<Unicode>
အင်ဂျင်ကိုင်ရာတွင် လဲလှယ်ရမည့်အစိတ်အပိုင်းများ
-----------------------------------
အင်ဂျင်တစ်လုံး ကိုင်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်သော လဲလှယ်ရမည့်အရာများကို ကျွန်တော်လေ့လာသိရှိထားသလောက် မျှဝေပေးထားပါတယ်။
၁။ Piston (ပစ္စတင်)
ပစ္စတင်က တစ်ချို့အင်ဂျင်တွေဆိုရင် ပြန်သုံးလို့ရတဲ့အနေအထားရှိပါတယ်။ အင်ဂျင်ပျက်စီးထားတဲ့ အပေါ်မူတည်ပြီးတော့ သုံးလို့ရမရ သေချစစ်ဆေး ကြည့်ရပါမယ်။ သုံးလို့ရတယ်ဆို ပြန်သုံးပြီး သုံးမရတော့ရင် အသစ်လဲလှယ်ပေးရပါမယ်။
၂။ Piston Ring (ပစ္စတင်ရိန်း)
ပစ္စတင်ရဲ့ရိန်းကွင်းတွေကတော့ ပြန်သုံးလို့ရတဲ့ထုံးစံမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူက အင်ဂျင်အလုပ်လုပ်တိုင်းမှာ အမြဲတမ်းပွတ်စားခံနေရလို့ပါ။ အင်ဂျင်ချတဲ့အခါတိုင်းမှာ မဖြစ်မနေလဲလှယ်ရပါမယ်။
၃။ Crankshaft Bearing (ကရိုင်းရှပ်ဘယ်ရင်)
အင်ဂျင်အလုပ်လုပ်တိုင်းမှာ ကရိုင်းရှပ်ကို ပွတ်စားမသွားအောင် ကရိုင်းရှပ်ရဲ့ Journal တွေထဲမှာ နူးညံ့ပြီးအပူဒဏ်ခံနိုင်မယ့် ဘယ်ရင်ချမ်းလေးတွေ ခံပြီးတပ်ဆင်ထားရပါတယ်။ အဲ့ဒီဘယ်ရင်ချမ်းလေးတွေက အင်ဂျင်သက်တမ်း ကြာလာသော်လည်းကောင်း အင်ဂျင်ဝိုင်နဲ့ အဲယားကလင်နာ တို့ရဲ့အားနည်းချက်ကြောင့်သော်လည်းကောင်း ပွန်းစားမှုတွေရှိလာပါတယ်။ အင်ဂျင်ချတဲ့အခါ များသောအားဖြင့်တော့ လဲလှယ်ရပါတယ်။
၄။ Crankshaft (ကရိုင်းရှပ်)
အင်ဂျင်ကိုလည်ပတ်စေတဲ့နေရာမှာ ကရိုင်းရှပ်ဟာ အဓိကနေရာမှာ ပါဝင်ပါတယ်။ သူလည်း အင်ဂျင်ရဲ့သက်းတမ်းကြောင့်သော်လည်းကောင်း အင်ဂျင်ဝိုင်နဲ့ အဲယားကလင်နာတို့ကြောင့်သော်လည်း ကောင်း အသုံးပြုတဲ့အပေါ်မူတည်ပြီး ပွန်းစားမှုတွေရှိလာပါတယ်။ အင်ဂျင်ပြန်ကိုင်မယ်ဆိုရင်တော့ များသောအားဖြင့် ဆိုဒ်ချပြီး သသုံးရလေ့ရှိပါတယ်။
၅။ Cylinder Sleeves (စလစ်)
စလစ်လို့ခေါ်တဲ့ စလစ်နံရံတွေ ပွန်းစားမှုဖြစ်နေပြီဆိုရင်လည်း အသစ်လဲလှယ်ပေးရပါမယ်။ Service ဆိုင်တွေမှာ ဘိုးရိမ်းလုပ်တာတို့ စလစ်ထိုးတာတို့ စသဖြင့် ပြန်လည်ပြုပြင်ရပါမယ်။
၆။ Gudgeon Pin Bush (ဂိုင်ဂျီပင်ဘွပ်ရှ်)
ဂိုင်ဂျီပင်လို့ ခေါ်ကြလေ့ရှိပါတယ်။ ကွန်နတင်းချောင်းနဲ့ ပစ္စတင်ကို ဆက်သွယ်ထားတဲ့ ပင်နဲ့ဘွပ်ရ်ှတွေရှိပါတယ်။ ပင်စားသွားခြင်း၊ ဘွပ်ရ်ှစားသွားခြင်းများရှိရင် အသစ်လဲလှယ်ပေးရပါမယ်။
၇။ Engine Head (ဟက်)
ဒါကတော့ အင်ဂျင်ရဲ့ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ အင်ဂျင်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ လေနဲ့လောင်စာဆီတွေကို အမြဲမပြတ် အသွင်းအထုတ် လုပ်ပေးရတဲ့ အပိုင်းလေးဖြစ်ပါတယ်။ "ဟက်" လို့ခေါ်ကြလေ့ရှိပါတယ်။ ဟက် မှာအဓိက ဟက်ကိုကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ ပစ္စည်း (၄) မျိုးရှိပါတယ်။ Valves (ဗားလ်)၊ Seats (ကွင်း)၊ Guides (ဂိုက်)၊ Oil Seals (ဝိုင်းဆီးလ်) တို့ဖြစ်ပါတယ်။ Service ဆိုင်တွေမှာပြပြီးတော့ လိုအပ်တာတွေ လဲလှယ်ပေးရပါမယ်။
ဒါလေးတွေကတော့ အင်ဂျင်ချတော့မယ် အင်ဂျင်ကိုင်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။
# Crd : original uploader
<Zawgyi>
အင္ဂ်င္ကိုင္ရာတြင္ လဲလွယ္ရမည့္အစိတ္အပိုင္းမ်ား
-----------------------------------
အင္ဂ်င္တစ္လုံး ကိုင္ေတာ့မယ္ဆိုရင္ မျဖစ္မေနသိထားသင့္ေသာ လဲလွယ္ရမည့္အရာမ်ားကို ကြၽန္ေတာ္ေလ့လာသိရွိထားသေလာက္ မွ်ေဝေပးထားပါတယ္။
၁။ Piston (ပစၥတင္)
ပစၥတင္က တစ္ခ်ိဳ႕အင္ဂ်င္ေတြဆိုရင္ ျပန္သုံးလို႔ရတဲ့အေနအထားရွိပါတယ္။ အင္ဂ်င္ပ်က္စီးထားတဲ့ အေပၚမူတည္ၿပီးေတာ့ သုံးလို႔ရမရ ေသခ်စစ္ေဆး ၾကည့္ရပါမယ္။ သုံးလို႔ရတယ္ဆို ျပန္သုံးၿပီး သုံးမရေတာ့ရင္ အသစ္လဲလွယ္ေပးရပါမယ္။
၂။ Piston Ring (ပစၥတင္ရိန္း)
ပစၥတင္ရဲ႕ရိန္းကြင္းေတြကေတာ့ ျပန္သုံးလို႔ရတဲ့ထုံးစံမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက အင္ဂ်င္အလုပ္လုပ္တိုင္းမွာ အၿမဲတမ္းပြတ္စားခံေနရလို႔ပါ။ အင္ဂ်င္ခ်တဲ့အခါတိုင္းမွာ မျဖစ္မေနလဲလွယ္ရပါမယ္။
၃။ Crankshaft Bearing (က႐ိုင္းရွပ္ဘယ္ရင္)
အင္ဂ်င္အလုပ္လုပ္တိုင္းမွာ က႐ိုင္းရွပ္ကို ပြတ္စားမသြားေအာင္ က႐ိုင္းရွပ္ရဲ႕ Journal ေတြထဲမွာ ႏူးညံ့ၿပီးအပူဒဏ္ခံႏိုင္မယ့္ ဘယ္ရင္ခ်မ္းေလးေတြ ခံၿပီးတပ္ဆင္ထားရပါတယ္။ အဲ့ဒီဘယ္ရင္ခ်မ္းေလးေတြက အင္ဂ်င္သက္တမ္း ၾကာလာေသာ္လည္းေကာင္း အင္ဂ်င္ဝိုင္နဲ႔ အဲယားကလင္နာ တို႔ရဲ႕အားနည္းခ်က္ေၾကာင့္ေသာ္လည္းေကာင္း ပြန္းစားမႈေတြရွိလာပါတယ္။ အင္ဂ်င္ခ်တဲ့အခါ မ်ားေသာအားျဖင့္ေတာ့ လဲလွယ္ရပါတယ္။
၄။ Crankshaft (က႐ိုင္းရွပ္)
အင္ဂ်င္ကိုလည္ပတ္ေစတဲ့ေနရာမွာ က႐ိုင္းရွပ္ဟာ အဓိကေနရာမွာ ပါဝင္ပါတယ္။ သူလည္း အင္ဂ်င္ရဲ႕သက္းတမ္းေၾကာင့္ေသာ္လည္းေကာင္း အင္ဂ်င္ဝိုင္နဲ႔ အဲယားကလင္နာတို႔ေၾကာင့္ေသာ္လည္း ေကာင္း အသုံးျပဳတဲ့အေပၚမူတည္ၿပီး ပြန္းစားမႈေတြရွိလာပါတယ္။ အင္ဂ်င္ျပန္ကိုင္မယ္ဆိုရင္ေတာ့ မ်ားေသာအားျဖင့္ ဆိုဒ္ခ်ၿပီး သသုံးရေလ့ရွိပါတယ္။
၅။ Cylinder Sleeves (စလစ္)
စလစ္လို႔ေခၚတဲ့ စလစ္နံရံေတြ ပြန္းစားမႈျဖစ္ေနၿပီဆိုရင္လည္း အသစ္လဲလွယ္ေပးရပါမယ္။ Service ဆိုင္ေတြမွာ ဘိုးရိမ္းလုပ္တာတို႔ စလစ္ထိုးတာတို႔ စသျဖင့္ ျပန္လည္ျပဳျပင္ရပါမယ္။
၆။ Gudgeon Pin Bush (ဂိုင္ဂ်ီပင္ဘြပ္ရွ္)
ဂိုင္ဂ်ီပင္လို႔ ေခၚၾကေလ့ရွိပါတယ္။ ကြန္နတင္းေခ်ာင္းနဲ႔ ပစၥတင္ကို ဆက္သြယ္ထားတဲ့ ပင္နဲ႔ဘြပ္ရ္ှေတြရွိပါတယ္။ ပင္စားသြားျခင္း၊ ဘြပ္ရ္ှစားသြားျခင္းမ်ားရွိရင္ အသစ္လဲလွယ္ေပးရပါမယ္။
၇။ Engine Head (ဟက္)
ဒါကေတာ့ အင္ဂ်င္ရဲ႕ေခါင္းပိုင္းလို႔ ေခၚပါတယ္။ အင္ဂ်င္လည္ပတ္ဖို႔အတြက္ လိုအပ္တဲ့ ေလနဲ႔ေလာင္စာဆီေတြကို အၿမဲမျပတ္ အသြင္းအထုတ္ လုပ္ေပးရတဲ့ အပိုင္းေလးျဖစ္ပါတယ္။ "ဟက္" လို႔ေခၚၾကေလ့ရွိပါတယ္။ ဟက္ မွာအဓိက ဟက္ကိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးတဲ့ ပစၥည္း (၄) မ်ိဳးရွိပါတယ္။ Valves (ဗားလ္)၊ Seats (ကြင္း)၊ Guides (ဂိုက္)၊ Oil Seals (ဝိုင္းဆီးလ္) တို႔ျဖစ္ပါတယ္။ Service ဆိုင္ေတြမွာျပၿပီးေတာ့ လိုအပ္တာေတြ လဲလွယ္ေပးရပါမယ္။
ဒါေလးေတြကေတာ့ အင္ဂ်င္ခ်ေတာ့မယ္ အင္ဂ်င္ကိုင္ေတာ့မယ္ဆိုရင္ မျဖစ္မေနသိထားသင့္တဲ့ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။
# Crd : original uploader