Engine များနှင့် သက်ဆိုင်သည့် အမေးအဖြေကဏ္ဍ (၂)
<Unicode>
Engine များနှင့် သက်ဆိုင်သည့် အမေးအဖြေကဏ္ဍ (၂)
မေးခွန်း(၄)
Piston တလုံး၏ အချင်းအား တိုင်းတာရာတွင် မည်သည့်နေရာမှ တိုင်းတာရမည်နည်း။ အဘယ့်ကြောင့်နည်း။
         Piston တလုံး၏ အချင်းအား တိုင်းတာရာတွင် piston ၏ skirt နေရာမှ တိုင်းတာရပါသည်။ (ပုံတွင်ကြည့်ရှုပါ။) အဘယ့်ကြောင့် ထိုနေရာမှ တိုင်းထွာရပါသလဲ???? piston များသည် cylinder အတွင်းတွင် အထက်/အောက် တွန်းထိုးရွေ့လျား၍ လှုပ်ရှားသွားလာနေရသော အစိတ်အပိုင်းတခုဖြစ်သည်။ ထိုသို့ ရွေ့လျားသွားလာရာတွင် ၄င်းမှာ အားဖြင့် ဘေးတိုက်တွန်းထိုးခံရသည့် ဒဏ်အား သက်ရောက်ခံစားရသည်။ အားဖြင့် ဘေးတိုက်တွန်းထိုးခံရသည့် ဒဏ်အားအား ခွဲခြားရပြန်ပါလျင် (၂) မျိုးရှိသည်ကို ထပ်မံတွေ့ရှိရပါမည်။ ၄င်းမှာ -
(၁) minor side thrust effect 
     ( သေးငယ်သော ဘေးတိုက်တွန်းထိုးခံ သက်ရောက်မှု )
(၂) major side thrust effect 
     ( ကြီးမားသာ ဘေးတိုက်တွန်းထိုးခံ သက်ရောက်မှု )
စသည့် ဒဏ်အား(၂)မျိုးကို piston အတက်/အဆင်း လုပ်နေချိန်တိုင်း piston တွင်ခံစားနေရပါသည်။ 
      Piston သည် minor side thrust effect ဒဏ်ကို piston အပေါ်သို့တက်ချိန်တိုင်းတွင် ခံစားရပါသည်။(ပုံတွင်ကြည့်ရှုပါ။) ထိုဒဏ်အားအား piston ၏ ဘယ်နေရာတွင် သက်ရောက်ခံစားရပါသနည်း။ ဒဏ်အားသည် piston ၏ အောက်ဘက် piston ဘေးသားတွင်သက်ရောက်ခံစားရပါသည်။ piston ၏ အောက်ဘက်ပိုင်း skirt နေရာသည် ထိုဒဏ်အားကြောင့် liner ဖြင့် ရိုက်ခတ်နေရပါသည်။ ထိုရိုက်ခတ်မှုဒဏ်ကြောင့် piston skirt နေရာသည် piston အခြားနေရာများထက် ပိုမို၍ ပွန်းစားခံရပါသည်။ piston အပေါ်သို့တက်ရောက်ချိန်တွင် အဆိုပါဒဏ်အား အား (အနည်းငယ်)သာ သက်ရောက်ခံစားရပါသည်။ ထို့ကြောင့် minor side thrust effect ဟု သတ်မှတ်ပါသည်။
       Piston သည် majnor side thrust effect ဒဏ်ကို piston အောက်သို့ ဆင်းသက်ချိန်တိုင်းတွင် ခံစားရပါသည်။ ထိုဒဏ်အားအား piston ၏ ဘယ်နေရာတွင် သက်ရောက်ခံစားရပါသနည်း။ ဒဏ်အားသည် piston ၏ အောက်ဘက် piston ဘေးသားတွင်သက်ရောက်ခံစားရပါသည်။ piston ၏ အောက်ဘက်ပိုင်း skirt နေရာသည် ထိုဒဏ်အားကြောင့် liner ဖြင့် ရိုက်ခတ်နေရပါသည်။ ထိုရိုက်ခတ်မှုဒဏ်ကြောင့် piston skirt နေရာသည် piston အခြားနေရာများထက် ပိုမို၍ ပွန်းစားခံရပါသည်။ piston အောက်သို့ဆင်းသက်ရာတွင် အဆိုပါဒဏ်အားအား (အများဆုံး)သက်ရောက်ခံစားရပါသည်။ ထိုခံစားရသည့် ဒဏ်အားကြောင့် piston ၏ skirt နေရာသည် liner ဖြင့် ရိုက်ခတ်သောကြောင့် ပွန်းစားလာရပါသည်။ ထို့ကြောင့် major side thrust effect ဟု သတ်မှတ်ပါသည်။(ပုံတွင်ကြည့်ရှုပါ။) engine တိုင်း၌ engine စနှိုးသည့် အချိန်တိုင်းတွင် ထိုဒဏ်အား (၂) မျိုးစလုံးအား piston သည် စတင်ခံစားရပါသည်။ piston အတွက် လိုအပ်သည့် ချောဆီနှင့် အပူချိန်ကို ရရှိလာပါမှ ထိုဒဏ်အားအား piston သည် ခံနိုင်ရည်ရှိလာပါသည်။ piston skirt ၏ နေရာသည် engine သုံးစွဲသူအပေါ်မူတည်၍ piston skirt နှင့် liner ပွတ်တိုက်ပွန်းစားမှုဒဏ်ခံရပါသည်။ ထိုသို့ ပွတ်တိုက်မှုကြောင့် pison skirt နေရာသည် ပွန်းစားပျက်စီးမှု ဖြစ်တတ်ပါသည်။ ထို့အတွက်ကြောင့် piston တလုံး၏ အချင်းအား တိုင်းထွာရာတွင် pisotn skirt နေရာကိုသာ အဓိက ဦးတည်၍ တိုင်းထွာပေးရပါသည်။ engine တလုံးတွင် piston ခတ်သံကြားရသည့်နေရာမှာ အဆိုပါနေရာ၌ ဖြစ်ပါသည်။ (ပုံတွင်ကြည့်ရှုပါ။) 
မေးခွန်း(၅)
Piston ring ၏ side clearance အားသိလိုလျင် မည်သည့်နေရာ၌ တိုင်းတာပါသနည်း။
         Piston ring ၏ side clearance အား ဖေါ်ပြပါ ပုံအတိုင်း piston ring နှင့် ring groove အကြား feeler gauge ဖြင့် ထိုးသွင်း၍ တိုင်းတာရပါသည်။ အကယ်၍ မိမိ engine ၏ top piston ring (အပေါ်ဆုံးပစ္စတင် ရင်း(င်) ) သည် "keystone" design ဖြစ်နေခဲ့ပါက piston ring ၏ side clearance အား တိုင်းတာရာတွင် ခက်ခဲတတ်ပါသည်။ ထိုအခါမျိုးတွင် 2nd ring နှင့် oil control ring (oil ring) များကိုသာ တိုင်းတာပြီး အကယ်၍ ကန့်သတ်ထားသည့် ကိန်းဂဏန်းတန်ဘိုးထက်ပိုမို၍ ပွန်းစားနေပါက piston ring အားလုံးအား အသစ်အစားထိုးလဲလှယ်တပ်ဆင်သင့်ပါသည်။ piston ring များအား အသစ်လဲလှယ်တပ်ဆင်ရာတွင် မည်သည့်အခါမှ ပျက်ဆီးနေသည့်တကွင်းထဲကွက်၍ မလဲလှယ်သင့်ပေ။ piston တွင် ပါရှိသည့် ring အားလုံးအား အသစ်အစားထ်ိုး လဲလှယ်တပ်ဆင်ပေးရပါမည်။
မေးခွန်း(၆)
ယေဘုယျအားဖြင့် journal နှင့် bearing ၏ ကြားလွတ်အကွာအဝေး (clearance) သည် မည်မျှ ရှိသင့်ပါသနည်း။
        ယေဘုယျအားဖြင့် journal နှင့် bearing ၏ ကြားလွတ်အကွာအဝေး (clearance) သည်
(0.0005" - 0.0025") အတွင်းဖြစ်ပါသည်။ ယေဘုယျ အနေဖြင့်သာ ဖော်ပြပေးခြင်းဖြစ်ပြီး ၊ engine ထုတ်လုပ်သူ၏ သတ်မှတ်တန်ဘိုးအတိုင်း အတိအကျလိုက်နာသုံးစွဲစေခြင်းက ပိုမို၍ သာလွန်ကောင်းမွန်ပါသည်။ ( journal - to - bearing clearance သည် မိမိသုံးစွဲနေသည့် ချောဆီ၏ viscosity အပေါ်တွင် များစွာတည်မှီပါသည်။ ) 
မေးခွန်း(၇)
ယေဘုယျအားဖြင့် piston နှင့် cylinder အကြား ကြားလွတ်အကွာအဝေး (clearance) သည် မည်မျှ ရှိသင့်ပါသနည်း။
            ယေဘုယျအားဖြင့် piston နှင့် cylinder အကြား ကြားလွတ်အကွာအဝေး (clearance) သည်
(0.001" - 0.003") အတွင်းဖြစ်ပါသည်။ ယေဘုယျ အနေဖြင့်သာ ဖော်ပြပေးခြင်းဖြစ်ပြီး ၊ engine ထုတ်လုပ်သူ၏ သတ်မှတ်တန်ဘိုးအတိုင်း အတိအကျလိုက်နာသုံးစွဲစေခြင်းက ပိုမို၍ သာလွန်ကောင်းမွန်ပါသည်။ ( piston - to - cylinder clearance သည် မိမိသုံးစွဲနေသည့် engine ၏ piston cooling system  အပေါ်တွင် များစွာတည်မှီပါသည်။ ) 
မေးခွန်း(၈)
Piston pin ပွန်းစားပျက်စီးနေလျင် engine ၌ မည်သည့် လက္ခဏာ ဖော်ပြနိုင်ပါသနည်း။
           Piston pin ပွန်းစားပျက်စီးနေလျင် engine ၌ (knocking) ခေါက်သံ ထွက်ပေါ်လာတတ်ပါသည်။ ထိုသို့ခေါက်သံထွက်ပေါ်လာရာတွင် ခေါက်သံ ၂ချက် ကြားရတတ်လေ့ရှိသည်။ ပထမခေါက်သံမှာ piston အပေါ်သို့တက်ချိန်တွင် ကြားရတတ်ပြီး ၊ ဒုတိယခေါက်သံမှာ piston အောက်သို့ ဆင်းသက်ချိန်တွင် ဖြစ်ပါသည်။ ဒုတိယခေါက်သံသည် ပေါက်ကွဲအားကြောင့် piston အောက်သို့ဆင်းချိန်တွင်ဖြစ်ပေါ်သဖြင့် အသံအနည်းငယ် ကြမ်းတတ်လေ့ရှိသည်။ ထို့ကြောင့် ထိုသို့သော ခေါက်သံကို ( double knock ) ဟု သုံးနှုံးခေါ်ဆိုတတ်ကြပါသည်။
မေးခွန်း(၉)
အကယ်၍ မိမိတပ်ဆင်မည့် piston ၏ ထိပ်တွင် မြှားပုံသဏ္ဍာန် အမှတ်အသားပါရှိခဲ့သည်ရှိသော် ၊ cylinder ထဲသို့ piston ထည့်သွင်းရာတွင် ၊ အဆိုပါ မြှားပါသော အမှတ်အသားအား မည်သည့်ဘက်သို့ ထား၍ တပ်ဆင်ရမည်နည်း။
            အကယ်၍ မိမိတပ်ဆင်မည့် piston ၏ ထိပ်တွင် မြှားပုံသဏ္ဍာန် အမှတ်အသားပါရှိခဲ့သည်ရှိသော် ၊ cylinder ထဲသို့ piston ထည့်သွင်းရာတွင် ၊ အဆိုပါ မြှားပါသော အမှတ်အသားအား engine ၏ အရှေ့ဘက်သို့ထား၍ ထည့်သွင်းတပ်ဆင်ရပါသည်။ ကားငယ်လေးများ၏ မော်တော်ယာဉ် engine များသည် များသောအားဖြင့် ကန့်လန့်ပုံစံ တည်ရှိတတ်သဖြင့် engine အား ရှေ့/နောက် ခွဲခြားရန် တွေဝေတတ်သည်။ ထိုအခါ engine ၏ timing gear ပါသောဘက်အခြမ်းကို engine ၏ အရှေ့ဟု ယူဆသတ်မှတ်ပါ။
မေးခွန်း(၁၀)
valve နှင့် valve guide အကွာအဝေးအား တိုင်းတာရာတွင် မည်သည့် တိုင်းတာရေးကိရိယာကို သုံးစွဲ တိုင်းတာပါသနည်း။
        valve နှင့် valve guide အကွာအဝေးအား တိုင်းတာရာတွင် micrometer ကိုသာ သုံးစွဲသင့်ပေသည်။ 
မေးခွန်း(၁၁)
valve spring တချောင်းအား ပြန်လည်မသုံးစွဲခင် မည်သည့်အရာတို့ကို စစ်ဆေးသင့်ပါသနည်း။
            valve spring တချောင်းအား ပြန်လည်မသုံးစွဲခင်
အောက်ပါအချက်တို့အား ပြန်လည်စစ်ဆေးသင့်ပေသည်။
(၁) squareness
      squareness အား စစ်ဆေးတိုင်းတာပေးရခြင်းသည် valve spring ၏ ယိုင်နဲ့နေမှုအခြေအနေကို သိရှိရန်အတွက်ဖြစ်သည်။
(၂) free length (သို့) free height
      free length (သို့) free height အား စစ်ဆေးတိုင်းတာပေးရခြင်းသည် valve spring ၏ အနိမ့်အမြင့် ညီညာမှုကို သိရှိရန်အတွက်ဖြစ်သည်။
(၃) tension 
      tension အား စစ်ဆေးတိုင်းတာပေးရခြင်းသည် valve spring ၏ ကန်အားကို သိရှိရန်အတွက်ဖြစ်သည်။
(ပုံတွင် ဖေါ်ပြပေးထားပါသည်။)
ပညာရှင်အားလုံးအားလေးစားလျက်
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
<Zawgyi>
မေးခွန်း(၄)
မေးခွန်း(၅)
မေးခွန်း(၆)
မေးခွန်း(၇)
မေးခွန်း(၈)
မေးခွန်း(၉)
မေးခွန်း(၁၀)
မေးခွန်း(၁၁)
(၁) squareness
(၃) tension 