<Unicode>
ဘရိတ်ဆီ
အားလုံးကတော့ ဆိုင်ကယ်ဆို အင်ဂျင်ပါဝါ ကြီးကြီး အရှိန်မြန်မြန် နဲ့ စီးချင်ကြတာပဲ။ဒါပေမယ့် အဲ့ပါဝါ အဲ့အရှိန်တွေကို ပြန်ဖမ်းနိုင် ရပ်ပေးနိုင်ဖို့ကလည်း အရေးပါပါတယ်။ဒီနေရာမှာ ဘရိတ်ဆီက အရေးပါ ပါတယ်။
ဘရိတ်ဆီ တစ်ခုဟာ ဘရိတ်ကိုင်း ဘရိတ်တံ ကို ညှစ်လိုက် နင်းလိုက်တဲ့ အားတွေကို ဘရိတ်ရှူးပြားတွေ ဆီကို ပို့ပေးနိုင်ရပါမယ်။ဖိသိပ်ခံ ရလို့ ကျုံ့ မသွားရပါဘူး။၀န်ကို ကောင်းကောင်းထမ်းနိုင်ရမှာ ဖြစ်သလို ABS ဆုံတွေနဲ့ အဆင်ပြေနိုင်တဲ့ စေးပျစ်နှုန်းလည်း ရှိရပါမယ်။ဘရိတ်ဆုံတွေထဲက Oil seal တွေ O ring တွေနဲ့ တွေ့ရာမှာလည်း ချောဆီ အနေနဲ့ ဆောင်ရွက်ပေးနိုင်ရပါမယ်။သူ့ကြောင့် သံချေးမကိုက်စေရသလို ရေဆူမှတ်လည်း မြင့် ရပါမယ်။
ဘရိတ်ဆီ ၄ မျိုး ရှိပါတယ်။
Dot 3,
Dot 4,
Dot 5,
Dot 5.1
တို့ပဲ ဖြစ်ကြပါတယ်။Dot 3 က ခေတ်ကုန်သွားပါပြီ။Dot 3,4,5.1 တွေဟာ Glycol ကို အခြေခံထုတ်လုပ်ထားတာကြောင့် တစ်မျိုးနဲ့ တစ်မျိုး ရောသုံးလို့ ပြဿနာ မရှိပါဘူး။Dot 5 ကတော့ Silicone ကို အခြေခံ ထုတ်လုပ်ထားတာကြောင့် ကျန်တာတွေနဲ့ ရောသုံးလို့ မရပါဘူး။
Dot 3,4,5.1 တွေဟာ Glycol အခြေခံ ထုတ်လုပ်ထားတာ ဖြစ်လို့ ရေနဲ့ အလွယ်တကူ ရောသလို လေထုထဲက ရေငွေ့ကိုလည်း ဆွဲယူတတ်ပါတယ်။နောက် ဆေးသားတွေနဲ့ ထိမိရင် ဆေးသားတွေ ပျက်စီးတတ်ပါတယ်။
Dot 5 ကတော့ Silicone ကို အခြေခံထုတ်လုပ်ထားတာမို့ ရေ နဲ့ မရောသလို လေထုထဲက ရေငွေ့တွေကိုလည်း မစုပ်ယူပါဘူး။ဆေးသားတွေကိုလည်း မပျက်စီးစေပါဘူး။ရေငွေ့တွေနဲ့ ရောနှောလေ့ မရှိတာကြောင့် သံ သတ္ထုနဲ့ လုပ်ထားတဲ့ ဆုံတွေကိုလည်း သံချေးမတက်စေတဲ့ ဂုဏ်သတ္တိကြောင့် အကြာကြီးလည်း သုံးလို့ရပါတယ်။
Dot 5 ဟာ အဘက်ဘက်က သာလွန်ကောင်းမွန်ပါတယ်။
ဒါပေမယ့် Dot 5 ရဲ့ ဈေးနှုန်း၊စေးပျစ်နှုန်း၊အဖိအကျစ် ခံနိုင်စွမ်းတွေက ခေတ်ပေါ်ဆိုင်ကယ်တွေနဲ့ အဆင်မပြေပါဘူး။ဒါဆို သူ့ကို ဘာလို့ ထုတ်လုပ်ခဲ့သလဲ ဆိုတော့ အကြာကြီး ရပ်ထားပြီး အရေးပေါ် လိုမှ ထ သုံးတဲ့ စစ်သုံးယာဉ် ယန္တရား တွေ အတွက်ပါတဲ့။
Harley က Dot 5 ကိုလွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သုံးဖို့ ကြိုးစားခဲ့သေးပေမယ့် နောက်ပိုင်း အများလည်း သုံး၊ABS စနစ်တွေနဲ့လည်း အဆင်ပြေတဲ့ ကျန်တဲ့ 3,4,5.1 တွေပဲ သုံးပါတော့တယ်။ဒါဆိုရင် Dot 5 ကို မေ့လိုက်လို့ ရပါပြီ။
ဒါဆိုရင် ကျန်တဲ့ Dot 3,4,5.1 စတဲ့ Glycol base တွေက ဘာကွာလဲ ဆိုတော့ အဓိက အကျဆုံးကတော့ Boiling point လို့ခေါ်တဲ့ အရည်တစ်ခု ဆူ လာတဲ့ အပူချိန်တွေ ကွာပါတယ်။
ဒီမှာ ဘရိတ်ဆီနဲ့ Boiling point ဆက်စပ်တာလေး ရှင်းပါ့မယ်။
ကျွန်တော်အပါအ၀င် အများစု သိကြတာက တောင်တက်တောင်ဆင်း ဘရိတ်တွေ အသုံးများလာရင် ဘရိတ်တွေ လျှောလာတတ်တယ်။မမိတော့ဘူး။လေ ခိုသလို ဖြစ်တယ် ဆိုတာ ကြုံးဖူးကြပါတယ်။အရင် ရှူးဘရိတ်တွေရဲ့ အယူအဆ အတိုင်း ပူလာလို့ ရှူးတွေမာလာပြီး မမိတော့တာလို့ပဲ ယူဆကြ ပြောကြပါတယ်။သာမန် ရှူး ဘရိတ်တွေအတွက် မှန်ပါတယ်။ဘရိတ်ဆီ ထည့်ဖမ်းရတဲ့ ဒစ် ဘရိတ်တွေကျတော့ အဲ့လို မဟုတ်ပါဘူး။
ဒစ်ဘရိတ်တွေ ခဏ ခဏ ဖမ်းတယ်၊ခပ်ကြမ်းကြမ်း ဖမ်းတယ်ဆို အထဲက အရည်က ဆုံ ထဲမှာ၊လိုင်းထဲမှာ အဖိအကျစ်ဒဏ် အများကြီး ခံရတာရော၊ဆက်စပ်နေတဲ့ ရှူး၊ပစ္စတင်၊ဒစ်ပြားတွေက အပူတွေကြောင့်ရော အရည်တွေက ပိုပူလာပြီး ဆူလာပါတယ်။ဆူလာရင် အမြှုပ်တွေထလာတာကြောင့် လိုင်း ထဲမှာ လေခိုသလို ဖြစ်ပြီး အပေါ်ဆုံးက တွန်းသလောက် အောက်ဆုံကို မရောက်တော့ပါဘူး။အဲ့ဒီမှာ ဘရိတ် စလျှောတော့တာပါပဲ။
ဒီလို ဖြစ်ပြီဆို ခဏ နား ရေလောင်းတဲ့ အခါမှာ အရင်လို ဒစ်ပြားတွေကိုပဲ လောင်းမယ့် အစား အပေါ်ဆုံ အောက်ဆုံနဲ့ လိုင်းတွေကိုပါ လောင်းပေးကြပါ။လိုအပ်ရင် လေချူထုတ်ပေးလိုက်ပါ။
(ဒီမှာကြုံတုန်းပြောချင်တာက ဘရိတ်ဆီကို လျော့တိုင်းမဖြည့်ပါနဲ့။
ရှူးပါးလာရင် အောက်ဆုံမှာ နေရာ ကျယ်သွားတာကြောင့် ဆီက အပေါ်အိုးထဲမှာ လျော့ပါတယ်။ဒါပေမယ့် အနိမ့်မှတ်အောက်မရောက်ရင် အယိုအစိမ့် မရှိရင် မဖြည့်ပါနဲ့
လျော့တိုင်း ဖြည့်နေရင် ရှူးအသစ်လည်း ပြန်ထည့်ရော လိုတာထက်ပိုနေတဲ့ ဆီတွေ လျံရင်လျံ မလျံရင် ရှူးကို တွန်းထားတတ်တာကြောင့် ဘရိတ် ငြိ သွားတတ်ပါတယ်။)
ဒီတော့ Boiling point မြင့်လေ အဖိအကျစ်ခံနိုင်လေ၊အပူခံနိုင်လေ၊အကြမ်းပတမ်း အသုံးခံနိုင်လေ ပါပဲ။ကိုယ့် ဆိုင်ကယ်အတွက် သုံးရမယ့် ဘရိတ်ဆီ ဆီဂရိတ်ကို မာစတာ ဆလင်ဒါ လို့ခေါ်တဲ့ အပေါ်ဆုံရဲ့ အဖုံးမှာ ရေးထားပါတယ်။
Department Of Transportation ,DOT ကနေ ဘရိတ်ဆီ တစ်မျိုးခြင်းစီရဲ့
Dry boiling point
Wet Boiling point တွေကို သေချာ သတ်မှတ်ပေးထားပါတယ်။
(DOT က ဒီမှာသုံးတဲ့ အဓိပ္ပါယ်နဲ့ ဦးထုပ်တွေ နောက်မှာရေးထားတဲ့ DOT အဓိပ္ပါယ် အတူတူပါပဲ။American ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေ
လမ်းပေါ်မှာ အသုံးပြုမယ့် ယာဉ်၊ယန္တရား၊စက်ပစ္စည်း၊အသုံးအဆောင်တွေကို သေချာ စမ်းသပ်စစ်ဆေးပြီး သူ့စံချိန် စံညွှန်း သတ်မှတ်ချက်တွေနဲ့ ညီမှ DOT certificate ပေးပါတယ်။DOT ထောက်ခံချက် ရထားမှ သူတို့ဆီက လမ်းတွေပေါ် တက်ခွင့် အသုံးပြုခွင့် ရပါတယ်။
ဥပမာ DOT တံဆိပ် မပါတဲ့ ဆိုင်ကယ်စီး ဦးထုပ် ဘယ်လောက်ကောင်းကောင်း America မှာ ရောင်းခွင့် မရှိပါဘူး)
Dry က ဘရိတ်ဆီ သီးသန့် အခြေအနေပါ
Wet ကတော့ ရေခိုးရေငွေ့တွေကြောင့် ဘရိတ်ဆီ ထဲမှာ ရေ 3.7 % ပါနေတဲ့ အခြေအနေပါ။
Dot 3 Dry Boiling point 205°C
Wet Boiling point 140°C
Dot 4 Dry Boiling point 230°C
Wet Boiling point 155°C
Dot 5.1 Dry Boiling point 260°C
Wet Boiling point 180°C
သူက Dot 5 နဲ့ အပူချိန်တွေ တူတယ်။ဒါ့ကြောင့်လည်း Dot 6 လို့ နာမည်မပေးပဲ Dot 5.1 လို့ နာမည်ပေးခဲ့ပုံရတယ်။အဲ့ဒီမှာ ယှဉ်ကြည့်ရင် ရေပါရင် ဘယ်လောက် စွမ်းဆောင်ရည် ကျသွားသလဲ ဆိုတာ သိသာပါတယ်။ဒီတော့ ဘရိတ်ဆီချူရင် ဆီကုန်မှာစိုးလို့ ရေနဲ့ ချူ၊ဒါမှ မဟုတ် အယိုအစိမ့်များလို့ ဆပ်ပြာရေ လေးဖျော်ထည့်စီး ဒီလို ဘရိတ်မျိုးတွေ မိ မမိ အခုဆို သိနိုင်ပါပြီ။
ရေ ၃.၇ ရာနှုန်းပါတာတောင် အရည်ဆူမှတ်က ၅၀ ကနေ ၁၀၀ ကြားနိမ့်ဆင်းသွားတာ။
ဆူလာရင် အမြှုပ်ထမယ်၊အမြှုပ်ထရင် လေခိုသလိုမျိုး ဘရိတ်က လျှောမယ်။ဒီတော့ ဘရိတ်ဆီရဲ့ အရည်ဆူမှတ်ဟာ ဘရိတ် မိခြင်း မမိခြင်း အပေါ် အများကြီး သက်ရောက်ပါတယ်။
ဘရိတ်အသုံးကြမ်းတဲ့လူ အတွက်ဆို ဘရိတ်ဆီကို ၂ နှစ်တစ်ခါ လဲပေးဖို့ ညွှန်းပါတယ်။
DOT 3,4,5.1 တွေဟာ ဖွဲ့စည်းပုံတူလို့ ရောသုံးလို့ ရပေမယ့် မရောတာ အကောင်းဆုံးလို့ အဆိုပြုပါတယ်။
ABS,Traction Control စတဲ့ စနစ်တွေပါတဲ့ ဘီးတွေမှာ အထဲမှာ Micro Valve လေးတွေနဲ့ တုံ့ပြန်မှု မြန်ဆန်ဖို့ လိုတာကြောင့် Dot 5.1 ကို သုံးစေချင်ပါတယ်။
Dot 3,4,5.1 တွေမှာစေးပျစ်မှုတွေ ကွာပေမယ့် အင်ဂျင်ဝိုင်လို ရှင်းပြဖို့ မလွယ်တာကြောင့် Dot4 က အကျဲဆုံးဖြစ်ပြီး Dot5.1 က အပြစ်ဆုံး ဖြစ်ပါတယ်။
ဗဟုသုတ အနေနဲ့
Dot 2 ဆိုတာ ရှိခဲ့ပြီး သူလည်း ဆေးကိုမပွန်းစေတဲ့ အရက် ကို အခြေခံပြုလုပ်ထားပြီး
LHM+ လို့ ဆိုတဲ့ကောင်ကတော့ ပြင်သစ် ကား Citron မော်ဒယ် အဟောင်း တွေမှာသုံးပြီး ရာဘာနဲ့ ဓာတ်မတည့်ပါဘူး။
ဒီလောက်ဆို ဘရိတ်ဆီ မှန်မှန်ကန်ကန်ထည့်ဖို့၊ရေမရော ဖို့နဲ့ ဘာကြောင့် ဘယ်လို ဖြစ်ရတယ် ဆိုတဲ့ အကျိုးဆက် ကလေးတွေ နားလည်နိုင်မယ် ထင်ပါတယ်။
စာမေးပွဲ ဖြေဖို့ စာသာကျက်နေရတာ ခေါင်းထဲမှာ ဘာတွေ ရေးပေးရမလဲ တွေးနေမိတယ်။
အဆင်ပြေသလို ရေးပေးသွားမယ်နော်။
ခင်ဗျားတို့ ဆိုင်ကယ်လေးတွေကို သေချာပြုပြင်ထိမ်းသိမ်းပြီး အန္တရာယ် ကင်းအောင် စီးနေနိုင်ရင် ကျွန်တော် စိတ်ချမ်းသာပါပြီ။
"DOT 4 only ရေးထားတဲ့ဟာကို DOT 3 ထည့်ပေးလိုက်တဲ့ဆိုင်ကြောင့် တောင်တက်ဆင်းလမ်းတွေမှာ တော်တော်ကို ဒုက္ခရောက်ဖူးတယ် အကိုရေ ....
ပူလာလိုက် ချော်သွားလိုက် ... နားလိုက်ရင် ပြန်ကောင်းလိုက်နဲ့ လုံးလည်ချာလည်လိုက်ဖူးတယ်...."
Crd ကိုအောင်ရဲပြည့်
အားလုံးဆိုင်ကယ် ဗဟုသုတနဲ့ ပြည့်စုံကြပါစေ။
<Zawgyi>
ဘရိတ္ဆီ
အားလုံးကေတာ့ ဆိုင္ကယ္ဆို အင္ဂ်င္ပါဝါ ႀကီးႀကီး အရွိန္ျမန္ျမန္ နဲ႔ စီးခ်င္ၾကတာပဲ။ဒါေပမယ့္ အဲ့ပါဝါ အဲ့အရွိန္ေတြကို ျပန္ဖမ္းႏိုင္ ရပ္ေပးႏိုင္ဖို႔ကလည္း အေရးပါပါတယ္။ဒီေနရာမွာ ဘရိတ္ဆီက အေရးပါ ပါတယ္။
ဘရိတ္ဆီ တစ္ခုဟာ ဘရိတ္ကိုင္း ဘရိတ္တံ ကို ညႇစ္လိုက္ နင္းလိုက္တဲ့ အားေတြကို ဘရိတ္႐ွဴးျပားေတြ ဆီကို ပို႔ေပးႏိုင္ရပါမယ္။ဖိသိပ္ခံ ရလို႔ က်ဳံ႕ မသြားရပါဘူး။၀န္ကို ေကာင္းေကာင္းထမ္းႏိုင္ရမွာ ျဖစ္သလို ABS ဆုံေတြနဲ႔ အဆင္ေျပႏိုင္တဲ့ ေစးပ်စ္ႏႈန္းလည္း ရွိရပါမယ္။ဘရိတ္ဆုံေတြထဲက Oil seal ေတြ O ring ေတြနဲ႔ ေတြ႕ရာမွာလည္း ေခ်ာဆီ အေနနဲ႔ ေဆာင္ရြက္ေပးႏိုင္ရပါမယ္။သူ့ေၾကာင့္ သံေခ်းမကိုက္ေစရသလို ေရဆူမွတ္လည္း ျမင့္ ရပါမယ္။
ဘရိတ္ဆီ ၄ မ်ိဳး ရွိပါတယ္။
Dot 3,
Dot 4,
Dot 5,
Dot 5.1
တို႔ပဲ ျဖစ္ၾကပါတယ္။Dot 3 က ေခတ္ကုန္သြားပါၿပီ။Dot 3,4,5.1 ေတြဟာ Glycol ကို အေျခခံထုတ္လုပ္ထားတာေၾကာင့္ တစ္မ်ိဳးနဲ႔ တစ္မ်ိဳး ေရာသုံးလို႔ ျပႆနာ မရွိပါဘူး။Dot 5 ကေတာ့ Silicone ကို အေျခခံ ထုတ္လုပ္ထားတာေၾကာင့္ က်န္တာေတြနဲ႔ ေရာသုံးလို႔ မရပါဘူး။
Dot 3,4,5.1 ေတြဟာ Glycol အေျခခံ ထုတ္လုပ္ထားတာ ျဖစ္လို႔ ေရနဲ႔ အလြယ္တကူ ေရာသလို ေလထုထဲက ေရေငြ႕ကိုလည္း ဆြဲယူတတ္ပါတယ္။ေနာက္ ေဆးသားေတြနဲ႔ ထိမိရင္ ေဆးသားေတြ ပ်က္စီးတတ္ပါတယ္။
Dot 5 ကေတာ့ Silicone ကို အေျခခံထုတ္လုပ္ထားတာမို႔ ေရ နဲ႔ မေရာသလို ေလထုထဲက ေရေငြ႕ေတြကိုလည္း မစုပ္ယူပါဘူး။ေဆးသားေတြကိုလည္း မပ်က္စီးေစပါဘူး။ေရေငြ႕ေတြနဲ႔ ေရာေႏွာေလ့ မရွိတာေၾကာင့္ သံ သတၳဳနဲ႔ လုပ္ထားတဲ့ ဆုံေတြကိုလည္း သံေခ်းမတက္ေစတဲ့ ဂုဏ္သတၱိေၾကာင့္ အၾကာႀကီးလည္း သုံးလို႔ရပါတယ္။
Dot 5 ဟာ အဘက္ဘက္က သာလြန္ေကာင္းမြန္ပါတယ္။
ဒါေပမယ့္ Dot 5 ရဲ႕ ေဈးႏႈန္း၊ေစးပ်စ္ႏႈန္း၊အဖိအက်စ္ ခံႏိုင္စြမ္းေတြက ေခတ္ေပၚဆိုင္ကယ္ေတြနဲ႔ အဆင္မေျပပါဘူး။ဒါဆို သူ့ကို ဘာလို႔ ထုတ္လုပ္ခဲ့သလဲ ဆိုေတာ့ အၾကာႀကီး ရပ္ထားၿပီး အေရးေပၚ လိုမွ ထ သုံးတဲ့ စစ္သုံးယာဉ္ ယႏၲရား ေတြ အတြက္ပါတဲ့။
Harley က Dot 5 ကိုလြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က သုံးဖို႔ ႀကိဳးစားခဲ့ေသးေပမယ့္ ေနာက္ပိုင္း အမ်ားလည္း သုံး၊ABS စနစ္ေတြနဲ႔လည္း အဆင္ေျပတဲ့ က်န္တဲ့ 3,4,5.1 ေတြပဲ သုံးပါေတာ့တယ္။ဒါဆိုရင္ Dot 5 ကို ေမ့လိုက္လို႔ ရပါၿပီ။
ဒါဆိုရင္ က်န္တဲ့ Dot 3,4,5.1 စတဲ့ Glycol base ေတြက ဘာကြာလဲ ဆိုေတာ့ အဓိက အက်ဆုံးကေတာ့ Boiling point လို႔ေခၚတဲ့ အရည္တစ္ခု ဆူ လာတဲ့ အပူခ်ိန္ေတြ ကြာပါတယ္။
ဒီမွာ ဘရိတ္ဆီနဲ႔ Boiling point ဆက္စပ္တာေလး ရွင္းပါ႔မယ္။
ကြၽန္ေတာ္အပါအ၀င္ အမ်ားစု သိၾကတာက ေတာင္တက္ေတာင္ဆင္း ဘရိတ္ေတြ အသုံးမ်ားလာရင္ ဘရိတ္ေတြ ေလွ်ာလာတတ္တယ္။မမိေတာ့ဘူး။ေလ ခိုသလို ျဖစ္တယ္ ဆိုတာ ႀကဳံးဖူးၾကပါတယ္။အရင္ ႐ွဴးဘရိတ္ေတြရဲ႕ အယူအဆ အတိုင္း ပူလာလို႔ ႐ွဴးေတြမာလာၿပီး မမိေတာ့တာလို႔ပဲ ယူဆၾက ေျပာၾကပါတယ္။သာမန္ ႐ွဴး ဘရိတ္ေတြအတြက္ မွန္ပါတယ္။ဘရိတ္ဆီ ထည့္ဖမ္းရတဲ့ ဒစ္ ဘရိတ္ေတြက်ေတာ့ အဲ့လို မဟုတ္ပါဘူး။
ဒစ္ဘရိတ္ေတြ ခဏ ခဏ ဖမ္းတယ္၊ခပ္ၾကမ္းၾကမ္း ဖမ္းတယ္ဆို အထဲက အရည္က ဆုံ ထဲမွာ၊လိုင္းထဲမွာ အဖိအက်စ္ဒဏ္ အမ်ားႀကီး ခံရတာေရာ၊ဆက္စပ္ေနတဲ့ ႐ွဴး၊ပစၥတင္၊ဒစ္ျပားေတြက အပူေတြေၾကာင့္ေရာ အရည္ေတြက ပိုပူလာၿပီး ဆူလာပါတယ္။ဆူလာရင္ အျမႇဳပ္ေတြထလာတာေၾကာင့္ လိုင္း ထဲမွာ ေလခိုသလို ျဖစ္ၿပီး အေပၚဆုံးက တြန္းသေလာက္ ေအာက္ဆုံကို မေရာက္ေတာ့ပါဘူး။အဲ့ဒီမွာ ဘရိတ္ စေလွ်ာေတာ့တာပါပဲ။
ဒီလို ျဖစ္ၿပီဆို ခဏ နား ေရေလာင္းတဲ့ အခါမွာ အရင္လို ဒစ္ျပားေတြကိုပဲ ေလာင္းမယ့္ အစား အေပၚဆုံ ေအာက္ဆုံနဲ႔ လိုင္းေတြကိုပါ ေလာင္းေပးၾကပါ။လိုအပ္ရင္ ေလခ်ဴထုတ္ေပးလိုက္ပါ။
(ဒီမွာႀကဳံတုန္းေျပာခ်င္တာက ဘရိတ္ဆီကို ေလ်ာ့တိုင္းမျဖည့္ပါနဲ႔။
႐ွဴးပါးလာရင္ ေအာက္ဆုံမွာ ေနရာ က်ယ္သြားတာေၾကာင့္ ဆီက အေပၚအိုးထဲမွာ ေလ်ာ့ပါတယ္။ဒါေပမယ့္ အနိမ့္မွတ္ေအာက္မေရာက္ရင္ အယိုအစိမ့္ မရွိရင္ မျဖည့္ပါနဲ႔
ေလ်ာ့တိုင္း ျဖည့္ေနရင္ ႐ွဴးအသစ္လည္း ျပန္ထည့္ေရာ လိုတာထက္ပိုေနတဲ့ ဆီေတြ လ်ံရင္လ်ံ မလ်ံရင္ ႐ွဴးကို တြန္းထားတတ္တာေၾကာင့္ ဘရိတ္ ၿငိ သြားတတ္ပါတယ္။)
ဒီေတာ့ Boiling point ျမင့္ေလ အဖိအက်စ္ခံႏိုင္ေလ၊အပူခံႏိုင္ေလ၊အၾကမ္းပတမ္း အသုံးခံႏိုင္ေလ ပါပဲ။ကိုယ့္ ဆိုင္ကယ္အတြက္ သုံးရမယ့္ ဘရိတ္ဆီ ဆီဂရိတ္ကို မာစတာ ဆလင္ဒါ လို႔ေခၚတဲ့ အေပၚဆုံရဲ႕ အဖုံးမွာ ေရးထားပါတယ္။
Department Of Transportation ,DOT ကေန ဘရိတ္ဆီ တစ္မ်ိဳးျခင္းစီရဲ႕
Dry boiling point
Wet Boiling point ေတြကို ေသခ်ာ သတ္မွတ္ေပးထားပါတယ္။
(DOT က ဒီမွာသုံးတဲ့ အဓိပၸါယ္နဲ႔ ဦးထုပ္ေတြ ေနာက္မွာေရးထားတဲ့ DOT အဓိပၸါယ္ အတူတူပါပဲ။American ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနကေန
လမ္းေပၚမွာ အသုံးျပဳမယ့္ ယာဉ္၊ယႏၲရား၊စက္ပစၥည္း၊အသုံးအေဆာင္ေတြကို ေသခ်ာ စမ္းသပ္စစ္ေဆးၿပီး သူ့စံခ်ိန္ စံၫႊန္း သတ္မွတ္ခ်က္ေတြနဲ႔ ညီမွ DOT certificate ေပးပါတယ္။DOT ေထာက္ခံခ်က္ ရထားမွ သူတို႔ဆီက လမ္းေတြေပၚ တက္ခြင့္ အသုံးျပဳခြင့္ ရပါတယ္။
ဥပမာ DOT တံဆိပ္ မပါတဲ့ ဆိုင္ကယ္စီး ဦးထုပ္ ဘယ္ေလာက္ေကာင္းေကာင္း America မွာ ေရာင္းခြင့္ မရွိပါဘူး)
Dry က ဘရိတ္ဆီ သီးသန္႔ အေျခအေနပါ
Wet ကေတာ့ ေရခိုးေရေငြ႕ေတြေၾကာင့္ ဘရိတ္ဆီ ထဲမွာ ေရ 3.7 % ပါေနတဲ့ အေျခအေနပါ။
Dot 3 Dry Boiling point 205°C
Wet Boiling point 140°C
Dot 4 Dry Boiling point 230°C
Wet Boiling point 155°C
Dot 5.1 Dry Boiling point 260°C
Wet Boiling point 180°C
သူက Dot 5 နဲ႔ အပူခ်ိန္ေတြ တူတယ္။ဒါ႔ေၾကာင့္လည္း Dot 6 လို႔ နာမည္မေပးပဲ Dot 5.1 လို႔ နာမည္ေပးခဲ့ပုံရတယ္။အဲ့ဒီမွာ ယွဉ္ၾကည့္ရင္ ေရပါရင္ ဘယ္ေလာက္ စြမ္းေဆာင္ရည္ က်သြားသလဲ ဆိုတာ သိသာပါတယ္။ဒီေတာ့ ဘရိတ္ဆီခ်ဴရင္ ဆီကုန္မွာစိုးလို႔ ေရနဲ႔ ခ်ဴ၊ဒါမွ မဟုတ္ အယိုအစိမ့္မ်ားလို႔ ဆပ္ျပာေရ ေလးေဖ်ာ္ထည့္စီး ဒီလို ဘရိတ္မ်ိဳးေတြ မိ မမိ အခုဆို သိႏိုင္ပါၿပီ။
ေရ ၃.၇ ရာႏႈန္းပါတာေတာင္ အရည္ဆူမွတ္က ၅၀ ကေန ၁၀၀ ၾကားနိမ့္ဆင္းသြားတာ။
ဆူလာရင္ အျမႇဳပ္ထမယ္၊အျမႇဳပ္ထရင္ ေလခိုသလိုမ်ိဳး ဘရိတ္က ေလွ်ာမယ္။ဒီေတာ့ ဘရိတ္ဆီရဲ႕ အရည္ဆူမွတ္ဟာ ဘရိတ္ မိျခင္း မမိျခင္း အေပၚ အမ်ားႀကီး သက္ေရာက္ပါတယ္။
ဘရိတ္အသုံးၾကမ္းတဲ့လူ အတြက္ဆို ဘရိတ္ဆီကို ၂ ႏွစ္တစ္ခါ လဲေပးဖို႔ ၫႊန္းပါတယ္။
DOT 3,4,5.1 ေတြဟာ ဖြဲ႕စည္းပုံတူလို႔ ေရာသုံးလို႔ ရေပမယ့္ မေရာတာ အေကာင္းဆုံးလို႔ အဆိုျပဳပါတယ္။
ABS,Traction Control စတဲ့ စနစ္ေတြပါတဲ့ ဘီးေတြမွာ အထဲမွာ Micro Valve ေလးေတြနဲ႔ တုံ႔ျပန္မႈ ျမန္ဆန္ဖို႔ လိုတာေၾကာင့္ Dot 5.1 ကို သုံးေစခ်င္ပါတယ္။
Dot 3,4,5.1 ေတြမွာေစးပ်စ္မႈေတြ ကြာေပမယ့္ အင္ဂ်င္ဝိုင္လို ရွင္းျပဖို႔ မလြယ္တာေၾကာင့္ Dot4 က အက်ဲဆုံးျဖစ္ၿပီး Dot5.1 က အျပစ္ဆုံး ျဖစ္ပါတယ္။
ဗဟုသုတ အေနနဲ႔
Dot 2 ဆိုတာ ရွိခဲ့ၿပီး သူလည္း ေဆးကိုမပြန္းေစတဲ့ အရက္ ကို အေျခခံျပဳလုပ္ထားၿပီး
LHM+ လို႔ ဆိုတဲ့ေကာင္ကေတာ့ ျပင္သစ္ ကား Citron ေမာ္ဒယ္ အေဟာင္း ေတြမွာသုံးၿပီး ရာဘာနဲ႔ ဓာတ္မတည့္ပါဘူး။
ဒီေလာက္ဆို ဘရိတ္ဆီ မွန္မွန္ကန္ကန္ထည့္ဖို႔၊ေရမေရာ ဖို႔နဲ႔ ဘာေၾကာင့္ ဘယ္လို ျဖစ္ရတယ္ ဆိုတဲ့ အက်ိဳးဆက္ ကေလးေတြ နားလည္ႏိုင္မယ္ ထင္ပါတယ္။
စာေမးပြဲ ေျဖဖို႔ စာသာက်က္ေနရတာ ေခါင္းထဲမွာ ဘာေတြ ေရးေပးရမလဲ ေတြးေနမိတယ္။
အဆင္ေျပသလို ေရးေပးသြားမယ္ေနာ္။
ခင္ဗ်ားတို႔ ဆိုင္ကယ္ေလးေတြကို ေသခ်ာျပဳျပင္ထိမ္းသိမ္းၿပီး အႏၲရာယ္ ကင္းေအာင္ စီးေနႏိုင္ရင္ ကြၽန္ေတာ္ စိတ္ခ်မ္းသာပါၿပီ။
"DOT 4 only ေရးထားတဲ့ဟာကို DOT 3 ထည့္ေပးလိုက္တဲ့ဆိုင္ေၾကာင့္ ေတာင္တက္ဆင္းလမ္းေတြမွာ ေတာ္ေတာ္ကို ဒုကၡေရာက္ဖူးတယ္ အကိုေရ ....
ပူလာလိုက္ ေခ်ာ္သြားလိုက္ ... နားလိုက္ရင္ ျပန္ေကာင္းလိုက္နဲ႔ လုံးလည္ခ်ာလည္လိုက္ဖူးတယ္...."
Crd ကိုေအာင္ရဲျပည့္
အားလုံးဆိုင္ကယ္ ဗဟုသုတနဲ႔ ျပည့္စုံၾကပါေစ။