင် ပြောစရာတွေ အတော်များပါတယ်
ဖတ်တဲ့လူလည်း ငြီးငွေ့မှာ ပါ။ကျနော်လည်း တော်တော် ေညာင်းတာပါ။ ဒါလောက်ပါပဲဗျာ)

မူရင်း---ကိုဖြိုး (ဝါသနာရှင်)

Copy Crd.

<Zawgyi>
ဆိုင္ကယ္(ရိန္း)Ring ဘာေၾကာင့္က်သလဲ?

က်ေနာ္က ဝါသနာပါေတာ့ စပ္စပ္စုစုႏိုင္ပါတယ္။
စပ္စု တယ္ဆိုတာ သိခ်င္တာ မ်ားလို႔ပါ။
သိခ်င္တာေတြ မ်ားေတာ့ ေမးရျမန္းရတာေပါ႔။
အေမးရွိ ရင္ အေျဖလည္းရွိပါတယ္။
အေျဖ မွန္ေတြလည္း သိခဲ့ရသလို အေျဖမွားေတြနဲ႔လည္း အမ်ားႀကီး ႀကဳံပါတယ္။

စာဖတ္တယ္ဆိုတာ လက္ေတြ႕နဲ႔ေတာ့ မတူဘူးဗ်။
လက္ေတြ႕သမားရဲ႕ စကားဟာ စာတစ္အုပ္ေလာက္ အဖိုးတန္ပါတယ္။
စာဆိုတာကလည္း လက္ေတြ႕ကေနေပါက္ဖြားလာတာ မဟုတ္လား။

ဒါနဲ႔လိုရင္း မေရာက္ေတာ့ဘူးျဖစ္ေနမယ္။
အမ်ားအေခၚ ရိန္း။
သူ့အသံထြက္အမွန္က ရင္း(ring)လက္စြပ္ကြင္းလို 
ကြင္း ေလးေတြမို႔ ရင္းလို႔ေခၚတာပါ။

ဒီၾကားထဲ အခ်ိဳ႕ ဆရာေတြက "ဝရိမ္း" လို႔ ေခၚျပန္ေသးတယ္။ က်ေနာ္ စဥ္းစား မရဘူး။

အိုရိမ္း လို႔ ေခၚတာ ဆိုရင္ေတာ့ တစ္မ်ိဳးေပါ႔ေလ။

ရိန္းမွာ ႏွစ္မ်ိဳးရွိပါတယ္။
Compressionring လို႔ေခၚတဲ့ အေပၚဆုံးက top ring ႏွစ္ကြင္းနဲ႔
Oil ring လို႔ေခၚတဲ့ ဆီထိမ္းတဲ့ အတြန္႔ကြင္း တစ္ကြင္းနဲ႔ အပါးကြင္းႏွစ္ကြင္း ရွိပါတယ္။
တစ္ၿပိဳင္နက္ ရိန္းက် တတ္သလို တစ္မ်ိဳးစီလည္း ကြဲျပားၿပီး ရိန္းက်တတ္ပါတယ္။

(1)ရိန္းဘာလို႔က်ရသလဲ။
(2)ရိန္းက်တာ ကို ဘယ္လို သိႏိုင္သလဲ။
(3)ရိန္းက်ရင္ ဘာေတြ ျဖစ္ႏိုင္သလဲ။
(4)ရိန္းက် ျခင္းနဲ႔ စပ္ဆက္ ျပသနာေတြက ဘာေတြလဲ။

(1) ရိန္း က်တာအဓိက အေၾကာင္းအရင္းကေတာ့ အင္ဂ်င္ဝိုင္ ေၾကာင့္ က်ပါတယ္။

အင္ဂ်င္ ဝိုင္ မေကာင္းတာ သုံးရင္
အင္ဂ်င္ဝိုင္ လဲသင့္တဲ့အခ်ိန္ မလဲရင္
အင္ဂ်င္ ဝိုင္ ယိုေနစိမ့္ေနျခင္းကို မျပဳျပင္မိလို႔ ယိုစိမ့္ၿပီး အင္ဂ်င္ဝိုင္ ဂိတ္မီ ေအာင္ မရွိေတာ့ရင္

ေနာက္တစ္ခ်က္က-

ဂ႐ုတစိုက္ စီးႏွင္းေမာင္းႏွင္ျခင္းမျပဳတာေၾကာင့္ျဖစ္ရတာပါ။

နာရီအေတာ္ၾကာ ​ပစ္ထားၿပီး စတင္ႏႈိးတဲ့အခ်ိန္
လီဗာၿဖဲျခင္း။
နာရီအေတာ္ၾကာ ရပ္ေနခ်ိန္ ဆိုင္ကယ္ အဂၤ်င္ အတြင္းပိုင္းဆီမ်ားစစ္ေနတဲ့အတြက္ ဆီမရွိတဲ့ ေမရာေတြ အေတာ္မ်ားပါတယ္။
ေ​ွရွ႔ ဘားပိုင္းလည္း ဆီမရွိသလို ရိန္းအတြင္းလည္း ဆီမရွိပါ။ စလစ္ကိုလည္း ဆီမေရာက္ေသးပါ။ အဲ့ဒီအခ်ိန္ သံသံခ်င္း တိုက္႐ိုက္ ပြတ္စားမႈေၾကာင့္
အခ်ိန္မတိုင္ခင္ ရိန္းေရာ စလစ္ပါ ျမန္ျမန္က်ေစပါတယ္။

စက္ႏိုးၿပီးတာနဲ႔ ဂီယာထည့္ ထြက္ျခင္း ဟာလည္း
အလားတူပဲ ဆိုးရြားလြန္းၿပီး ဆိုင္ကယ္ သက္တမ္း တိုေစမွာပါ။

နာရီမ်ားစြာ မနားတမ္း ဆက္တိုက္ေမာင္းႏွင္ျခင္း။

အင္ဂ်င္ အလြန္အမင္းပူလာတဲ့အခါ အင္ဂ်င္ဝိုင္ရဲ႕စြမ္းေဆာင္ရည္ဟာ အကန္႔အသတ္ ေက်ာ္လြန္လာမွာပါ။ ေရတိုင္ကီ ပါတဲ့ ဆိုင္ကယ္ေတြမွာ ေရဆူ တဲ့အခါ နားေပးရသလိုပဲ မပါတဲ့ ဆိုင္ကယ္ေတြမွာေတာ့ နာရီ မ်ားစြာ ဆက္တိုက္ မေမာင္းသင့္ပါ။
အေျခအေန အရ နားနားၿပီး ေမာင္းသင့္ပါတယ္။

ေနာက္တစ္ခ်က္ရွိပါေသးတယ္
ဆိုင္ကယ္ အင္ဂ်င္ဝိုင္ထဲေရပါျခင္း ေရဝင္ျခင္း
မႏႈိးပဲ မစီးပဲ လေပါင္းမ်ားစြာ ပစ္ထားျခင္း

စတာေတြကလည္း ရိန္းက်ေစႏိုင္ပါတယ္။
ဆိုင္ကယ္ အင္ဂ်င္ထဲေရဝင္တာက ထားပါေတာ့။
မစီးဘဲ ပစ္ထားတာၾကာရင္ ဘာလို႔ရိန္းက်ရတာလဲ။

ေျပာၿပီးခဲ့ သလိုပါပဲ။
မစီးဘဲ လေတြ ေတာ္ေတာ္ၾကာရင္ ဆီမရွိေတာ့တဲ့ 
အစိတ္အပိုင္းေတြဟာ သံေခ်း တက္ လာႏိုင္ပါတယ္။
အထူးသျဖင့္ စလစ္နဲ႔ ရိန္းဟာ စိုထိုင္းမႈေၾကာင့္ ဆီမေရွိ​တာ့တဲ့ ​အတြက ်သံေခ်းတတ္ပါတယ္။
မစီးဘဲ အၾကာႀကီး ပစ္မထားသင့္ပါ။
တစ္ရက္တစ္ခါ ႏႈိးေပးသင့္ပါတယ္။
အခ်ိဳ႕ဘီးေတြ ဆိုရင္ ႏႈိးမရ ေတာ့အထိ ရိန္းေသ 
ဘားဟာ ျဖစ္ကုန္ပါတယ္။
ႏႈိးရရင္လည္း မီးခိုးျဖဴ လိုက္ေနတတ္ပါတယ္။

အဲ့ဒါေတြ အားလုံးၿခဳံၾကည့္ရင္ အင္ဂ်င္ဝိုင္ဟာ အသက္ေသြးျဖစ္တာကို ျမင္သာ ပါလိမ့္မယ္။
က်ေနာ္ ေရးခဲ့ ေျပာခဲ့ၿပီးပါၿပီ။
ေနာက္ တစ္ခ်က္ ရိန္းတတ္တာကေတာ့
သက္တမ္းကုန္လို႔ပါ။
သူ့အရည္အေသြးရွိသေလာက္ပဲ ခံႏိုင္ သုံးႏိုင္မွာေလ။ ဘယ္ေလာက္ဂ႐ုစိုက္ပါေစ။ အခ်ိန္ တစ္ခု ၾကာရင္ေတာ့ ရိန္း က်ကို က်ရမွာပါ။

ဂ႐ုစိုက္တဲ့လူေတြ အတြက္ေတာ့ ရိန္းပဲ က်ၿပီး ရိန္းပဲ လဲလွယ္႐ုံနဲ႔ အားလုံးအဆင္ေျပတတ္ပါတယ္။
ဂ႐ုမစိုက္ရင္ေတာ့ စလစ္ ဘိုးရိန္းပါ အစင္းထင္ ၿပီး
တြင္ ျပန္သ သုံးရမွာမို႔ ပိုကုန္က်မွာပါ။

2။ရိန္းက်တာကို ဘယ္လိုသိႏိုင္လဲဆိုေတာ့
မီးခိုးျဖဴ ထြက္ေနၿပီဆိုရင္ လို႔ အၾကမ္းဖ်င္း ေျပာလို႔ရပါတယ္။ (2t သုံးရတဲ့ 2 stroke ဆိုင္ကယ္ေတြ ကိုေတာ့ မေျပာလိုပါ)
ဒါေပမယ့္ မီးခိုးျဖဴလိုက္တာကလည္း ရိန္းတစ္ခုတည္းေၾကာင့္မဟုတ္ပါဘူး။
စလစ္မေကာင္းေတာ့တာ၊ ဘားဝိုက္စီး မလုံတာ၊
အင္ဂ်င္ ဝိုင္ ဂိတ္ေက်ာ္ေအာင္ ထည့္တာ ေတြကလည္း မီးခိုးျဖဴ ထြက္တတ္ပါတယ္။

အခ်ိဳ႕ ဘီး ေတြမွာ သိသိသာသာ မျမင္ရတတ္ပါဘူး။ဆီဂိတ္ မမီေတာ့တဲ့အခါမွာလည္း မီးခိုးပါးေနတတ္ပါတယ္။ ျမင္သာတာကေတာ့ အိတ္ေဇာမွာ အင္ဂ်င္ဝိုင္ မီးခိုးေၾကာင့္ ဆီ စိုလာတတ္တာပါပဲ။

မီးခိုးမျမင္ရေပမယ့္ အိတ္ေဇာမွာ ဆီစိုလာၿပီဆိုရင္ ေသခ်ာပါတယ္ ရိန္းက်ေနတာ သိပါၿပီ။

အခ်ိဳ႕ဘီးေတြမွာ အဆြဲအ႐ုန္းေကာင္းပါလွ်က္နဲ႔ မီးခိုးလိုက္လာတာကေတာ့ Compression ringေကာင္းေနေသးၿပီး Oil ring က်လို႔ ျဖစ္ရတာပါ။
တစ္ခါ ရိန္းေတြက အကုန္ေကာင္းေနပါလွ်က္ စလစ္မွာ အစင္းႀကီးႀကီးမားမား ထင္ေနရင္လည္း ဆီစိမ့္ေက်ာ္ၿပီး မီးခိုးျဖဴ လိုက္မွာပါ။

(3)ဟုတ္ပါၿပီ။ ရိန္းက်ရင္ ဘာေတြျဖစ္ႏိုင္လဲ ဆိုေတာ့..

ရိန္းေၾကာင့္ျဖစ္ျဖစ္.ဘားေၾကာင့္ျဖစ္ျဖစ္ မီးခိုးျဖဴလိုက္ၿပီဆိုရင္ အင္ဂ်င္ က်န္းမာေရးညံ့ေနတာေတာ့ ေသခ်ာပါတယ္။
ပလပ္ ေတြကို ဒုကၡ ေပးေတာ့မယ္။
ဘားေတြ ပစၥတင္ ေတြ ခ်ိဳးကပ္ေတာ့မယ္။
ဘားဟာမယ္။ႏိုးရတာ ခက္မယ္။ 
စလစ္မွာ အစင္းေတြ ထင္လာႏိုင္ၿပီး ဘိုးရိန္းခုတ္ ရတတ္ပါတယ္။
 
မီးခိုးျဖဴလိုက္ေနတာဟာ အင္ဂ်င္ဝိုင္ ေတြ မီးေလာင္ ေနတာေၾကာင့္ျဖစ္ၿပီး အင္ဂ်င္ဝိုင္ စားပါမယ္။
ခဏခဏ ျဖည့္ေနရမယ္။
မျဖည့္မိတဲ့အခါ ခမ္းလာၿပီး မီးခိုးလိုက္တာ ေပ်ာက္သြားတတ္ပါတယ္။
အဲ့ဒီ အခိုက္မွာ အရွိန္ျပင္းေမာင္းတာ နဲ႔ ခရီးေဝးသြားမိတဲ့အခါ မွာ အင္ဂ်င္ ​ေရွ႕ပိုင္း ဂ်မ္း ျဖစ္ပါမယ္။
ဘားေကာက္ သြားပါမယ္။
အျခားအင္ဂ်င္ အတြင္းပိုင္း ကလီစာေတြကိုလည္း
အမႈံ႕ ေျခပစ္ပါေတာ့မယ္။

(4)ရိန္းက်ျခင္းေၾကာင့္ စပ္ဆက္ၿပီး ျပသနာေတြ တက္ပါတယ္။
ပလပ္ ထိခိုက္လို႔ ပလပ္လဲရတာ ၊ဆီ ခမ္းလို႔ျဖည့္ရတာ ရွိပါမယ္။
ဘားေတြလည္း ျမန္ျမန္က်ေစ ဟာေစပါတယ္။
အင္ဂ်င္ဝိုင္ ခမ္းေစတဲ့ အတြက္ အတြင္းပိုင္း ကလီစာေတြ အေျခအေန ျမန္ျမန္ ဆိုးေစပါတယ္။
ေနာက္ ကလပ္ျပားေတြ ေလာင္ေစပါတယ္။
အဆြဲအ႐ုန္းက်ၿပီး ဓာတ္ ဆီလည္း ေသာက္ပါလိမ့္မယ္။

ရိန္း(Ring) က်ရင္ ျဖစ္တဲ့ ေဝဒနါေတြက မ်ားလြန္းတယ္။ ရိန္းမက်ေအာင္ ဂ႐ုစိုက္ဖို႔လိုတယ္။
အင္ဂ်င္ ဝိုင္ ပုံမွန္လဲေပးမွ ျဖစ္မယ္။
ဆီယိုစိမ့္မႈ မရွိေအာင္လည္း ဝိုက္စီးေတြကိုဂ႐ုစိုက္ လဲလွယ္သင့္တယ္။
ေနာက္ အေရးႀကီး တာကေတာ့
ဆိုင္ကယ္ စႏိုးႏိုးျခင္း လီဗာ အလြန္အမင္းတင္ျခင္း
ဂီယာထည့္ ခ်က္ျခင္း ထြက္ျခင္း ​ေရွာင္က်ဥ္ရပါမယ္။ 
ႏႈိးၿပီးတာနဲ႔ တစ္မိနစ္ေလာက္ေတာ့ အနည္းဆုံး ပုံမွန္ေလး လည္ပတ္ေစသင့္ပါတယ္။
အင္ဂ်င္ဝိုင္ အင္ဂ်င္ အႏွံ႔ေရာက္ေလာက္တဲ့ အေနအထားမွ သာလွ်င္ စတင္ ေမာင္းႏွင္သင့္ပါတယ္ ခင္ဗ်ာ။

(ေရးရရင္ ေျပာစရာေတြ အေတာ္မ်ားပါတယ္
ဖတ္တဲ့လူလည္း ၿငီးေငြ႕မွာ ပါ။က်ေနာ္လည္း ေတာ္ေတာ္ ေညာင္းတာပါ။ ဒါေလာက္ပါပဲဗ်ာ)

မူရင္း---ကိုၿဖိဳး (ဝါသနာရွင္)

Copy Crd.