**2 stroke**
2 stroke စက်တွေအကြောင်းမေးကြတဲ့အခါ တချို့က မသုံးသင့်တဲ့စက်လား ကြောင်တဲ့စက်မျိုးလား ကြောင်တဲ့စက်မျိုးနဲ့တွေ့ဖူးတော့ အတွေးဝင်နေတာလဲဖြစ်မယ်ထင်ပါတယ်
2Stroke တွေလည်းကောင်းပါတယ်
ဖြစ်တတ်တဲ့ သဘောတရားတွေသိဖို့လိုပါတယ် အဲဒါဆို စိတ်ညစ်ရမှာမဟုတ်ပါဘူး
အားနည်းချက်က လူသုံးနည်းတယ် အဲတော့ အပိုပစ္စည်းရှားနိုင်တယ် ဝယ်မရတာမျိုးတော့မဟုတ်ပါဘူး အဝယ်နည်းလို့ဆိုင်တွေကသိပ်ပြီး မတင်ကြတာပါ
2 strokeတွေက 2Tထည့်မောင်းရတော့ 4 strokeတွေထက်တော့ပိုပြီး ညှော်နံ့ထွက်နိုင်ပါတယ်
စက်နဲ့အလှမ်းဝေးတဲ့သူမျိုးဆိုရင် 2Tရောဖို့မေ့တတ်ပါတယ်
ပြင်ဆင်တဲ့အပိုင်းမှာလွယ်လားဆိုရင် 4Strokeထက်တောင်ပိုပြီးလွယ်ပါသေးတယ်
အင်္ဂျင်ပိုင်းမှာဆိုရင် 2strokeဖြစ်တဲ့အတွက်
ဘားတွေမပါတော့ပါဘူး ဘားတွေမပါတော့တိုင်ပင်အတွက်ကြည့်စရာမလိုတော့ပါဘူး
အဲတော့ ပတ္တားကြိုး/ဖူးစတော့/ကမ်းမရှပ်/တိုက်ပစ်မောင်း/ဘားတွေမပါတော့ပါဘူး
ကရိုင်းကို စလစ်စွပ်ချလိုက်ရုံပါပဲ
အားသာချက်ကတော့ ဘာဂျိုးခံတာတွေ ပတ္တားကြိုးပြတ်တာတွေ ကမ်းမရှပ်လူးတာတွေမဖြစ်နိုင်တော့ဘူး
ပစ္စတင် ဝရိမ်းထည့်တဲ့နေရာမှာတော့4Stroke တွေလိုရမ်းထည့်လို့မရပါဘူး စနစ်တကျ လိုင်းအတိုင်းထည့်ရပါတယ်
စက်တစ်ခုလုံးကိုခြုံငုံပြီးကြည့်ရင်
မီးထွက်လိုင်းအတွက် သံလိုက်တုန်း ပလပ်ကွိုင် ပလပ် ဒါပဲပါတယ် ဆီလိုင်းက ဆီအိုးနဲ့ ကာပရိုက်တာပဲရှိတယ်
အင်္ဂျင်ပိုင်းမှာတော့ ကရိုင်းနဲ့ ပစ္စတင် ဝရိမ်းပါပဲ 2 Strokeတွေမှာအရေးကြီးတာကအဝိုင်းစီး တွေလေလုံဖို့လဲ လိုပါတယ်
4strokeတွေကမလုံရင် ဆီပဲယိုတာပါ 2strokeတွေကတော့မလုံလို့ကိုမရပါဘူး။
Khant Hmhwe Swe
<Zawgyi>
**2 stroke**
Khant Hmhwe Swe