ဘားဆလိုက်လေးအကြောင်းကျွန်တော်တွေ့ကြုံတာလေးချိန်ပုံချိန်နည်းလေးပေါ့
<Unicode>
ဘားဆလိုက်လေးအကြောင်းကျွန်တော်တွေ့ကြုံတာလေးချိန်ပုံချိန်နည်းလေးပေါ့စာတွေ့တော့မဟုတ်ပါလက်တွေ့ဆိုတော့စာနဲ့စိတ်ထဲသိတာကိုပြောပြရတာဆိုတော့အမှားပါလဲဖြည့်စွက်ပေးကြပါ။ကျွန်တော်တိုတောင်ပေါ်အတက်အဆင်းသွားနေရတဲ့ဘီးတွေမှာဒီဆလိုက်တုံးကလေးကအရေပါတယ်ဗျ။သူချိန်တာလေးလိုရင်တောင်တက်တွေမှာအဆွဲနညးပီအင်ဂျင်ပူပါတယ်။ကဲကျွန်တော့ညီကိုရဲဘော်ရဲဘက်တွေကိုတချို့ကသိပေမဲ့တချိူ့ကတော့မသိသေးမကြုံသေးတာတွေရှိမှာပါ။
ဘားဆလိုက်ကိုဖြုတ်ဆေးပီဆိုရင်ပထမသတိထားရမှာကဝိုက်ဇီးလေးတွေပေါဝိုက်ဇီးအနီလေးတွေဟာဓါတ်ဆီနဲ့တွေ့ရင်ပျက်စီးပါတယ်ဒါ့ကြောင့်သူတို့ကိုဖြုတ်ဆေးပါ။ဒတိယသတိထားရမှာကတော့တူးတီဂျိုးကလေးတွေပေါ့တချို့ဘီးတွေဟာဘာဆလိုက်တုံးရဲ့လယ်ပတ်ပွတ်တိုက်စားထားသောကြောင့်စလစ်အထိုင်ရောဆလိုက်တုံးပါစားနေပါတယ်ဒီလိုစားတဲ့နေရာလေးကိုတူတီဂျိုးကနေရာယူဖြည့်ပေးထားသောကြောင့်ဘားဆလိုက်ခတ်သံမကြားရပါ။ကျွန်တော်တို့တတွေစေသနာအပြည့်နဲ့တူတီဂျိုးတွေကိုပြောင်အောင်ခြစ်ဆေးပေးလိုက်သောအခါဆလိုက်ခတ်သံတွေကြားလာရပါတယ်။သင့်တင့်လျှောက်ပတ်သလိုဆေးပေးတာအကောင်းဆုံးပါကို့စိတ်ဲမသင်ကာရင်စလိုက်တုံးသွက်အောင်လေးဆေးရင်ရပါပီ။တချို့ဆလိုက်တုံးတွေကတော်တော်စားထားပါတယ်ဟိုဘက်ဒီဘက်ထိုးကြည့်ရင်တော်တော်လေးကလီးယားတွေ့ရပါတယ်။သူ့ကိုညိမ်အောင်အထိုက်အလျှောက်မန်းချင်ရင်တော့ကီးငုတ်ကလေးတွေကိုချွတ်ပီးနှစ်ခြမ်းစပ်နေရာကိုကော်ပတ်ကိုမှန်ပြင်ပေါ်ဖြစ်စေမျက်နှာပြင်ညီတဲ့အပေါ်မှာတင်ကာဘေးတိုက်ကလီးယားပြောက်အောင်လိုသလိုလေးနည်းနည်းချင်းသပေးပါ။နောက်တခုကတဖက်ကအပိတ်မှာပါသောကြေးဘွတ်ကလေးအရမ်းခြောင်နေရင်လဲမည်သောအသံခတ်သံကြားရတတ်ပါတယ်။ကဲဒါလောက်ဆိုပစ်ချက်တချို့ကတော့သိလောက်ပါပီချိန်တာလေးကတော့ဆလိုက်တုံးကအပြောက်ကလေးပါပါတယ်သူကတော့အပေါ်ဘက်နေပါမယ်။တချို့ဆလိုက်တုံးတွေကတော့အပြောက်မပြောနဲ့လိပ်ပြာတောင်ခေါ်ဘားကြိုးတတ်ရမဲ့အထိုင်ကလေးတောင်မပါဘူးဗျအဲဒီလိုဆလိုက်တုံးဆိုရင်အိပ်ဇောအဝကနေကြည့်လိုက်ပါဒါမှမဟုတ်လက်ကလေးနဲ့စမ်းလိုက်ပါဆလိုက်တုံးအဟကလေးကအိပ်ဇောပေါက်နဲ့ကွက်တိတန်းနေပါ့မယ်။ဒါဆိုရင်အပြောက်မပါလဲထဲ့လို့ရပါပီ။
ပါဝါဘားဘူးမကောင်းတော့တဲ့ဘီးများဆိုရင်ဘားဆလိုက်ကိုအသေချိန်ရပါမယ်။ဆလိုက်တုံးကိုအိပ်ဇောမှစမ်းကြည့်လို့တတန်းထဲဆိုရင်စက်နှုးလိုက်သောအခါစက်သံကဒိုအာသံမထွက်ဘဲ82အသံထွက်နေပါမယ်ဒါဆိုရင်ဆိုင်ကယ်မဆွဲပါဘူးစက်သံအော်ပီဝတ်ခံနေပါ့မယ်။စိတ်ထင်တိုင်းမောင်းမပြေးတော့ပါ။ဘားဆလိုက်ကိုနောက်သို့၄၅ံလောက်လဲ့ပေးလိုက်ပါစက်သံသိသိသာသာပြောင်းသွားပါတယ်။ဒါဆိုစွဲအားတက်လာပါမယ်ဗျာ။သူ့ကိုစက်ရဲ့တုန်ခါအားနဲ့မလယ်သွားအောင်၁၀နတ်အရှည်နှစ်လူံးနဲ့လိုသလောက်ချိန်ပီးရင်လိပ်ပြာတောင်ကိုထောက်ပေးထားပါ။
ဘားဘူးကောင်းသေားဘီးများကတော့အော်ဘားကြိုးကတော့ဖစ်ဆိုက်ဖြစ်နေပေမဲ့နောက်လာဘားကြိုးတွေကရှည်နေသောကြောင့်သတိထားပါဘားဗူးကလယ်ပီးအလုပ်လုပ်နေပေမဲ့ဘားကြိုးရှည်နေသောကြောင့်ဆလိုက်တုံးကိုအဖွင့်အပိတ်မလုပ်ပဲကြိုးထဲမှာတင်အားကုန်နေပါတယ်ဒါဆိုရင်ဘားဆလိုက်တုံးနောက်သို၄၅ံခန့်ဖွင့်နိုင်အောင်ကြိုးကိုတောင့်ပေးပါထိုမှသာလျှင်ကြိုးကဆလိုက်တုန်းကိုအဖွင့်အပိတ်လုပ်နိုင်မှာပါ။သော့ဖွင့်လျှင်နောက်သို့တချက်လံ့ပီးရှေ့သိုပြန်တက်လာပါမယ်စက်နှုးလိုက်သောအခါနောက်သိုပြန်လယ်သွားပါ့မယ်စက်တင်ရင်တင်သလောက်ရှေ့သိုတက်ပေးပါတယ်လယ်ပါတယ်။စက်ကိုသော့ပိတ်ရပ်ပီးသော့ပြန်ဖွင့်ရင်သုံးချက်အလုပ်လုပ်သံကြားပါ့မယ်။တချို့ဘီးတွေကမောင်းနေရင်းဘားဘူးကရှေ့သိုအကုန်ပြလယ်သွားတတ်ပါတယ်ဘာပြန်တယ်ပေါ့ဗျာအဲဒီအကြောင်းကလေးကအရင်တခါတင်ပေးထားပါတယ်ဘားပြန်နိုင်ခြေနဲ့ဘယ်လိုလုပ်တယ်ဆိုတဲ့အကြောင်းကလေးတင်ဖူးပါတယ်တချို့ဆရာတွေလဲတွေ့မှာပါဗျ။ဘားပြန်ရင်ဝတ်ခံနေလိုက်ထစွဲသွားလိုက်နဲ့အဆင်မပြေပါဘူးဗျ။တော်တော်လေးတော့စုံလောက်ပါပီလိုအပ်တာရှိရင်လဲဆရာများဖြည့်ပေးစေလိုပါတယ်လက်တွေ့ဆိုတော့စာလိုမရေးတတ်လို့ကြန်တာရှိဖြည့်စွက်ကြပါဗျာအမှာပါရင်လဲကျွန်တော်ရဲအားနည်းချက်ဖြစ်သောကြောင့်တောင်ပန်အပ်ပါတယ်။သြော်အရေးကြီးတဲ့တစ်ချက်သတိပေးပါရစေလိပ်ပြာတောင်ကနတ်ကိုဖြုတ်မယ်ဆိုရင်လိပ်ပြာတောင်ကိုထိမ်းပီမှဖြုတ်ပါမထိပဲဖြုတ်လျှင်ဘားဘူးအတွင်းမှကော်ပင်နယံကလေးများပဲ့တတ်ပါတယ်သတိထားစေလိုပါတယ်။
                            ဆရာများအဆင်ပြေနိုင်ကြပါစေ
                  ဘာမှမရသေးတဲသုံညဘဝက
                                       သိန်းထိုက်စိုး(နမ့်တော)
<Zawgyi>
                  ဘာမှမရသေးတဲသုံညဘဝက