မီးခိုးအရောင်ခွဲ၍ပြစ်ချက်ယူနည်း

<Unicode>
**မီးခိုးလိုက်ခြင်းနှင့်ဆီစားခြင်း**

မီးခိုးလိုက်ပြီဆိုရင် အရင်ဆုံးကြည့်ရမှာက 
မီးခိုးအဖြူလား အနက်လား?

၁။-အနက်ဆိုရင်တော့ ဓာတ်ဆီကိုလောင်ကျွမ်းလို့လိုက်တဲ့မီးခိုးပါ

၂။-အဖြူဆိုရင်တော့ အင်္ဂျင်ဝိုင်ကိုလောင်ကျွမ်းလို့လိုက်တဲ့မီးခိုးပါ

၁။မီးခိုးအနက်လိုက်ခြင်းနှင့်ဆီစားခြင်း

-မီးခိုးအနက်လိုက်ရင် ဓာတ်ဆီစားမယ် 

-ပလပ်မကြာခဏ လဲရမယ် ပလပ်ရဲ့ထိပ်မှာဓာတ်ဆီအိုင်ပြီး ပလပ်မီးဖြတ်တတ်ပါတယ် ပလပ်မကောင်းတော့တဲ့အခါနှိုးမရတာ အိပ်ဇောကမီးထပေါက်တာမျိုးတွေ
ဖြစ်တတ်တယ် 

**ပြုပြင်ရမည့်အချက်များ**

-အပ်ပင် အပ်ခွက် လဲရမယ်
-ကာပရိုက်တာအတွင်းဂျက်တွေ
ပြုတ်မပြုတ် ချောင်မချောင်စစ်ရမယ်
-စနိုးဂျက်ကို လေနဲ့ဆီမျှအောင်ချိန်ရမယ်
-လေစစ်ဖော့တွေ ဖုန်တွေမပိတ်အောင်စစ်ရမယ်
-ကာပရိုက်တာရဲ့ ဆီပြေးလမ်းအတွင်းပေါက်တွေပွင့်အောင်စစ်ရမယ် 
-ဓာတ်ဆီသန့်မသန့်လဲစစ်ရပါမယ်
မီးခိုးအနက်လိုက်ရင် အရမ်းစိတ်ပူစရာမလိုပါဘူး

၂။မီးခိုးအဖြူလိုက်ခြင်း

မီးခိုးအဖြူလိုက်တယ်ဆိုတာအင်္ဂျင်ဝိုင်ကိုလောင်ကျွမ်းလို့လိုက်တာပါ

-ပစ္စတင်ဝရိမ်းကျခြင်း

ပစ္စတင် ဝရိမ်းကျရင် အိပ်ဇောက မီးခိုးလိုက်တတ်သလို ရှိုက်ဘားအပေါက်ကလည်း လိုက်တတ်ပါတယ် အင်္ဂျင်အလယ်ခြမ်းမှာလေပိုထုတ်ဖို့အတွက်အပေါက်ပါ

ဝရိမ်းအကြောင်းနည်းနည်းပြောပါမယ် ဝရိမ်းမှာက 5ကွင်းရှိတယ် Top ဝရိမ်းနဲ့ second ဝရိမ်းက compressionအတွက်အဓိကလုပ်တယ် နောက်3ကွင်းက ဆီကိုအဓိကထိန်းပေးတယ် 

ဒါကြောင့်တွေ့ဖူးမှာပါ တချို့ဘီးကရုန်းအားကောင်းတယ် စက်သံမှန်တယ် ဒါပေမယ့် မီးခိုးကလိုက်နေတယ် ရှေ့2ကွင်းကကောင်းပြီး
ဆီဝရိမ်းအရင်ကျသွားလို့ပါ

တချို့ကျ ဘီးကမီးခိုးမလိုက်ဘူး
compression လေကျစ်အားလုံးဝကျသွားပြီးနှိုးမရ​တော့ဘူး 
ရှေ့ဆုံး ၂ကွင်းကအရင်ကျသွားပြီး ဆီဝရိမ်းကကောင်းနေသေးလို့ပါ 

ဝရိမ်းကျသွားလို့လိုက်ရင်တော့ ဘိုးရိမ်းထိုးချင်ထိုး ဒါမှမဟုတ်စလစ်လဲပေါ့

-ဘားကြောင့်မီးခိုးလိုက်ခြင်း

ဘားနဲ့ဂိုက် အရမ်းလူးသွားရင်လဲ မီးခိုးလိုက်တတ်ပါတယ်
ဘားစီးပြတ်သွားရင်လဲလိုက်တတ်ပါတယ် ဒါဆိုရင်တော့ဟတ်ဖြုတ်ပြီးပြင်ရပါမယ်

ဖြစ်တတ်ထာလေးတွေတော့ရှိပါတယ်
ယိုးဒယားဘီးတွေမှာ ဆီဝရိမ်းအပျော့လေးတွေသုံးပေးထားတော့ အသားမကျသေးတဲ့အသစ်တွေမှာဆိုမနက်နှိုးကာစ မီးခိုးလိုက်တာမျိုးတွေရှိတတ်တယ်

နောက်တစ်ချက်က မစီးပဲကြာကြာရပ်ထားပြီးမှ နှိုးလို့မီးခိုးလိုက်တာမျိုးလဲရှိတတ်တယ်
အင်္ဂျင်ဝိုင်အနည်းငယ်ဝရိမ်းကြားတွေထဲစိမ့်ဝင်နေတဲ့အခါမီးခိုးလိုက်တတ်ပါတယ် အဲလိုမျိုးတွေ နှိုးကာစ လိုက်တဲ့ဘီးမျိုးက စိတ်ပူစရာမလိုပါဘူး

Admin- Khant Hmhwe Swe



<Zawgyi>
**မီးခိုးလိုက္ျခင္းႏွင့္ဆီစားျခင္း**

မီးခိုးလိုက္ၿပီဆိုရင္ အရင္ဆုံးၾကည့္ရမွာက 
မီးခိုးအျဖဴလား အနက္လား?

၁။-အနက္ဆိုရင္ေတာ့ ဓာတ္ဆီကိုေလာင္ကြၽမ္းလို႔လိုက္တဲ့မီးခိုးပါ

၂။-အျဖဴဆိုရင္ေတာ့ အဂၤ်င္ဝိုင္ကိုေလာင္ကြၽမ္းလို႔လိုက္တဲ့မီးခိုးပါ

၁။မီးခိုးအနက္လိုက္ျခင္းႏွင့္ဆီစားျခင္း

-မီးခိုးအနက္လိုက္ရင္ ဓာတ္ဆီစားမယ္ 

-ပလပ္မၾကာခဏ လဲရမယ္ ပလပ္ရဲ႕ထိပ္မွာဓာတ္ဆီအိုင္ၿပီး ပလပ္မီးျဖတ္တတ္ပါတယ္ ပလပ္မေကာင္းေတာ့တဲ့အခါႏႈိးမရတာ အိပ္ေဇာကမီးထေပါက္တာမ်ိဳးေတြ
ျဖစ္တတ္တယ္ 

**ျပဳျပင္ရမည့္အခ်က္မ်ား**

-အပ္ပင္ အပ္ခြက္ လဲရမယ္
-ကာပ႐ိုက္တာအတြင္းဂ်က္ေတြ
ျပဳတ္မျပဳတ္ ေခ်ာင္မေခ်ာင္စစ္ရမယ္
-စႏိုးဂ်က္ကို ေလနဲ႔ဆီမွ်ေအာင္ခ်ိန္ရမယ္
-ေလစစ္ေဖာ့ေတြ ဖုန္ေတြမပိတ္ေအာင္စစ္ရမယ္
-ကာပ႐ိုက္တာရဲ႕ ဆီေျပးလမ္းအတြင္းေပါက္ေတြပြင့္ေအာင္စစ္ရမယ္ 
-ဓာတ္ဆီသန္႔မသန္႔လဲစစ္ရပါမယ္
မီးခိုးအနက္လိုက္ရင္ အရမ္းစိတ္ပူစရာမလိုပါဘူး

၂။မီးခိုးအျဖဴလိုက္ျခင္း

မီးခိုးအျဖဴလိုက္တယ္ဆိုတာအဂၤ်င္ဝိုင္ကိုေလာင္ကြၽမ္းလို႔လိုက္တာပါ

-ပစၥတင္ဝရိမ္းက်ျခင္း

ပစၥတင္ ဝရိမ္းက်ရင္ အိပ္ေဇာက မီးခိုးလိုက္တတ္သလို ရႈိက္ဘားအေပါက္ကလည္း လိုက္တတ္ပါတယ္ အဂၤ်င္အလယ္ျခမ္းမွာေလပိုထုတ္ဖို႔အတြက္အေပါက္ပါ

ဝရိမ္းအေၾကာင္းနည္းနည္းေျပာပါမယ္ ဝရိမ္းမွာက 5ကြင္းရွိတယ္ Top ဝရိမ္းနဲ႔ second ဝရိမ္းက compressionအတြက္အဓိကလုပ္တယ္ ေနာက္3ကြင္းက ဆီကိုအဓိကထိန္းေပးတယ္ 

ဒါေၾကာင့္ေတြ႕ဖူးမွာပါ တခ်ိဳ႕ဘီးက႐ုန္းအားေကာင္းတယ္ စက္သံမွန္တယ္ ဒါေပမယ့္ မီးခိုးကလိုက္ေနတယ္ ေရွ႕2ကြင္းကေကာင္းၿပီး
ဆီဝရိမ္းအရင္က်သြားလို႔ပါ

တခ်ိဳ႕က် ဘီးကမီးခိုးမလိုက္ဘူး
compression ေလက်စ္အားလုံးဝက်သြားၿပီးႏႈိးမရ​ေတာ့ဘူး 
ေရွ႕ဆုံး ၂ကြင္းကအရင္က်သြားၿပီး ဆီဝရိမ္းကေကာင္းေနေသးလို႔ပါ 

ဝရိမ္းက်သြားလို႔လိုက္ရင္ေတာ့ ဘိုးရိမ္းထိုးခ်င္ထိုး ဒါမွမဟုတ္စလစ္လဲေပါ႔

-ဘားေၾကာင့္မီးခိုးလိုက္ျခင္း

ဘားနဲ႔ဂိုက္ အရမ္းလူးသြားရင္လဲ မီးခိုးလိုက္တတ္ပါတယ္
ဘားစီးျပတ္သြားရင္လဲလိုက္တတ္ပါတယ္ ဒါဆိုရင္ေတာ့ဟတ္ျဖဳတ္ၿပီးျပင္ရပါမယ္

ျဖစ္တတ္ထာေလးေတြေတာ့ရွိပါတယ္
ယိုးဒယားဘီးေတြမွာ ဆီဝရိမ္းအေပ်ာ့ေလးေတြသုံးေပးထားေတာ့ အသားမက်ေသးတဲ့အသစ္ေတြမွာဆိုမနက္ႏႈိးကာစ မီးခိုးလိုက္တာမ်ိဳးေတြရွိတတ္တယ္

ေနာက္တစ္ခ်က္က မစီးပဲၾကာၾကာရပ္ထားၿပီးမွ ႏႈိးလို႔မီးခိုးလိုက္တာမ်ိဳးလဲရွိတတ္တယ္
အဂၤ်င္ဝိုင္အနည္းငယ္ဝရိမ္းၾကားေတြထဲစိမ့္ဝင္ေနတဲ့အခါမီးခိုးလိုက္တတ္ပါတယ္ အဲလိုမ်ိဳးေတြ ႏႈိးကာစ လိုက္တဲ့ဘီးမ်ိဳးက စိတ္ပူစရာမလိုပါဘူး

Admin- Khant Hmhwe Swe