<Unicode>
ပညာသင်ဆဲညီကိုများအတွက်ပါ
အင်ဂျင်ပြန်လုံးတဲ့အခါ piston ရဲ့ in , အမှတ်သားလေးကိုအပေါ်ဘက်မှာ ထားပြီးတပ်ဆင်ရမယ်ဆိုတာ ပုံမှာကြည့်ရင် သေချာသဘောပါလောက်ပါပြီ ဘိုးရင်းကိုအသွက်ထိုးမှအင်ဂျင်ကြာရှည်အစီးခံမယ် ရေထမ်းပုံးတပုံးစာလောက်ရေကို
ပိုက်နဲ့အစက်ချပြီး နာရီဝက်ခန့်နှိုး ၁၀ မီးနစ်လောက်နားပြီးကျင့်ပေးရပါမယ် ဒါမှ ပွတ်တိုက်မျက်နှာပြင်တွေ အနုစိတ်ချောမွေ့သွားမှာပါ အချိန်မရလို့မကျင့်ဖြစ်ရင် ကီလို ၃၀လောက်မြန်နှုန်း နဲ့ နားနားပြီးစီးခိုင်းပါ pisto ရဲ့သတ္ထုသားသဘာဝအရ ပူရင်ပွယောင်းယောင်းဖြစ်လာမှာပါ
အင်ဂျင်အကျဘီးတွေ ပူမှအိုးခတ်သံထွက်လာတယ်ဆိုတာ
အင်ဂျင်ဝိုင် ဂရိတ်မကောင်းလို့ရယ် ပစ်စတင်ချောင်ပြီးခတ်နေလို့ရယ်ပါ
125 thai ဘီးအသစ်တွေ မနက်ခင်းစစနှိုးခြင်းမှာ အိုးခတ်သံလေးပါးပါးလေးထွက်ပါတယ် ဆီပျံနှံ့ပြီဆိုရင် ပူလာရင်
အသံပျောက်သွားပါတယ်
သူ့ရဲ့ original piston နဲ့slip ကို တိုင်းတာကြည့်ပါ ဂွက်! ဆိုပြီးထွက်ကျပါတယ်
နောက်ပြီး piston တွေသည် ရိန်းကွင်းစွပ်သည့်နေရာတွင်သာ အဝန်းအဝိုင်း ညီချင်ညီနေပေမယ့် ဂါဂျီပင်ရဲ့အောက်ဘက်မျက်နှာပြင်ကတော့ ဘဲဥပုံအခုံးအလုံးသဏ္ဍာန်ရှိပါတယ် ဘာလို့ဆိုတော့ ပေါက်ကွဲအားကြောင့် ကွန်နတင်းကို
တွန်းထုတ်ခြင်း ကရိုင်းဝိတ်အရှိန်ကြောင့် တဖန်ပြန် တွန်းတင်ခြင်းတွေခံရတဲ့အခါ ကွန်နတင်းရဲ့အပေါ်နဲ့အောက်
piston ရဲ့မျက်နှာပြင်တွေဟာ စလစ်နံရံနဲ့ အားတခုထိ သက်ရောက်နေတာကြောင့် piston အမျိုးအစားအားလုံးနီးပါးက အဝန်းအဝိုင်း စက်ဝိုင်းပုံ ဝိုင်းစက်နေခြင်းမရှိတာပါ
125 piston တွေမှာ ကာဘာကုတ်တင်အမည်းလေးအပေါ်အောက်နှစ်ဘက်ပါတယ်ဆိုတာ ဒီအကြောင်းကြောင့်ဖြစ်သလို အင်ဂျင်ဝိုင်ဆွတ်ဖြန့်ပေးတာလည်းအားကောင်းအောင်လို့ပါ
ရိန်းကွင်းပါးစပ်အဟလေးတွေကို အင်ဂျင်နတ်တိုင်ပုံစံအတိုင်းအလှည့်ပြုထားပေးပါ အဓိကအချက်ကတော့
top ring သည် မီးပလပ်နဲ့ဝေးနေရပါမည်
top ring ကိုတိုင်မင်ချိန်းဘက်နတ်တိုင်နဲ့ချိန်
second ring ကိုပလပ်ဘက်က နတ်တိုင်နဲ့ချိန်
oil ring ကို အောက်ဘက် ဘယ်ညာ အခွလေးထားပြီး
ထည့်ရင်အဆင်ပြေပါပြီ
ဘားတံအသစ်ကို အရင်ကရိုင်းပြီးစိတ်တိုင်းကျပြီဆိုရင်
ဘားကိုက်အသစ်ကို ရိုက်ထည့်ပါ အော်အင်ဂျင်က ဂါဂျီပင်လေးနဲ့ဆို ကွက်တိကျပါတယ်
ဘားအဝိုင်းစီး ကောင်းတာထည့်ပါ ဘားစပရိန် အကျဲကိုအပေါ်ကထားပါ ဘားဝါရှာမကျန်ခဲ့ရပါ ကမ်းရှပ်ဘုကအစင်းရာတွေကော်ပတ်စားပါ တိုက်ပစ်မောင်းကိုလည်း အချောသပါ
တိုက်ပစ်တွေကို နုတ်နုတ်လေးချောင်နေအောင်ချိန်ပါ
ဖီလာဂိတ်သုံးရင်ပိုတိကျပါတယ်
တိုင်မင်ချိန်းကောင်းသေးရင် ခါးရိုလာအကြီးကို သံဘွတ်မပါတဲ့အမျိုးအစားအသစ်လဲပါ ချိန်းဘိသားရေသီးကောင်းတာလဲပါ ချိန်းဘိက ဘောစံလေးကောင်းလားစစ်ပါ
အားလုံးတပ်ဆင်ပြီးတဲ့အခါ အင်ဂျင်ဝိုင်ရှေ့ကိုရောက်လား
ကြေးဝါရှာတပ်ထားသော ဟတ်နတ်တိုင်ကိုလျှော့ပြီးစစ်ဆေးပါ ဘလောက်တုံးတပ်ဆင်ကတည်းက အင်ဂျင်ဝိုင်
တက်သည့်အပေါက်လေးအား သန့်ရှင်းရေးလုပ်ပေးပါ
အခုထိဖတ်မိတယ်ဆိုရင်ဖြင့်
ညီအကိုများ ရှေ့ခြမ်းကိုင်တဲ့အခါ အထောက်အကူဖြစ်စေရပါလိမ့်မယ်
သင်ဆရာမြင်ဆရာကြားဆရာအပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက်
<Zawgyi>
ပညာသင္ဆဲညီကိုမ်ားအတြက္ပါ
အသံပျောက်သွားပါတယ်
ထည့်ရင်အဆင်ပြေပါပြီ