Click ဘီးတွေကို .......

<Unicode>
Click ဘီးတွေကို ဖင်လှန်ကြည့်ပြီး Model ခွဲ ကြမယ် ...ဖင်ထိုင်ခုံပြောပါတယ် ....😬

Click ဆိုင်ကယ် တစီးကို Chassis / Vin Code ကြည့်ယုံနဲ့ Model ခွဲနည်း ...‼️💯

အမှန်က နမူနာပြတဲ့ဘီးက  Click မို့လို့သာ Click လို့ပြောလိုက်တာပါ ဘီးအားလုံး ဒီနည်းအတိုင်း ခွဲလို့ရပါတယ် ...👌

ထုတ်လုပ်သူတွေက သူတို့ Product ရဲ့  အစိတ်အပိုင်းတိုင်းမှာ သက်ဆိုင်ရာ Logo လေးနဲ့ အမှတ်အသားတွေကို ထည့်ပေးထားကြတယ်ဗျ....User တွက ရေးထားတာတွေတော့ တွေ့တယ် ဘာတွေမှန်း နားမလည်ကြတာပါ ...😁

ဘီး တစီးကို Model ခွဲနည်း အများကြီးရှိတယ်ဗျ တချို့က ဂွေ Date တာယာ Date ထိုင်ခုံ Date မီးကြိုးက Date ကြည့်ပြီးလဲ ခွဲကြတယ်ဗျ ...အဲ့နည်းတွေက မမှန်ဘူးလို့ မဆိုလိုပါဘူးဗျ 100% တော့ စိတ်မချရဘူးဗျ လုပ်ယူ လဲယူ လို့ ရတဲ့အရာတွေ မို့ပါ ...🙂

ဖရိန် Chassis ကထွက်တဲ့ Model ကိုသာ 💯 အတည်ယူလို့ရပါမယ်ဗျ ...🙂

ကားမှာဆိုလဲ အဲ့လိုပါပဲ ထိုင်ခုံ ခါးပါတ် ဘာညာ အတည်ယူမရပါဘူး Name plate က Chassic ကိုသာ Web မှာစစ်ပြီး ထွက်တဲ့ Date ကိုပဲ အတည်ယူပါတယ် ...

ဟုတ်ပြီး ဆိုင်ကယ်မှာ Chassic / Vin code ကို ဘယ်နားရှာရမလဲ ...??

Click / scoopyi နဲ့ သာမာန်ဘီး တော်တော်များများက ဖင်ထိုင်ခုံအောက်မှာပါပါတယ်ဗျ ...Racing / naked / jumping တွေကျတော့ ဘီးရဲ့  ညာဖက်ခြမ်း ဇက်နားလေးမှာ ပါတက်ပါတယ်ဗျ ...😁

နမူနာ အနေ နဲ့ ကျွန်တော့် click ဘီးက Chassic လေးဖတ်ပြပါ့မယ် ...😆

Click  Chassic👇
           >>   MLHKF3508M5208490   <<

စုစုပေါင်း ဂဏန်း 17 လုံးပါပါတယ်ဗျ အဲ့ ဂဏန်း 17 လုံးလုံးစီမှာ အဓီပ္ပါယ်ကိုယ်စိရှိကြပါတယ်ဗျ ...အကုန်သိချင်ရင် ဆက်ဖတ်ပေးပါ ...model ခွဲတက်ရင် ရပြီးဆိုတဲ့သူတွေအတွက်ကတော့ 10 လုံးမြှောက် နဲ့ 11 လုံး မြှောက် ကို ကြည့်တက်ရင် ရပါပြီး ...😁

10 လုံးမြှောက်က ခုနစ် 11 လုံးမြှောက်က လ အဲ့လို အလွယ်ဆုံးနဲ့ပဲ မှတ်ထားလိုက်ပါ...

အခု ဖတ်မဲ့ Vin code ရဲ့ 10 လုံး မြှောက်မှာ M ကို တွေ့ရမှာပါဗျ ..အဲ့နေရာမှာ model အလိုက် အက္ခရာ မျိုးစုံးရှိနေတက်ပါတယ်...အဲ့အက္ခရာကို ဖတ်တက်ဖို့က အောက်ကဟာလေး သိထားရင်ဖတ်တက်ပါပြီး ...

10 လုံးမြှောက်မှာ အက္ခရာ လဲ ရှိတက်သလို ကိန်းဂဏန်းလဲ တွေ့ရတက်တယ်ဗျ... 2001 ကနေ 2009 ထိကို ကိန်းဂဏန်းနဲ့ဖော်ပြထားတယ်...

ကိန်းဂဏန်းဆိုရင်တော့ရှင်းပါတယ် ...10လုံးမြှောက် နေရာမှာ...
1 ဆို 2001
2 ဆို 2002
3 ဆို 2003
4 ဆို 2004 ....စသည်ဖြင့် 9 ဆို 2009 ပေါ့ ...

တကယ်လို့ 10 လုံး မြှောက်မှာ အက္ခရာဆိုရင်...
A ဆို  2010
B ဆို 2011
C ဆို 2012
D ဆို 2013
E ဆို 2014
F ဆို 2015
G ဆို 2016
H ဆို 2017
I ဆွာတော့ မရှိပါ ဘာလို့ချန်လှပ်ထားတယ်တော့ မသိပါ 
J ဆို 2018
K ဆို 2019
L ဆို 2020
M ဆို 2021....N,O,P,Q စသည်ဖြင့် Y ဆို 2030 ဆိုပြီးသတ်မှတ်ထားပါတယ် ...

11 လုံးမြှောက်နေရာက လကို ရည်ညွှန်းတာပါ ..

11 လုံးမြှောက်နေရာမှာ အခုနောက်ပိုင်းတော့ ကိန်းဂဏန်း နဲ့လာတာများပါတယ် အရင်ကတော့ အက္ခရာ နဲ့လာတာပါ ...ကိန်းဂဏန်း နဲ့ဆိုရင်တော့ ရှင်းနေတာပါပဲ...
1 ဆို 1 လ
2 ဆို 2 လ
3 ဆို 3 လ
4 ဆို 4 လ စသည်ဖြင့်ပေါ့ ....

11 လုံးမြှောက်နေရာမှာ အက္ခရာ ဆိုရင်တာ့ ...
B ဆို 1လ
C ဆို 2လ
D ဆို 3လ
E ဆို 4လ
F ဆို 5လ
G ဆို 6လ
H ဆို 7လ
I ဆွာတော့ မရှိပါ ဘာလို့ချန်လှပ်ထားတယ်တော့ မသိပါ 
J ဆို 8လ
K ဆို 9လ
L ဆို 10လ
M ဆို 11လ
N ဆို 12လပိုင်းထုတ်လို့ ဆိုလိုတာပါ ....

အာ့ဆို ကျွန်တော် နမူနာပြထားတဲ့ Click Chassic က 10 လုံးမြှောက်က M { 2021 } 11 လုံးမြှောက်က 5 { 05} ဆိုတော့ 2021 / 5 လပိုင်းထုတ်ပါ ...👌

Series No.နဲ့ ခွဲနည်းလဲရှိပါသေးတယ် ဂဏန်း 17 လုံးစလုံးရဲ့ အဓိပ္ပါယ်ကိုလဲ အချိန်ရရင် ထပ်တင်ပေးပါအုံးမယ်ဗျ ...

ပညာရှင် အဆင့်မဟုတ်ပါ ဝယ်ရောင်း မဟုတ်ပါ User ပါဗျ အချင်းများ အညှင်းပွားဖို့ မရည်ရွယ်ပါဗျ ...လိုတာရှိရင် မှားတာရှိရင် မန့်မှာ ထောက်ပြ ဆွေးနွေးလို့ရပါတယ် ...😁

@$#NMA

<Zawgyi>










Click  Chassic👇
           >>   MLHKF3508M5208490   <<





1 ဆို 2001
2 ဆို 2002
3 ဆို 2003

A ဆို  2010
B ဆို 2011
C ဆို 2012
D ဆို 2013
E ဆို 2014
F ဆို 2015
G ဆို 2016
H ဆို 2017
J ဆို 2018
K ဆို 2019
L ဆို 2020


1 ဆို 1 လ
2 ဆို 2 လ
3 ဆို 3 လ
4 ဆို 4 လ စသည်ဖြင့်ပေါ့ ....

B ဆို 1လ
C ဆို 2လ
D ဆို 3လ
E ဆို 4လ
F ဆို 5လ
G ဆို 6လ
H ဆို 7လ
J ဆို 8လ
K ဆို 9လ
L ဆို 10လ
M ဆို 11လ




@$#NMA