<Unicode>
DT တွေရဲ့အသက်သွေးတစ်ခုဖြစ်တဲ့
2t အကြောင်းလေးနည်းနည်းပြောချင်တယ်
ဒီနေရာမှာ ကွဲလွဲမှုတွေ
အယူအဆမတူညီတာတွေရှိကောင်းရှိနေနိုင်တယ်
YAMAHA ရဲ့နာမည်ကြီးတဲ့အထဲက
Autolube system က 2t pump ကိုမေ့ထားလို့မရပါဘူး........
နှစ်သုံးဆယ်လောက်ထိ သုံးလို့ရနေဆဲဆိုတာ
Biker အားလုံးသိပါတယ်.....
ဒီပန့်မပါတဲ့ YAMAHA series တွေထဲက
Racing bike YZ 125 တို့ YZ 250 တို့ကတော့
Manual premixed လုပ်ရဆဲပေါ့......( ထားတော့)
2t pump ကနေပီးပို့လွှတ်ရောစပ်မဲ့
ပမာဏကိုတော့ RPM ထိန်းချုပ်မယ့်
လီဘာကနေကြိုးနဲ့ဆက်သွယ်ပီး
Pump ကိုနည်းများချိန်ညှိတဲ့စနစ်ပေါ့....
2t pump ဟာ
slow idle မှာ 120:1 ratio လောက်ကနေ
Hight rpm မှာ 16:1 လောက်ထိ
Autolube လုပ်ပေးပါတယ်.....
လီဘာဆွဲတာနဲ့အတူ 2t pump barက
ပိုပိုပွင့်လာပီး rpm 7500/8000 လောက်မှာ
အမြင့်ဆုံး 16:1 ထိ အောင်ရောစပ်ပေးနိုင်တယ်
ဒီပန့်ရဲ့ရည်ရွယ်ချက်က
RPM အလိုက် 2tကိုရောစပ်ပီး
crank bearings,main bearings,piston pin or
Gudgeon pin နဲ့ Piston rings တွေဆီကို
လိုအပ်သလောက်ပမာဏနဲ့
ပို့ပေးခြင်းနဲ့ များလွန်းလို့ဖြစ်လာမယ့်
ဆိုကျိုးတွေကိုကာကွယ်ဖို့ပေါ့.......
ဒါပေမယ့် မြန်မာနဲ့တွေ့ရင်မခံနိုင်ဘူး
2t pump က adj နတ်ကို အဆုံးထိဖွင့်
လီဘာဆီကကြိုးကိုဖြုတ် နတ်ကို
အသေကြပ်ပီး 2t ကို အသားကုန်ကြွေးလွှတ်
လိုက်ကြတဲ့စက်ဆရာတွေ တပုံကြီး.........
သူတို့ကပြောတယ်
စလစ်ဂျမ့်မဖြစ်ဖို့....
အင်ဂျင်ဟိနည်းဖို့ပေါ့........
YAMAHA ကပဲ အပိုလုပ်လိုက်လေသလား
2t နဲ့ rpm နဲ့မမျှလို့ 2t တွေများလွန်းရင်
ဖြစ်တည်လာမယ့် 2t ကာဗွန်ဂျိုးတွေကြောင့်
ကရိုင်းကေ့တွေ အလုပ်ပုံမှန်မဟုတ်ပဲ
နာလာမှာဖြစ်သလို
ပင်စတင်ထိပ်မှာဂျိုးကြောင့် ခနော့သံ.....
combustion chamber. ဂျိုးကပ်လွန်းတာ
Economy ဆုံးရှုးမှုနဲ့အတူ
ဆီလေအရောနဲ့လိုအပ်ချက်မူမမှန်ဖြစ်ပီး
စီးရတာ အင့်နေတာတွေ
အင်ဂျင်စက်သံ ဗျစ်တစ်တစ်နဲ့
စီးမကောင်းတာတွေကိုတော့
Biker တွေပဲခံစားရလိမ့်မယ်.....
2t များလွန်းလို့ နောက်က စကီလေးတွေ
အဝတ်အစားမခံနိုင်လို့ မလိုက်ရဲတော့တာ
ပလပ်ခဏခဏလဲရလို့ ဘိုင်ပြတ်တာတွေ
မပြောတော့ဘူး........
( there can be free difference)
ပြောချင်တာက အရေးကြီးတဲ့ 2t pump
ကို မကောင်းရင် ကောင်းအောင်လုပ်ပီး
မူလအတိုင်း ချိန်ညှိပီး 2t ကြွေးတဲ့စနစ်ကိုပဲ
ဖြစ်စေချင်တယ်.....ရေရှည်အတွက်
အရေးကြီးလို့ပါ.........
YAMAHA က အားလုံးချိန်ပီးသား
ဆိုတာပေါ်လွင်အောင်ပြမယ်ဗျာ.....
Displacement များတဲ့
DT200 လိုနောက်DT230Lanza တွေက
Injector သုံးပြီး crank case ထဲ
ဒါရိုက်ဖြန်းတာဗျ...main bearings,crank bearings,piston pin,piston ringsဆီကို
2t ပိုကြွေးချင်လို့
ဆီလေအရောနဲ့ carburator ကနေ
မသွားဘူး.......
ဆိုလိုတာက လိုအပ်ချက်ကို
YAMAHA က အာလုံးချိန်ညှိထားပီးသား...
YZ တို့လို manual premixed လုပ်ရမယ့်
ဘီးတွေဆိုရင်တော့
RPM အနိမ့်ရော အမြင့်ရောအတွက်
အဆင်ပြေမယ့် 30:1 ကိုအကြိုက်ဆုံးပဲ...
မြန်မာပြည်မှာ DT တွေရဲ့တန်ဖိုး
မြင့်မားလာတာနဲ့အတူ တန်ဖိုးထားတတ်ဖို့လဲ
လိုအပ်လာလိမ့်မယ်ထင်တယ်.....
ချွေတာရေးလုပ်ပီး 2t ခပ်ညံ့ညံ့တွေကို
အသုံးပြုရင်တော့ ပျက်စီးသွားဖို့ကခဏ
ပါပဲ.......
အကြံပြုရမယ်ဆိုရင်တော့
Petro ကိုအခြေခံထုတ်တဲ့ base oil 2tကို
မသုံးပဲ 100% fully synthetic oil 2t ကိုပဲ
သုံးပါလို့အကြံပြုချင်ပါတယ်......
အားလုံးပဲ 2t ကြောင့်ဖြစ်တည်လာမယ့်
ဂျန့် များကင်းဝေးကြပါစေ.....
Ko Myo Gyi
<Zawgyi>
Biker အားလုံးသိပါတယ်.....
2t pump ဟာ
လိုအပ်သလောက်ပမာဏနဲ့
သူတို့ကပြောတယ်
စလစ်ဂျမ့်မဖြစ်ဖို့....
နာလာမှာဖြစ်သလို
စီးရတာ အင့်နေတာတွေ
မပြောတော့ဘူး........
အရေးကြီးလို့ပါ.........
Displacement များတဲ့
2t ပိုကြွေးချင်လို့
မသွားဘူး.......
ဘီးတွေဆိုရင်တော့
ပါပဲ.......
Ko Myo Gyi