EFI ဆိုင်ကယ်ပြုပြင်နည်းများ Suzuki

<Unicode>
<Unicode>
EFI ဆိုင်ကယ်ပြုပြင်နည်းများ 

Suzuki ဆိုင်ကယ်တွေကို ပြစ်ချက်ရှာချင်ရင် ပထမဆုံး ပြစ်ချက်ရှာဖွေရေးအပေါက်ကိုရှာရပါမယ်။ အောက်မှာပြစ်ချက်ရှာဖွေရေးအပေါက်နေရာကိုပြထားပါတယ်။ 
ပြစ်ချက်ရှာဖွေရေးအပေါက်က အဖုံးကိုဖွင့်ပြီးတော့ ဝါယာကြိုးတစ်ချောင်းယူပြီးတော့ ပုံမှာပြထားတဲ့အတိုင်းထိုးလိုက်ပါ။
ထိုးထားပြီးတော့ သော့ဖွင့်လိုက်မယ်ဆိုရင် ပြစ်ချက်မရှိဘူးဆိုရင် အင်ဂျင်ချက်မီးလေးကမခုန်ပါဘူး။ အင်ဂျင်မှာ ပြစ်ချက်ရှိတယ်ဆိုရင်တော့ အင်ဂျင်ချက်မီးလေးက 
ခုန်နေလိမ့်မယ် အင်ဂျင်ချက်မီး ခုန်နေတာလေးကိုကြည့်ပြီးပြစ်ချက်ကုဒ်ကိုဖတ်ယူရပါမယ်။ ပြစ်ချက်ကုဒ်တွေက ဂဏန်းနှစ်လုံးတွဲတွေပါ။ပြစ်ချက်ကုဒ်၄၁ ဆိုရင်ဘယ်လိုဖတ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။
သော့ဖွင့်ကြည့်လိုက်သောအခါ အင်ဂျင်ချက်မီးလေးက 
၁ စက္ကန့်လင်းမယ် ပြီးတော့ ၀.၃စက္ကန့် ပြန်မှိတ်မယ် ပြီးတော့ 
၁ စက္ကန့်ပြန်လင်းမယ် ပြီးတော့ ၀.၃စက္ကန့် ပြန်မှိတ်မယ် ပြီးတော့ 
၁စက္ကန့်ပြန်လင်းမယ် ပြီးတော့ ၀.၃စက္ကန့် ပြန်မှိတ်မယ် ပြီးတော့ 
၁ စက္ကန့်ပြန်လင်းမယ် ပြီးတော ၀.၃ စက္ကန့် ပြန်မှိတ်မယ် ပြီးတော့
၀.၃ စက္ကန့်ပြန်လင်းမယ် ပြီးတော့ ၃စက္ကန့် ပြန်မှိတ်ပြီးတော့
အစကနေပြန်လာနေမှာပါ။
 ပြစ်ချက်ကုဒ်တွေက ငယ်စဉ်ကြီးလိုက်သွားတာပါ။ 
ပြစ်ချက်ကုဒ်က ၁၄ နှင့် ၄၁ဆိုပြီးပြစ်ချက်ကုဒ် နှစ်ချက်ရှိရင်ဘယ်လိုဖတ်မလဲဆိုတော့- 

၀.၃ စက္ကန့်ပြန်လင်းမယ် ပြီးတော့ ၀.၃စက္ကန့် ပြန်မှိတ်မယ် ပြီးတော့ 

၀.၃ စက္ကန့်ပြန်လင်းမယ် ပြီးတော ၃ စက္ကန့် ပြန်မှိတ်မယ် ပြီးတော့ 

၁ စက္ကန့်ပြန်လင်းမယ် ပြီးတော ၀.၃စက္ကန့် ပြန်မှိတ်မယ် ပြီးတော့

အောက်မှာပြစ်ချက်ကုဒ်တွေကိုဖော်ပြထားပါတယ်။
၁၂ Crankshaft position sensor loop malfunction
၁၃ Intake air pressure sensor loop malfunction
၁၄ Throttle position sensor loop malfunction
၁၅ Engine temperature sensor loop malfunction
၂၁ Intake air temperature sensor loop malfunction
၂၃ Fuel cut off sensor loop malfunction
၂၄ Ignition coil loop malfunction
၃၂ Fuel pump loop malfunction
၄၀ Idle speed air control solenoid loop malfunction
၄၁ Ignition switch loop malfunction
၄၂ O2 sensor loop malfunction
၄၄ O2 sensor loop malfunction
Suzuki ဆိုင်ကယ်တွေမှာ အင်ဂျင်နိူးလို့မရဘူးဆိုရင် လုပ်ဆောင်ရမယ့် အချက်၆ချက်က Honda ဆိုင်ကယ်တွေမှာတုံးက ဖော်ပြထားတဲ့ အချက်၆ချက်အတိုင်းစစ်ဆေးပြုလုပ်ရပါမယ်။
ကျော်ဇင်ကောင်း(မုံရွာ)

Credit: AUTOMOBILE Weekly Car Journal

<Zawgyi>


အစကနေပြန်လာနေမှာပါ။





Suzuki ဆိုင်ကယ်တွေမှာ အင်ဂျင်နိုးလို့မရဘူးဆိုရင် လုပ်ဆောင်ရမယ့် အချက်၆ချက်က Honda ဆိုင်ကယ်တွေမှာတုံးက ဖော်ပြထားတဲ့ အချက်၆ချက်အတိုင်းစစ်ဆေးပြုလုပ်ရပါမယ်။