<Unicode>
50cc ကြွက်ဘီးများတွင်ဖြစ်တတ်သော Metal Handle Switch နှင့် Ecu မိန်းဖြူးပြတ်ခြင်း Ecuလောင်ခြင်းပြသနာ
ပညာလေးပေးခြင်ပါတယ် ဝပ်ရှော့ညီအစ်ကိုများ ပညာရရှိစေရန် စေတနာအပြည့်ဖြင့်၏ပိုစ့်ကိုတင်ပြအပ်ပါသည်။တနေ့ကကျနော့ဆိုင်က်ို honda 50 cc ကြွက်တစ်စီးလာရောက်ပြီး ရှေ့မီး နောက်မီး အချက်ပြမီးများမရ၍ လာရောက်ပြင်ဆင်ပါတယ်။ဆိုင်ကယ်ဟာရောက်ရောက်ချင်း ရှေ့မီးဟာကြိုးစများဖြုတ်ထားတာတွေ့ရသလို နောက်အချက်ပြမီးတစ်လုံးလဲဖြုတ်လာပါတယ် ဝါယာတော့အနည်းငယ်လုပ်ထားဟန်ရှိတယ်ပေါ့ဗျာ သို့ပေမယ့် ဘယ်လိုဘဲဖြစ်ပါစေ အားကိုးတကြီးနဲ့ဆိုင်ကိုရောက်လာတယ် ဆိုင်ကတပည့်များကလဲ ရှေ့မီးမရလို့ဆိုတော့ ဆရာသင်ပေးထားတဲ့ပညာနဲ့ ပြစ်ချက်ရှာလိုက်တော့ground လွတ်တာရှာတွေ့သွားတယ် ဒီလိုနဲ့ပြင်ဆင်လိုက်တော့ ရှေ့မီးလင်းသွားတယ် နောက်တခုက နောက်အချက်ပြမလင်းလို့ နောက်အချက်ပြမီးသူတို့တပ်လိုက်တယ် ပြသနာကအဲ့မှာစတော့တာပါဘဲ နောက်အချက်ပြမီးလဲတပ်လိုက်ရော Ecuမိန်းဖြူး ပြတ်သွားတယ် ဖြူးအသစ်တပ်ပြန်တော့လဲမရဘူး ထပ်ခါထပ်ခါပြတ်ပြီး စက်နိုးမရတော့ဘူး ဒီအချိန်မှာ တပည့်လုပ်သူက ကျနော့ကိုဖုန်းဆက်တယ် ဆရာ 50cc ကြွက်တစ်စီး ရှေ့မီးမရလို့လုပ်လိုက်တာ ရှေ့မီးလဲလင်းသွားပြီဆရာတဲ့ သို့ပေမယ့် နောက်အချက်ပြမီးသီးတစ်လုံးတပ်လိုက်တာ ဖြူးခဏတိုင်းပြတ်ပြီး ယခုစက်ကိုမနိုးတော့ဘူးလို့ ကျနော့ဆီဆက်လာတယ် ကျနော်လဲသင်တန်းတစ်ဖက်နဲ့မို့ အလွယ်ပြောလိုက်တယ် တပည့်ကစ်နဲ့နိုးကြည့်လို့နိုးသေးလားစမ်းကြည့်ကွာ နိုးရင်ဆက်မလုပ်နဲ့ငါလာမှစစ်မယ်လို့ပြောလိုက်တယ် သူတို့လဲကစ်နဲ့နှိုးကြည့်လိုက်တော့နိုးတယ်ဆရာရေတဲ့ အေးဒါဆိုအဲ့အတိုင်းခဏထားလိုက် ငါသင်တန်းသင်ပြီးရင်လာခဲ့မယ်ဆိုပြီးပြောထားလိုက်တယ် သူတို့လဲအပြစ်အပြောခံရမှာကြောက်လို့ မျက်နာဇီးရွက်လောက်ကျန်တော့တယ် ဒီနေရာမှာပြောခြင်တာ
က သူများဆီကလာတဲ့ဆိုင်ကယ်တစ်စီးဝါယာရိန်းအပိုင်းနဲ့လာခဲ့ရင် အရင်ဆုံးစစ်ဆေးဖို့လိုပါမယ် ပထမအဆင့်သေခြာမေးရမယ် ပိုင်ရှင်ကို ဘယ်လိုဖြစ်တာလဲ ဘယ်လောက်ကြာပြီလဲ ဘယ်မှာဘာလုပ်ထားသေးသလဲ
စသဖြင့်ပေါ့ မေးပြီးသူ့အကြောင်းစုံလင်စွာသိမှစပြင်ရမယ် မမေးဘဲပြင်မိတာရယ် မစဥ်းစားဘဲလုပ်မိတာရယ်ကြောင့်အခန့်မသင့်ရင် မိမိအပေါ်အလျော်အစားကျလာနိုင်တယ်ဆရာတို့ရေ ဖြစ်စဥ်ကဒီလိုပါ 50ccလေးဆိုင်ကိုရောက်လာတော့ရှေမီးကအပေါင်းဝါယာစကိုဖြုတ်ထားတယ် နောက်ပြီးတော့ အချက်ပြဘူးမကောင်းဘူး ရေဝင်ပြီးသံချေးတွေတက် ဘူးကပူနေတာဘဲ ဒီမှာပြောခြင်တာက နံပတ်တစ် လာပြင်သောဘီးသည် ရိုးရိုးတရုတ်ဘီးမဟုတ်ပါ အစစအရာရာ ဂရုစိုက်ရမည် နံပတ်နစ် ဘာကြောင့်ရှေ့မီးပါဝါကြိုးကိုဖြုတ်ထားပြီးလာပါသလဲ နံပတ်သုံး အချက်ပြမီးသီးတစ်လုံးကို သူတို့ထည့်တတ်ရဲ့သားနဲ့ ဘာကြောင့်မထည့်သလဲ စတာတွေစဥ်းစားကြည့်ရင် ဒီကြွက်မှာပြသနာရှိကိုရှိရမယ်ဆိုတာ တထစ်ချတွက်ချက်နိုင်တယ် ကောင်းပြီကျနော်စပြင်ပြီလေ စဥ်းစားလိုက်တယ် ဘာကြောင့်ရှေ့မီးပါဝါကြိုးကိုဖြုတ်ထားသလဲ အဖြေကရှင်းပါတယ် အဲ့ဒီပါဝါကြိုးတပ်လိုက်တိုင်း Mainဖြူးပြတ်ပြတ်သွားလို့သူတို့မတပ်တာ နောက်အချက်ပြမီးတစ်လုံးဘာကြောင့်ဖြုတ်ထားသလဲ အဖြေကရှင်းပါတယ် နောက်အချက်ပြမီးရဲ့ ပါဝါကြိုးလဲအပ်မိနေလို့ပါ ဒါနဲ့ကျနောစဥ်းစားပြီးအဖြေရှာလိုက်တယ် တန်းတွေ့တယ်ကွက်တိပါဘဲ သတ္ထုလက်ကိုင်အုံအတွင်းမှ သော့ဖွင့်မီးရောက်ကြိုးအနက်ကြိုးဟာ လက်ကိုင်အုံနဲ့ညပ်ပြီးပေါက်နေတာတွေ့ရတယ် လက်ကိုင်ဟာသံဖြစ်တာရယ်လက်ကိုင်အုံဟာသတ္ထုဖြစ်တာရယ်ကြောင့် ကြိုးပေါက်ပြီးအပ်ကောင်းကောင်းမိသွားတာပေါ့ ဒါကြောင့်Main ဖြူးဟာဘယ်လိုမှတပ်ဆင်၍မရအောင်ကို ခဏတိုင်းပြတ်နေတာပါ အခန့်မသင့်ရင် မစဥ်းစားဘဲ ဖြူးကိုမပြတ်အောင် အကြီးကြီးတပ်မိရင် Ecu Gameမှာပါ။ဒီဖြစ်စဥ်ကိုကြည့်ခြင်းအားဖြင့် ပြစ်ချက်ဟာ လက်ကိုင်အုံအတွင်းမှာတည်ရှိနေတာကြောင့် လွယ်လွယ်ရှာမရဘဲ အရင်လူရွာလည်သွားတဲ့သဘောပါ။ကျနော်groundလွတ်အောင်ပြင်ဆင်ပေးလိုက်ပြီးတဲ့နောက် all ok ။ဒါကြောင့်ပြောခြင်တာက သူများဆီမှတဆင့်မိမိဆိုင်တော်မင်္ဂလာသို့ရောက်ရှိလာတဲ့ ဆိုင်ကယ်တွေကိုသေခြာစစ်ဆေးမေးမြန်းပြီးမှပြင်ဆင်ဖို့လိုအပ်ပါကြောင်းနှင့် သတ္ထုအုံလက်ကိုင်အတွင်းရှော့ကျခြင်း ကို စူးစမ်းလေ့လာအဖြေရှာလို့ ဝါယာရိန်းပညာများမျှဝေပေးလိုက်ပါသည်။အားလုံးသော ဘဝတူညီနောင်များ ပညာရရှိနိုင်ကြပါစေ ဆရာစွမ်းနိုင် စက်မှုအီလက်ထရောနစ် အင်/ယာ မကွေးတိုင်း ဆင်ဖြူကျွန်းမြို့ ။09777874379/0943010079/09961512076
<Zawgyi>
50cc ႂကြက္ဘီးမ်ားတြင္ျဖစ္တတ္ေသာ Metal Handle Switch ႏွင့္ Ecu မိန္းျဖဴးျပတ္ျခင္း Ecuေလာင္ျခင္းျပသနာ
ပညာေလးေပးျခင္ပါတယ္ ဝပ္ေရွာ့ညီအစ္ကိုမ်ား ပညာရရွိေစရန္ ေစတနာအျပည့္ျဖင့္၏ပိုစ့္ကိုတင္ျပအပ္ပါသည္။တေန႔ကက်ေနာ႔ဆိုင္က္ို honda 50 cc ႂကြက္တစ္စီးလာေရာက္ၿပီး ေရွ႕မီး ေနာက္မီး အခ်က္ျပမီးမ်ားမရ၍ လာေရာက္ျပင္ဆင္ပါတယ္။ဆိုင္ကယ္ဟာေရာက္ေရာက္ခ်င္း ေရွ႕မီးဟာႀကိဳးစမ်ားျဖဳတ္ထားတာေတြ႕ရသလို ေနာက္အခ်က္ျပမီးတစ္လုံးလဲျဖဳတ္လာပါတယ္ ဝါယာေတာ့အနည္းငယ္လုပ္ထားဟန္ရွိတယ္ေပါ႔ဗ်ာ သို႔ေပမယ့္ ဘယ္လိုဘဲျဖစ္ပါေစ အားကိုးတႀကီးနဲ႔ဆိုင္ကိုေရာက္လာတယ္ ဆိုင္ကတပည့္မ်ားကလဲ ေရွ႕မီးမရလို႔ဆိုေတာ့ ဆရာသင္ေပးထားတဲ့ပညာနဲ႔ ျပစ္ခ်က္ရွာလိုက္ေတာ့ground လြတ္တာရွာေတြ႕သြားတယ္ ဒီလိုနဲ႔ျပင္ဆင္လိုက္ေတာ့ ေရွ႕မီးလင္းသြားတယ္ ေနာက္တခုက ေနာက္အခ်က္ျပမလင္းလို႔ ေနာက္အခ်က္ျပမီးသူတို႔တပ္လိုက္တယ္ ျပသနာကအဲ့မွာစေတာ့တာပါဘဲ ေနာက္အခ်က္ျပမီးလဲတပ္လိုက္ေရာ Ecuမိန္းျဖဴး ျပတ္သြားတယ္ ျဖဴးအသစ္တပ္ျပန္ေတာ့လဲမရဘူး ထပ္ခါထပ္ခါျပတ္ၿပီး စက္ႏိုးမရေတာ့ဘူး ဒီအခ်ိန္မွာ တပည့္လုပ္သူက က်ေနာ႔ကိုဖုန္းဆက္တယ္ ဆရာ 50cc ႂကြက္တစ္စီး ေရွ႕မီးမရလို႔လုပ္လိုက္တာ ေရွ႕မီးလဲလင္းသြားၿပီဆရာတဲ့ သို႔ေပမယ့္ ေနာက္အခ်က္ျပမီးသီးတစ္လုံးတပ္လိုက္တာ ျဖဴးခဏတိုင္းျပတ္ၿပီး ယခုစက္ကိုမႏိုးေတာ့ဘူးလို႔ က်ေနာ႔ဆီဆက္လာတယ္ က်ေနာ္လဲသင္တန္းတစ္ဖက္နဲ႔မို႔ အလြယ္ေျပာလိုက္တယ္ တပည့္ကစ္နဲ႔ႏိုးၾကည့္လို႔ႏိုးေသးလားစမ္းၾကည့္ကြာ ႏိုးရင္ဆက္မလုပ္နဲ႔ငါလာမွစစ္မယ္လို႔ေျပာလိုက္တယ္ သူတို႔လဲကစ္နဲ႔ႏႈိးၾကည့္လိုက္ေတာ့ႏိုးတယ္ဆရာေရတဲ့ ေအးဒါဆိုအဲ့အတိုင္းခဏထားလိုက္ ငါသင္တန္းသင္ၿပီးရင္လာခဲ့မယ္ဆိုၿပီးေျပာထားလိုက္တယ္ သူတို႔လဲအျပစ္အေျပာခံရမွာေၾကာက္လို႔ မ်က္နာဇီးရြက္ေလာက္က်န္ေတာ့တယ္ ဒီေနရာမွာေျပာျခင္တာ
က သူမ်ားဆီကလာတဲ့ဆိုင္ကယ္တစ္စီးဝါယာရိန္းအပိုင္းနဲ႔လာခဲ့ရင္ အရင္ဆုံးစစ္ေဆးဖို႔လိုပါမယ္ ပထမအဆင့္ေသျခာေမးရမယ္ ပိုင္ရွင္ကို ဘယ္လိုျဖစ္တာလဲ ဘယ္ေလာက္ၾကာၿပီလဲ ဘယ္မွာဘာလုပ္ထားေသးသလဲ
စသျဖင့္ေပါ႔ ေမးၿပီးသူ့အေၾကာင္းစုံလင္စြာသိမွစျပင္ရမယ္ မေမးဘဲျပင္မိတာရယ္ မစဥ္းစားဘဲလုပ္မိတာရယ္ေၾကာင့္အခန္႔မသင့္ရင္ မိမိအေပၚအေလ်ာ္အစားက်လာႏိုင္တယ္ဆရာတို႔ေရ ျဖစ္စဥ္ကဒီလိုပါ 50ccေလးဆိုင္ကိုေရာက္လာေတာ့ေရွမီးကအေပါင္းဝါယာစကိုျဖဳတ္ထားတယ္ ေနာက္ၿပီးေတာ့ အခ်က္ျပဘူးမေကာင္းဘူး ေရဝင္ၿပီးသံေခ်းေတြတက္ ဘူးကပူေနတာဘဲ ဒီမွာေျပာျခင္တာက နံပတ္တစ္ လာျပင္ေသာဘီးသည္ ႐ိုး႐ိုးတ႐ုတ္ဘီးမဟုတ္ပါ အစစအရာရာ ဂ႐ုစိုက္ရမည္ နံပတ္နစ္ ဘာေၾကာင့္ေရွ႕မီးပါဝါႀကိဳးကိုျဖဳတ္ထားၿပီးလာပါသလဲ နံပတ္သုံး အခ်က္ျပမီးသီးတစ္လုံးကို သူတို႔ထည့္တတ္ရဲ႕သားနဲ႔ ဘာေၾကာင့္မထည့္သလဲ စတာေတြစဥ္းစားၾကည့္ရင္ ဒီႂကြက္မွာျပသနာရွိကိုရွိရမယ္ဆိုတာ တထစ္ခ်တြက္ခ်က္ႏိုင္တယ္ ေကာင္းၿပီက်ေနာ္စျပင္ၿပီေလ စဥ္းစားလိုက္တယ္ ဘာေၾကာင့္ေရွ႕မီးပါဝါႀကိဳးကိုျဖဳတ္ထားသလဲ အေျဖကရွင္းပါတယ္ အဲ့ဒီပါဝါႀကိဳးတပ္လိုက္တိုင္း Mainျဖဴးျပတ္ျပတ္သြားလို႔သူတို႔မတပ္တာ ေနာက္အခ်က္ျပမီးတစ္လုံးဘာေၾကာင့္ျဖဳတ္ထားသလဲ အေျဖကရွင္းပါတယ္ ေနာက္အခ်က္ျပမီးရဲ႕ ပါဝါႀကိဳးလဲအပ္မိေနလို႔ပါ ဒါနဲ႔က်ေနာစဥ္းစားၿပီးအေျဖရွာလိုက္တယ္ တန္းေတြ႕တယ္ကြက္တိပါဘဲ သတၳဳလက္ကိုင္အုံအတြင္းမွ ေသာ့ဖြင့္မီးေရာက္ႀကိဳးအနက္ႀကိဳးဟာ လက္ကိုင္အုံနဲ႔ညပ္ၿပီးေပါက္ေနတာေတြ႕ရတယ္ လက္ကိုင္ဟာသံျဖစ္တာရယ္လက္ကိုင္အုံဟာသတၳဳျဖစ္တာရယ္ေၾကာင့္ ႀကိဳးေပါက္ၿပီးအပ္ေကာင္းေကာင္းမိသြားတာေပါ႔ ဒါေၾကာင့္Main ျဖဴးဟာဘယ္လိုမွတပ္ဆင္၍မရေအာင္ကို ခဏတိုင္းျပတ္ေနတာပါ အခန္႔မသင့္ရင္ မစဥ္းစားဘဲ ျဖဴးကိုမျပတ္ေအာင္ အႀကီးႀကီးတပ္မိရင္ Ecu Gameမွာပါ။ဒီျဖစ္စဥ္ကိုၾကည့္ျခင္းအားျဖင့္ ျပစ္ခ်က္ဟာ လက္ကိုင္အုံအတြင္းမွာတည္ရွိေနတာေၾကာင့္ လြယ္လြယ္ရွာမရဘဲ အရင္လူရြာလည္သြားတဲ့သေဘာပါ။က်ေနာ္groundလြတ္ေအာင္ျပင္ဆင္ေပးလိုက္ၿပီးတဲ့ေနာက္ all ok ။ဒါေၾကာင့္ေျပာျခင္တာက သူမ်ားဆီမွတဆင့္မိမိဆိုင္ေတာ္မဂၤလာသို႔ေရာက္ရွိလာတဲ့ ဆိုင္ကယ္ေတြကိုေသျခာစစ္ေဆးေမးျမန္းၿပီးမွျပင္ဆင္ဖို႔လိုအပ္ပါေၾကာင္းႏွင့္ သတၳဳအုံလက္ကိုင္အတြင္းေရွာ့က်ျခင္း ကို စူးစမ္းေလ့လာအေျဖရွာလို႔ ဝါယာရိန္းပညာမ်ားမွ်ေဝေပးလိုက္ပါသည္။အားလုံးေသာ ဘဝတူညီေနာင္မ်ား ပညာရရွိႏိုင္ၾကပါေစ ဆရာစြမ္းႏိုင္ စက္မႈအီလက္ထေရာနစ္ အင္/ယာ မေကြးတိုင္း ဆင္ျဖဴကြၽန္းၿမိဳ႕ ။09777874379/0943010079/09961512076