ဗားစီး ၊ ဗားဂိုက် တွေပျက်စီးရခြင်း အဓိက အကြောင်းရင်းများ
ကျွန်တော်တို့ဆိုင်ကယ်တွေမှာ အင်ဂျင်ဝိုင်တွေ စားလို့ ၊ ဗားတွေ မကောင်းလို့ ၊ ဗားစီး ဗားကိုက်တွေ မလုံလို့ ဟတ်ဆိုင်ပို့တယ်။ ဟတ်တွေလုပ်တယ် ၊ ဗားတွေ သတယ်။ ဒါမျိုးတွေ တော်တော်လေးကြားဖူးကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နားလည်ထားတာက ဗားစိ ဆိုတာ valve seals ကို ခေါ်တာဖြစ်ပြီး valve seats ကိုပြောတာမဟုတ်ပါဘူး။ valve seals က တခြားအင်ဂျင်အစိတ်အပိုင်းတွေထက် ပိုပြီးပျက်တက်ပါတယ်ဗျ။ နောက်ပြီး ဗားဂိုက် လို့ခေါ်တဲ့ valve guide ဖြစ်ပါတယ်။ သူလည်းပဲ ဗားစိနည်းတူ ပျက်များတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
ဒါဆိုရင် ဗားစိ ၊ ဗားဂိုက်တွေက အင်ဂျင်အတွက် ဘယ်လိုအစိတ်အပိုင်းတွေကို တာဝန်ယူအလုပ်လုပ်ပေးမှာလဲ ၊ ဗားစိတွေက ဗားတံမှာ ကွက်တိတပ်ဆင်ထားတာမျိုးဖြစ်ပြီ engine oil ကို ထိန်းပေးထားတာဖြစ်ပါတယ်။ ဗားစိတွေ မကောင်းရင် ပင်ဂျင်ဝိုင်စားမယ် ၊ အင်ဂျင်ဟိတတ်မယ် ၊ ရေရှည်မှာ ဗားတွေပျက်စီးမယ် ၊ ပစ္စတင်တွေပျက်စီးမယ် စတဲ့ ပြစ်ချက်တွေရှိလာပါလိမ့်မယ်။
ဗားဝိုက်စီးတွေ မကောင်းရင် ဒီလိုအချက်လေးတွေ မိတ်ဆွေတို့ကားမှာ ကြုံရပါလိမ့်မယ်။
၁။ အင်ဂျင်ဝိုင် ပုံမှန်ထက် ပိုစားနေမယ်။
၂။ အိပ် ဇောကနေ ဖြူ ပြာ မီးခိုးတွေထွက်နေမယ်။
၃။ ကာဗွန်ချိုးတွေ တက်လာမယ်။
၄။ အင်ဂျင် အရုန်းအဆွဲ မကောင်းတော့ဘူး။
၅။ ဗားတွေ အချိန်မတိုင်ခင်ပျက်စီးမယ်။
၆။ မီးပေါက်စဥ်မှားတွေဖြစ်ပါမယ်။
၇။ စလိုးမငြိမ်တာတွေ ကြုံရမယ်။
၈။ အင်ဂျင်သံ ပုံမှန်မဟုတ်ဘူး။
ဗားဂိုက်တွေကတော့ ဗားစီးတွေထက် သက်တမ်းအားဖြင့် ပိုပြီး ရှည်ကြာတက်ပါတယ်။ ဗားဂိုက်အများစုကို ကြေးနီ ၊ ကြေးဝါနဲ့ ပြုလုပ်ကြပြီး ဗားနဲ့ကွက်တိဖြစ်အောင် သူဆိုဒ်နဲ့သူထုတ်လုပ်ကြပါတယ်။ ဗားဂိုက်တွေရဲ့ ပင်မအလုပ်သည် ဗားထိန်းဖြစ်ပြီး ဗားရဲ့ အပူချိန်ကိုလည်း ထိန်းပေးတာမျိုးလဲလုပ်ပါတယ်။ ဗားစီး ၊ ဗားဂိုက် ၂ မျိုးသည် စုံလိုက်လဲကြတာများပါတယ်။ သူတို့ ၂ခုက ပျက်စီးပုံခြင်း ၊ ပြစ်ချက်ခြင်းလဲ အတော်များများတူကြပါတယ်။ ဗားဂိုက်တွေရဲ့ ပြဿနာက အချိန်ကြာလာတဲ့အခါ ဗားနဲ့ ကွက်တိ မဖြစ်တော့ဘဲ အနည်းငယ်ချောင်လာတက်ပါတယ်။ အဲ့ဒီမှာ ပြဿနာက စပါပြီ။ ဗားဂိုက်တွေ မကောင်းရင် ဒီလိုပြဿနာလေးတွေရှိပါတယ်။
၁။ အင်ဂျင်ကနေ "တက်တက်" နဲ့ အသံလေးတွေထွက်လာမယ်။ သေချာသတိထားမိရင်သိသာပါတယ်။ ဒါကို စက်ဆရာအများစုက အင်ဂျင်အပေါ်သံထွက်နေပြီလို့ အကြမ်းဖျင်းပြောဆိုကြတယ်။
ယခုနည်းပညာလမ်းညွှန်ကို ကားပြုပြင်နည်းပညာpageမှ ကူးယူဖြတ်ညှပ်ကပ်ပြုလုပ်၍ ပြန်လည်မျှဝေထားပါသည်
<Zawgyi>
ဗားစီး ၊ ဗားဂိုက္ ေတြပ်က္စီးရျခင္း အဓိက အေၾကာင္းရင္းမ်ား
ကြၽန္ေတာ္တို႔ဆိုင္ကယ္ေတြမွာ အင္ဂ်င္ဝိုင္ေတြ စားလို႔ ၊ ဗားေတြ မေကာင္းလို႔ ၊ ဗားစီး ဗားကိုက္ေတြ မလုံလို႔ ဟတ္ဆိုင္ပို႔တယ္။ ဟတ္ေတြလုပ္တယ္ ၊ ဗားေတြ သတယ္။ ဒါမ်ိဳးေတြ ေတာ္ေတာ္ေလးၾကားဖူးၾကပါတယ္။ ဒီေနရာမွာ ကြၽန္ေတာ္တို႔ နားလည္ထားတာက ဗားစိ ဆိုတာ valve seals ကို ေခၚတာျဖစ္ၿပီး valve seats ကိုေျပာတာမဟုတ္ပါဘူး။ valve seals က တျခားအင္ဂ်င္အစိတ္အပိုင္းေတြထက္ ပိုၿပီးပ်က္တက္ပါတယ္ဗ်။ ေနာက္ၿပီး ဗားဂိုက္ လို႔ေခၚတဲ့ valve guide ျဖစ္ပါတယ္။ သူလည္းပဲ ဗားစိနည္းတူ ပ်က္မ်ားတဲ့ ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။
ဒါဆိုရင္ ဗားစိ ၊ ဗားဂိုက္ေတြက အင္ဂ်င္အတြက္ ဘယ္လိုအစိတ္အပိုင္းေတြကို တာဝန္ယူအလုပ္လုပ္ေပးမွာလဲ ၊ ဗားစိေတြက ဗားတံမွာ ကြက္တိတပ္ဆင္ထားတာမ်ိဳးျဖစ္ၿပီ engine oil ကို ထိန္းေပးထားတာျဖစ္ပါတယ္။ ဗားစိေတြ မေကာင္းရင္ ပင္ဂ်င္ဝိုင္စားမယ္ ၊ အင္ဂ်င္ဟိတတ္မယ္ ၊ ေရရွည္မွာ ဗားေတြပ်က္စီးမယ္ ၊ ပစၥတင္ေတြပ်က္စီးမယ္ စတဲ့ ျပစ္ခ်က္ေတြရွိလာပါလိမ့္မယ္။
ဗားဝိုက္စီးေတြ မေကာင္းရင္ ဒီလိုအခ်က္ေလးေတြ မိတ္ေဆြတို႔ကားမွာ ႀကဳံရပါလိမ့္မယ္။
၁။ အင္ဂ်င္ဝိုင္ ပုံမွန္ထက္ ပိုစားေနမယ္။
၂။ အိပ္ ေဇာကေန ျဖဴ ျပာ မီးခိုးေတြထြက္ေနမယ္။
၃။ ကာဗြန္ခ်ိဳးေတြ တက္လာမယ္။
၄။ အင္ဂ်င္ အ႐ုန္းအဆြဲ မေကာင္းေတာ့ဘူး။
၅။ ဗားေတြ အခ်ိန္မတိုင္ခင္ပ်က္စီးမယ္။
၆။ မီးေပါက္စဥ္မွားေတြျဖစ္ပါမယ္။
၇။ စလိုးမၿငိမ္တာေတြ ႀကဳံရမယ္။
၈။ အင္ဂ်င္သံ ပုံမွန္မဟုတ္ဘူး။
ဗားဂိုက္ေတြကေတာ့ ဗားစီးေတြထက္ သက္တမ္းအားျဖင့္ ပိုၿပီး ရွည္ၾကာတက္ပါတယ္။ ဗားဂိုက္အမ်ားစုကို ေၾကးနီ ၊ ေၾကးဝါနဲ႔ ျပဳလုပ္ၾကၿပီး ဗားနဲ႔ကြက္တိျဖစ္ေအာင္ သူဆိုဒ္နဲ႔သူထုတ္လုပ္ၾကပါတယ္။ ဗားဂိုက္ေတြရဲ႕ ပင္မအလုပ္သည္ ဗားထိန္းျဖစ္ၿပီး ဗားရဲ႕ အပူခ်ိန္ကိုလည္း ထိန္းေပးတာမ်ိဳးလဲလုပ္ပါတယ္။ ဗားစီး ၊ ဗားဂိုက္ ၂ မ်ိဳးသည္ စုံလိုက္လဲၾကတာမ်ားပါတယ္။ သူတို႔ ၂ခုက ပ်က္စီးပုံျခင္း ၊ ျပစ္ခ်က္ျခင္းလဲ အေတာ္မ်ားမ်ားတူၾကပါတယ္။ ဗားဂိုက္ေတြရဲ႕ ျပႆနာက အခ်ိန္ၾကာလာတဲ့အခါ ဗားနဲ႔ ကြက္တိ မျဖစ္ေတာ့ဘဲ အနည္းငယ္ေခ်ာင္လာတက္ပါတယ္။ အဲ့ဒီမွာ ျပႆနာက စပါၿပီ။ ဗားဂိုက္ေတြ မေကာင္းရင္ ဒီလိုျပႆနာေလးေတြရွိပါတယ္။
၁။ အင္ဂ်င္ကေန "တက္တက္" နဲ႔ အသံေလးေတြထြက္လာမယ္။ ေသခ်ာသတိထားမိရင္သိသာပါတယ္။ ဒါကို စက္ဆရာအမ်ားစုက အင္ဂ်င္အေပၚသံထြက္ေနၿပီလို႔ အၾကမ္းဖ်င္းေျပာဆိုၾကတယ္။
ယခုနည္းပညာလမ္းၫႊန္ကို ကားျပဳျပင္နည္းပညာpageမွ ကူးယူျဖတ္ညႇပ္ကပ္ျပဳလုပ္၍ ျပန္လည္မွ်ေဝထားပါသည္