<Unicode>
Honda Click 125i အရောင်းအ၀ယ်လုပ်တဲ့ ပွဲစားများနဲ့ အိမ်စီးသမားများ အနည်းအကျဥ်း သိထားတတ်ထားသင့်တဲ့ အကြောင်းအရာလေး ပြောပြချင်တယ်
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
ကျွန်တော်တို့ ဆိုင်ကယ်ကို
သော့ဖွင့်တယ် ပန့်လည်သံမကြားဘူးဆိုရင် Fuse A ကိုစစ်ရပါမယ်
Fuse A ဟာ ဆီပန့် အင်ဂျက်တာ စလိုးထိန်းဗား ပလပ်ကွိုင် စတာတွေကို ထိန်းချုပ်ထားပါတယ်
သော့ဖွင့်တယ် ပန့်လည်သံကြားတယ် စတတ်မရဘူး ကစ်နဲ့ရပြီး စက်နိုးတယ် ဟွန်းမရဘူး ဒိုင်ခွက်မီး နောက်မီး အချက်ပြမလင်းဘူး idlingမရဘူး ချက်မီးလင်းနေတယ်ဆို Fuse B ကိုစစ်ရပါမယ်
သော့ဖွင့်တယ် ပန့်လည်သံမကြားရဘူး ကစ်နဲ့ရော စတတ်နဲ့ပါ မနိုးဘူးဆိုရင် ပန့်မှာ အပေါင်းရောက်မရောက်စစ်ရပါမယ် ပန့်နဲ့Ecm ဆက်သွယ်တဲ့ ညို၀ါကြိုးအဆက်သွယ်ပြတ်သလားစစ်ရပါမယ်
သော့ဖွင့်တယ် ပန့်လည်သံမကြားဘူး ဘာနဲ့နိူးနိူးမနိုးဘူး
ပလပ်မီးမထွက်ဘူး အင်ဂျက်တာဆီမဖြန်းဘူး ဆိုရင် Fuse A ကို စစ်ရပါမယ်
သော့ဖွင့်တယ် Start နှိပ်တယ် Starter relay အသံမကြားဘူးဆိုရင် ဘရိတ်ဆွိမှာ အပေါင်းရောက်မရောက်ထွက်မထွက် စစ်ရပါမယ်
ဒေါက်ဆွိကြိုးတွေ ကြွက်ကိုက်မကိုက်စစ်ရပါမယ်
Ecmရဲ့ အ၀ါကြိုးကနေ Start relayကို အနှူပ်ရောက်မရောက်စစ်ရပါမယ်
ရှေ့မီးမရဘူးဆိုရင်တော့ Fuse Cကိုစစ်ရပါမယ်
အထက်ပါ Fuse A B C မှာပါ၀င်တဲ့အကြောင်းအရာအားလုံး မရဘူးဆိုရင်တော့ Main Relay နဲ့ သော့အထွက်စ နက်ဖြူနဲ့ အ၀င်စ နီဖြူကို စစ်ရပါမယ်
သော့ဖွင့်ရင် ဘာမှမလာဘူး ကစ်နင်းရင်တော့ Fuse a b c နဲ့ပက်သက်တာ အကုန်ပြန်ရတယ်ဆိုရင် FUSE E ကိုစစ်ရပါမယ်
သော့ဖွင့်တယ် ဘာမှမရဘူး သော့မှာအ၀င်အပေါင်းတစ်စတောင် မရှိဘူးဆိုရင် Fuse D ကိုစစ်ရပါမယ်
အ၀င်အပေါင်းရှိတယ် ကျန်သုံးချောင်းအပေါင်းမရှိရင်သော့လဲရပါမယ်
သော့ဖွင့်တယ် အပေါင်းနှစ်စရှိတယ် နှစ်စမရှိဘူးဆိုရင်Main relay နဲ့ Fuse B လမ်းကြောင်း ကိုစစ်ရပါမယ်
သော့ဖွင့်တယ် ဘာမှမလာဘူး ကစ်နဲ့နိူးရင်နိုးတယ် မီးတွေပြန်ရတယ်ဆိုရင် Main relay ရယ် Main relay point နဲ့ Fuse F ကြားကကြိုးလိုင်းကိုစစ်ရပါမယ်
ဆင်ဆာစစ်ဆေးနည်း ထပ်ပြောပြပါမယ်
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
မိမိအိမ်မှာ မီတာတစ်လုံးရှိရင် ရပါပြီ
မီတာကို 20v စကေးမှာ ထားရပါမယ်
အရင်ဆုံး လီဗာဆင်ဆာ Tp sensor ကောင်းမကောင်းစမ်းကြည့်ချင်တယ် ဆိုပါစို့
မီတာလက်တံ အနီနဲ့အနက်က်ု Tpဆင်ဆာရဲ့အစွန်နှစ်ကြိုးကို ထောက်ထားပြီး သော့ဖွင့်ပေးရပါမယ်
မီတာမှာ 5V ဆိုတဲ့စာလုံးကို မြင်ရပါလိမ့်မယ်
လက်တံ အပေါင်းအနှုပ်မှားရင်တော့ - 5V ဆိုမြင်ရပါမယ် ဒါဆိုလက်တံကို ဘယ်ညာချိန်းလ်ုက်ယုံပါပဲ
ဒါဆို ဆင်ဆာအလုပ်လုပ်ဖို့ ပေးသွင်းဗို့ ရနေပြီလို့သတ်မှတ်ရပါမယ်
ဆင်ဆာကပြန်အလုပ်လုပ်မလုပ် ထပ်မံသိရဖ်ု့အတွက် မီတာလက်တံ အနက်ကို မရွှေ့ပဲထောက်ထားပြီး လက်တံအနီကို Tp ဆင်ဆာရဲ့အလယ်ကြိုးကို ပြန်ထောက်ရပါမယ် မီတာမှာ 1V ရဲ့အောက် ကိန်းဂဏန်း 0.57 0.67
1V ရဲ့ တစ်၀က် ပြသရပါမယ် 1V ကျော်လ်ု့မရပါဘူး
လီဗာကို ဆွဲကြည့်မယ်ဆိုရင် ခုန 0.57 ကနေ 3v အထက်ထိ ပြသလာရပါမယ် ဒါဆ်ု Tp ဆင်ဆာအလုပ်လုပ်တာ မှန်နေပါတယ် လ်ု့ သုံးသပ်လ်ု့ရပါပြီ
ECT ရေအပူချိန်ဆင်ဆာ စစ်ဆေးနည်းပြောပြပါမယ်
ရေအပူချိန်ဆင်ဆာကို ရေတိုင်ကီကရေသွားတဲ့ရေလမ်းကြောင်းတစ်နေရာမှာတပ်ဆင်ထားပါတယ်
ဆင်ဆာမှာ ကြိုးနှစ်စပါပါမယ်
မီတာလက်တံ အနီ နဲ့အနက်ကို အဲ့ဒီကြိုးနှစ်ချောင်းမှာထောက်ထားပြီးသော့ဖွင့်ရပါမယ်
မီတာမှာ 2.50v အထက် 3.00အကျော်မှာ ပြပါမယ်
စက်နိုးလိုက်ပြီးစောင့်ကြည့်ရပါမယ် အင်ဂျင်ပူလာတာနဲ့အမျှ ပြသနေတဲ့ဗို့ရဲ့ကိန်းဂဏန်းဟာ အနည်းဘက်ကို ပြောင်းလဲကျဆင်းလာရပါမယ်
အင်ဂျင်ဟဒ်ကိုလက်နဲ့ကိုင်ကြည့်လိုက်ပါ မကိုင်နိုင်တဲ့အချိန်မှာ မီတာမှာပြမယ့်ဗို့အားဟာ 1v ရဲ့အောက် ကိန်ဂဏန်းတွေကို ရောက်သွားရပါမယ်
ဒါဆ်ု ECT ဆင်ဆာ အလုပ်လုပ်တယ် ကောင်းတယ်လို့
သတ်မှတ်လို့ ရပါမယ်
Vss ဘီးဆင်ဆာ ကောင်းမကောင်းစမ်းသပ်နည်းပြောပြပါမယ်
ဘီးဆင်ဆာကို ဆိုင်ကယ်ရဲ့ ရှေ့ဘီး နဲ့ နောက်ဘီးမှာတပ်ဆင်ထားပါတယ် အော်တိုဘီးမှာ ရှော့ဘားအောက်ခြေ ကရောင်းအုံးမှာတပ်ဆင်ထားပြီး သူ့မှာကြိုးသုံးစပါတာကို တွေ့ ရမှာဖြစ်ပါတယ်
မီတာလက်တံ အနီ နဲ့အနက်ကို ဘီးဆင်ဆာရဲ့ အစွန်နှစ်စကို ထောက်ထားပြီး သော့ဖွင့်ရပါမယ် မီတာမှာ 12V ပြသရပါမယ် အပေါင်းအနှုပ်မှားရင် -12V ဆိုပြီးပြပါမယ် ဒါဆိုလက်တံကိုဘယ်ညာချိန်း ရပါမယ် ပြီးရင်
မီတာလက်တံအနက်ကို ပုံသေထောက်ထားပြီး ဆင်ဆာရဲ့အလယ်စကို လက်တံအနီထောက်ရပါမယ် မီတာမှာ 9V ပြပါလိမ့်မယ် ဘီးကိုလှုပ်ယုံလှုပ်ကြည့်ပါ 0V ပြောင်းရပါမယ် အမြန်လှည့်ရင် မီတာမှာ 5V ၀န်းကျင် ပြသနေတာကို တွေ့ရပါလိမ့်မယ် ဒါဆို ဘီးဆင်ဆာ ကောင်းပါတယ်
ဒါက လတ်တလော အရေးပေါ် ဆိုင်မသွားပဲ ကိုယ့်အိမ်မှာကိုယ် ပြုပြင်နည်းပါ
ဒီ့ထက်ပိုသိချင်ရင်တော့ တစ်စီးလုံးရဲ့ ၀ါယာလိုင်း အ၀င်အထွက်နဲ့ အလုပ်လုပ်ပုံ အကြောင်း ဖတ်မှတ်လေ့လာလေ့ကျင့်ထားဖို့ လိုပါမယ်
ပထမဆုံးအနေနဲ့
ကျွန်တော်တို့ စီးနေတဲ့ Click 125 တစ်စီးမှာ ဘယ်လိုအစိတ်အပိုင်းတွေ ပါ၀င်သလဲ အရင်သိထားဖို့လိုပါမယ်
Click125 တစ်စီးမှာ
ECM
BATTERY
FUSE BOX
STARTER CHARGING RELAY
MAIN RELAY
CKP SENSOR
3 Phase startor coil
TP SENSOR
ECT
FID
SPEED SENSOR
အစရှိတဲ့ အင်ဂျင်ပိုင်းအတွက်အလုပ်တွဲလုပ်ပေးမယ့် ဆက်စပ်လျှပ်စစ်ပစ္စည်းလေးတွေ ပါ၀င်ပါတယ်
ဒီ လျှပ်စစ်ပစ္စည်းလေးတွေ အလုပ်လုပ်နိုင်ဖို့အတွက်
ဗို့အားတွေ ရရှိဖို့လိုအပ်ပါတယ်
ဒီ ဗို့အားတွေကို သက်ဆိုင်ရာလျှပ်စစ်ပစ္စည်းလေးတွေဟာ သူ့အချိန်နဲ့သူ ဘယ်ပုံဘယ်နည်းနဲ့ လက်ခံရရှိကြရသလဲ ဆိုတာ ကြည့်ပါမယ်
ပထမဆုံးအနေနဲ့
ဘတ္ထရီမှအနှုတ်ကြိုးဟာ ဘော်ဒီမှာ ဂရောင်းချထားပြီး
Ecuရဲ့ C2pinကိုဝင်ပါတယ်။ ဘထ္တရီမှအပေါင်းဟာ
ဖြူနီကြိုးတုတ်ကြီးနှင့် အနီကြိုးသေးနှစ်ချောင်းရှိပြီး
ဖြူနီကြိုးတုတ်ဟာ စတက်ရီလေးရဲ့ ပွိုင့်တစ်စကို
ဝင်ထားပါတယ်။ အနီကြိုးသေးကတော့ 25A မိန်းဖြူး
(E)ကနေတစ်ဆင့် ဖြူနီကြိုး နှစ်စခွဲထွက်ပြီး
တစ်စက 10A(D)ဖြူးကနေ Ecuရဲ့ A9 pinကို အပေါင်း
12v ပေးထားပြီး Ecuရဲ့ A7 pinကနေ IG1ကို အပေါင်း 11vခွဲပေးထားပါတယ်။ ကျန်တစ်စက မိန်းရီလေးရဲ့ ပွိုင့်တစ်စကို ဖြူနီကြိုးအရောင်ဖြင့် ဝင်ထားပါတယ်။ မိန်းရီလေးမှာ အနှုတ်ကြိုးတစ်ချောင်းကို ဘော်ဒီကနေပေးထားပါတယ် သော့ဖွင့်လိုက်မယ်ဆိုလျှင် IG1ကနေ Ecuရဲ့ A8 pin နဲ့ မိန်းရီလေးနဲ့ စတက်ရီလေးရဲ့ကွိုင်တစ်စစီကို အပေါင်းရောက်ပါမယ်။
Ecm ရဲ့ pin 8 ကိုအပေါင်းဗို့ရောက်တာနဲ့ Ecmဟာ ဆင်ဆာတွေအကုန်လုံးကို စတင်အလုပ်လုပ်နိုင်ဖို့ 5V အပေါင်းအနှုပ် ထုတ်ပေးပါပြီ
မိန်းရီလေးကို အပေါင်းရောက်တာနဲ့ မိန်းရီလေးစတင်အလုပ်လုပ်ပြီး မိန်းရီလေးရဲ့ တစ်ဖက်ပွိုင့်တစ်စကို
အပေါင်း12vဟာ ဖြတ်သန်းစီးဆင်းသွားပြီး နှစ်စခွဲထွက်ကာ တစ်စက စတက်ရီလေးရဲ့ ပွိုင့်တစ်စနဲ့
နောက်တစ်စက 10Aဖြူး(A) ဖြူး(B)ဖြူး(C)တို့ကို
ရောက်ပါမယ်။ ဘယ်အစွန်ဖြူးကနေ ISC/Fuel Pump/ပလပ်ကွိုင်/Injector နဲ့ DLCတွေကိုရောက်ပါမယ်။
IG1 IG2 ဆိုတာ အလယ်ဖြူးစ်ရဲ့အောက် လေးထောင့်အကွက်အတွင်းက ဘယ်ဘက်ခြမ်းအထက်အောက်နှစ်ပွိုင့်ဟာ IG1 ဖြစ်ပြီး ညာဘက်ခြမ်းအထက်အောက်နှစ်ပွိုင့်ဟာ IG2 ဖြစ်ပါတယ်
အလယ်ဖြူးကနေ IG2 ရဲ့ပွိုင့်တစ်စကိုရောက်ပြီး သော့ဖွင့်လိုက်လျှင် တစ်ဖက်ပွိုင့်တစ်စကနေ ဒိုင်ခွက်နဲ့ ရှေ့/နောက် ဘရိတ်ဆွိတွေကို အပေါင်းရောက်ပါမယ်။
ဖြူး(C)ကတော့ ရှေ့မီးကြီး အနိမ့်မြင့်ခလုတ်ကိုအပေါင်းပေးထားပြီး အနှုတ်ကိုတော့ စက်နိုးချိန်မှာ
Ecu ရဲ့ C3 pin ကနေထုတ်ပေးမှာဖြစ်ပါတယ်။
ဘရိတ်ဆွဲလိုက်မယ်ဆိုလျှင် ဘရိတ်ဆွိကအပေါင်းဟာ
စတက်ခလုတ်ကိုရောက်ပြီး စတက်နှိပ်လိုက်မယ်ဆိုရင်
စတက်ခလုတ်ကနေ Ecuရဲ့ A5 pinကို အပေါင်းရောက်ပြီး A24 pinကနေ စတက်ရီလေးကို အနှုတ်ထုတ်ပေးပါတယ်။ တစ်ကယ်လို့ ဒေါက်ချထားမယ်ဆိုရင်တော့
Ecuရဲ့ A24 pinကနေ စတက်ရီလေးကို အနှုတ်ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဒေါက်တင်ထားမှသာ
အနှုတ်ထုတ်ပေးပြီး စတက်ရီလေး အလုပ်လုပ်ပါမယ်။
စတက်ရီလေး အလုပ်လုပ်ပြီး ချာချင်ကြိုးရဲ့ ပွိုင့်ကို
ကပ်နေရာကနေ ဘတ္ထရီကလာတဲ့ ဖြူနီကြိုးတုတ်ကြီးရဲ့
ပွိုင့်ကို ပြောင်းကပ်ပါတယ်၊ ကပ်နေတဲ့အချိန်မှာ
ဘတ္ထရီရဲ့အပေါင်းဟာ Ecuရဲ့ C1 pin ထဲကိုဝင်ပြီး
Ecuကနေ D1 D2 D3 pinတွေကတစ်ဆင့် ကွိုင်ကို
လိုအပ်တဲ့ သံလိုက်စက်ကွင်းတွေဖြစ်ပေါ်စေရန်အတွက်
အပေါင်းအနှုတ်တစ်လှည့်စီ ကျွေးပြီး သံလိုက်တုံးလည်ကာ စက်နိုးစေပါတယ်။ စက်နိုးချိန်မှာ စတက်ခလုတ်
လွှတ်လိုက်ပြီဖြစ်တာကြောင့် စတက်ရီလေးဟာ
ချာချင်ကြိုးရဲ့ ပွိုင့်ကို ပြန်ကပ်နေပါတယ်။ စက်နိုးပြီး
ကွိုင်ကနေ AC ဗို့တွေထွက်ပြီး D1 D2 D3 pinတွေကနေပဲ Ecuထဲကိုပြန်ဝင်ပါတယ်၊ Ecu ကနေ C1 pin ကို
DC ဗို့အဖြစ်နဲ့ ပြန်လည်ထုတ်ပေးပြီးတော့ စတက်ရီလေးပွိုင့်ကနေ မိန်းရီလေးပွိုင့်မှတဆင့် 25A ဖြူးစ်ကနေ ဘတ္ထရီကို ချာချင်ဝင်စေပါတယ်။
ဒါဟာ Click125 ရဲ့ ဖြူးခုံနဲ့ မိန်းရီလေး စတတ်တာချာချင်ရီလေး တို့နဲ့ Ckp , ကွိုင်ထုပ်တို့ရဲ့ အလုပ်လုပ်သွားတဲ့ လမ်းကြောင်းလေးပါပဲ
ဒါက Wiring အပိုင်းရဲ့အ၀င်အထွက်အလုပ်လုပ်တဲ့ဖြစ်စဥ်တွေပါ
START ပိုင်းအတွက် ဆက်ပြောပေးပါမယ် Start ပိုင်းမှာတော့ မော်တာမပါတဲ့ ACG စနစ်ကို အသုံးပြုထားပါတယ်
ဒီစနစ်ဟာ ကွိုင်ကို ဗို့အားကျွေးပြီး သံလိုက်စက်ကွင်းဖြစ်ပေါ်စေ၍ သံလိုက်တုံးက အမြဲတမ်းသံလိုက်စက်ကွင်းတွေနဲ့ ကွိုင်ကထွက်ပေါ်လာတဲ့ယာယီသံလိုက် တို့ကို သံလိုက်ရဲ့သဘောသဘာ၀အရ သံလိုက်အချင်းချင်း တွန်းကန်ဆွဲငင် လည်ပတ်စေတဲ့စနစ်တစ်ခုပါပဲ
ဒီစနစ်ဟာ
မော်တာနဲ့တိုက်ရိုက်ချိတ်ဆက်ပြီး ကရိုင်းကိုလည်ပတ်စေတဲ့စနစ်နဲ့မတူတဲ့အားနည်းချက်တစ်ခုရှိပါတယ်
မော်တာလို အင်ဂျင်ရဲ့လေကျစ်အားကို အနီးကပ်တောင့်ခံပြီး တွန်းကန်နိုင်တဲ့ စွမ်းအားမရှိတာပါပဲ
ဒီအားနည်းချက်ကို ဖြည့်တင်းဖို့ရာအတွက် ACG စနစ်မှာ CKP လို့ခေါ်တဲ့ ကရိုင်းတည်နေရာ ပစ်စတင်တည်နေရာ အာရုံခံဆင်ဆားလေး ထည့်သွင်းထားပါတယ်
ACG စနစ်မှာ CKP နဲ့ ECM အလုပ်တွဲလုပ်တဲ့ပုံစံလေးကို ပြောပြပေးပါမယ်
သော့ဖွင့်လိုက်တာနဲ့ ECM မှ ပေးသွင်းဗို့ဟာ Ckp ဆင်ဆာရှိရာ ရောက်ရှိသွားပါပြီ ဒီအခါမှာ CKP ဆင်ဆာရဲ့ အထွက်ကြိုးလေးချောင်းကနေ အလှည့်ကျရာကြိုးကနေ ဗို့အားတစ်ရပ် ထွက်ရှိပါတယ်
ECM ဟာ
CKP ဆင်ဆာမှအချက်ပြ ဗို့ အလှည့်ကျ ဝင်လာသောပုံစံအလိုက်McuမှFet transistorများအားအလှည့်ကျ Gateအဖွင့်အပိတ်ပြုလုပ်၍ ကွိုင်သုံးစအားအလှည့်ကျဗို့အပြောင်းအလဲပုံစံအမျိုးမျိုးပြုလုပ်ပြီး သံလိုက်စက်ကွင်းဖြစ်ပေါ်၍ သံလိုက်တုံးမှ သံလိုက်စက်ကွင်း နှင့် ကွိုင်မှဖြစ်ပေါ်လာသော သံလိုက်စက်ကွင်း အချင်းချင်း တွန်းကန်ဆွဲငင် အလုပ်လုပ်သွားစေတဲ့ပုံသဏ္ဏာန်ပါ
ထရန်စစ်စတာ ဟာ FET transistor တွေ ဖြစ်သည့်အတွက် FET ရဲ့အတွင်းမှာ ဒိုင်အုတ် တွေ ပါ၀င်ပြီး ဒီ FET အတွင်းကBuilt in diode တွေ ဟာကွိုင်သုံးစက မီးပြန်ထွက်လာတဲ့အချိန် မှာ ကွိုင်မှပြန်ထွက်လာသောဗို့အားကို လက်ခံရယူပြီး AcကိုDc အဖြစ်ပြောင်းလဲစေပြီးဘက်ထရီ အားပြန်သွင်းဖို့ အတွက်ပြန်လည်အလုပ်လုပ်သွားစေပါတယ်။
မော်တာပျောက်စနစ်သုံး ဆိုင်ကယ်တွေမှာ
ACG စနစ်အတွက်Ecuအတွင်းပိုင်းမှာFET ခြောက်လုံးထည့်သွင်းတည်ဆောက်ထားပါတယ် Start ခလုပ်နှိပ်လိုက်တဲ့အချိန်မှာ ကရိုင်းကို လည်ပတ်နိင်စေဖို့အတွက် ECM ဟာ Driver Transistor ခြောက်လုံးကို Ckpရဲ့ အချက်ပြဗို့ပေးပို့မှူအလိုက် လို အပ်တဲ့ အတည့်လည် ပြောင်းပြန်လည် အဖြစ်လိုအပ်သလိုစေခိုင်းနိုင်ဖို့အတွက် ကွိုင်သုံးကွိုင်ကို Dc7v အလှည့်ကျပို့လွှတ်ဖို့ရာ FET ခြောက်လုံးရဲ့ Baseတွေကို အဖွင့်အပိတ်လုပ်ပေးပြီး
ကွိုင်တစ်ကန့်ကို FET နှစ်လုံးနှူန်းနဲ့ သုံးကန့်ကို ခြောက်လုံးအသုံးပြုပြီး ကွိုင်သုံးကွိုင်သံလိုက်စက်ကွင်းအလှည့်ကျဖြစ်ပေါ်ပြီး ကရိုင်းကိုလည်ပတ်စေပါတယ်
ဘယ်လိုပုံစံနဲ့ အလှည့်ကျပေးဝေစေခိုင်းသလဲဆိုတဲ့နေရာမှာ UVW ဆိုတဲ့ ကြိုးကြီးသုံးချောင်းကို
ပထမဆုံး
(1) U, W
(2) U, V
(3) W, V
(4) W ,U
(5) V, U
(6) V ,W စသည် ဖြင့် ကရိုင်းနှစ်ပတ်အတွက် အလှည့်ကျ ခြောက်ကြိမ် ကရိုင်းတစ်ပတ်အတွက် အလှည့်ကျ သုံးကြိမ် Gateအဖွင့်အပိတ်ပြုလုပ်၍ ဗို့အားခွဲဝေပေးပို့အဖြတ်အတောက်ပြုလုပ်၍ ကွိုင်အား သံလိုက်စက်ကွင်းဖြစ်ပေါ်စေပြီး ကရိုင်းအားလည်ပတ်အောင်စွမ်းဆောင်စေပါတယ်
ဒီလို လည်ပတ်စေအောင်စွမ်းဆောင်တဲ့နေရာမှာ ပစ်စတင်ဘယ်နားရောက်နေလဲEcmက သိထားနေဖို့လိုလာပါတယ်
ဘာကြောင့်ဆိုတော့ AcG စနစ်ဟာ မော်တာလို အင်နဲ့အားနဲ့တိုက်ရိုက် ကရိုင်းကိုချိတ်ဆွဲပြီး လည်ပတ်စေတဲ့စနစ်မဟုတ်တဲ့အတွက် လေကျစ်အားရရှိနေတဲ့ အနေအထားမျိုးမှာ Piston ရောက်ရှိနေမယ်ဆိုရင် ကွိုင်ကဖြစ်ပေါ်လာတဲ့သံလိုက်အားဟာ လေကျစ်အားကိုအရှိန်မယူကပ်တွန်းပြီး ကျော်လွှားနိုင်ဖို့ရာ မစွမ်းဆောင်နိုင်မပါဘူး
ဒါကြောင့် ပစ်စတင်လေကျစ်နေတဲ့အနေအထားမှာရပ်နေသလား သိရှိထားဖို့အတွက် CKP ဆိုတဲ့ကရိုင်းတည်နေရာအချက်ပြပစ္စည်းလေးရဲ့အကူအညီကို ရယူပြီးအလုပ်လုပ်နိုင်ဖို့ Ckpဆင်ဆာကိုထည့်သွင်းတည်ဆောက်ထားရခြင်းဖြစ်ပါတယ်
CKP ဆင်ဆာဟာ သော့ဖွင့်ပြီး စက်မနှိူးခင်အချိန် ပစ်စတင် လေကျစ်နေကြောင်း အချက်ပြခဲ့လျှင် ECMဟာ UVW ကွိုင်သုံးကွိုင်ကို အလှည့်ကျဗို့အားအပေါင်းအနှူပ်ပေးပို့တဲ့နေရာမှာ ကရိုင်းကိုရှေ့သိုဆွဲလှည့်နိုင်ဖို့အတွက်
U ကို အပေါင်း W ကို အနှူပ် ပေးပို့ခဲ့မယ်ဆိုရင်
ပစ်စတင်လေကျစ်နေ၍ ကပ်တွန်းရန်မဖြစ်နိုင်သည့် အခြေအနေအနေမျိုးCkpမှ အချက်ပြခဲ့တဲ့အတွက် ECM ဟာ UVW ကွိုင်သုံးကွိုင်မှ U ကိုအနှူပ် W ကိုအပေါင်း ဇယားအတိုင်း အစဥ်အလိုက် ပြောင့်းပြန်အချိုးကျ တစ်လှည့်စီပြန်ပြောင်း ဗို့အားပေးသွင်း ၍ဆီပြန်စစုပ်မည့်ပစ်စတင်ထိပ်ပြန်ရောက်ချိန်ထိ နောက်ပြန်လည်စေပြီး AcGစနစ်အသုံးပြု၍ ဆီစုပ်မှူဖြစ်ဉ်ဖြစ်ပေါ်စေရန်ကရိုင်းအား ရှေ့သို့ တစ်ဖန် Uကိုအပေါင်း Wကိုအနှူပ်အတည့်ပြန်ပေး၍ လည်ပတ်စေခြင်းဖြစ်ပါတယ်
စက်နိုးပြီးနောက်ပိုင်းတွင် စတတ်ခလုတ်လွှတ်လိုက်တဲ့အခါမှာECM ဟာ ကွိုင်သုံးကွိုင် သံလိုက်စက်ကွင်း မဖြစ်တော့ပဲ သံလိုက်အုံအတွင်းရှိသံလိုက်တုံးများရဲ့ စက်ကွင်းဖြင့် ၎င်းကွိုင်သုံးကွိုင်မှ ဒိုင်နမိုအသွင် Ac လျှပ်စစ် ပြန်ထွက်သွားပါတယ်
စက်နိုးပြီးကျွိုင်ကမီးပြန်ထွက်ချိန်မှာဒီDriver FET ခြောက်လုံး အတွင်းမှာပါတဲ့ Built in diodeတွေ ဟာ အားသွင်းစနစ်အဖြစ် အသွင်ပြောင်းပြီး
၀င်လာတဲ့ အားဟာ starter charging relay ရဲ့ ပွိုင့်ကနေတဆင့်Main relayရဲ့ပွိုင့်ကိုဖြတ်သန်းပြီးFuseကတဆင့် ဘက္ထရီက်ု ရောက်ရှိသွားစေမှာဖြစ်ပါတယါ
ဒီဖြစ်ဥ်တွေ အားလုံးဟာ ACG စနစ်ရဲ့ စတတ်ပိုင်းနဲ့အားသွင်းပိုင်း အလုပ်လုပ်ပုံတွေပါပဲ
အင်ဂျင်ပိုင်း စတင်အသက်၀င်ဖို့အတွက် အလုပ်လုပ်ဆောင်ပုံကို ဆက်ပြောပေးပါမယ်
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
ကျွန်တော်တို့ EFi ဆိုင်ကယ်တစ်စီးကို သော့ဖွင့်တဲ့အခါ ပန့်လည်သံလေးကို သတိထားမိကြပါလိမ့်မယ်
ဘာကြောင့်ပန့်လည်သံကြားလ်ုက်ရသလဲ......?
EFIဘီးတစီးမှာ သော့ဖွင့်တာနဲပန့်၊အင်ဂျက်တာကို +12vတန်းရောက်နေပြီး ဆီပန့်ကနေ အင်ဂျက်တာ ရဲ့ထိပ် ကိုဆီကြိုရောက်နေစေဖို့ 2စက္ကန့် အနှုပ် 10v နဲ့ 11v ထုတ်ပေးရပါတယ် ပြီးရင်ပေးပို့ဗို့အားကိုချက်ခြင်းပြန်ရုပ်ပါတယ်။တစ်ပြိုင်နက်ထဲမှာECM ကတဆင့် ဆင်ဆာတွေကို 5V တန်းရောက်နေပါပြီ။အဲဒီအတွက် ECMက ဆင်ဆာတွေရဲ့အချက်အလက်တွေကို သော့စဖွင့်ကထဲက ရရှိနေပါပြီ။EOT ဆင်ဆာက engine အပူအအေးအေခြအနေကို ပြောနေသလို TPဆင်ဆာကလည်း လေတံခါးအဖွင့်အပိတ် ကို သတင်းပို့ပေးနေပါပြီ။IATဆင်ဆာကလည်း လေအပူချိန်ကို သတင်းပေးထားပါပြီ။စက်စနှိုးမယ့်အချိန်မှာတော့ ECMကအဓိက အချက်အလက်ယူမယ့်ဆင်ဆာက EOTနဲ့TPဆင်ဆာ ဖြစ်ပါတယ်။EOTကအင်ဂျင်အေးနေတယ်ဆိုတဲ့အချက်ရယ် TPက 0 ံ လေတံခါးပိတ်ထားတယ်ဆိုတဲ့အချက်ကြောင့် ECMက IACVကို အပြည့်ဖွင့်ပေးထားလိုက်ပါတယ်။ FID ပါတဲ့ ဘီးတွေမှာတော့ FID ကိုဖွင့်ခိုင်းပါမယ် (အကယ်၍အဲ့အချိန်မှာ TPလေတံခါးသာ အနည်းငယ်ပွင့်နေခဲ့မယ်ဆိုရင် ECU ကIACVကို ဖွင့်မပေးတော့ပါဘူး။)
စတက်ဆွဲပြီဆိုတာနဲ့ အဲ့ကလင်နာထဲကလေဟာ လေတံခါးပိတ်ထားတဲ့အတွက် IACV ဖွင့်ထားတဲ့ By Pass လမ်းကြောင်းကနေ စဝင်လာပါတယ်။အဲ့ဒီဝင်လာတဲ့လေဖိအားပမာဏ ကို Sensor unit ပါ၀င်တဲ့ ဘီးတွေမှာ MAP က အာရုံခံပြီး မှ ECMက အဲ့ဒီလေနဲ့ညီမျှတဲ့ဆီပမာဏကိုအင်ဂျက်တာအားဖျန်းခိုင်းမှ စက်စတင်နိုးပါတယ်။အဲ့ဒီအချိန်မှာ slow ကများနေပါမယ်။စက်နိုးပြီး အင်ဂျင်အပူချိန် 40 ံလောက်မှာ EOTက အင်ဂျင်ပူလာကြောင်းသတင်းပို့တဲ့အတွက် ECMက IACVဗားလေးကို တဝက်ပြန်ပိတ်ပြီး စလိုးအနေအထားရဖို့သာ ဖွင့်ထားလိုက်တဲ့အတွက် လေဝင်အားလည်းလျော့ကျသွားသလိုMAPကအဲ့ဒါကိုecuထံသတင်းပေးတဲ့အတွက် ECMက အင်ဂျက်တာကို ဆီဖျန်းနှုန်းလျော့စေပြီး ပုံမှန်စလိုးအနေအထားကိုရရှိစေပါတယ်။အင်ဂျင်အပူချိန်
60°ရောက်တာနဲ့ အိပ်ဇောထဲကထွက်လာတဲ့ဓါတ်ငွေ့ကို O2ဆင်ဆာက အာရုံခံပြီး ECM ထံ O2 အနည်းအများကိုသတင်းပို့တဲ့အခါ ECM မှဆီများရင်အင်ဂျက်တာ ဆီဖျန်းနှုန်းကို လျော့စေပြီး ဆီနည်းရင် အင်ဂျက်တာဆီဖျန်းနှုန်းကိုတိုးစေပြီး အင်ဂျင်တစ်လုံးကိုဆီလေအချိုးမျှအောင်လည်ပါတ်စေပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အင်ဂျင်တစ်လုံးကို စတင်လည်ပတ်ပြီး
အနှေးလည် အနေအထား ခိုင်းစေ စေတဲ့ ပုံစံပဲ ဖြစ်ပါတယ်
ဒီလောက်ဆိုရင် အတော်အတန်တော့ အကျိုးဖြစ်ထွန်းသွားစေနိုင်မယ် ထင်ပါတယ် ခင်ဗျာ
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလို့ လိုအင်ဆန္ဒပြည့်၀ကြပါစေ ဗျာ
<Zawgyi>
Honda Click 125i အေရာင္းအ၀ယ္လုပ္တဲ့ ပြဲစားမ်ားနဲ႔ အိမ္စီးသမားမ်ား အနည္းအက်ဥ္း သိထားတတ္ထားသင့္တဲ့ အေၾကာင္းအရာေလး ေျပာျပခ်င္တယ္
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
ကြၽန္ေတာ္တို႔ ဆိုင္ကယ္ကို
ေသာ့ဖြင့္တယ္ ပန္႔လည္သံမၾကားဘူးဆိုရင္ Fuse A ကိုစစ္ရပါမယ္
Fuse A ဟာ ဆီပန္႔ အင္ဂ်က္တာ စလိုးထိန္းဗား ပလပ္ကြိဳင္ စတာေတြကို ထိန္းခ်ဳပ္ထားပါတယ္
ေသာ့ဖြင့္တယ္ ပန္႔လည္သံၾကားတယ္ စတတ္မရဘူး ကစ္နဲ႔ရၿပီး စက္ႏိုးတယ္ ဟြန္းမရဘူး ဒိုင္ခြက္မီး ေနာက္မီး အခ်က္ျပမလင္းဘူး idlingမရဘူး ခ်က္မီးလင္းေနတယ္ဆို Fuse B ကိုစစ္ရပါမယ္
ေသာ့ဖြင့္တယ္ ပန္႔လည္သံမၾကားရဘူး ကစ္နဲ႔ေရာ စတတ္နဲ႔ပါ မႏိုးဘူးဆိုရင္ ပန္႔မွာ အေပါင္းေရာက္မေရာက္စစ္ရပါမယ္ ပန္႔နဲ႔Ecm ဆက္သြယ္တဲ့ ညိဳ၀ါႀကိဳးအဆက္သြယ္ျပတ္သလားစစ္ရပါမယ္
ေသာ့ဖြင့္တယ္ ပန္႔လည္သံမၾကားဘူး ဘာနဲ႔နိူးနိူးမႏိုးဘူး
ပလပ္မီးမထြက္ဘူး အင္ဂ်က္တာဆီမျဖန္းဘူး ဆိုရင္ Fuse A ကို စစ္ရပါမယ္
ေသာ့ဖြင့္တယ္ Start ႏွိပ္တယ္ Starter relay အသံမၾကားဘူးဆိုရင္ ဘရိတ္ဆြိမွာ အေပါင္းေရာက္မေရာက္ထြက္မထြက္ စစ္ရပါမယ္
ေဒါက္ဆြိႀကိဳးေတြ ႂကြက္ကိုက္မကိုက္စစ္ရပါမယ္
Ecmရဲ႕ အ၀ါႀကိဳးကေန Start relayကို အႏွဴပ္ေရာက္မေရာက္စစ္ရပါမယ္
ေရွ႕မီးမရဘူးဆိုရင္ေတာ့ Fuse Cကိုစစ္ရပါမယ္
အထက္ပါ Fuse A B C မွာပါ၀င္တဲ့အေၾကာင္းအရာအားလုံး မရဘူးဆိုရင္ေတာ့ Main Relay နဲ႔ ေသာ့အထြက္စ နက္ျဖဴနဲ႔ အ၀င္စ နီျဖဴကို စစ္ရပါမယ္
ေသာ့ဖြင့္ရင္ ဘာမွမလာဘူး ကစ္နင္းရင္ေတာ့ Fuse a b c နဲ႔ပက္သက္တာ အကုန္ျပန္ရတယ္ဆိုရင္ FUSE E ကိုစစ္ရပါမယ္
ေသာ့ဖြင့္တယ္ ဘာမွမရဘူး ေသာ့မွာအ၀င္အေပါင္းတစ္စေတာင္ မရွိဘူးဆိုရင္ Fuse D ကိုစစ္ရပါမယ္
အ၀င္အေပါင္းရွိတယ္ က်န္သုံးေခ်ာင္းအေပါင္းမရွိရင္ေသာ့လဲရပါမယ္
ေသာ့ဖြင့္တယ္ အေပါင္းႏွစ္စရွိတယ္ ႏွစ္စမရွိဘူးဆိုရင္Main relay နဲ႔ Fuse B လမ္းေၾကာင္း ကိုစစ္ရပါမယ္
ေသာ့ဖြင့္တယ္ ဘာမွမလာဘူး ကစ္နဲ႔နိူးရင္ႏိုးတယ္ မီးေတြျပန္ရတယ္ဆိုရင္ Main relay ရယ္ Main relay point နဲ႔ Fuse F ၾကားကႀကိဳးလိုင္းကိုစစ္ရပါမယ္
ဆင္ဆာစစ္ေဆးနည္း ထပ္ေျပာျပပါမယ္
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
မိမိအိမ္မွာ မီတာတစ္လုံးရွိရင္ ရပါၿပီ
မီတာကို 20v စေကးမွာ ထားရပါမယ္
အရင္ဆုံး လီဗာဆင္ဆာ Tp sensor ေကာင္းမေကာင္းစမ္းၾကည့္ခ်င္တယ္ ဆိုပါစို႔
မီတာလက္တံ အနီနဲ႔အနက္က္ု Tpဆင္ဆာရဲ႕အစြန္ႏွစ္ႀကိဳးကို ေထာက္ထားၿပီး ေသာ့ဖြင့္ေပးရပါမယ္
မီတာမွာ 5V ဆိုတဲ့စာလုံးကို ျမင္ရပါလိမ့္မယ္
လက္တံ အေပါင္းအႏႈပ္မွားရင္ေတာ့ - 5V ဆိုျမင္ရပါမယ္ ဒါဆိုလက္တံကို ဘယ္ညာခ်ိန္းလ္ုက္ယုံပါပဲ
ဒါဆို ဆင္ဆာအလုပ္လုပ္ဖို႔ ေပးသြင္းဗို႔ ရေနၿပီလို႔သတ္မွတ္ရပါမယ္
ဆင္ဆာကျပန္အလုပ္လုပ္မလုပ္ ထပ္မံသိရဖ္ု႔အတြက္ မီတာလက္တံ အနက္ကို မေရႊ႕ပဲေထာက္ထားၿပီး လက္တံအနီကို Tp ဆင္ဆာရဲ႕အလယ္ႀကိဳးကို ျပန္ေထာက္ရပါမယ္ မီတာမွာ 1V ရဲ႕ေအာက္ ကိန္းဂဏန္း 0.57 0.67
1V ရဲ႕ တစ္၀က္ ျပသရပါမယ္ 1V ေက်ာ္လ္ု႔မရပါဘူး
လီဗာကို ဆြဲၾကည့္မယ္ဆိုရင္ ခုန 0.57 ကေန 3v အထက္ထိ ျပသလာရပါမယ္ ဒါဆ္ု Tp ဆင္ဆာအလုပ္လုပ္တာ မွန္ေနပါတယ္ လ္ု႔ သုံးသပ္လ္ု႔ရပါၿပီ
ECT ေရအပူခ်ိန္ဆင္ဆာ စစ္ေဆးနည္းေျပာျပပါမယ္
ေရအပူခ်ိန္ဆင္ဆာကို ေရတိုင္ကီကေရသြားတဲ့ေရလမ္းေၾကာင္းတစ္ေနရာမွာတပ္ဆင္ထားပါတယ္
ဆင္ဆာမွာ ႀကိဳးႏွစ္စပါပါမယ္
မီတာလက္တံ အနီ နဲ႔အနက္ကို အဲ့ဒီႀကိဳးႏွစ္ေခ်ာင္းမွာေထာက္ထားၿပီးေသာ့ဖြင့္ရပါမယ္
မီတာမွာ 2.50v အထက္ 3.00အေက်ာ္မွာ ျပပါမယ္
စက္ႏိုးလိုက္ၿပီးေစာင့္ၾကည့္ရပါမယ္ အင္ဂ်င္ပူလာတာနဲ႔အမွ် ျပသေနတဲ့ဗို႔ရဲ႕ကိန္းဂဏန္းဟာ အနည္းဘက္ကို ေျပာင္းလဲက်ဆင္းလာရပါမယ္
အင္ဂ်င္ဟဒ္ကိုလက္နဲ႔ကိုင္ၾကည့္လိုက္ပါ မကိုင္ႏိုင္တဲ့အခ်ိန္မွာ မီတာမွာျပမယ့္ဗို႔အားဟာ 1v ရဲ႕ေအာက္ ကိန္ဂဏန္းေတြကို ေရာက္သြားရပါမယ္
ဒါဆ္ု ECT ဆင္ဆာ အလုပ္လုပ္တယ္ ေကာင္းတယ္လို႔
သတ္မွတ္လို႔ ရပါမယ္
Vss ဘီးဆင္ဆာ ေကာင္းမေကာင္းစမ္းသပ္နည္းေျပာျပပါမယ္
ဘီးဆင္ဆာကို ဆိုင္ကယ္ရဲ႕ ေရွ႕ဘီး နဲ႔ ေနာက္ဘီးမွာတပ္ဆင္ထားပါတယ္ ေအာ္တိုဘီးမွာ ေရွာ့ဘားေအာက္ေျခ ကေရာင္းအုံးမွာတပ္ဆင္ထားၿပီး သူ့မွာႀကိဳးသုံးစပါတာကို ေတြ႕ ရမွာျဖစ္ပါတယ္
မီတာလက္တံ အနီ နဲ႔အနက္ကို ဘီးဆင္ဆာရဲ႕ အစြန္ႏွစ္စကို ေထာက္ထားၿပီး ေသာ့ဖြင့္ရပါမယ္ မီတာမွာ 12V ျပသရပါမယ္ အေပါင္းအႏႈပ္မွားရင္ -12V ဆိုၿပီးျပပါမယ္ ဒါဆိုလက္တံကိုဘယ္ညာခ်ိန္း ရပါမယ္ ၿပီးရင္
မီတာလက္တံအနက္ကို ပုံေသေထာက္ထားၿပီး ဆင္ဆာရဲ႕အလယ္စကို လက္တံအနီေထာက္ရပါမယ္ မီတာမွာ 9V ျပပါလိမ့္မယ္ ဘီးကိုလႈပ္ယုံလႈပ္ၾကည့္ပါ 0V ေျပာင္းရပါမယ္ အျမန္လွည့္ရင္ မီတာမွာ 5V ၀န္းက်င္ ျပသေနတာကို ေတြ႕ရပါလိမ့္မယ္ ဒါဆို ဘီးဆင္ဆာ ေကာင္းပါတယ္
ဒါက လတ္တေလာ အေရးေပၚ ဆိုင္မသြားပဲ ကိုယ့္အိမ္မွာကိုယ္ ျပဳျပင္နည္းပါ
ဒီ့ထက္ပိုသိခ်င္ရင္ေတာ့ တစ္စီးလုံးရဲ႕ ၀ါယာလိုင္း အ၀င္အထြက္နဲ႔ အလုပ္လုပ္ပုံ အေၾကာင္း ဖတ္မွတ္ေလ့လာေလ့က်င့္ထားဖို႔ လိုပါမယ္
ပထမဆုံးအေနနဲ႔
ကြၽန္ေတာ္တို႔ စီးေနတဲ့ Click 125 တစ္စီးမွာ ဘယ္လိုအစိတ္အပိုင္းေတြ ပါ၀င္သလဲ အရင္သိထားဖို႔လိုပါမယ္
Click125 တစ္စီးမွာ
ECM
BATTERY
FUSE BOX
STARTER CHARGING RELAY
MAIN RELAY
CKP SENSOR
3 Phase startor coil
TP SENSOR
ECT
FID
SPEED SENSOR
အစရွိတဲ့ အင္ဂ်င္ပိုင္းအတြက္အလုပ္တြဲလုပ္ေပးမယ့္ ဆက္စပ္လွ်ပ္စစ္ပစၥည္းေလးေတြ ပါ၀င္ပါတယ္
ဒီ လွ်ပ္စစ္ပစၥည္းေလးေတြ အလုပ္လုပ္ႏိုင္ဖို႔အတြက္
ဗို႔အားေတြ ရရွိဖို႔လိုအပ္ပါတယ္
ဒီ ဗို႔အားေတြကို သက္ဆိုင္ရာလွ်ပ္စစ္ပစၥည္းေလးေတြဟာ သူ့အခ်ိန္နဲ႔သူ ဘယ္ပုံဘယ္နည္းနဲ႔ လက္ခံရရွိၾကရသလဲ ဆိုတာ ၾကည့္ပါမယ္
ပထမဆုံးအေနနဲ႔
ဘတၳရီမွအႏႈတ္ႀကိဳးဟာ ေဘာ္ဒီမွာ ဂေရာင္းခ်ထားၿပီး
Ecuရဲ႕ C2pinကိုဝင္ပါတယ္။ ဘထၱရီမွအေပါင္းဟာ
ျဖဴနီႀကိဳးတုတ္ႀကီးႏွင့္ အနီႀကိဳးေသးႏွစ္ေခ်ာင္းရွိၿပီး
ျဖဴနီႀကိဳးတုတ္ဟာ စတက္ရီေလးရဲ႕ ပြိဳင့္တစ္စကို
ဝင္ထားပါတယ္။ အနီႀကိဳးေသးကေတာ့ 25A မိန္းျဖဴး
(E)ကေနတစ္ဆင့္ ျဖဴနီႀကိဳး ႏွစ္စခြဲထြက္ၿပီး
တစ္စက 10A(D)ျဖဴးကေန Ecuရဲ႕ A9 pinကို အေပါင္း
12v ေပးထားၿပီး Ecuရဲ႕ A7 pinကေန IG1ကို အေပါင္း 11vခြဲေပးထားပါတယ္။ က်န္တစ္စက မိန္းရီေလးရဲ႕ ပြိဳင့္တစ္စကို ျဖဴနီႀကိဳးအေရာင္ျဖင့္ ဝင္ထားပါတယ္။ မိန္းရီေလးမွာ အႏႈတ္ႀကိဳးတစ္ေခ်ာင္းကို ေဘာ္ဒီကေနေပးထားပါတယ္ ေသာ့ဖြင့္လိုက္မယ္ဆိုလွ်င္ IG1ကေန Ecuရဲ႕ A8 pin နဲ႔ မိန္းရီေလးနဲ႔ စတက္ရီေလးရဲ႕ကြိဳင္တစ္စစီကို အေပါင္းေရာက္ပါမယ္။
Ecm ရဲ႕ pin 8 ကိုအေပါင္းဗို႔ေရာက္တာနဲ႔ Ecmဟာ ဆင္ဆာေတြအကုန္လုံးကို စတင္အလုပ္လုပ္ႏိုင္ဖို႔ 5V အေပါင္းအႏႈပ္ ထုတ္ေပးပါၿပီ
မိန္းရီေလးကို အေပါင္းေရာက္တာနဲ႔ မိန္းရီေလးစတင္အလုပ္လုပ္ၿပီး မိန္းရီေလးရဲ႕ တစ္ဖက္ပြိဳင့္တစ္စကို
အေပါင္း12vဟာ ျဖတ္သန္းစီးဆင္းသြားၿပီး ႏွစ္စခြဲထြက္ကာ တစ္စက စတက္ရီေလးရဲ႕ ပြိဳင့္တစ္စနဲ႔
ေနာက္တစ္စက 10Aျဖဴး(A) ျဖဴး(B)ျဖဴး(C)တို႔ကို
ေရာက္ပါမယ္။ ဘယ္အစြန္ျဖဴးကေန ISC/Fuel Pump/ပလပ္ကြိဳင္/Injector နဲ႔ DLCေတြကိုေရာက္ပါမယ္။
IG1 IG2 ဆိုတာ အလယ္ျဖဴးစ္ရဲ႕ေအာက္ ေလးေထာင့္အကြက္အတြင္းက ဘယ္ဘက္ျခမ္းအထက္ေအာက္ႏွစ္ပြိဳင့္ဟာ IG1 ျဖစ္ၿပီး ညာဘက္ျခမ္းအထက္ေအာက္ႏွစ္ပြိဳင့္ဟာ IG2 ျဖစ္ပါတယ္
အလယ္ျဖဴးကေန IG2 ရဲ႕ပြိဳင့္တစ္စကိုေရာက္ၿပီး ေသာ့ဖြင့္လိုက္လွ်င္ တစ္ဖက္ပြိဳင့္တစ္စကေန ဒိုင္ခြက္နဲ႔ ေရွ႕/ေနာက္ ဘရိတ္ဆြိေတြကို အေပါင္းေရာက္ပါမယ္။
ျဖဴး(C)ကေတာ့ ေရွ႕မီးႀကီး အနိမ့္ျမင့္ခလုတ္ကိုအေပါင္းေပးထားၿပီး အႏႈတ္ကိုေတာ့ စက္ႏိုးခ်ိန္မွာ
Ecu ရဲ႕ C3 pin ကေနထုတ္ေပးမွာျဖစ္ပါတယ္။
ဘရိတ္ဆြဲလိုက္မယ္ဆိုလွ်င္ ဘရိတ္ဆြိကအေပါင္းဟာ
စတက္ခလုတ္ကိုေရာက္ၿပီး စတက္ႏွိပ္လိုက္မယ္ဆိုရင္
စတက္ခလုတ္ကေန Ecuရဲ႕ A5 pinကို အေပါင္းေရာက္ၿပီး A24 pinကေန စတက္ရီေလးကို အႏႈတ္ထုတ္ေပးပါတယ္။ တစ္ကယ္လို႔ ေဒါက္ခ်ထားမယ္ဆိုရင္ေတာ့
Ecuရဲ႕ A24 pinကေန စတက္ရီေလးကို အႏႈတ္ထုတ္ေပးမွာ မဟုတ္ပါဘူး။ ေဒါက္တင္ထားမွသာ
အႏႈတ္ထုတ္ေပးၿပီး စတက္ရီေလး အလုပ္လုပ္ပါမယ္။
စတက္ရီေလး အလုပ္လုပ္ၿပီး ခ်ာခ်င္ႀကိဳးရဲ႕ ပြိဳင့္ကို
ကပ္ေနရာကေန ဘတၳရီကလာတဲ့ ျဖဴနီႀကိဳးတုတ္ႀကီးရဲ႕
ပြိဳင့္ကို ေျပာင္းကပ္ပါတယ္၊ ကပ္ေနတဲ့အခ်ိန္မွာ
ဘတၳရီရဲ႕အေပါင္းဟာ Ecuရဲ႕ C1 pin ထဲကိုဝင္ၿပီး
Ecuကေန D1 D2 D3 pinေတြကတစ္ဆင့္ ကြိဳင္ကို
လိုအပ္တဲ့ သံလိုက္စက္ကြင္းေတြျဖစ္ေပၚေစရန္အတြက္
အေပါင္းအႏႈတ္တစ္လွည့္စီ ေကြၽးၿပီး သံလိုက္တုံးလည္ကာ စက္ႏိုးေစပါတယ္။ စက္ႏိုးခ်ိန္မွာ စတက္ခလုတ္
လႊတ္လိုက္ၿပီျဖစ္တာေၾကာင့္ စတက္ရီေလးဟာ
ခ်ာခ်င္ႀကိဳးရဲ႕ ပြိဳင့္ကို ျပန္ကပ္ေနပါတယ္။ စက္ႏိုးၿပီး
ကြိဳင္ကေန AC ဗို႔ေတြထြက္ၿပီး D1 D2 D3 pinေတြကေနပဲ Ecuထဲကိုျပန္ဝင္ပါတယ္၊ Ecu ကေန C1 pin ကို
DC ဗို႔အျဖစ္နဲ႔ ျပန္လည္ထုတ္ေပးၿပီးေတာ့ စတက္ရီေလးပြိဳင့္ကေန မိန္းရီေလးပြိဳင့္မွတဆင့္ 25A ျဖဴးစ္ကေန ဘတၳရီကို ခ်ာခ်င္ဝင္ေစပါတယ္။
ဒါဟာ Click125 ရဲ႕ ျဖဴးခုံနဲ႔ မိန္းရီေလး စတတ္တာခ်ာခ်င္ရီေလး တို႔နဲ႔ Ckp , ကြိဳင္ထုပ္တို႔ရဲ႕ အလုပ္လုပ္သြားတဲ့ လမ္းေၾကာင္းေလးပါပဲ
ဒါက Wiring အပိုင္းရဲ႕အ၀င္အထြက္အလုပ္လုပ္တဲ့ျဖစ္စဥ္ေတြပါ
START ပိုင္းအတြက္ ဆက္ေျပာေပးပါမယ္ Start ပိုင္းမွာေတာ့ ေမာ္တာမပါတဲ့ ACG စနစ္ကို အသုံးျပဳထားပါတယ္
ဒီစနစ္ဟာ ကြိဳင္ကို ဗို႔အားေကြၽးၿပီး သံလိုက္စက္ကြင္းျဖစ္ေပၚေစ၍ သံလိုက္တုံးက အၿမဲတမ္းသံလိုက္စက္ကြင္းေတြနဲ႔ ကြိဳင္ကထြက္ေပၚလာတဲ့ယာယီသံလိုက္ တို႔ကို သံလိုက္ရဲ႕သေဘာသဘာ၀အရ သံလိုက္အခ်င္းခ်င္း တြန္းကန္ဆြဲငင္ လည္ပတ္ေစတဲ့စနစ္တစ္ခုပါပဲ
ဒီစနစ္ဟာ
ေမာ္တာနဲ႔တိုက္႐ိုက္ခ်ိတ္ဆက္ၿပီး က႐ိုင္းကိုလည္ပတ္ေစတဲ့စနစ္နဲ႔မတူတဲ့အားနည္းခ်က္တစ္ခုရွိပါတယ္
ေမာ္တာလို အင္ဂ်င္ရဲ႕ေလက်စ္အားကို အနီးကပ္ေတာင့္ခံၿပီး တြန္းကန္ႏိုင္တဲ့ စြမ္းအားမရွိတာပါပဲ
ဒီအားနည္းခ်က္ကို ျဖည့္တင္းဖို႔ရာအတြက္ ACG စနစ္မွာ CKP လို႔ေခၚတဲ့ က႐ိုင္းတည္ေနရာ ပစ္စတင္တည္ေနရာ အာ႐ုံခံဆင္ဆားေလး ထည့္သြင္းထားပါတယ္
ACG စနစ္မွာ CKP နဲ႔ ECM အလုပ္တြဲလုပ္တဲ့ပုံစံေလးကို ေျပာျပေပးပါမယ္
ေသာ့ဖြင့္လိုက္တာနဲ႔ ECM မွ ေပးသြင္းဗို႔ဟာ Ckp ဆင္ဆာရွိရာ ေရာက္ရွိသြားပါၿပီ ဒီအခါမွာ CKP ဆင္ဆာရဲ႕ အထြက္ႀကိဳးေလးေခ်ာင္းကေန အလွည့္က်ရာႀကိဳးကေန ဗို႔အားတစ္ရပ္ ထြက္ရွိပါတယ္
ECM ဟာ
CKP ဆင္ဆာမွအခ်က္ျပ ဗို႔ အလွည့္က် ဝင္လာေသာပုံစံအလိုက္McuမွFet transistorမ်ားအားအလွည့္က် Gateအဖြင့္အပိတ္ျပဳလုပ္၍ ကြိဳင္သုံးစအားအလွည့္က်ဗို႔အေျပာင္းအလဲပုံစံအမ်ိဳးမ်ိဳးျပဳလုပ္ၿပီး သံလိုက္စက္ကြင္းျဖစ္ေပၚ၍ သံလိုက္တုံးမွ သံလိုက္စက္ကြင္း ႏွင့္ ကြိဳင္မွျဖစ္ေပၚလာေသာ သံလိုက္စက္ကြင္း အခ်င္းခ်င္း တြန္းကန္ဆြဲငင္ အလုပ္လုပ္သြားေစတဲ့ပုံသဏၰာန္ပါ
ထရန္စစ္စတာ ဟာ FET transistor ေတြ ျဖစ္သည့္အတြက္ FET ရဲ႕အတြင္းမွာ ဒိုင္အုတ္ ေတြ ပါ၀င္ၿပီး ဒီ FET အတြင္းကBuilt in diode ေတြ ဟာကြိဳင္သုံးစက မီးျပန္ထြက္လာတဲ့အခ်ိန္ မွာ ကြိဳင္မွျပန္ထြက္လာေသာဗို႔အားကို လက္ခံရယူၿပီး AcကိုDc အျဖစ္ေျပာင္းလဲေစၿပီးဘက္ထရီ အားျပန္သြင္းဖို႔ အတြက္ျပန္လည္အလုပ္လုပ္သြားေစပါတယ္။
ေမာ္တာေပ်ာက္စနစ္သုံး ဆိုင္ကယ္ေတြမွာ
ACG စနစ္အတြက္Ecuအတြင္းပိုင္းမွာFET ေျခာက္လုံးထည့္သြင္းတည္ေဆာက္ထားပါတယ္ Start ခလုပ္ႏွိပ္လိုက္တဲ့အခ်ိန္မွာ က႐ိုင္းကို လည္ပတ္နိင္ေစဖို႔အတြက္ ECM ဟာ Driver Transistor ေျခာက္လုံးကို Ckpရဲ႕ အခ်က္ျပဗို႔ေပးပို႔မွဴအလိုက္ လို အပ္တဲ့ အတည့္လည္ ေျပာင္းျပန္လည္ အျဖစ္လိုအပ္သလိုေစခိုင္းႏိုင္ဖို႔အတြက္ ကြိဳင္သုံးကြိဳင္ကို Dc7v အလွည့္က်ပို႔လႊတ္ဖို႔ရာ FET ေျခာက္လုံးရဲ႕ Baseေတြကို အဖြင့္အပိတ္လုပ္ေပးၿပီး
ကြိဳင္တစ္ကန္႔ကို FET ႏွစ္လုံးႏွဴန္းနဲ႔ သုံးကန္႔ကို ေျခာက္လုံးအသုံးျပဳၿပီး ကြိဳင္သုံးကြိဳင္သံလိုက္စက္ကြင္းအလွည့္က်ျဖစ္ေပၚၿပီး က႐ိုင္းကိုလည္ပတ္ေစပါတယ္
ဘယ္လိုပုံစံနဲ႔ အလွည့္က်ေပးေဝေစခိုင္းသလဲဆိုတဲ့ေနရာမွာ UVW ဆိုတဲ့ ႀကိဳးႀကီးသုံးေခ်ာင္းကို
ပထမဆုံး
(1) U, W
(2) U, V
(3) W, V
(4) W ,U
(5) V, U
(6) V ,W စသည္ ျဖင့္ က႐ိုင္းႏွစ္ပတ္အတြက္ အလွည့္က် ေျခာက္ႀကိမ္ က႐ိုင္းတစ္ပတ္အတြက္ အလွည့္က် သုံးႀကိမ္ Gateအဖြင့္အပိတ္ျပဳလုပ္၍ ဗို႔အားခြဲေဝေပးပို႔အျဖတ္အေတာက္ျပဳလုပ္၍ ကြိဳင္အား သံလိုက္စက္ကြင္းျဖစ္ေပၚေစၿပီး က႐ိုင္းအားလည္ပတ္ေအာင္စြမ္းေဆာင္ေစပါတယ္
ဒီလို လည္ပတ္ေစေအာင္စြမ္းေဆာင္တဲ့ေနရာမွာ ပစ္စတင္ဘယ္နားေရာက္ေနလဲEcmက သိထားေနဖို႔လိုလာပါတယ္
ဘာေၾကာင့္ဆိုေတာ့ AcG စနစ္ဟာ ေမာ္တာလို အင္နဲ႔အားနဲ႔တိုက္႐ိုက္ က႐ိုင္းကိုခ်ိတ္ဆြဲၿပီး လည္ပတ္ေစတဲ့စနစ္မဟုတ္တဲ့အတြက္ ေလက်စ္အားရရွိေနတဲ့ အေနအထားမ်ိဳးမွာ Piston ေရာက္ရွိေနမယ္ဆိုရင္ ကြိဳင္ကျဖစ္ေပၚလာတဲ့သံလိုက္အားဟာ ေလက်စ္အားကိုအရွိန္မယူကပ္တြန္းၿပီး ေက်ာ္လႊားႏိုင္ဖို႔ရာ မစြမ္းေဆာင္ႏိုင္မပါဘူး
ဒါေၾကာင့္ ပစ္စတင္ေလက်စ္ေနတဲ့အေနအထားမွာရပ္ေနသလား သိရွိထားဖို႔အတြက္ CKP ဆိုတဲ့က႐ိုင္းတည္ေနရာအခ်က္ျပပစၥည္းေလးရဲ႕အကူအညီကို ရယူၿပီးအလုပ္လုပ္ႏိုင္ဖို႔ Ckpဆင္ဆာကိုထည့္သြင္းတည္ေဆာက္ထားရျခင္းျဖစ္ပါတယ္
CKP ဆင္ဆာဟာ ေသာ့ဖြင့္ၿပီး စက္မႏွိဴးခင္အခ်ိန္ ပစ္စတင္ ေလက်စ္ေနေၾကာင္း အခ်က္ျပခဲ့လွ်င္ ECMဟာ UVW ကြိဳင္သုံးကြိဳင္ကို အလွည့္က်ဗို႔အားအေပါင္းအႏွဴပ္ေပးပို႔တဲ့ေနရာမွာ က႐ိုင္းကိုေရွ႕သိုဆြဲလွည့္ႏိုင္ဖို႔အတြက္
U ကို အေပါင္း W ကို အႏွဴပ္ ေပးပို႔ခဲ့မယ္ဆိုရင္
ပစ္စတင္ေလက်စ္ေန၍ ကပ္တြန္းရန္မျဖစ္ႏိုင္သည့္ အေျခအေနအေနမ်ိဳးCkpမွ အခ်က္ျပခဲ့တဲ့အတြက္ ECM ဟာ UVW ကြိဳင္သုံးကြိဳင္မွ U ကိုအႏွဴပ္ W ကိုအေပါင္း ဇယားအတိုင္း အစဥ္အလိုက္ ေျပာင့္းျပန္အခ်ိဳးက် တစ္လွည့္စီျပန္ေျပာင္း ဗို႔အားေပးသြင္း ၍ဆီျပန္စစုပ္မည့္ပစ္စတင္ထိပ္ျပန္ေရာက္ခ်ိန္ထိ ေနာက္ျပန္လည္ေစၿပီး AcGစနစ္အသုံးျပဳ၍ ဆီစုပ္မွဴျဖစ္ဉ္ျဖစ္ေပၚေစရန္က႐ိုင္းအား ေရွ႕သို႔ တစ္ဖန္ Uကိုအေပါင္း Wကိုအႏွဴပ္အတည့္ျပန္ေပး၍ လည္ပတ္ေစျခင္းျဖစ္ပါတယ္
စက္ႏိုးၿပီးေနာက္ပိုင္းတြင္ စတတ္ခလုတ္လႊတ္လိုက္တဲ့အခါမွာECM ဟာ ကြိဳင္သုံးကြိဳင္ သံလိုက္စက္ကြင္း မျဖစ္ေတာ့ပဲ သံလိုက္အုံအတြင္းရွိသံလိုက္တုံးမ်ားရဲ႕ စက္ကြင္းျဖင့္ ၎ကြိဳင္သုံးကြိဳင္မွ ဒိုင္နမိုအသြင္ Ac လွ်ပ္စစ္ ျပန္ထြက္သြားပါတယ္
စက္ႏိုးၿပီးကြၽိဳင္ကမီးျပန္ထြက္ခ်ိန္မွာဒီDriver FET ေျခာက္လုံး အတြင္းမွာပါတဲ့ Built in diodeေတြ ဟာ အားသြင္းစနစ္အျဖစ္ အသြင္ေျပာင္းၿပီး
၀င္လာတဲ့ အားဟာ starter charging relay ရဲ႕ ပြိဳင့္ကေနတဆင့္Main relayရဲ႕ပြိဳင့္ကိုျဖတ္သန္းၿပီးFuseကတဆင့္ ဘကၳရီက္ု ေရာက္ရွိသြားေစမွာျဖစ္ပါတယါ
ဒီျဖစ္ဥ္ေတြ အားလုံးဟာ ACG စနစ္ရဲ႕ စတတ္ပိုင္းနဲ႔အားသြင္းပိုင္း အလုပ္လုပ္ပုံေတြပါပဲ
အင္ဂ်င္ပိုင္း စတင္အသက္၀င္ဖို႔အတြက္ အလုပ္လုပ္ေဆာင္ပုံကို ဆက္ေျပာေပးပါမယ္
🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝
ကြၽန္ေတာ္တို႔ EFi ဆိုင္ကယ္တစ္စီးကို ေသာ့ဖြင့္တဲ့အခါ ပန္႔လည္သံေလးကို သတိထားမိၾကပါလိမ့္မယ္
ဘာေၾကာင့္ပန္႔လည္သံၾကားလ္ုက္ရသလဲ......?
EFIဘီးတစီးမွာ ေသာ့ဖြင့္တာနဲပန္႔၊အင္ဂ်က္တာကို +12vတန္းေရာက္ေနၿပီး ဆီပန္႔ကေန အင္ဂ်က္တာ ရဲ႕ထိပ္ ကိုဆီႀကိဳေရာက္ေနေစဖို႔ 2စကၠန္႔ အႏႈပ္ 10v နဲ႔ 11v ထုတ္ေပးရပါတယ္ ၿပီးရင္ေပးပို႔ဗို႔အားကိုခ်က္ျခင္းျပန္႐ုပ္ပါတယ္။တစ္ၿပိဳင္နက္ထဲမွာECM ကတဆင့္ ဆင္ဆာေတြကို 5V တန္းေရာက္ေနပါၿပီ။အဲဒီအတြက္ ECMက ဆင္ဆာေတြရဲ႕အခ်က္အလက္ေတြကို ေသာ့စဖြင့္ကထဲက ရရွိေနပါၿပီ။EOT ဆင္ဆာက engine အပူအေအးေအျခအေနကို ေျပာေနသလို TPဆင္ဆာကလည္း ေလတံခါးအဖြင့္အပိတ္ ကို သတင္းပို႔ေပးေနပါၿပီ။IATဆင္ဆာကလည္း ေလအပူခ်ိန္ကို သတင္းေပးထားပါၿပီ။စက္စႏႈိးမယ့္အခ်ိန္မွာေတာ့ ECMကအဓိက အခ်က္အလက္ယူမယ့္ဆင္ဆာက EOTနဲ႔TPဆင္ဆာ ျဖစ္ပါတယ္။EOTကအင္ဂ်င္ေအးေနတယ္ဆိုတဲ့အခ်က္ရယ္ TPက 0 ံ ေလတံခါးပိတ္ထားတယ္ဆိုတဲ့အခ်က္ေၾကာင့္ ECMက IACVကို အျပည့္ဖြင့္ေပးထားလိုက္ပါတယ္။ FID ပါတဲ့ ဘီးေတြမွာေတာ့ FID ကိုဖြင့္ခိုင္းပါမယ္ (အကယ္၍အဲ့အခ်ိန္မွာ TPေလတံခါးသာ အနည္းငယ္ပြင့္ေနခဲ့မယ္ဆိုရင္ ECU ကIACVကို ဖြင့္မေပးေတာ့ပါဘူး။)
စတက္ဆြဲၿပီဆိုတာနဲ႔ အဲ့ကလင္နာထဲကေလဟာ ေလတံခါးပိတ္ထားတဲ့အတြက္ IACV ဖြင့္ထားတဲ့ By Pass လမ္းေၾကာင္းကေန စဝင္လာပါတယ္။အဲ့ဒီဝင္လာတဲ့ေလဖိအားပမာဏ ကို Sensor unit ပါ၀င္တဲ့ ဘီးေတြမွာ MAP က အာ႐ုံခံၿပီး မွ ECMက အဲ့ဒီေလနဲ႔ညီမွ်တဲ့ဆီပမာဏကိုအင္ဂ်က္တာအားဖ်န္းခိုင္းမွ စက္စတင္ႏိုးပါတယ္။အဲ့ဒီအခ်ိန္မွာ slow ကမ်ားေနပါမယ္။စက္ႏိုးၿပီး အင္ဂ်င္အပူခ်ိန္ 40 ံေလာက္မွာ EOTက အင္ဂ်င္ပူလာေၾကာင္းသတင္းပို႔တဲ့အတြက္ ECMက IACVဗားေလးကို တဝက္ျပန္ပိတ္ၿပီး စလိုးအေနအထားရဖို႔သာ ဖြင့္ထားလိုက္တဲ့အတြက္ ေလဝင္အားလည္းေလ်ာ့က်သြားသလိုMAPကအဲ့ဒါကိုecuထံသတင္းေပးတဲ့အတြက္ ECMက အင္ဂ်က္တာကို ဆီဖ်န္းႏႈန္းေလ်ာ့ေစၿပီး ပုံမွန္စလိုးအေနအထားကိုရရွိေစပါတယ္။အင္ဂ်င္အပူခ်ိန္
60°ေရာက္တာနဲ႔ အိပ္ေဇာထဲကထြက္လာတဲ့ဓါတ္ေငြ႕ကို O2ဆင္ဆာက အာ႐ုံခံၿပီး ECM ထံ O2 အနည္းအမ်ားကိုသတင္းပို႔တဲ့အခါ ECM မွဆီမ်ားရင္အင္ဂ်က္တာ ဆီဖ်န္းႏႈန္းကို ေလ်ာ့ေစၿပီး ဆီနည္းရင္ အင္ဂ်က္တာဆီဖ်န္းႏႈန္းကိုတိုးေစၿပီး အင္ဂ်င္တစ္လုံးကိုဆီေလအခ်ိဳးမွ်ေအာင္လည္ပါတ္ေစပါတယ္။
ဒီလုပ္ေဆာင္ခ်က္ဟာ အင္ဂ်င္တစ္လုံးကို စတင္လည္ပတ္ၿပီး
အေႏွးလည္ အေနအထား ခိုင္းေစ ေစတဲ့ ပုံစံပဲ ျဖစ္ပါတယ္
ဒီေလာက္ဆိုရင္ အေတာ္အတန္ေတာ့ အက်ိဳးျဖစ္ထြန္းသြားေစႏိုင္မယ္ ထင္ပါတယ္ ခင္ဗ်ာ
အားလုံးပဲ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာလို႔ လိုအင္ဆႏၵျပည့္၀ၾကပါေစ ဗ်ာ