<Unicode>
အိုဗာဖြစ်မှု့ကိုတွန်းအားပေးသော
၊🙎ကာဗရိုက်တာ ဆီယိုနေလို့ (အိုဗာပိုက်)ကဆီယိုနေလို့
🙎🧐အော်ဟုတ်ကဲ့ ကာဗရိုက်တာဆေး ဆီချိန်ရမယ်ဗျ
🙎ဟုဟု ဘယ်လောက်ကုန်မလဲ ဘယ်လောက်ကျမလဲ ဘယ်လောက်ကြာမလဲ
🙎🧐ဟု နာရီဝတ်လောက်ကြာမယ်ဗျ လက္ခ ၁၅၀၀ ကျမယ်ဗျ
🙎ဟုဟု လုပ်ပေးပါ
🙎🧐ဟုဟု ထိုင်ပါအုံး&$-$@_#@$$@__##_#@_-(&$#@@@#$###_#@@၃၄#
ပီးပီဗျ အဆင်ပြေသွားပါပီ
🙎ဟုအကိုကျေးဇူးပါ ရော့ဗျ လက္ခ
🙎🧐ဟုဟု နောက်လိုအပ်လည်းလာခဲ့နော်
🙎ဟုတ်ကဲ့ဗျ
၊⏲️နာရီဝတ်ခန့်ကြာသော်/မိနစ်အနဲငယ်ကြာသော်/တစ်ရက်ကြာသော်
၊🙎😠 လုပ်ပါအုံး မနေ့က/ခုနကလွန်ခဲ့တဲ့အချိန်က ဆီယိုလို့ လုပ်သွားတာ ဆီက အရင်အတိုင်းပဲ ပြန်ယိုနေလို့
အထက်ပါပုံစံမျိုးလေးတွေကြုံဖူးကြမှာပါ
လိုရင်းက အိုဗာ ဆီယိုခြင်း မို့လို့ ဘာညာသာရကာ လေးတွေ ဘေးချိတ်ထားခဲ့လိုက်မယ်ဗျာ
ဂြိုလ်တု/ဖလုတ် လဲပေးလိုက်ယုံနဲ့ ဆီမလုံနိုင်ပါဘူး တစ်ချို့က ဖလုတ်ကို ပုံသေ ဆီအလယ်ပယ် တိုင်ပင်အတိုင်း ချိန်တိုင်းလဲ ပုံမမှန်ပါဘူး ကိုယ့်ဆီမှာ စိတ်တိုင်းကျ ပြုပြင်တုန်းကတော့ အကောင်း သေချာပီ စိတ်ချပီ ထင်မှ ကာဗာတွေ ပြန်တပ်ပီးမှ အိုဗာပြန်ဖြစ်တာမျိုးတို့ ပြင်ပီး နာရီဝတ်တစ်နာရီ နှစ်နာရီနေမှ အိုဗာပြန်ဖြစ်တာမျိုးတွေဟာ ပြုပြင်သူရော ကိုယ့်ရဲ့ ဖောက်သည်ပါ ကသိကအောက်ဖြစ်စေတတ်ပါတယ်
အဲ့ဒီတော့ ဆီယိုလို့ လာအပ်ပီဆိုရင် ကိုယ်ဘက်က စနစ်တစ်ကျ ဖြစ်အောင် သေချာစစ်ဆေးရပါမယ်
ဆီဂျီးခုလို့အိုဗာဖြစ်တာလား မဆေးတာကြာလို့ အိုဗာဖြစ်တာလား စသဖြင့်ပေါ့ အထက်ပါ အကြောင်းအရာများနဲ့ ပတ်သတ်လို့ အိုဗာချိန်ခြင်းဟာ လွယ်ကူပါတယ်
ဆီချိန်တဲ့ အခါမှာ ပိုမိုစိတ်ချချင်ရင် ကာဗရိုက်တာ ကို ပုံမှာပြထားတဲ့အတိုင်း စောင်းပီး ချိန်ကြည့်ပေးပါ အဲ့ဒီလိုချိန်လို့ အလယ်ပယ်ထက် ပိုများလာတယ်ဆိုရင် ဖလုတ်ရဲ့ ဖလုတ်အဖွင့်အပိတ်လေးကို ချိန်ညှိပေးပါ တစ်ခါ ဆီထပ်ချိန်ပါ ဆီအလယ်ပယ်ကျတယ် ခုနက လို စောင်းချိန်လို့ ဆီအလယ်ပယ်ထက် ပိုမလာခဲ့ရင် နောက်တစ်ခါ ပြန်လာရတဲ့အဖြစ်မျိုးမကြုံ ရတော့ပါဘူး
ပိုပီးသေချာသွားအောင် ကျနော်တို့ ဆိုင်ကယ်ပြင်တဲ့အခါ ဂွဒေါက် ထောက်ပါတယ် အဲ့လိုပဲ ကာဗရိုက်တာ ဆီချိန်ပီးရင် ဘေးထောက်နဲ့ တစ်ခါ ထောက်ပီး တပ်ပီး အချိန်ခဏတာ ယူပါ
သတိထားရမဲ့အဖြစ်လေးတွေပြောပြချင်တယ်ဗျ
ကာဗရိုက်တာ ကို အိုဗာ ဆီ ယိုနိုင်စေသော အရာက ဘေးထောက် ဖြစ်ပါတယ် ဟင် ဘေးထောက် ဘာမှလဲဆိုင်ဘူး ထင်ကောင်းထင်ကြပါလိမ့်မယ် မှားတယ် လို့ယူဆရင်လည်းယူဆကြပါလိမ့်မယ်
တကယ် တော့ ဆီအိုဗာပြန်ခြင်းမှာ
ရေပါလို့အိုဖြစ်ခြင်း
ဂျီးခု့လို အိုဗာပြန်ခြင်း
ဖလုတ် ဂြိုလ်တု(ဒုံးကျည်) မကောင်းလို့ အိုဗာပြန်ခြင်း
အခုကျနော်ပြောတဲ့ ဘေးထောက် လိုအပ်တာထက် ပိုမိုအစောင်းလွန်ခြင်းတို့ကြောင့် ဆီအိုဗာပြန်ခြင်းတို့ဖြစ်စေတတ်ပါတယ်
ခုနက ကာဗရိုက်တာ ဆီ အလယ်ပယ် ကျမကျ ချိန်ပီး တဖန် စောင်းချိန် ချိန်ခိုင်းတာဟာ ဘေးထောက်အနေထားအတိုင်း စောင်းချိန်နည်းပြထားတာပါ
ဆီအိုဗာဖြစ်စေခြင်းကိုတွန်းအားပေးသော မလုပ်သင့်သော အမှားများ
တစ်ချို့ လူတွေဟာ ဆိုင်ကယ်ကို ဘေးဒေါက်ထောက်ပီး ဆိုင်ကယ်ကို လိုရာ လှည့်ကြပါတယ် ကုတ်ဖန်များတော့ အနာဖြစ်သလို လုပ်ဖန်များတော့ ဘေးထောက်ဟာ ညွှတ်ကျရင်း အစမှာမသိသာပေမဲ့ ရေရှည် ထိုသို့ပြုလုပ်ခြင်းဖြင့် ပျက်စီးထိခိုက်စေနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာမှာ မလွဲမသေပါပဲဗျာ
ဆိုတော့
ကာဗရိုက်တာဆီချိန်တဲ့အခါမှာ
အသစ်လဲတဲ့အခါမှာ
ဘေးဒေါက်အနေအထားကိုလည်း သတိပြုမိဖို့လိုအပ်ပါတယ်လို့
လုပ်သက်က စကားပြောခဲ့သော နည်းပညာလေးကို မျှဝေပေးလိုက်ပါသည်ဗျ
လိုအပ်တာများရှိခဲ့ရင်ကိုယ်ဘာသာဖြည့်စွတ်ပီး တွေးကြပါလို့ ပန်ကြားရင်း ဒီနေရာမှာပဲ ဒီစာစုလေးကို နိဂျုန်းခုတ် လိုက်ပါသည်ဗျား။
<Zawgyi>
🙎ဟုဟု လုပ်ပေးပါ
🙎🧐ဟုဟု ထိုင်ပါအုံး&$-$@_#@$$@__##_#@_-(&$#@@@#$###_#@@၃၄#
🙎ဟုတ်ကဲ့ဗျ
ဆိုတော့
အသစ်လဲတဲ့အခါမှာ