<Unicode>
COPY & Cred ပါ
........
...........
......,.....
ပညာတွေ ရကြစေဖို့
Copy...Cred..
YAMAHA DT 125 R,DT 200,DT 230 Lanza
တို့၏ Y.P.V.S (Yamaha Power Valve System) ချိန်နည်း
အပိုင်း (၂) မှာပြောခဲ့သလိုပဲ 2 stroke small engine တွေမှာ
Power Valve က အရေးကြီးပါတယ်...သူက engine ကို
Low,Mid နဲ့ High RPM တွေကို ထိန်းချုပ်ရတာပါ...
သူ့ကိုမောင်းတဲ့ Servo motor ကလည်းအရေးကြီးပါတယ်...
ဒီကောင်ကပျက်သွားရင် second hand တောင် ၆သောင်း
၇ သောင်း လောက်ရှိပါတယ်...Servo motor အသစ်ဝယ်တပ်
လို့ပဲဖြစ်ဖြစ် မောင်းတာကြာသွားလို့ပဲဖြစ်ဖြစ် ခိုင်းတာကြာသွားရင်
PV က အနေအထားလွဲသွားနိုင်ပါတယ်...အဲ့ခါကြရင် High RPM မှာ
ဘီးကမဆွဲတော့တာ (အရပ်အခေါ်မပွင့်တော့တာ) ဖြစ်နိုင်ပါတယ်...
အဲ့ခါကြရင် PV ကို original setting ရအောင်ပြန်ချိန်ရပါတယ်...
Procedures တွေကတော့ အောက်ပါအတိုင်းပါပဲ...
.....ဘားဘူး PV cover ကို ဖွင့်လိုက်ပါ
.....ပြီးရင် သော့ဖွင့်လိုက်ပါ အဲ့မှာ PV က clockwise အတိုင်းလည်
သွားပြီး နဂိုနေရာကို ပြန်ပြီး Anti clockwise အတိုင်းပြန်လည်
သွားပါမယ် အဲ့ဒါ PV မှာ ကပ်နေတဲ့ ကာဗွန်ဂျိုးတွေကို self cleaning
လုပ်ပြီး ရှင်းထုတ်လိုက်တာပါ သော့ဖွင့်လိုက်တာနဲ့ အဲ့လို လည်ရ
ပါမယ်,အဲ့ဒါက PV က ပွင့်သွားပြီး ပြန်ပိတ်သွားတာပါ,အဲ့ဒါဆို
Servo motor ကောင်းပါတယ်
.....အဲ့လိုလည်သွားပြီး ပြန်ပိတ်ပြီး နဂိုနေရာရောက်ပြီးလုံးဝရပ်သွား
တဲ့နေရာကို သေချာကြည့်ပါ,ပုံမှာ အဝါရောင်ထိုးထားတဲ့ marker
အချောင်းလေးက အနောက်က အစိမ်းရောင်ပြထားတဲ့ အပေါက်
လေးနဲ့ တစ်ထပ်တည်းကျရပါမယ်
.....တစ်ထပ်တည်းတစ်တန်းတည်းမကျရင်တော့ PV setting လွဲနေပါပြီး
.....အဲ့ခါကျရင် သော့ပိတ်လိုက်ပါ
.....ပြီးရင် အနီပြထားတဲ့ lock nuts တွေကိုအရင်ဖြုတ်ပါ
လက်တစ်လုံးစာလောက် ဟ ရင် ရပါပြီး
.....ပြီးရင် အပြာရောင်ပြထားတဲ့ adjuster nuts တွေကို လှည့်ဖြုတ်ထားပါ
.....အဲ့မှာ marker အပေါက်လေး နှစ်ပေါက်လုံး တစ်ထပ်တည်းကျအောင်
Adjuster nut ကို လှည့်ပြီး ချိန်ပါ အဝါရောင်ပြထားတဲ့ plastic အချောင်း
လေးကို လက်ညိုးအားနဲ့ရွှေ့လည်းရပါတယ် မရရင် adjuster nut ကို
လှည့်ကြပ်ပြီး ချိန်ပါ plastic အချောင်းလေးက 2 ဘက် များနေရင်
1 ဘက်က adjuster nut ကိုကြပ်ပြီးချိန်ပါ 1 ဘက်များနေရင် 2 ဘက်က
ကြပ်ပေါ့
.....အပေါက်လေးတွေတစ်ထပ်တည်းကျသွားရင် သံချောင်းသေးသေး
လေးတစ်ချောင်းရှာပြီး အပေါက်ထဲထိုးထည့်ထားပါ
အနောက်က အပေါက်ထဲထိဝင်ပါစေ PV ကို ဘယ်ညာ မရွေ့နိုင်
အောင် lock လုပ်ထားတဲ့သဘောပေါ့
.....ပြီးရင် 1 နဲ့ 2 cable အရင်းက bolt တွေကိုကြည့်ပါ
ရှည်ပြီးကျန်ခဲ့တဲ့ကောင်ကို ကြပ်ပြီးလှည့်သွင်းပါ
.....1 နဲ့ 2 bolt နှစ်ချောင်းလုံး မဏာမ အတူတူ ဝင်နေပြီးဆိုရင်ရပြီး
.....ပြီးရင် adjuster nuts တွေကို ကြပ်ပါ
.....ပြီးရင် lock nuts ကြီး နှစ်ခုကိုကြပ်လိုက်ပါ
.....ပြီးရင် သံချောင်းလေးပြန်ဖြုတ်ပြီး သော့ဖွင့်ကြည့်ပါ
အဝါရောင်ပြထားတဲ့ plastic အချောင်းလေးက clockwise အတိုင်း
တစ်ချက်လည်ပြီး anti clockwise နောက်တစ်ချက်လည်ပြီး
ရပ်သွားပါမယ် အဲ့မှာ plastic အချောင်းက အပေါက်လေးက
အနောက် အိမ်ကအပေါက်လေးနဲ့ တစ်ထပ်တည်းကျနေရင်
ရပါပြီး
.....တစ်ကယ်လို့ တစ်ထပ်တည်းမကျသေးဘူးဆိုရင်
ပေါ်က အချက်တွေအတိုင်းပြန်ပြီး ချိန်ညှိပါ
ဆိုယ်ကယ်နဲ့လူနဲ့မိုင်ပေါင်းများစွာ ကွာဝေးနေတော့ စာနဲ့ပဲကြိုးစားပြီး
ရှင်းပြထားပါတယ်...ဆိုင်ကယ်ရှိနေရင်တော့ Video file လေးနဲ့ဆို
ပိုအဆင်ပြေတာပေါ့... :-)
.......................ဒီလောက်ပါပဲ နောက်များမှဆက်ကြတာပေါ့ဗျာ......................
....................အားလုံးပဲဆိုင်ကယ်ဗဟုသုတတွေနဲ့ပြည့်ဝကြပါစေ...................
..........................Sharing knowledge is developing mankind.........................
...........................................by Lawrence Peace........................................
<Zawgyi>
COPY & Cred ပါ
........
...........
......,.....
ပညာတွေ ရကြစေဖို့
Copy...Cred..
ကြပ်ပေါ့
ရပါပြီး
ပိုအဆင်ပြေတာပေါ့... :-)
...........................................by Lawrence Peace........................................