Quickshifter ဆိုတာ ဘာလဲ?

<Unicode>
Quickshifter ဆိုတာ ဘာလဲ?

နောက်ပိုင်း မော်ဒယ်အမြင့် ဆိုင်ကယ်တွေမှာ ပါလာတဲ့ Gadget လေး တစ်ခုပေါ့။

"ဂီယာကို ကလပ်ဆွဲစရာ၊လီဗာ ပြန်လျှော့စရာ မလိုပဲ ထိုး လို့ရအောင် လုပ်ပေးတဲ့ ပစ္စည်းလေးပါ"
အိုကေ ဆိုင်ကယ်မောင်းကြည့်ရအောင်(ကလပ် ဘီး ပြောတာနော်)
စက်နှိုးမယ်
ကလပ်ဆွဲမယ်
နံပါတ် ၁ ဂီယာထည့်မယ်
လီဗာ မြှင့်မယ်
ကလပ်ကို အသာလေး ချော့လွှတ်မယ်။

အရှိန်ရလာရင် လက်က ကလပ်ဆွဲမယ်၊လီဗာ ပြန်လျှော့မယ်၊ နံပါတ် ၂ ဂီယာ ထိုးဖို့ ဂီယာတံကို ခြေထောက်နဲ့ မတင်မယ်၊ကလပ်လွှတ်မယ်၊လီဗာ ပြန်ဆွဲမယ်။
နောက် ၃၊၄၊၅၊၆ စသည်ဖြင့်ပေါ့။မောင်းနေကျတဲ့ လူအဖို့ သိပ်မသိသာပါဘူး။
ဒါပေမယ့် ၁ စက္ကန့်ကို တစ်ထောင်ပုံ ပုံပြီး အပြိုင်အဆိုင် စံချိန်ယူ နေကြတဲ့ ပြိုင်ကွင်းထဲမှာကျတော့ ..........
ဂီယာ တစ်ချက်ထိုးဖို့ ကလပ်ဆွဲရ ၊လီဗာ လျှော့ရ၊ခြေထောက်နဲ့ မ တင်ရ၊ကလပ်ပြန်လွှတ်ရ၊လီဗာ ပြန်ဆွဲရ ဆိုတဲ့ ဂီယာ ၁ ချက်၀င်ဖို့ လက်နဲ့ ခြေထောက် ၂ ခုပေါင်းပြီးလုပ်ရတဲ့ အလုပ်တွေ နေရာမှာ
တာထွက်တဲ့ နေရာမှာပဲ နံပါတ် ၁ ကို သမားရိုးကျ ကလပ်ဆွဲထိုးပြီး ကလပ်လွှတ်ပြီးတာနဲ့ 
ကျန်တဲ့ ၂၊၃၊၄၊၅၊၆ တို့ကို ကလပ်လည်း ဆွဲစရာမလို၊လီဗာလည်း ပြန်လျှော့စရာ မလိုပဲ သင့်တော်တဲ့ အရှိန်ရောက်တာနဲ့ သင့်တော်တဲ့ ဂီယာကို ဒပ် ..ဒပ် ....ဒပ် နဲ့ ထိုးသွားနိုင်တဲ့ ကောင်က ဂီယာ အချက်ရေ ထောင်နဲ့ ချီပြီး အတင်အချ လုပ်ရတဲ့ ပြိုင်ပွဲတစ်ပွဲမှာ အဖိုးတန်တဲ့ စက္ကန့်တွေကို စုဆောင်းနိုင်ပြီး အဆုံးသတ်မှာ နှာတစ်ဖျား အသာနဲ့ နိုင်သွားတော့တာပါပဲ။

Radial Brake တို့လို Upside down fork တို့လိုပဲ သူကလည်း ပြိုင်ကွင်းတွေက နေ မွေးစားလာတဲ့ နည်းပညာတစ်ခုပါ။အပြင် လမ်းပေါ်မှာ မောင်းတဲ့ သူတွေအဖို့တော့ သိပ် သိသာတဲ့ စံချိန်ကွာခြား မှုကို မဖြစ်စေပေမယ့် Quickshifter ပါတဲ့ ဆိုင်ကယ်ကို မောင်းရတာ တော်တော် ရင်ခုန်စရာ ကောင်းပါတယ်။အတွေ့အကြုံ သစ်အနေနဲ့ တော်တော်လည်း ပျော်စရာ ကောင်းပါတယ်။

သူ အလုပ်လုပ်ပုံက ဂီယာ ထိုးတဲ့ မောင်းတံမှာ ပါတဲ့ ဆင်ဆာ ဗူး လေးက အသက်ပါပဲ။
ခြေထောက်က ဂီယာထိုးဖို့ ဂီယာတံကို မလိုက်တာနဲ့ အဲ့ဒီ ဆင်ဆာလေးက အင်ဂျင်ရဲ့ ECU ကို သတင်းပို့ပြီး အင်ဂျင်ကို ၁ စက္ကန့်ရဲ့ ၁ ထောင်ပုံ ၂ပုံကနေ ၅ ပုံလောက် ကာလ ရပ်စေပါတယ်။အဲ့အချိန်မှာပဲ ဂီယာက ရှောရှောရှူရှူ ၀င်သွားပါတယ်။ပြီးတော့ စက်ပြန်နိုးပြီး ပုံမှန်အတိုင်း ဆက်သွားပါတယ်။ဒီတော့ စက်ရပ်သွားတဲ့ ကာလ တိုလွန်းလို့ စီးသူက စက်ရပ်သွားတာကို သတိမထားမိပဲ ဆိုင်ကယ်က တစ်ချက်ဆောင့် သလိုပဲ ဖြစ်သွားပါတယ်။
ဒီတော့ နံပါတ် ၁ တစ်ချက်ကိုပဲ ကလပ်ဆွဲ ဂီယာထိုး ကလပ်ချော့လွှတ် လီဗာတင် စသည်ဖြင့် ပုံမှန် လုပ်ဆောင်သွားရပေမယ့် ၂၊၃၊၄၊၅၊၆ တို့ အတွက်တော့ ကလပ်လည်း ဆွဲစရာမလို လီဗာလည်း ပြန်လျှော့စရာ မလိုတော့ပါဘူး။လီဗာကို ကိုယ်ဆွဲရဲ သလောက်ဆွဲပြီး ဂီယာကို တစ်ချက်ပြီး တစ်ချက် မတင် သွားရုံပါပဲ။ရှေ့ကပြောသလို ဂီယာ မတင်လိုက်တိုင်း ဆောင့် တဲ့ အရသာတော့ ခံစားရမှာပါ။
ပုံမှန်က Upshift လို့ ခေါ်တဲ့ ဂီယာတံကို မတင်တဲ့ နေရာမှာပဲ ကလပ်မပါပဲ တင်လို့ရပြီး
ဂီယာပြန်ဖြုတ်တဲ့ Downshift မှာတော့ ကလပ်ဆွဲဖို့ လိုပါတယ်။
နောက်ပိုင်း သိပ် မော်ဒယ်မြင့်တဲ့ ဂရိတ်မြင့်တဲ့ ဘီးတွေမှာတော့ Upshift အတွက်ရော Downshift အတွက်ရော ကလပ်ဆွဲစရာ မလိုအောင် လုပ်ပေးထားပါတယ်။

ဒါနောက်ပိုင်း ဆိုင်ကယ်တွေမှာ ပါလာနေတဲ့ နည်းပညာမြင့် ပစ္စည်းလေး တစ်ခုကို ညီငယ်များ သိရအောင် ရေးပေးတာပါ။
Quickshifter မပါတဲ့ ဘီးတွေလည်း နောက်ပိုင်း ၀ယ်တပ်လို့ ရပါတယ်။ဝါယာကြိုးလေးတွေတော့ နည်းနည်း ရှုပ်သွားမယ်။

အားလုံးဆိုင်ကယ်ဗဟုသုတနဲ့ ပြည့်စုံကြပါစေ။

<Zawgyi>
Quickshifter ဆိုတာ ဘာလဲ?

ေနာက္ပိုင္း ေမာ္ဒယ္အျမင့္ ဆိုင္ကယ္ေတြမွာ ပါလာတဲ့ Gadget ေလး တစ္ခုေပါ႔။

"ဂီယာကို ကလပ္ဆြဲစရာ၊လီဗာ ျပန္ေလွ်ာ့စရာ မလိုပဲ ထိုး လို႔ရေအာင္ လုပ္ေပးတဲ့ ပစၥည္းေလးပါ"
အိုေက ဆိုင္ကယ္ေမာင္းၾကည့္ရေအာင္(ကလပ္ ဘီး ေျပာတာေနာ္)
စက္ႏႈိးမယ္
ကလပ္ဆြဲမယ္
နံပါတ္ ၁ ဂီယာထည့္မယ္
လီဗာ ျမႇင့္မယ္
ကလပ္ကို အသာေလး ေခ်ာ့လႊတ္မယ္။

အရွိန္ရလာရင္ လက္က ကလပ္ဆြဲမယ္၊လီဗာ ျပန္ေလွ်ာ့မယ္၊ နံပါတ္ ၂ ဂီယာ ထိုးဖို႔ ဂီယာတံကို ေျခေထာက္နဲ႔ မတင္မယ္၊ကလပ္လႊတ္မယ္၊လီဗာ ျပန္ဆြဲမယ္။
ေနာက္ ၃၊၄၊၅၊၆ စသည္ျဖင့္ေပါ႔။ေမာင္းေနက်တဲ့ လူအဖို႔ သိပ္မသိသာပါဘူး။
ဒါေပမယ့္ ၁ စကၠန္႔ကို တစ္ေထာင္ပုံ ပုံၿပီး အၿပိဳင္အဆိုင္ စံခ်ိန္ယူ ေနၾကတဲ့ ၿပိဳင္ကြင္းထဲမွာက်ေတာ့ ..........
ဂီယာ တစ္ခ်က္ထိုးဖို႔ ကလပ္ဆြဲရ ၊လီဗာ ေလွ်ာ့ရ၊ေျခေထာက္နဲ႔ မ တင္ရ၊ကလပ္ျပန္လႊတ္ရ၊လီဗာ ျပန္ဆြဲရ ဆိုတဲ့ ဂီယာ ၁ ခ်က္၀င္ဖို႔ လက္နဲ႔ ေျခေထာက္ ၂ ခုေပါင္းၿပီးလုပ္ရတဲ့ အလုပ္ေတြ ေနရာမွာ
တာထြက္တဲ့ ေနရာမွာပဲ နံပါတ္ ၁ ကို သမား႐ိုးက် ကလပ္ဆြဲထိုးၿပီး ကလပ္လႊတ္ၿပီးတာနဲ႔ 
က်န္တဲ့ ၂၊၃၊၄၊၅၊၆ တို႔ကို ကလပ္လည္း ဆြဲစရာမလို၊လီဗာလည္း ျပန္ေလွ်ာ့စရာ မလိုပဲ သင့္ေတာ္တဲ့ အရွိန္ေရာက္တာနဲ႔ သင့္ေတာ္တဲ့ ဂီယာကို ဒပ္ ..ဒပ္ ....ဒပ္ နဲ႔ ထိုးသြားႏိုင္တဲ့ ေကာင္က ဂီယာ အခ်က္ေရ ေထာင္နဲ႔ ခ်ီၿပီး အတင္အခ် လုပ္ရတဲ့ ၿပိဳင္ပြဲတစ္ပြဲမွာ အဖိုးတန္တဲ့ စကၠန္႔ေတြကို စုေဆာင္းႏိုင္ၿပီး အဆုံးသတ္မွာ ႏွာတစ္ဖ်ား အသာနဲ႔ ႏိုင္သြားေတာ့တာပါပဲ။

Radial Brake တို႔လို Upside down fork တို႔လိုပဲ သူကလည္း ၿပိဳင္ကြင္းေတြက ေန ေမြးစားလာတဲ့ နည္းပညာတစ္ခုပါ။အျပင္ လမ္းေပၚမွာ ေမာင္းတဲ့ သူေတြအဖို႔ေတာ့ သိပ္ သိသာတဲ့ စံခ်ိန္ကြာျခား မႈကို မျဖစ္ေစေပမယ့္ Quickshifter ပါတဲ့ ဆိုင္ကယ္ကို ေမာင္းရတာ ေတာ္ေတာ္ ရင္ခုန္စရာ ေကာင္းပါတယ္။အေတြ႕အႀကဳံ သစ္အေနနဲ႔ ေတာ္ေတာ္လည္း ေပ်ာ္စရာ ေကာင္းပါတယ္။

သူ အလုပ္လုပ္ပုံက ဂီယာ ထိုးတဲ့ ေမာင္းတံမွာ ပါတဲ့ ဆင္ဆာ ဗူး ေလးက အသက္ပါပဲ။
ေျခေထာက္က ဂီယာထိုးဖို႔ ဂီယာတံကို မလိုက္တာနဲ႔ အဲ့ဒီ ဆင္ဆာေလးက အင္ဂ်င္ရဲ႕ ECU ကို သတင္းပို႔ၿပီး အင္ဂ်င္ကို ၁ စကၠန္႔ရဲ႕ ၁ ေထာင္ပုံ ၂ပုံကေန ၅ ပုံေလာက္ ကာလ ရပ္ေစပါတယ္။အဲ့အခ်ိန္မွာပဲ ဂီယာက ေရွာေရွာ႐ွဴ႐ွဴ ၀င္သြားပါတယ္။ၿပီးေတာ့ စက္ျပန္ႏိုးၿပီး ပုံမွန္အတိုင္း ဆက္သြားပါတယ္။ဒီေတာ့ စက္ရပ္သြားတဲ့ ကာလ တိုလြန္းလို႔ စီးသူက စက္ရပ္သြားတာကို သတိမထားမိပဲ ဆိုင္ကယ္က တစ္ခ်က္ေဆာင့္ သလိုပဲ ျဖစ္သြားပါတယ္။
ဒီေတာ့ နံပါတ္ ၁ တစ္ခ်က္ကိုပဲ ကလပ္ဆြဲ ဂီယာထိုး ကလပ္ေခ်ာ့လႊတ္ လီဗာတင္ စသည္ျဖင့္ ပုံမွန္ လုပ္ေဆာင္သြားရေပမယ့္ ၂၊၃၊၄၊၅၊၆ တို႔ အတြက္ေတာ့ ကလပ္လည္း ဆြဲစရာမလို လီဗာလည္း ျပန္ေလွ်ာ့စရာ မလိုေတာ့ပါဘူး။လီဗာကို ကိုယ္ဆြဲရဲ သေလာက္ဆြဲၿပီး ဂီယာကို တစ္ခ်က္ၿပီး တစ္ခ်က္ မတင္ သြား႐ုံပါပဲ။ေရွ႕ကေျပာသလို ဂီယာ မတင္လိုက္တိုင္း ေဆာင့္ တဲ့ အရသာေတာ့ ခံစားရမွာပါ။
ပုံမွန္က Upshift လို႔ ေခၚတဲ့ ဂီယာတံကို မတင္တဲ့ ေနရာမွာပဲ ကလပ္မပါပဲ တင္လို႔ရၿပီး
ဂီယာျပန္ျဖဳတ္တဲ့ Downshift မွာေတာ့ ကလပ္ဆြဲဖို႔ လိုပါတယ္။
ေနာက္ပိုင္း သိပ္ ေမာ္ဒယ္ျမင့္တဲ့ ဂရိတ္ျမင့္တဲ့ ဘီးေတြမွာေတာ့ Upshift အတြက္ေရာ Downshift အတြက္ေရာ ကလပ္ဆြဲစရာ မလိုေအာင္ လုပ္ေပးထားပါတယ္။

ဒါေနာက္ပိုင္း ဆိုင္ကယ္ေတြမွာ ပါလာေနတဲ့ နည္းပညာျမင့္ ပစၥည္းေလး တစ္ခုကို ညီငယ္မ်ား သိရေအာင္ ေရးေပးတာပါ။
Quickshifter မပါတဲ့ ဘီးေတြလည္း ေနာက္ပိုင္း ၀ယ္တပ္လို႔ ရပါတယ္။ဝါယာႀကိဳးေလးေတြေတာ့ နည္းနည္း ရႈပ္သြားမယ္။

အားလုံးဆိုင္ကယ္ဗဟုသုတနဲ႔ ျပည့္စုံၾကပါေစ။