<Unicode>
Scoopy 50 cc ရဲ့ Main fuse 15A နဲ့ Lighting fuse 10A ထပ်ခါထပ်ခါပြတ်ရခြင်းရဲ့ ပြဿနာ
🍼🍼🍼🍼🍼🍼🍼🍼🍼🍼🍼
Battery ကအထွက် အပေါင်းဟာ Main fuse ခံပြီး ECU ကိုတစ်စ ၀င်ရပါတယ်
ဒါဟာ Ecuကနေ သော့ကို အပေါင်းပြန်ထုတ်ပေးဖို့ဖြစ်ပါတယ်
Main fuse အထွက် ကနေထပ်ခွဲပြီး Main relay ရဲ့ point ပေါ်မှာ တစ်စ တင်ထားရပါတယ်
ဒါဟာသော့ဖွင့်လို့ ECU မှ Main relay ကိုခိုင်းတဲ့အခါ Relay အလုပ်လုပ်ပြီး ဟွန်း ဘရိတ် အချက်ပြ ရှေ့မီး
ဆီပန့် စတဲ့အစိတ်အပိုင်းတွေ အလုပ်လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်
အနက်ကြိုးနဲ့ပက်သက်တဲ့အစိတ်အပိုင်းတွေမှာ ရှော့ကျ ဘော်ဒီအပ်ကျရင် .???
မိန်းဖြူးရဲ့အထွက်မှာ main relay point ကတဆင့် နီနက်ကြိုးနဲ့10Aခံပြီးမှ 10A ကနေအနက်ကြိုးနဲ့ရှေ့ပိုင်းကို သွားတဲ့အတွက် 10A ပဲပြတ်ပါမယ်
15A ပြတ်ဖို့ဆိုရင်တော့ ECU အတွင်းပိုင်းရှော့ကျတာ start relay pointက နီ၀ါကြိုးအကြီး ဖရိန်နဲ့ညပ်နေတာ
Ecu ကနေသော့ကိုအသွား ကြိုးပေါက်ပြီး အပ်ကျတာ
သော့ကပြန်အထွက်အပ်ကျတာ
Ckp အ၀င်ကြိုး အပ်ကျတာ
Ckp ရှော့ကျတာ
Starter charging coil ပေါက်ပြီးရှော့ကျတာ
ကွိုင်ကြီးအကြီးသုံးချောင်း ဘော်ဒီနဲ့ညပ်ပြီး ကြိုးပေါက် ရှော့ကျတာ
စတာတွေကြောင့် ဖြစ်စေနိုင်ပါတယ်
<Zawgyi>
🍼🍼🍼🍼🍼🍼🍼🍼🍼🍼🍼
Ckp အ၀င်ကြိုး အပ်ကျတာ
Ckp ရှော့ကျတာ