<Unicode>
**User များအတွက်**
အဆုံးထိ သေချာလေးဖတ်ပေးကြပါ
အများဆုံး ကြုံရတယ် ပြဿနာက ဘာလဲဆိုရင် ဘီး အသစ်ကိုဝယ်စီးလိုက်တယ်
မီးခိုးလိုက်တယ် ဝရိမ်းကျတယ် အသစ်မှာ ပထမဆုံးအကြိမ်မှာ ညင်ညင်သာသာစီးထားတဲ့ဘီးဆိုရင်ခိုလို့ရတာအများကြီးရှိတယ်
မီးခိုးတင်လိုက်တယ် ကျန်တာတွေကောင်းနေတော့ ပစ္စတင်ဝရိမ်းလေးလဲတာနဲ့တင် အဆင်ပြေတယ် စက်သံကအစ ငြိမ်တာပေါ့
ဒါကို Userတွေက အသေမှတ်ကြတယ် မီးခိုးလိုက်တိုင်း ပစ္စတင် ဝရိမ်းပဲ လဲပေးဖို့ပြောကြပါတယ်။
ဒီနေရာမှာ ပြောချင်တာက ဝရိမ်းလဲရတဲ့အခြေအနေရှိသလို လဲမရတဲ့ အခြေအနေရှိပါတယ်။
အရင်ဆုံး စလစ်ကိုစပြီးစစ်လို့ ဝရိမ်းအသစ်နဲ့အရမ်းဟနေရင် ပစ္စတင်ချောင်နေရင် အဆင်မပြေပါဘူး အသစ်လဲလည်း အိုးခပ်သံထွက်နိုင်သလို မီးခိုးလဲ မပျောက်နိုင်ဘူး
ဟတ်ခြမ်းဆို ဂိုက် ဘားတွေမကောင်းရင် စနိုးမရတာတွေဖြစ်မယ် အသံတွေဆူမယ် အမ်းမောင်းနဲ့ကမ်းမရှပ်တွေကောင်းရမယ်။
တိုင်ပင်ချိန်းတွေမကောင်းရင် အသံထွက်မယ် တိုင်ပင်ကျော်တာတွေဖြစ်နိုင်တယ် နောက်ဆက်တွဲပစ်ချက်တွေများတယ်
ကလပ်ပြားတွေမကောင်းရင် ကစ်ချော်မယ် ရုန်းအားလျော့မယ် လိုအပ်တာထက် စက်ကပိုရုန်းနေရတော့ အပတ်ရည်များပြီး အင်္ဂျင်ပူတယ် နာတယ်။
အလယ်ခြမ်းဆို ကရိုင်းတွေရှိတယ် မကောင်းရင် အသံမြည်မယ် အရမ်းဆိုးနေရင်ညပ်ပြီးမိန်းဖမ်းမယ် အင်္ဂျင်ဝိုင်ပန့်တွေစစ်ရမယ်။
စသည်ဖြင့်ရေးရမည်ဆိုအများကြီးပါ ပထမတစ်ခါမှာ ဒါတွေကောင်းလို့ ပစ္စတင် ဝရိမ်းလဲလို့ရပေမယ့် နောက်တစ်ခါမှာ မကောင်းနိုင်ပါဘူး
ဘီးပြင်တဲ့အခါ ကောင်းကောင်းပြင်ဖို့လိုပါတယ် ဒါမှစိတ်အေးအေးစီးရမှာပါ။
-Khant Hmhwe Swe
<Zawgyi>
**User မ်ားအတြက္**
အဆုံးထိ ေသခ်ာေလးဖတ္ေပးၾကပါ
အမ်ားဆုံး ႀကဳံရတယ္ ျပႆနာက ဘာလဲဆိုရင္ ဘီး အသစ္ကိုဝယ္စီးလိုက္တယ္
မီးခိုးလိုက္တယ္ ဝရိမ္းက်တယ္ အသစ္မွာ ပထမဆုံးအႀကိမ္မွာ ညင္ညင္သာသာစီးထားတဲ့ဘီးဆိုရင္ခိုလို႔ရတာအမ်ားႀကီးရွိတယ္
မီးခိုးတင္လိုက္တယ္ က်န္တာေတြေကာင္းေနေတာ့ ပစၥတင္ဝရိမ္းေလးလဲတာနဲ႔တင္ အဆင္ေျပတယ္ စက္သံကအစ ၿငိမ္တာေပါ႔
ဒါကို Userေတြက အေသမွတ္ၾကတယ္ မီးခိုးလိုက္တိုင္း ပစၥတင္ ဝရိမ္းပဲ လဲေပးဖို႔ေျပာၾကပါတယ္။
ဒီေနရာမွာ ေျပာခ်င္တာက ဝရိမ္းလဲရတဲ့အေျခအေနရွိသလို လဲမရတဲ့ အေျခအေနရွိပါတယ္။
အရင္ဆုံး စလစ္ကိုစၿပီးစစ္လို႔ ဝရိမ္းအသစ္နဲ႔အရမ္းဟေနရင္ ပစၥတင္ေခ်ာင္ေနရင္ အဆင္မေျပပါဘူး အသစ္လဲလည္း အိုးခပ္သံထြက္ႏိုင္သလို မီးခိုးလဲ မေပ်ာက္ႏိုင္ဘူး
ဟတ္ျခမ္းဆို ဂိုက္ ဘားေတြမေကာင္းရင္ စႏိုးမရတာေတြျဖစ္မယ္ အသံေတြဆူမယ္ အမ္းေမာင္းနဲ႔ကမ္းမရွပ္ေတြေကာင္းရမယ္။
တိုင္ပင္ခ်ိန္းေတြမေကာင္းရင္ အသံထြက္မယ္ တိုင္ပင္ေက်ာ္တာေတြျဖစ္ႏိုင္တယ္ ေနာက္ဆက္တြဲပစ္ခ်က္ေတြမ်ားတယ္
ကလပ္ျပားေတြမေကာင္းရင္ ကစ္ေခ်ာ္မယ္ ႐ုန္းအားေလ်ာ့မယ္ လိုအပ္တာထက္ စက္ကပို႐ုန္းေနရေတာ့ အပတ္ရည္မ်ားၿပီး အဂၤ်င္ပူတယ္ နာတယ္။
အလယ္ျခမ္းဆို က႐ိုင္းေတြရွိတယ္ မေကာင္းရင္ အသံျမည္မယ္ အရမ္းဆိုးေနရင္ညပ္ၿပီးမိန္းဖမ္းမယ္ အဂၤ်င္ဝိုင္ပန္႔ေတြစစ္ရမယ္။
စသည္ျဖင့္ေရးရမည္ဆိုအမ်ားႀကီးပါ ပထမတစ္ခါမွာ ဒါေတြေကာင္းလို႔ ပစၥတင္ ဝရိမ္းလဲလို႔ရေပမယ့္ ေနာက္တစ္ခါမွာ မေကာင္းႏိုင္ပါဘူး
ဘီးျပင္တဲ့အခါ ေကာင္းေကာင္းျပင္ဖို႔လိုပါတယ္ ဒါမွစိတ္ေအးေအးစီးရမွာပါ။
-Khant Hmhwe Swe