<Unicode>
ပစ်စတင်/ရိန်း
အခြေခံ အထားအသို
မူရင်း ဆရာအောင်ကြီးမြေဇာပင်
ရိန်းဘယ်လိုထည့်ကျမလဲ ဒီနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ တတ်ယောင်ကား ဝပ်ရှော့ဆိုင်တွေများလာလို့ ဆိုင်ကယ်ပြုပြင်လက်ခ ဟာ အောက်ဆုံးရောက်လုနီးပါးဖြစ်နေတာကို တွေ့မြင်ရမှာပါ ပညာရဲရင့် ပွဲလည် တင့်ဆိုတဲ့ ဆရာ့ ဆရာကြီး တစ်ချို့လောက်သာ ပြုပြင်လက်ခကို နည်းပညာမြင့်တာနဲ့အတူ လိုက်မြင့်တောင်းရဲကျပါတော့တယ် ဒီနိုင်ငံမှာ ဘာတွေတိုးတက်နေပြီလဲ ဘာတွေ တိုးတက်အောင် ဝိုင်းဝန်းပြောင်းလဲရမလဲဆိုတဲ့စိတ် လူတိုင်းထားရှိနိုင်အောင်အရင်ကြိူးစားသင့်တယ် မြန်မာ အချင်းချင်း နည်းပညာ မျှဝေကျမယ်သူကတစ်မျိုးသိတယ် ကိုယ်ကတစ်မျိုးသိတယ် တစ်မျိုးသိတာခြင်းနှစ်ခုကို အပြန်အလှန်မျှဝေကျမယ် ဆိုနှစ်မျိုးသိသွားနိုင်တယ်လေ ပညာတူလို့လဲ စေတနာ နဲ့စိတ်ဓါတ်ကသာ ဘဝတိုးတက်ရေးလမ်းကြောင်းမှာ ရပ်တည်နိုင်တာပါ ပညာကလွယ်လွယ်မရတာမဟုတ်ဘူး အတွေ့အကြုံက လွယ်လွယ်မရတာ ပါးစပ်နဲ့ပြောပြသင်ပေးနေလဲ ဘယ်သူမှတတ်လာမှာမဟုတ်ဘူး တကယ်လုပ်မှ လက်တွေ့သင်မှ အဟုတ်တတ်မှာ ပါးစပ်နဲ့ပြောပြပြီး သင်ပေးနေလို့ရရင် ရေမကူးတတ်တဲ့သူကို ရေကူးနည်းပြောပြပြီး ရေကန်ထဲသာကန်ချလိုက်ရုံပေါ့ ဒီလောက်ဆို ဘာကအဓိက ကျသလဲသိလာမှာပါ စနစ်တကျသင်ယူပါ လေ့လာပါ မှတ်သားပါ လက်တွေ့ကျကျ လုပ်ဆောင်ရင်တောင် စနစ်ကျတဲ့ဆရာတစ်ယောက်က ဘေးနားမှာ ရှိနေပါစေ အရာအားလုံးဟာတိုးတက်ပြောင်းလဲနေတာဖြစ်တဲ့အတွက် လူတိုင်းဟာ နည်းပညာကိုဘယ်တော့မှ အမှီလိုက်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့် ဝါသနာပါရင် လက်တွေ့စနစ်တကျသင်ယူပါ စာဖတ်ပြီးတတ်မယ်ဆို ကျုပ်သိုင်းသမားဖြစ်နေပြီ သိုင်းဝတ်ထု အမြဲဖတ်နေကျဗျ ရိန်းပါးစပ်ထားတာကနေ ဘာတွေပြောမိလဲ မသိပါဘူးဗျာ ဒီလိုဗျ ကျုပ်ကလဲ စာတတ်ပေတတ်မဟုတ်တော့ လူပြိန်းနားလည်အောင်ဘဲ ရေးတတ်တယ် လူပြိန်းအချင်းချင်းကိုးဗျ ပင်စတင်မှာ အထက်နဲ့အောက်မှာအင်ဂျင်ဝိုင်ဝင်ပေါက်ကလေးတွေရှိတယ်ဗျ ပုံမှပြထားတဲ့အတိုင်း စကတ်ရဲ့အပေါ်မှာလေးပေါက်ပါတယ်ဗျ အဲ့အပေါက်ကလေးတွေကနေ ပူနေတဲ့စလင်ဒါ နရံကို အင်ဂျင်ဝိုင်က အအေးပြုမယ် တစ်ခါ ပင်စတင်ကို ပြောင်းပြန်ပြန်ကြည့်ရင် စကတ်ဘက်ကနေပေါ့အင်ဂျင်ဝိုင်ရိန်းအပါးလေးတစ်ခုရှိမယ် အဲ့ကောင်လေးက ခုန ပုံ၁ ထဲကဝိုင်ပေါက်က ထွက်သမျှအင်ဂျင်ဝိုင်ကို မီးလောင်ခန်းထဲမကျန်ရအောင် ပြန်ခြစ်ယူတယ် စည်ပင်ပေါ့ဗျာ နောက်တစ်ခါ အဲ့ရိန်းလိုင်းထဲမှာဘဲ အင်ဂျင်ဝိုင်ပေါက် ငါးပေါက်ထပ်ပါသေးဗျခုနလေးပေါက်နဲ့ မျက်နှာခြင်းမဆိုင်ဘူး သူတို့ မတည့်ကျဘူးဗျ ရန်ဖြစ်ထားတာ အောက်ဖက်မှာလဲအဲ့လိုဘဲ စကတ်ပေါ်မှာလေးပေါက် ရိန်းလိုင်းထဲမှာငါးပေါက် ဘာလို့အဲ့မှာဘဲအပေါက်တွေထည့်ထားလဲဆို တော့ ပင်စတင်ဟာ အဝိုင်းမဟုတ်ဘူးဗျ ဂန်ဂျီပင်ထည့်ထားတဲ့ ဘေးနှစ်ဖက်ဟာ ဘိုးရင်းဘယ်လောက်ကြပ်အောင်ထိုးထိုး ဟိုဖက်ဒီဘက်မြင်ရလောက်အောင် ဟနေတာကို တွေ့ရလိမ့်မယ် ရိန်းမထည့်ခင်ပင်စင်ကြည့်ဘဲထည့်ကြည့်ကြည့်အဲ့တော့ မီးခိုးလိုက်ခြင်းမလိုက်ခြင်းဟာ ပင်စတင်နဲ့ လားလားမျှ မသက်ဆိုင်ပေဘူးဗျ ဒါကြောင့်ဘိုးရင်းကြပ်လေ စလင်ဒါနရံတွေ ပွန်းစားလေဘဲ ပင်စတင်ရဲ့စကတ်တစ်ခုလုံးနဲ့အင်ဂျင်ဝိုင်ဘာဂျာရိန်းအထိဟာ ဝိုင်ကိုကြားခံပြီးပြေးလွှားနေရလို့ဘဲ အင်ဂျင်ဝိုင်ပြတ်ပြီဆိုတာနဲ့ စကတ်မှာဘဲပွန်းစားသွားတာကိုတွေ့ရမှာဘဲ ဒါကြောင့် တိုးတက်မူ့ ကို လက်ခံကျပါ မိမိကိုယ်ပိုင်ဦးနှောက်လေးလဲသုံးပါအင်ဂျင်ဝိုင်ဘာဂျာရိန်းတစ်ခုလုံးဟာ အင်ဂျင်ဝိုင်အမြဲဝ နေရမယ် ဘာဂျာအတွန့်လေးတွေထဲဝင်ဆံနိုင်မယ့် အင်ဂျင်ဝိုင် အမျိုးအစားသာရွေးခြယ်ရမယ် ရိန်းပါးစပ်တွေကိုလဲ ပုံပါအတိုင်းထားကျတာပိုကောင်းမယ် ဂန်ဂျီပင်နဲ့မတည့်ရင်ပြီးပြီးရောထည့်လို့မရဘူးအင်ဂျင်ဝိုင်ထွက်ပေါက်ကလေးတွေနဲ့ပါမတည့်အောင်ရှောင်ရမယ် အထူးသဖြင့်စကတ်က ဝိုင်ပေါက်တွေဘဲ ဒီနေ့တော့ဒီလောက်ပါဘဲဗျာ အခုရိန်းထည့်နည်းဟာကျွန်တော်သိသလောက်သာမျှဝေရတာဖြစ်လို့ မှားကောင်းမှားနိုင်ပါတယ် အမှားဆိုပြင်အမှန်ဆို မှတ်ယူနိုင်ပါတယ်
လေ့လာသင်ယူဆဲ ဆိုင်ကယ်အောင်ကြီး မြေဇာပင် ကေတုမတီမြို့မြန်မာစာအခက်အခဲကြောင့်အချို့စာလုံးများပြင်ဆင်ဖတ်ပေးကျပါ
Crd.
<Zawgyi>
ပစ်စတင်/ရိန်း
အခြေခံ အထားအသို
ရိန်းဘယ်လိုထည့်ကျမလဲ ဒီနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ တတ်ယောင်ကား ဝပ်ရှော့ဆိုင်တွေများလာလို့ ဆိုင်ကယ်ပြုပြင်လက်ခ ဟာ အောက်ဆုံးရောက်လုနီးပါးဖြစ်နေတာကို တွေ့မြင်ရမှာပါ ပညာရဲရင့် ပွဲလည် တင့်ဆိုတဲ့ ဆရာ့ ဆရာကြီး တစ်ချို့လောက်သာ ပြုပြင်လက်ခကို နည်းပညာမြင့်တာနဲ့အတူ လိုက်မြင့်တောင်းရဲကျပါတော့တယ် ဒီနိုင်ငံမှာ ဘာတွေတိုးတက်နေပြီလဲ ဘာတွေ တိုးတက်အောင် ဝိုင်းဝန်းပြောင်းလဲရမလဲဆိုတဲ့စိတ် လူတိုင်းထားရှိနိုင်အောင်အရင်ကြိုးစားသင့်တယ် မြန်မာ အချင်းချင်း နည်းပညာ မျှဝေကျမယ်သူကတစ်မျိုးသိတယ် ကိုယ်ကတစ်မျိုးသိတယ် တစ်မျိုးသိတာခြင်းနှစ်ခုကို အပြန်အလှန်မျှဝေကျမယ် ဆိုနှစ်မျိုးသိသွားနိုင်တယ်လေ ပညာတူလို့လဲ စေတနာ နဲ့စိတ်ဓါတ်ကသာ ဘဝတိုးတက်ရေးလမ်းကြောင်းမှာ ရပ်တည်နိုင်တာပါ ပညာကလွယ်လွယ်မရတာမဟုတ်ဘူး အတွေ့အကြုံက လွယ်လွယ်မရတာ ပါးစပ်နဲ့ပြောပြသင်ပေးနေလဲ ဘယ်သူမှတတ်လာမှာမဟုတ်ဘူး တကယ်လုပ်မှ လက်တွေ့သင်မှ အဟုတ်တတ်မှာ ပါးစပ်နဲ့ပြောပြပြီး သင်ပေးနေလို့ရရင် ရေမကူးတတ်တဲ့သူကို ရေကူးနည်းပြောပြပြီး ရေကန်ထဲသာကန်ချလိုက်ရုံပေါ့ ဒီလောက်ဆို ဘာကအဓိက ကျသလဲသိလာမှာပါ စနစ်တကျသင်ယူပါ လေ့လာပါ မှတ်သားပါ လက်တွေ့ကျကျ လုပ်ဆောင်ရင်တောင် စနစ်ကျတဲ့ဆရာတစ်ယောက်က ဘေးနားမှာ ရှိနေပါစေ အရာအားလုံးဟာတိုးတက်ပြောင်းလဲနေတာဖြစ်တဲ့အတွက် လူတိုင်းဟာ နည်းပညာကိုဘယ်တော့မှ အမှီလိုက်နိုင်မှာမဟုတ်ပါဘူး ဒါကြောင့် ဝါသနာပါရင် လက်တွေ့စနစ်တကျသင်ယူပါ စာဖတ်ပြီးတတ်မယ်ဆို ကျုပ်သိုင်းသမားဖြစ်နေပြီ သိုင်းဝတ်ထု အမြဲဖတ်နေကျဗျ ရိန်းပါးစပ်ထားတာကနေ ဘာတွေပြောမိလဲ မသိပါဘူးဗျာ ဒီလိုဗျ ကျုပ်ကလဲ စာတတ်ပေတတ်မဟုတ်တော့ လူပြိန်းနားလည်အောင်ဘဲ ရေးတတ်တယ် လူပြိန်းအချင်းချင်းကိုးဗျ ပင်စတင်မှာ အထက်နဲ့အောက်မှာအင်ဂျင်ဝိုင်ဝင်ပေါက်ကလေးတွေရှိတယ်ဗျ ပုံမှပြထားတဲ့အတိုင်း စကတ်ရဲ့အပေါ်မှာလေးပေါက်ပါတယ်ဗျ အဲ့အပေါက်ကလေးတွေကနေ ပူနေတဲ့စလင်ဒါ နရံကို အင်ဂျင်ဝိုင်က အအေးပြုမယ် တစ်ခါ ပင်စတင်ကို ပြောင်းပြန်ပြန်ကြည့်ရင် စကတ်ဘက်ကနေပေါ့အင်ဂျင်ဝိုင်ရိန်းအပါးလေးတစ်ခုရှိမယ် အဲ့ကောင်လေးက ခုန ပုံ၁ ထဲကဝိုင်ပေါက်က ထွက်သမျှအင်ဂျင်ဝိုင်ကို မီးလောင်ခန်းထဲမကျန်ရအောင် ပြန်ခြစ်ယူတယ် စည်ပင်ပေါ့ဗျာ နောက်တစ်ခါ အဲ့ရိန်းလိုင်းထဲမှာဘဲ အင်ဂျင်ဝိုင်ပေါက် ငါးပေါက်ထပ်ပါသေးဗျခုနလေးပေါက်နဲ့ မျက်နှာခြင်းမဆိုင်ဘူး သူတို့ မတည့်ကျဘူးဗျ ရန်ဖြစ်ထားတာ အောက်ဖက်မှာလဲအဲ့လိုဘဲ စကတ်ပေါ်မှာလေးပေါက် ရိန်းလိုင်းထဲမှာငါးပေါက် ဘာလို့အဲ့မှာဘဲအပေါက်တွေထည့်ထားလဲဆို တော့ ပင်စတင်ဟာ အဝိုင်းမဟုတ်ဘူးဗျ ဂန်ဂျီပင်ထည့်ထားတဲ့ ဘေးနှစ်ဖက်ဟာ ဘိုးရင်းဘယ်လောက်ကြပ်အောင်ထိုးထိုး ဟိုဖက်ဒီဘက်မြင်ရလောက်အောင် ဟနေတာကို တွေ့ရလိမ့်မယ် ရိန်းမထည့်ခင်ပင်စင်ကြည့်ဘဲထည့်ကြည့်ကြည့်အဲ့တော့ မီးခိုးလိုက်ခြင်းမလိုက်ခြင်းဟာ ပင်စတင်နဲ့ လားလားမျှ မသက်ဆိုင်ပေဘူးဗျ ဒါကြောင့်ဘိုးရင်းကြပ်လေ စလင်ဒါနရံတွေ ပွန်းစားလေဘဲ ပင်စတင်ရဲ့စကတ်တစ်ခုလုံးနဲ့အင်ဂျင်ဝိုင်ဘာဂျာရိန်းအထိဟာ ဝိုင်ကိုကြားခံပြီးပြေးလွှားနေရလို့ဘဲ အင်ဂျင်ဝိုင်ပြတ်ပြီဆိုတာနဲ့ စကတ်မှာဘဲပွန်းစားသွားတာကိုတွေ့ရမှာဘဲ ဒါကြောင့် တိုးတက်မူ့ ကို လက်ခံကျပါ မိမိကိုယ်ပိုင်ဦးနှောက်လေးလဲသုံးပါအင်ဂျင်ဝိုင်ဘာဂျာရိန်းတစ်ခုလုံးဟာ အင်ဂျင်ဝိုင်အမြဲဝ နေရမယ် ဘာဂျာအတွန့်လေးတွေထဲဝင်ဆံနိုင်မယ့် အင်ဂျင်ဝိုင် အမျိုးအစားသာရွေးခြယ်ရမယ် ရိန်းပါးစပ်တွေကိုလဲ ပုံပါအတိုင်းထားကျတာပိုကောင်းမယ် ဂန်ဂျီပင်နဲ့မတည့်ရင်ပြီးပြီးရောထည့်လို့မရဘူးအင်ဂျင်ဝိုင်ထွက်ပေါက်ကလေးတွေနဲ့ပါမတည့်အောင်ရှောင်ရမယ် အထူးသဖြင့်စကတ်က ဝိုင်ပေါက်တွေဘဲ ဒီနေ့တော့ဒီလောက်ပါဘဲဗျာ အခုရိန်းထည့်နည်းဟာကျွန်တော်သိသလောက်သာမျှဝေရတာဖြစ်လို့ မှားကောင်းမှားနိုင်ပါတယ် အမှားဆိုပြင်အမှန်ဆို မှတ်ယူနိုင်ပါတယ်
Crd.