(Air flow sensor)

<Unicode>
(Air flow sensor) လေစီးဝင်မူ့ပမာ ဏကို အာရုံခံပေးတယ် အဲယားကလင်ဒါနဲ့ မန်းနီဖိုး ကြားမှာ တတ်ဆင်ထားတယ် သရော်တယ်လေတခါးပွင့်တာနဲ့ အာရုံခံ ကိရိယာကိုပင့်တင်ပေးတယ် လေများလေ ပိုတင်လေဘဲ ဒီအခါမှာ ကွန်ပြူတာချိကို သတင်းပေးတယ် လေတွေတအားများနေပြီဗျာ လေအချိုးနဲ့ညီအောင် ဆီများများ ပေးနိုင်အောင် Injectors ကို ခိုင်းပါဦးဗျာ ကျုပ်ရေးတဲ့စာက ကြာနေသေး ဟိုက အပါတ်ရေ သန်းချီနေပြီ လည်ပတ် နေပြီ ကြာတယ် နောက်တစ်မျိုးထပ်ဆက်မယ် ကျုပ်လဲ သိသလောက်ဖီးရတာ ဆြာတွေလာမန့်ဦးမယ် Air mass sensor လေရဲ့ ထုထည် အနည်းအများကို အာရုံခံပေးတယ် ခုန အပိုင်းမှာလဲ သဘောတရားပါတယ် လေအဝင်လမ်းကြောင်းမှာ ပလက်တီနမ် ဝါယာ ထားထားတယ် အလွှာပါး ဖလင်တစ်မျိုးပေါ့ လေရဲ့ အပူအအေးကို တိုင်းတာပေးတယ် ထိန်းချုပ်ပေးတယ် (Throttle position sensor) သရော်တယ် အနေအထားကို အာရုံခံပေးတယ် လီဘာကြိုးလို သဘောမျိုးပေါ့ ဗျာ အာ့ကောင်က အာရုံခံတယ် ecu ကို အချက်အလက်ပေးပို့တယ် ဟိုမှာ အပေါ်ကလူက လီဘာ မဆွဲထားဘူးဗျ ခင်ဗျား လောင်စာတွေဖိထည့်ခိုင်းမနေနဲ့ ဟိုမှာ အင်ဂျင် အနှေးခိုင်းနေတာ ဘာညာ ဘာညာ ပေါ့ ဒါက အပျော်သဘောပေါ့ဗျာ စာဖတ်ရတာ ပျင်းနေမှာဆိုးလို့ဟ အဲ လာပြန်ပြီ နောက်တစ်မျိုး
(Oxygen sensor) ဒီကောင်ကျ နေရာ မကောင်းဘူးဗျ သူ့ကျအိပ်ဇော စနစ်မှာ တပ်ထားပေးတယ် သူ့တာဝန်က အပါးခိုတဲ့ အလုပ်သမားကို စောင့်ဖမ်းရတဲ့ ကင်းသမားလိုဘဲဗျ အင်ဂျင်ထဲရောက်တဲ့ လောင်စာတိုင်းအကုန် မလောင်ကျွမ်းနိုင်ကျဘူးဗျ အိပ်ဇောပိုကနေ လစ်လစ်ထွက်ကုန်တော့ ဒီကောင်က ecu ကို သတင်းပြန်ပို့တယ်ဗျ ချွန်တွန်းပေါ့ ခင်ဗျား လောင်စာ တွေအကုန်အလုပ်မလုပ်ဘူး အလေအလွင့်များနေပြီ ဘာညာ ဘညာ ပေါ့ဗျာ ဒီကောင်က ဖိုးတိကျ ဗျ သူက သတင်းပို့တော့ ecu က လောင်စာ ဖြန့်ဝေမူ့ အပိုင်းကို အမိန့်ပြန်ပေးရတာ ပေါ့ဗျာ ဟေ့ ဆီး ဘယ် အချိုး လေဘယ်အချိုးဘဲ လုပ်ကြဟေ့ ဘညာဘာညာ ပေါ့ဗျာ ကျုပ်ကလဲ မပြောရင်သာရှိမယ် ပြောပြီဆို လဲ ခင်ဗျားတို့ သောက်ညင်ကပ်လာလိမ့်မယ် နောက်တစ်မျိုး ထပ်လာပြန်ပြီ 
(Coolant temperature) ဆင်ဆာ ပေါ့ သူကျတော့ ရှင်းတယ် ရေရဲ့ အပူချိန်ကို ecu ကို သတင်ပို့ရတယ် ပူနေရင် လောင်စာ အပါးခိုလို့ ရပေမယ့် အေးနေရင် လောင်စာ ပိုဖြန်းပေးရတယ်ပေါ့ဗျာ ကာဗြူရေတာ စနစ်ထက် တိကျလာတယ် အလေအလွင့်မရှိဘူးဆိုပေမယ် ကာဗြူရေတာ ရဲ့ သဘောတရားကို အတုခိုးရတာဗျ ပုံစံကွာသွားမယ် ဒါဘဲ 
ကြာလို့ နောက်တစ်မျိုး မကြာမှီမျော် လက်ညောင်းတယ်ဗျ ခင်ဗျား တို့ မျက်လုံးတော့မသိဘူး စာကြည့်ရတာ ခေါင်းကိုက်လာပြီ အပိုင်းနဲ့ ခွဲတင်မယ်ဗျာ ဆြာတွေလဲဆက်မန့်လိမ့်ဦးမယ် ကျုပ်လေ့လာရသလောက်တော့ သိစေရပါမယ်ဗျာ ဆက်ရန်

<Zawgyi>
(Air flow sensor) ေလစီးဝင္မူ့ပမာ ဏကို အာ႐ုံခံေပးတယ္ အဲယားကလင္ဒါနဲ႔ မန္းနီဖိုး ၾကားမွာ တတ္ဆင္ထားတယ္ သေရာ္တယ္ေလတခါးပြင့္တာနဲ႔ အာ႐ုံခံ ကိရိယာကိုပင့္တင္ေပးတယ္ ေလမ်ားေလ ပိုတင္ေလဘဲ ဒီအခါမွာ ကြန္ျပဴတာခ်ိကို သတင္းေပးတယ္ ေလေတြတအားမ်ားေနၿပီဗ်ာ ေလအခ်ိဳးနဲ႔ညီေအာင္ ဆီမ်ားမ်ား ေပးႏိုင္ေအာင္ Injectors ကို ခိုင္းပါဦးဗ်ာ က်ဳပ္ေရးတဲ့စာက ၾကာေနေသး ဟိုက အပါတ္ေရ သန္းခ်ီေနၿပီ လည္ပတ္ ေနၿပီ ၾကာတယ္ ေနာက္တစ္မ်ိဳးထပ္ဆက္မယ္ က်ဳပ္လဲ သိသေလာက္ဖီးရတာ ၾဆာေတြလာမန္႔ဦးမယ္ Air mass sensor ေလရဲ႕ ထုထည္ အနည္းအမ်ားကို အာ႐ုံခံေပးတယ္ ခုန အပိုင္းမွာလဲ သေဘာတရားပါတယ္ ေလအဝင္လမ္းေၾကာင္းမွာ ပလက္တီနမ္ ဝါယာ ထားထားတယ္ အလႊာပါး ဖလင္တစ္မ်ိဳးေပါ႔ ေလရဲ႕ အပူအေအးကို တိုင္းတာေပးတယ္ ထိန္းခ်ဳပ္ေပးတယ္ (Throttle position sensor) သေရာ္တယ္ အေနအထားကို အာ႐ုံခံေပးတယ္ လီဘာႀကိဳးလို သေဘာမ်ိဳးေပါ႔ ဗ်ာ အာ့ေကာင္က အာ႐ုံခံတယ္ ecu ကို အခ်က္အလက္ေပးပို႔တယ္ ဟိုမွာ အေပၚကလူက လီဘာ မဆြဲထားဘူးဗ် ခင္ဗ်ား ေလာင္စာေတြဖိထည့္ခိုင္းမေနနဲ႔ ဟိုမွာ အင္ဂ်င္ အေႏွးခိုင္းေနတာ ဘာညာ ဘာညာ ေပါ႔ ဒါက အေပ်ာ္သေဘာေပါ႔ဗ်ာ စာဖတ္ရတာ ပ်င္းေနမွာဆိုးလို႔ဟ အဲ လာျပန္ၿပီ ေနာက္တစ္မ်ိဳး
(Oxygen sensor) ဒီေကာင္က် ေနရာ မေကာင္းဘူးဗ် သူ့က်အိပ္ေဇာ စနစ္မွာ တပ္ထားေပးတယ္ သူ့တာဝန္က အပါးခိုတဲ့ အလုပ္သမားကို ေစာင့္ဖမ္းရတဲ့ ကင္းသမားလိုဘဲဗ် အင္ဂ်င္ထဲေရာက္တဲ့ ေလာင္စာတိုင္းအကုန္ မေလာင္ကြၽမ္းႏိုင္က်ဘူးဗ် အိပ္ေဇာပိုကေန လစ္လစ္ထြက္ကုန္ေတာ့ ဒီေကာင္က ecu ကို သတင္းျပန္ပို႔တယ္ဗ် ခြၽန္တြန္းေပါ႔ ခင္ဗ်ား ေလာင္စာ ေတြအကုန္အလုပ္မလုပ္ဘူး အေလအလြင့္မ်ားေနၿပီ ဘာညာ ဘညာ ေပါ႔ဗ်ာ ဒီေကာင္က ဖိုးတိက် ဗ် သူက သတင္းပို႔ေတာ့ ecu က ေလာင္စာ ျဖန္႔ေဝမူ့ အပိုင္းကို အမိန္႔ျပန္ေပးရတာ ေပါ႔ဗ်ာ ေဟ့ ဆီး ဘယ္ အခ်ိဳး ေလဘယ္အခ်ိဳးဘဲ လုပ္ၾကေဟ့ ဘညာဘာညာ ေပါ႔ဗ်ာ က်ဳပ္ကလဲ မေျပာရင္သာရွိမယ္ ေျပာၿပီဆို လဲ ခင္ဗ်ားတို႔ ေသာက္ညင္ကပ္လာလိမ့္မယ္ ေနာက္တစ္မ်ိဳး ထပ္လာျပန္ၿပီ 
(Coolant temperature) ဆင္ဆာ ေပါ႔ သူက်ေတာ့ ရွင္းတယ္ ေရရဲ႕ အပူခ်ိန္ကို ecu ကို သတင္ပို႔ရတယ္ ပူေနရင္ ေလာင္စာ အပါးခိုလို႔ ရေပမယ့္ ေအးေနရင္ ေလာင္စာ ပိုျဖန္းေပးရတယ္ေပါ႔ဗ်ာ ကာျဗဴေရတာ စနစ္ထက္ တိက်လာတယ္ အေလအလြင့္မရွိဘူးဆိုေပမယ္ ကာျဗဴေရတာ ရဲ႕ သေဘာတရားကို အတုခိုးရတာဗ် ပုံစံကြာသြားမယ္ ဒါဘဲ 
ၾကာလို႔ ေနာက္တစ္မ်ိဳး မၾကာမွီေမ်ာ္ လက္ေညာင္းတယ္ဗ် ခင္ဗ်ား တို႔ မ်က္လုံးေတာ့မသိဘူး စာၾကည့္ရတာ ေခါင္းကိုက္လာၿပီ အပိုင္းနဲ႔ ခြဲတင္မယ္ဗ်ာ ၾဆာေတြလဲဆက္မန္႔လိမ့္ဦးမယ္ က်ဳပ္ေလ့လာရသေလာက္ေတာ့ သိေစရပါမယ္ဗ်ာ ဆက္ရန္