<Unicode>
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ဘတ်ထရီမၞအနၞုတျကွိုးဟာ ဘာျေဒီမၞာ ဂရာေငျးခထြားပွီး
ကပျနရောကန ေဘတ်ထရီကလာတဲ့ ဖွူနီကွိုးတုတျကွီးရဲ့
✨✨✨✨✨✨✨✨✨✨
{A }EFI Basic course
{B} EFI Basic + Advanced course
{C} EFI Basic + Advanced + special course
<Zawgyi>
Honda Click 125i ရဲ့အကြောင်း သိသင့်စရာ {Wiring}ပညာ
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
ယခု ကျွန်တော် ပြောပြပေးမယ့် အကြောင်းအရာကတော့
Honda Click125 i ရဲ့ Wiring တည်ဆောက်ပုံနဲ့ အလုပ်လုပ်ပုံ အသေးစိတ် ပဲ ဖြစ်ပါတယ်
ကျွန်တော်တို့ ရိုးရိုးဘီး တွေဟာ ဘက္ထရီကလာတဲ့အပေါင်းကိုသော့ရှိရာ ဖြူးစ်တစ်လုံးခံ တိုက်ရိုက်သွားပြီး သော့ကပြန်ထွက်တဲ့အပေါင်းကို တစ်စီးလုံးကို ပို့ လိုအပ်သလို ခွဲထုတ်ပြီး အသုံးပြုတာဆိုတော့ လွယ်ကူတယ်လို့ ပြောလို့ရပါမယ်
Click 125i EFI ဆိုင်ကယ်မှာတော့ ရိုးရိုးဘီးတွေမှာသုံးသလို သမရိုးကျ နည်းစနစ်တွေ မဟုတ်တော့ပါဘူး
သူ့မှာ
မော်တာပျောက်စနစ်အတွက်ကတစ်ပိုင်း Start အပိုင်းနဲ့ အားသွင်းပိုင်းအတွက်တစ်ပိုင်း
ရိုးရိုးဘီးတွေမှာလိုပုံမှန်အသုံးပြုတဲ့အစိတ်အပိုင်းအတွက်တစ်ပိုင်း
EFI စနစ်ရဲ့ Ecm က ဆင်ဆာတွေ အက်ကျူရေတာ တွေကိုခိုင်းပေးလို့ရဖို့အတွက်ကတစ်ပိုင်း
စတဲ့ အစိတ်အပိုင်းတွေ ပိုလာတဲ့အတွက် ၎င်းတို့အတွက်လိုအပ်တဲ့ Main relay Starter charging relay Fuse box IG1 IG2 စတာတွေ လိုအပ်လာပါတယ်
Click125i တစ်စီးမှာ ရိုးရိုးဘီးနဲ့မတူ တမူကွဲပြားပြီး ရှုပ်တာက IG 1 , IG2 , Fuse box , Main relay, Starter charging relay စတာတွေနဲ့တွဲဖက်ပြီး အ၀င်အထွက် ကစားသွားတဲ့ ကစားကွက်လေးပါပဲ
အဲ့ဒီတော့ အဲ့ဒီရှုပ်တာလေးကို ကျွန်တော် ရှင်းအောင် ရှုပ်ပြပေးပါမယ်
Honda Click125i Wiring diagram ရှင်းတန်း
✨✨✨✨✨✨✨✨✨✨✨✨✨✨✨
ပထမဆုံး ကျွန်တော်တို့ ဘက္ထရီအိုးမှာ အပေါင်း နဲ့အနှုပ် နှစ်မျိုးရှိပါမယ်
ဘတ္ထရီမှအနှုတ်ကြိုးဟာ ဘော်ဒီမှာ ဂရောင်းချထားပြီး
Ecm ရဲ့ C2pinကို တိုက်ရိုက်ဝင်ထားပါတယ်။ ဘထ္တရီမှအပေါင်းဟာ ဖြူနီကြိုးတုတ်ကြီးနှင့် အနီကြိုးသေးနှစ်ချောင်းရှိပြီး
ဖြူနီကြိုးတုတ်ဟာ စတက်ရီလေးရဲ့ ပွိုင့်တစ်စကို
ဝင်ထားပါတယ်။ အနီကြိုးသေးကတော့ 25A မိန်းဖြူး
(E)ကနေတစ်ဆင့် ဖြူနီကြိုး နှစ်စခွဲထွက်ပြီး
တစ်စက 10A(D)ဖြူးကနေ Ecuရဲ့ A9 pinကို အပေါင်း
12v ပေးထားပြီး Ecm ရဲ့ A7 pinကနေ IG1ကို အပေါင်း 11vခွဲပေးထားပါတယ်။ ကျန်တစ်စက မိန်းရီလေးရဲ့ ပွိုင့်တစ်စကို ဖြူနီကြိုးအရောင်ဖြင့် ဝင်ထားပါတယ်။ မိန်းရီလေးမှာ အနှုတ်ကြိုးတစ်ချောင်းကို ဘော်ဒီကနေပေးထားပါတယ် သော့ဖွင့်လိုက်မယ်ဆိုလျှင် IG1ကနေ Ecm ရဲ့ A8 pin နဲ့ မိန်းရီလေးနဲ့ စတက်ရီလေးရဲ့ကွိုင်တစ်စစီကို အပေါင်းရောက်ပါမယ်။
Ecm ရဲ့ pin 8 ကိုအပေါင်းဗို့ရောက်တာနဲ့ Ecmဟာ ဆင်ဆာတွေအကုန်လုံးကို စတင်အလုပ်လုပ်နိုင်ဖို့ 5V အပေါင်းအနှုပ် ထုတ်ပေးပါပြီ
မိန်းရီလေးကို အပေါင်းရောက်တာနဲ့ မိန်းရီလေးစတင်အလုပ်လုပ်ပြီး မိန်းရီလေးရဲ့ တစ်ဖက်ပွိုင့်တစ်စကို
အပေါင်း12vဟာ ဖြတ်သန်းစီးဆင်းသွားပြီး နှစ်စခွဲထွက်ကာ တစ်စက စတက်ရီလေးရဲ့ ပွိုင့်တစ်စနဲ့
နောက်တစ်စက 10Aဖြူး(A) ဖြူး(B)ဖြူး(C)တို့ကို
ရောက်ပါမယ်။ ဘယ်အစွန်ဖြူးကနေ ISC/Fuel Pump/ပလပ်ကွိုင်/Injector နဲ့ DLCတွေကိုရောက်ပါမယ်။
IG1 IG2 ဆိုတာ အလယ်ဖြူးစ်ရဲ့အောက် လေးထောင့်အကွက်အတွင်းက ဘယ်ဘက်ခြမ်းအထက်အောက်နှစ်ပွိုင့်ဟာ IG1 ဖြစ်ပြီး ညာဘက်ခြမ်းအထက်အောက်နှစ်ပွိုင့်ဟာ IG2 ဖြစ်ပါတယ်
အလယ်ဖြူးကနေ IG2 ရဲ့ပွိုင့်တစ်စကိုရောက်ပြီး သော့ဖွင့်လိုက်လျှင် တစ်ဖက်ပွိုင့်တစ်စကနေ ဒိုင်ခွက်နဲ့ ရှေ့/နောက် ဘရိတ်ဆွိတွေကို အပေါင်းရောက်ပါမယ်။
ဖြူး(C)ကတော့ ရှေ့မီးကြီး အနိမ့်မြင့်ခလုတ်ကိုအပေါင်းပေးထားပြီး အနှုတ်ကိုတော့ စက်နိုးချိန်မှာ
Ecu ရဲ့ C3 pin ကနေထုတ်ပေးမှာဖြစ်ပါတယ်။
ဘရိတ်ဆွဲလိုက်မယ်ဆိုလျှင် ဘရိတ်ဆွိကအပေါင်းဟာ
စတက်ခလုတ်ကိုရောက်ပြီး စတက်နှိပ်လိုက်မယ်ဆိုရင်
စတက်ခလုတ်ကနေ Ecuရဲ့ A5 pinကို အပေါင်းရောက်ပြီး A24 pinကနေ စတက်ရီလေးကို အနှုတ်ထုတ်ပေးပါတယ်။
ဒီနေရာမှာ တစ်ခုမှတ်ထားရမှာက ECM ဟာ Starter relay ရဲ့ Point ပေါ်မှာရှိတဲ့ နီ၀ါကြိုးကြီးမှတဆင့် IG1 ဖွင့်လို့ Main relay ကထွက်လာတဲ့ အပေါင်း 12V ကို လက်ခံရရှိထားခြင်း မရှိဘူးဆိုရင် Starter relay ကို အနှုပ် ထုတ်မပေးနိုင်ပါဘူး ဒေါက်တင်လည်းမရပါဘူး
နီနက်ပွိုင့်က 12v ရရှိထားတဲ့အခြေအနေမှာဆိုရင်တော့
တစ်ကယ်လို့ ဒေါက်ချထားမယ်ဆိုရင်တော့
Ecuရဲ့ A24 pinကနေ စတက်ရီလေးကို အနှုတ်ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဒေါက်တင်ထားမှသာ
အနှုတ်ထုတ်ပေးပြီး စတက်ရီလေး အလုပ်လုပ်ပါမယ်။
စတက်ရီလေး အလုပ်လုပ်ပြီး ချာချင်ကြိုးရဲ့ ပွိုင့်ကို
ကပ်နေရာကနေ ဘတ္ထရီကလာတဲ့ ဖြူနီကြိုးတုတ်ကြီးရဲ့
ပွိုင့်ကို ပြောင်းကပ်ပါတယ်၊ ကပ်နေတဲ့အချိန်မှာ
ဘတ္ထရီရဲ့အပေါင်းဟာ Ecuရဲ့ C1 pin ထဲကိုဝင်ပြီး
Ecuကနေ D1 D2 D3 pinတွေကတစ်ဆင့် ကွိုင်ကို
လိုအပ်တဲ့ သံလိုက်စက်ကွင်းတွေဖြစ်ပေါ်စေရန်အတွက်
အပေါင်းအနှုတ်တစ်လှည့်စီ ကျွေးပြီး သံလိုက်တုံးလည်ကာ စက်နိုးစေပါတယ်။ စက်နိုးချိန်မှာ စတက်ခလုတ်
လွှတ်လိုက်ပြီဖြစ်တာကြောင့် စတက်ရီလေးဟာ
ချာချင်ကြိုးရဲ့ ပွိုင့်ကို ပြန်ကပ်နေပါတယ်။ စက်နိုးပြီး
ကွိုင်ကနေ AC ဗို့တွေထွက်ပြီး D1 D2 D3 pinတွေကနေပဲ Ecuထဲကိုပြန်ဝင်ပါတယ်၊ Ecu ကနေ C1 pin ကို
DC ဗို့အဖြစ်နဲ့ ပြန်လည်ထုတ်ပေးပြီးတော့ စတက်ရီလေးပွိုင့်ကနေ မိန်းရီလေးပွိုင့်မှတဆင့် 25A ဖြူးစ်ကနေ ဘတ္ထရီကို ချာချင်ဝင်စေပါတယ်။
ဒါဟာ Click125 ရဲ့ ဖြူးခုံနဲ့ မိန်းရီလေး စတတ်တာချာချင်ရီလေး တို့နဲ့ Ckp , ကွိုင်ထုပ်တို့ရဲ့ အလုပ်လုပ်သွားတဲ့ လမ်းကြောင်းလေးပါပဲ
အားလုံးပဲ ပုံ ရယ် စာ ရယ် ကို တွဲဖက်ကြည့်ရှု့လေ့လာမှတ်သားရင်း Click125i အကြောင်း ကောင်းကောင်း သိနိုင်သွားကြပါစေ လို့ ဆန္ဒပြုရင်း
အွန်လိုင်းသင်တန်း အပါတ်စဥ် (၆) ခေါ်ချင်ပါတယ်ခင်ဗျာ
EFI Motorcycle ပြုပြင်နည်း
✨✨✨✨✨✨✨✨✨✨
အွန်လိုင်း သင်တန်း အပါတ်စဥ် { ၆ } ခေါ်ပါမယ်ခင်ဗျာ
ယခုအပါတ်စဥ်မှာ အမျိုးအစား သုံးခု အတွက် Class သုံးခု
{A }EFI Basic course
{B} EFI Basic + Advanced course
{C} EFI Basic + Advanced + special course
ဆိုပြီးသုံးမျိုးရှိပါမယ်
EFI Basic ရဲ့ သင်တန်းကြေးကတော့ သုံးသောင်းကျပ် ဖြစ်ပါတယ်
သင်တန်းကာလ တစ်လကြာပါမယ်
EFI Advances ရဲ့ သင်တန်းကြေးကတော့ နှစ်သိန်းကျပ် ဖြစ်ပါတယ်
သင်တန်းကာလ နှစ်လ ကြာပါမယ်
EFI Special ရဲ့ သင်တန်းကြေးကတော့ သုံးသိန်းကျပ်ဖြစ်ပါတယ်
သင်တန်းကာလ သုံးလ ကြာပါမယ်
သင်တန်းချိန်တွေဟာ အားလုံးအနားယူချိန် ညဘက်တွေမှာပဲ
သင်ကြားရမှာ ဖြစ်ပါတယ်
EFI ဆိုင်ကယ်ပြုပြင်နည်း တတ်မြောက်လိုသူများအနေဖြင့်
ယခုလ ၂၅ ရက်နေ့
အမှီ မက်ဆင်ဂျာ မှာ လက်ရှိ ဖွင့်ထားသော ဆိုင် ဆိုင်းဘုတ်နှင့် လူ တွဲလျှက် ဓါတ်ပုံများ ပေးပို့၍ စာရင်းပေးသွင်း ဖို့လိုအပ်ပါတယ် ခင်ဗျာ