<Unicode>
Slipper Clutch ဘယ်လို အလုပ်လုပ်သလဲ ?
ခုနောက်ပိုင်း ဆိုင်ကယ်တွေမှာ Slipper Clutch ဆိုတာ မပါမဖြစ် Function တစ်ခု ဖြစ်လာပါပြီ။
CBR250,R3,Ninja 300,Duke 390 တို့က စလို့ ဘီးအကြီးတွေ အထိ တော်တော်များများ မှာ ပါလာပါတယ်။
ဆိုင်ကယ် စစီးတတ်ခါစကတော့ လီဗာဆွဲရင် ပြေးတယ်။
ဘရိတ်နင်းရင် ရပ်တယ် ဆိုတာနဲ့ စခဲ့ကြရတာပါပဲ။
နောက်ပိုင်း စီးသက်ကလေး ရင့်လာတော့ ဂီယာဒေါင်းပြီး အရှိန်လျှော့တာဟာ ဘရိတ်ကိုချည်းပဲ သုံးပြီး ရပ်ဖို့ ကြိုးစားတာထက် ပိုစိတ်ချရတယ်၊ပို တည်ငြိမ်တယ် ဆိုတာကို သိလာကြပါတယ်။
မြန်မာလိုတော့ ဂီယာဒေါင်းတယ်ပေါ့။အင်္ဂလိပ် လိုတော့ Engine braking လို့ ခေါ်ပါတယ်။
အင်ဂျင်ကို သုံးပြီး ဆိုင်ကယ်ကို အရှိန်လျှော့တဲ့ နည်းပါ။
အရှိန်တစ်ခုနဲ့ မောင်းလာရာကနေ ရုတ်တရက် အရှိန်လျှော့ချင်တာပဲ ဖြစ်ဖြစ်၊ကွေ့တွေကို ၀င်ခါနီး မှာပဲ ဖြစ်ဖြစ် စီးသက်ရင့်လာတဲ့ လူတွေဟာ ဂီယာ ၂ ချက်လောက် ဖြုတ်ချပြီး လီဗာကို မဆွဲပဲ ကလပ်ကို အသာလေး လွှတ်ပေးခြင်းအားဖြင့် အရှိန်သတ်ပါတယ်။
နောက်ဘီးလည်အားတွေက လီဗာမဆွဲပဲ ထားတဲ့ အင်ဂျင်ကို ချိန်းကနေတစ်ဆင့် ပြန်လှည့်စေခြင်းအားဖြင့် ဆိုင်ကယ်အရှိန်ကို လျော့ကျစေပါတယ်။အင်ဂျင်ကို ယာယီအားဖြင့် ကွန်ပရက်ဆာ တစ်လုံးလို အသုံးပြု ပြစ်လိုက်တာပါ။
အဲ့လို လုပ်ရာမှာလည်း တော်တော်များများ ကြုံဖူးကြတာက ဂီယာဒေါင်းတာ များသွားရင်၊အရှိန်နဲ့ မကိုက်ရင် ဆိုင်ကယ် ဖင်လည်သွားတတ်တာလည်း ကြုံဖူးကြမှာပါ။ကွေ့တွေမှာ ပိုသိသာပါတယ်။ကိုယ် ကလည်း အိပ်ကွေ့နေတဲ့ အချိန် ဂီယာဒေါင်းပြီး ကလပ်လွှတ်ချလိုက်တာ ကြမ်းမယ်ဆို ဖင်ယမ်းသွားတတ်သလို အခန့်မသင့်ရင် မှောက်ပါတယ်။အင်ဂျင်ကြီး ရင် ပိုသိသာပါတယ်။
ဒီတော့ ဒီပြဿနာကို ကာကွယ်ဖို့ Slipper Clutch ဆိုတာကို တီထွင်လိုက်ပါတယ်။
အင်ဂျင်က အားတွေကို ကလပ်ပြား၊ဂီယာဘောက်တွေက တစ်ဆင့် နောက်ဘီးကို ပေးရာမှာ ရှောရှောရှူရှူ သွားစေပြီး၊ နောက်ဘီး ကနေ အင်ဂျင်ကို ပြန်လှည့်ဖို့ ကြိုးစားလာရင်တော့ ကလပ်အုံမှာ ချော်သွားစေတဲ့ နည်းကို အသုံးပြုထားပါတယ်။
စက်အကြောင်း နားလည်ပြီး လေ့လာနေတဲ့ လူတွေကတော့ သဘောပေါက်ပါတယ်။
ကလပ်ခြင်း ထဲမှာ ကလပ်ပြားတွေရယ် Friction plate တွေရယ်ကို တစ်လှည့်စီထည့်ထားပြီး နောက်ဆုံးမှာ Pressure plate ဆိုတာက စပရိန် တွေရဲ့ အားကို သုံးပြီး ကလပ်ပြားတွေကို ကလပ်မောင်း လွှတ်ထားတဲ့ အခါ ဖိခြင်း၊ကလပ်မောင်း ဆွဲတဲ့ အခါ ဖော့ပေးခြင်း စသည်ဖြင့် အင်ဂျင်က အားတွေကို ဂီယာဘောက်ကို ပို့ပေးခြင်း၊ဖြတ်ထားခြင်း တို့ကို ဆောင်ရွက်ပါတယ်။
Slipper Clutch မှာတော့ Pressure plate မှာ စောင်းထားတဲ့ အတက်ကလေးတွေ ထည့်ပေးခြင်းအားဖြင့် နောက်ဘီးက အားတွေ ပြန်လာတဲ့အခါ အဲ့ဒီ အတက်ကလေးတွေ ကြောင့် Pressure plate ကြွတက်သွားပြီး ကလပ်မောင်း ဆွဲ ထားတဲ့ အခြေအနေမျိုးကို ဖြစ်စေပါတယ်။
ဒီနည်းနဲ့ နောက်ဘီးက အားတွေ အင်ဂျင်ကို ပြန်ရောက် ခြင်းကို ကာကွယ် ထားပါတယ်။
ထို့ အတူ ဒီ စောင်းထားတဲ့ အတက်ကလေးတွေကြောင့်ပဲ ပုံမှန် အင်ဂျင်က အားတွေ ဂီယာဘောက်ကို ပို့တဲ့ အခါ ပိုမြဲမြံ စေတာကြောင့် ပိုပျော့တဲ့ ကလပ်စပရိန် ကိုလည်း သုံးလို့ ရလာပါတယ်။
ဒါ Slipper Clutch ရဲ့ အလုပ်လုပ်ပုံပါ။
အဲ့ဒီတော့ Slipper Clutch ပါတဲ့ အခါ ဂီယာဒေါင်းပြီး အရှိန်လျော့တဲ့ နည်း အသုံးမ၀င်တော့ပါဘူး။
ထို့ အတူ ဆိုင်ကယ်စက်မနိုးရင်လည်း တွန်းနှိုးလို့ မရတော့ပါဘူး။
ဒါပေမယ့် ပိုကောင်းပါတယ်။ပို အဆင်ပြေပါတယ်။
ကလပ်ဆွဲရတာ အလွန်ပေါ့ပါး ပါမယ်။
ဂီယာဒေါင်းတာ ကြမ်းလို့ ဖင်လည်တဲ့ ပြဿနာ မရှိတော့ပါဘူး။
အရှိန်ထိမ်းဖို့ကတော့ ဆိုင်ကယ်မှာပါတဲ့ ကျန်တဲ့ နည်းပညာတွေက ကြည့်လုပ်ပါလိမ့်မယ်။
နည်းပညာ အသစ်တွေဆိုတာ သူများထက် ဆန်းရင် ပြီးရော ထူးရင်ပြီးရော ဆိုပြီး ထည့်ပေးတာ မဟုတ်ပါဘူး။ Resarch and Development ဆိုတာတွေကို သေသေချာချာလုပ်၊ပြိုင်ကွင်းတွေထဲမှာ အသည်းအသန် နင်လားငါလား မောင်းနေတဲ့ ဆိုင်ကယ်တွေမှာ စမ်းသုံးပြီး အဆင်ပြေတယ် အသုံးတည့်တယ် ဆိုမှ အများပြည်သူကို ချပေးတာပါ။
နည်းပညာ အသစ်တွေကို ကိုယ်စမ်း မသုံးကြည့်ရသေးပဲ၊ကိုယ်နဲ့ သဟဇာတ ဖြစ်မဖြစ် မသိရသေးပဲ မကောင်းဘူး မကြိုက်ဘူး ရမ်းပြောနေရင် "မျက်မမြင် ဆင်စမ်းသလို" ပဲ ဖြစ်နေမှာပါ။
"စတော်ဘယ်ရီ သီးကို စားမကြည့်ပဲနဲ့ ချဉ်သလား ချိုသလား ဆုံးဖြတ်လို့ မရသလိုပေါ့"
တစ်ချို့က မြည်းစမ်းကြည့်ဖို့ အားမသန်ပဲ မကြိုက်ဖူး ဆိုတာ ပိတ်ပြောနေတတ်တာမျိုး ကလား။
အားလုံးပဲ ဆိုင်ကယ်ဗဟုသုတ နဲ့ ပြည့်စုံကြပါစေ။
<Zawgyi>
Slipper Clutch ဘယ္လို အလုပ္လုပ္သလဲ ?
ခုေနာက္ပိုင္း ဆိုင္ကယ္ေတြမွာ Slipper Clutch ဆိုတာ မပါမျဖစ္ Function တစ္ခု ျဖစ္လာပါၿပီ။
CBR250,R3,Ninja 300,Duke 390 တို႔က စလို႔ ဘီးအႀကီးေတြ အထိ ေတာ္ေတာ္မ်ားမ်ား မွာ ပါလာပါတယ္။
ဆိုင္ကယ္ စစီးတတ္ခါစကေတာ့ လီဗာဆြဲရင္ ေျပးတယ္။
ဘရိတ္နင္းရင္ ရပ္တယ္ ဆိုတာနဲ႔ စခဲ့ၾကရတာပါပဲ။
ေနာက္ပိုင္း စီးသက္ကေလး ရင့္လာေတာ့ ဂီယာေဒါင္းၿပီး အရွိန္ေလွ်ာ့တာဟာ ဘရိတ္ကိုခ်ည္းပဲ သုံးၿပီး ရပ္ဖို႔ ႀကိဳးစားတာထက္ ပိုစိတ္ခ်ရတယ္၊ပို တည္ၿငိမ္တယ္ ဆိုတာကို သိလာၾကပါတယ္။
ျမန္မာလိုေတာ့ ဂီယာေဒါင္းတယ္ေပါ႔။အဂၤလိပ္ လိုေတာ့ Engine braking လို႔ ေခၚပါတယ္။
အင္ဂ်င္ကို သုံးၿပီး ဆိုင္ကယ္ကို အရွိန္ေလွ်ာ့တဲ့ နည္းပါ။
အရွိန္တစ္ခုနဲ႔ ေမာင္းလာရာကေန ႐ုတ္တရက္ အရွိန္ေလွ်ာ့ခ်င္တာပဲ ျဖစ္ျဖစ္၊ေကြ႕ေတြကို ၀င္ခါနီး မွာပဲ ျဖစ္ျဖစ္ စီးသက္ရင့္လာတဲ့ လူေတြဟာ ဂီယာ ၂ ခ်က္ေလာက္ ျဖဳတ္ခ်ၿပီး လီဗာကို မဆြဲပဲ ကလပ္ကို အသာေလး လႊတ္ေပးျခင္းအားျဖင့္ အရွိန္သတ္ပါတယ္။
ေနာက္ဘီးလည္အားေတြက လီဗာမဆြဲပဲ ထားတဲ့ အင္ဂ်င္ကို ခ်ိန္းကေနတစ္ဆင့္ ျပန္လွည့္ေစျခင္းအားျဖင့္ ဆိုင္ကယ္အရွိန္ကို ေလ်ာ့က်ေစပါတယ္။အင္ဂ်င္ကို ယာယီအားျဖင့္ ကြန္ပရက္ဆာ တစ္လုံးလို အသုံးျပဳ ျပစ္လိုက္တာပါ။
အဲ့လို လုပ္ရာမွာလည္း ေတာ္ေတာ္မ်ားမ်ား ႀကဳံဖူးၾကတာက ဂီယာေဒါင္းတာ မ်ားသြားရင္၊အရွိန္နဲ႔ မကိုက္ရင္ ဆိုင္ကယ္ ဖင္လည္သြားတတ္တာလည္း ႀကဳံဖူးၾကမွာပါ။ေကြ႕ေတြမွာ ပိုသိသာပါတယ္။ကိုယ္ ကလည္း အိပ္ေကြ႕ေနတဲ့ အခ်ိန္ ဂီယာေဒါင္းၿပီး ကလပ္လႊတ္ခ်လိုက္တာ ၾကမ္းမယ္ဆို ဖင္ယမ္းသြားတတ္သလို အခန္႔မသင့္ရင္ ေမွာက္ပါတယ္။အင္ဂ်င္ႀကီး ရင္ ပိုသိသာပါတယ္။
ဒီေတာ့ ဒီျပႆနာကို ကာကြယ္ဖို႔ Slipper Clutch ဆိုတာကို တီထြင္လိုက္ပါတယ္။
အင္ဂ်င္က အားေတြကို ကလပ္ျပား၊ဂီယာေဘာက္ေတြက တစ္ဆင့္ ေနာက္ဘီးကို ေပးရာမွာ ေရွာေရွာ႐ွဴ႐ွဴ သြားေစၿပီး၊ ေနာက္ဘီး ကေန အင္ဂ်င္ကို ျပန္လွည့္ဖို႔ ႀကိဳးစားလာရင္ေတာ့ ကလပ္အုံမွာ ေခ်ာ္သြားေစတဲ့ နည္းကို အသုံးျပဳထားပါတယ္။
စက္အေၾကာင္း နားလည္ၿပီး ေလ့လာေနတဲ့ လူေတြကေတာ့ သေဘာေပါက္ပါတယ္။
ကလပ္ျခင္း ထဲမွာ ကလပ္ျပားေတြရယ္ Friction plate ေတြရယ္ကို တစ္လွည့္စီထည့္ထားၿပီး ေနာက္ဆုံးမွာ Pressure plate ဆိုတာက စပရိန္ ေတြရဲ႕ အားကို သုံးၿပီး ကလပ္ျပားေတြကို ကလပ္ေမာင္း လႊတ္ထားတဲ့ အခါ ဖိျခင္း၊ကလပ္ေမာင္း ဆြဲတဲ့ အခါ ေဖာ့ေပးျခင္း စသည္ျဖင့္ အင္ဂ်င္က အားေတြကို ဂီယာေဘာက္ကို ပို႔ေပးျခင္း၊ျဖတ္ထားျခင္း တို႔ကို ေဆာင္ရြက္ပါတယ္။
Slipper Clutch မွာေတာ့ Pressure plate မွာ ေစာင္းထားတဲ့ အတက္ကေလးေတြ ထည့္ေပးျခင္းအားျဖင့္ ေနာက္ဘီးက အားေတြ ျပန္လာတဲ့အခါ အဲ့ဒီ အတက္ကေလးေတြ ေၾကာင့္ Pressure plate ႂကြတက္သြားၿပီး ကလပ္ေမာင္း ဆြဲ ထားတဲ့ အေျခအေနမ်ိဳးကို ျဖစ္ေစပါတယ္။
ဒီနည္းနဲ႔ ေနာက္ဘီးက အားေတြ အင္ဂ်င္ကို ျပန္ေရာက္ ျခင္းကို ကာကြယ္ ထားပါတယ္။
ထို႔ အတူ ဒီ ေစာင္းထားတဲ့ အတက္ကေလးေတြေၾကာင့္ပဲ ပုံမွန္ အင္ဂ်င္က အားေတြ ဂီယာေဘာက္ကို ပို႔တဲ့ အခါ ပိုၿမဲၿမံ ေစတာေၾကာင့္ ပိုေပ်ာ့တဲ့ ကလပ္စပရိန္ ကိုလည္း သုံးလို႔ ရလာပါတယ္။
ဒါ Slipper Clutch ရဲ႕ အလုပ္လုပ္ပုံပါ။
အဲ့ဒီေတာ့ Slipper Clutch ပါတဲ့ အခါ ဂီယာေဒါင္းၿပီး အရွိန္ေလ်ာ့တဲ့ နည္း အသုံးမ၀င္ေတာ့ပါဘူး။
ထို႔ အတူ ဆိုင္ကယ္စက္မႏိုးရင္လည္း တြန္းႏႈိးလို႔ မရေတာ့ပါဘူး။
ဒါေပမယ့္ ပိုေကာင္းပါတယ္။ပို အဆင္ေျပပါတယ္။
ကလပ္ဆြဲရတာ အလြန္ေပါ႔ပါး ပါမယ္။
ဂီယာေဒါင္းတာ ၾကမ္းလို႔ ဖင္လည္တဲ့ ျပႆနာ မရွိေတာ့ပါဘူး။
အရွိန္ထိမ္းဖို႔ကေတာ့ ဆိုင္ကယ္မွာပါတဲ့ က်န္တဲ့ နည္းပညာေတြက ၾကည့္လုပ္ပါလိမ့္မယ္။
နည္းပညာ အသစ္ေတြဆိုတာ သူမ်ားထက္ ဆန္းရင္ ၿပီးေရာ ထူးရင္ၿပီးေရာ ဆိုၿပီး ထည့္ေပးတာ မဟုတ္ပါဘူး။ Resarch and Development ဆိုတာေတြကို ေသေသခ်ာခ်ာလုပ္၊ၿပိဳင္ကြင္းေတြထဲမွာ အသည္းအသန္ နင္လားငါလား ေမာင္းေနတဲ့ ဆိုင္ကယ္ေတြမွာ စမ္းသုံးၿပီး အဆင္ေျပတယ္ အသုံးတည့္တယ္ ဆိုမွ အမ်ားျပည္သူကို ခ်ေပးတာပါ။
နည္းပညာ အသစ္ေတြကို ကိုယ္စမ္း မသုံးၾကည့္ရေသးပဲ၊ကိုယ္နဲ႔ သဟဇာတ ျဖစ္မျဖစ္ မသိရေသးပဲ မေကာင္းဘူး မႀကိဳက္ဘူး ရမ္းေျပာေနရင္ "မ်က္မျမင္ ဆင္စမ္းသလို" ပဲ ျဖစ္ေနမွာပါ။
"စေတာ္ဘယ္ရီ သီးကို စားမၾကည့္ပဲနဲ႔ ခ်ဉ္သလား ခ်ိဳသလား ဆုံးျဖတ္လို႔ မရသလိုေပါ႔"
တစ္ခ်ိဳ႕က ျမည္းစမ္းၾကည့္ဖို႔ အားမသန္ပဲ မႀကိဳက္ဖူး ဆိုတာ ပိတ္ေျပာေနတတ္တာမ်ိဳး ကလား။
အားလုံးပဲ ဆိုင္ကယ္ဗဟုသုတ နဲ႔ ျပည့္စုံၾကပါေစ။