မေးခွန်းများ

<Unicode>
မေး။ ၁
       Piston (ပစ္စတင်) တွေရဲ့ထိပ်မှာ များသောအားဖြင့် တွေ့ရသည့် valve(ဗား) ပုံစံအချိုင့်ကလေးတွေက ဘာအတွက် လုပ်ပေးထားတာလဲ ?

မေး။ ၂
     တချို့သော Piston တွေရဲ့ Piston skirt (ပစ္စတင်အောက်ခြေပိုင်း) မှာ ဆေးအမည်းရောင်တွေ ဘာကြောင့် သုတ်လိမ်းပေးထားရတာလဲ ?

မေး။ ၃
       Piston တလုံးကို စစ်ဆေးရာတွင် မည်သည့်နေရာမှ တိုင်းတာ၍စစ်ဆေးပေးရပါမည်နည်း ?

မေး ၄။
      Piston pin (ပစ္စတင် ပင်) ပေါက်၏ အလယ်ဗဟိုနှင့် connecting rod big end (ကော်နက်တင်း ဘယ်ရင် ထိုင်သည့်အပေါက် နေရာ) ၏ အလယ်ဗဟိုအပေါက်တို့ ဖြောင့်တန်းတည့်မတ်မှု ရှိကြပါသလား ? 

မေး ၅။
      တချို့သော connecting rod (ကော်နက်တင်းတံ) ၏ ထိပ်ဖက်အစွန်းများတွင် မည်သည့်အတွက်ကြောင့် သတ္တု အစိုင်အခဲ အပိုများ ပါရှိနေကြပါသနည်း ?  

မေး ၆။ 
       Piston တလုံးအား မည်ကဲ့သို့ဆေးကြော၍ မည်ကဲ့သို့ စစ်ဆေးပြု ပြင်ပေးရပါမည်နည်း ?

ညီငယ်တချို့၏ မေးခွန်းများကို စုစည်းထားတာလေးတချို့ပါ ။ အဖြေများကို မကြာမှီဖော်ပြတင်ဆက်ပေးပါမည်။
         နှစ်ဟောင်းမှ အလုပ်ဟောင်းများကို လက်စသတ် နေရပါသဖြင့် စာများ ရေး၍ မတင်ဖြစ်သည်မှာ ကြာပါပြီ။ စောင့်မျှော်နေကြသော စာဖတ်သူတချို့အား နားလည်ပေးနိုင်ပါရန် တင်ကြို တောင်းပန်အပ်ပါသည်.....ခင်ဗျား ။ 

ပညာရှင်အားလုံးအားလေးစားလျက်
  အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ

<Zawgyi>
မေး။ ၁

မေး။ ၂

မေး။ ၃

မေး ၄။

မေး ၅။

မေး ၆။ 

