<Unicode>
YAMAHA DT125 ရဲ့ 2 stroke Reed Valve Engine
အပိုင်း (၁) Reed Valves and Tuned pipe
အင်ဂျင်နီယာတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို
Informations ပေးတော့မယ်ဆိုရင် အရင်ဆုံး သတိထားရမှာက
မှန်ကန်ဖို့လိုအပ်ပါတယ်...
အထူးသဖြင့် Technical informations တွေပေးတဲ့အခါ...
Engineer ချင်းဆို ကိစ္စသိပ်မရှိဘူး,ကိုယ်ပေးတဲ့ data တွေက
မှားနေရင်သူကကြည့်လိုက်တာနဲ့သတိထားမိနိုင်တယ်...
"ဟရောင် မင်းပေးလိုက်တဲ့ data တွေကမှားနေတယ်...
ငါတွက်ကြည့်ပြီးပြီး...မင်း ပြန် check လုပ်ကြည့်ဦး...)
အဲ့မှာ ကိုယ်က ပြန် check လို့မှားနေရင်...
"အေး ဟုတ်တယ်ကွာ...ငါမှားသွားတယ် sorry သယ်ရင်း..."
ဒါဆို ပြီးသွားပြီ ပြဿနာက...
အဲ...မပြီးတာက Engineer မဟုတ်ပဲ အခြားလူတစ်ယောက်ကို
အဲ့ဒီစက်ပစ္စည်းနဲ့ပတ်သက်တဲ့ informations အမှားတွေ အလွဲတွေကို
ပေးမိသွားရင်...သေပြီဆရာပဲ...
ဘာကြောင့်လဲဆိုတော့ အဲ့လူက ကိုယ်ပေးလိုက်တဲ့ Informations အမှား
တွေကိုအမှန်ပဲထင်နေတော့မှာလေ...
ခေါင်မာတဲ့လူဆိုသေပြီပဲ...သိတဲ့လူ နားလည်တဲ့လူက
ပြောပြလည်းလက်မခံတော့ဘူး...
"ငါ့ကို Engineer ဆရာကြီးတစ်ယောက်က ဒီအတိုင်းပဲပြောထားတာကွ"
ဆိုပြီးတော့လေ...သေအောင်ငြင်းတော့မှာဗျ...
အဲ...ပိုဆိုးတာက သူမှားနေတဲ့ Informations တွေကို အခြားလူတွေကို
လက်ဆင့်ကမ်းပြီးပြောလိုက်ရင် သွားပြီး...
အဲ့ဒီအမှားသံသရာကြီးကလုံးလည်ချာလည်လိုက်နေတော့မှာ...
ဘာဖြစ်လို့ ဒါကိုအရေးတကြီးပြောရလဲဆိုတော့...
အနော်ကိုယ်တိုင်ခံခဲ့ရဖူးလို့ဗျ...
အနော် ဆယ်ကျော်သက်အရွယ် အင်ဂျင်တွေကို
စပြီးစိတ်ဝင်စားတဲ့ အချိန်...အဲ့မှာ 4 stroke တွေကိုနည်းနည်း
တော့နားလည်နေပြီး... 2 stroke တွေကိုတော့ သင်ယူနေတဲ့အချိန်...
အဲ့အချိန်မှာ 2 stroke small engine တွေ အထူးသဖြင့်
ဆိုင်ကယ်အင်ဂျင်တွေပေါ့...DT,NSR နဲ့ တီနာဘီးလေးတွေပေါ့...
အဲ့ဘီးတွေရဲ့ Exhaust အထွက် အရင်းက pipe ကြီးက
ဘာကြောင့် ဖောင်းဖောင်းကြီးဖြစ်နေလဲပေါ့...
4 stroke တွေက မရှိပါဘူး,Exhaust pipe က ပုံမှန်ပဲလေ...
ဒါပေမယ့် 2stroke က ဘာကြောင့် ဖောင်းဖောင်းကြီးနဲ့
အလုံးကြီးဖြစ်နေလဲပေါ့,ပြီးတော့ Exhaust muffler နဲ့ကျတော့
ဆက်ထားတဲ့ pipe က ပုံမှန်သေးသေးလေးပဲလေ...
ဘာဖြစ်လို့လဲပေါ့ အရမ်းသိချင်ခဲ့တာ...
အဲ့မှာ ဆရာတစ်ယောက်ကိုမေးဖူးတယ်...သူကလည်း
BE,Mechanical ပဲဗျ,3rd classသင်္ဘောအင်ဂျင်နီယာတစ်ယောက်...
"ဆရာ ဘာလို့ 2 stroke ဆိုင်ကယ်တွေရဲ့ Exhaust mainfold ကြီးက
ဖောင်းဖောင်းကြီးနဲ့အကြီးကြီးဖြစ်နေရတာလဲ..." ပေါ့...
အနော်ကမေးတော့ သူက တစ်ချက်စဉ်းစားတယ် ပြီးတော့...
"အာ...2 stroke အင်ဂျင်ဆိုတော့ အဲ့ဒါ Turbocharger ပဲပေါ့ကွ..."
အနော်က "ဟုတ်ရဲ့လား ဆရာ..."လို့သေချာအောင်ထပ်မေးတော့
သူက "ဟာ...ဟုတ်တာပေါ့ကွ အဲ့ဒါ Turbocharger အစစ်ပဲ..."တဲ့...
ဒါနဲ့ပဲ အနော်လည်း နှစ်တော်တော်ကြာကြာပဲစွဲနေခဲ့တာ...
DT တွေ NSR တွေ 2 stroke small engines တွေမှာ
Turbo ပါတယ်ဆိုပြီးတော့လေ...အဲ့ဒါကြောင့် ဒီကောင်တွေ
ဆီစားပြီး ပါဝါကောင်းတာပေါ့ ဆိုပြီးတော့လေ...
နောက်တော့ စာတွေဖတ် ရန်ကုန်ရောက် Internet နဲ့
အထိအတွေ့များတော့မှ နားလည်လာတော့တာ...
ဘယ်...ဒီကောင်က Turbocharger မှမဟုတ်ပဲဟာ...
Expansion chamber ခေါ် Tuned pipe သို့ Tuned exhaust လို့
ခေါ်ကြတာဗျ...Turbocharger လုံးဝမဟုတ်ဘူး...
ဆိုင်ကယ်တွေမှာ Turbocharger တပ်ပြီးမထုတ်ကြဘူးဗျ...
အရင်ကတော့ရှိခဲ့တယ် နည်းပညာတွေတိုးတက်ဆဲ
ပိုကောင်းတဲ့ နည်းပညာတွေရှာဖွေနေဆဲအချိန်တွေမှာပေါ့...
Honda ရဲ့ CX series , CX500 Turbo,CX650 Turbo တို့ထုတ်ခဲ့ဘူးတယ်...
Suzuki,Yamaha,Kawasaki တို့လည်းထုတ်ခဲ့ဘူးတယ် 1980 ဝန်းကျင်
တွေမှာပေါ့...နောက်ပိုင်း နည်းပညာတွေတိုးတက်လာတော့
Turbo မလိုတော့ပဲ power ကိုလုံလုံလောက်လောက်ထုတ်နိုင်လာခဲ့တယ်...
အဲ့မှာ ဆိုင်ကယ်တွေမှာ Turbo မသုံးကြတော့ဘူး...
ဒါပေမယ့် Kawasaki က အခု 2014 မှာ Supercharger ပါတဲ့ sportbike
တစ်မျိုး စ ထုတ်ခဲ့တယ်...Ninja H2 တဲ့ Supercharger ပါတယ်,1000cc,
Inline 4 cylinders မြင်းကောင်ရေ 200 ထွက်ပြီး street legal ဖြစ်ပါတယ်...
Racing version လည်းရှိပါတယ်...HP 300 အထိထုတ်ပေးနိုင်တယ်...
အဲ...Suzuki ရဲ့ Hayabusa ကြီးက Turbocharger ကို aftermarket
ဝယ်တပ်လို့ရပါတယ်...
အဲ့မှာရှင်းပြချင်တာက Supercharger ဆိုတာ အင်ဂျင်ရဲ့
Crank shaft ကနေတဆင့် belt နဲ့မောင်းရတဲ့ charger တစ်မျိုးပါ...
(Crankshaft ကနေ Belt ကြိုး၊ Chain ကြိးု၊ Gear သွားတွေနဲ့ချိတ်ဆက်ပြီး
မောင်းကြသလို တစ်ချို့ကလည်း မော်တာနဲ့သီးသန့်လည်ပတ်စေတာ
တွေ့ရပါတယ်။ Ninja H2 မှာ Chain ကြိုး ၃ချောင်းပူးနဲ့ဆက်သွယ်လည်ပတ်
စေပြီး အမြင့်ဆံုး RPM မှာ 130000 အထိရှိပါတယ်။)
Turbocharger ဆိုတာက အင်ဂျင်ရဲ့ Exhaust ကနေတဆင့်
ကန်ထွက်လာတဲ့ Burnt gas တွေကို ဒလက်နဲ့တစ်ဆင့်ခံပြီး
အဲ့ ဒလက်ရဲ့ shaft နဲ့ ဆက်သွယ်ထားတဲ့ charger ရဲ့ ဒလက်တွေ
ကိုလည်ပတ်စေပြီး လေတွေကို force နဲ့သွင်းတဲ့ charger မျိုးပါ...
Turbocharger ကို သင်္ဘောကြီးတွေ အများဆုံးအသုံးပြုပါတယ်...
Supercharger က Turbocharger ထက်ပိုပြီး ထိရောက်မှုရှိပါတယ်...
ပြိုင်ကား တွေမှာ အများဆုံး အသုံးပြုပါတယ်...
ဆိုင်ကယ်တွေမှာဘာကြောင့် Turbo တွေမသုံးတော့လဲဆိုတော့
ဒီကောင်တွေက သိတဲ့အတိုင်း အရမ်းနုပါတယ်...
ဆိုင်ကယ်ဆိုတာက ကားတွေလိုအကြီးကြီးတွေမဟုတ်တော့
Turbocharger တွေကို လုံလုံခြုံခြုံ ကာကွယ်မှုမပေးနိုင်ပါဘူး...
လမ်းကြမ်းတွေမှာမောင်းမယ် လမ်းမတွေမှာလည်း မှောက်ရင်
လဲရင် Turbo စက်ကထိခိုက်နိုင်ပါတယ်...
အထဲမှာ ဒလက်တွေနဲ့ အနုစိတ်တည်ဆောက်ထားတဲ့အတွက်
အပြင်က ထိမိခိုက်မိတာနဲ့အလွယ်တကူပျက်စီးသွားနိုင်ပါတယ်...
အဲ...Charger တပ်ထားထဲ အင်ဂျင်က အဲ့ Charger ပျက်သွားရင်သွားပြီး...
Charger ထဲက ဒလက်တွေက မလည်တော့ပဲ အင်ဂျင်ရဲ့ intake ကို
ပိတ်ထားသလိုဖြစ်ပြီး intake fresh air တွေမဝင်နိုင်တော့ပဲ
အင်ဂျင်လဲထိုးရပ်တော့တာပဲ...အဲ့ဒါကြောင့် ဆိုင်ကယ်တွေမှာ
Charger တပ်တာကို စွန့်လွှတ်လိုက်ကြတာပဲဗျ...
ပြီးတော့ အခုခေတ်ဆိုင်ကယ်တွေက Charger တပ်စရာမလိုပဲနဲ့ကို
Output power တွေက အရမ်းကောင်းနေကြပြီလေ...
600cc range sportbikes တွေဆို HP 100 ကျော်တွေ အသာလေး
ထုတ်ပေးနိုင်ကြပြီးဆိုတော့လေ...
ထားပါတော့လေ...DT အကြောင်းပြောနေရင်းနဲ့
ချော်တောငေါ့သွားတယ်...ပြန်ဆက်ကြရအောင်...
2 stroke small engines တွေမှာတွေ့ရတဲ့ Exhaust mainfold
ဖောင်းဖောင်းကြီးက expansion chamber ခေါ် Tuned pipe ပါပဲ...
1938 ဝန်းကျင် ဂျာမနီမှာ ရေနံပြတ်လတ်နေတဲ့အချိန်
လောင်စာတွေချွေတာသုံးနေရတဲ့အချိန်မှာ Limbach လို့ခေါ်တဲ့
German engineer တစ်ယောက်က ဆီချွေတာမိအောင်
နည်းလမ်းတွေ ကြံဆနေချိန်မှာ တီထွင်ခဲ့တာဗျ...
ပုံမှာပြထားတဲ့အတိုင်း 2 stroke engine က intake stroke နဲ့
Compression stroke ကို တပြိုင်နက်တည်းရယူတဲ့အချိန်မှာ
Carburetor နဲ့ဆက်ထားတဲ့ Reed valves က ပွင့်နေတယ်...
အဲ့မှာ လေဆီရောတွေက Piston အောက်က crank case ထဲဝင်ပြီး
Crank case ထဲမှာ ခိုအောင်းနေတယ်...
Piston က အပေါ်ကိုတက်သွားတဲ့အချိန်မှာ intake နဲ့ exhaust ports
တွေကို piston ရဲ့ body နဲ့ပဲပိတ်သွားတယ်...
လေဆီရောတွေကို ဖိညှစ်လိုက်တယ်...pressure ရတယ်...
အဲ့အချိန်မှာ CDI က timing နဲ့ မီးပေးလိုက်တယ်...
Spark plug က မီးပွင့်တယ်...ပေါက်ကွဲတယ်...combustion ဖြစ်တယ်
Power ရတယ် piston ကအောက်ကိုဆင်းတယ်...
Power stroke နဲ့ Exhaust stroke တစ်ပြိုင်နက်တည်းဖြစ်တယ်...
အဲ့မှာ piston က သူ့ရဲ့အောက် Cylinder ထဲမှာရှိတဲ့ လေဆီရောတွေကို
ဖိနှိပ်လိုက်တယ်...လေဆီရောတွေက crank case ထဲမှာ ဖိနှိပ်ခံရပြီး
တစ်ဖက်ပဲဖွင့်လို့ရတဲ့ Reed valves တွေကိုပိတ်လိုက်သလိုဖြစ်တယ်
အဲ့မှာ ထွက်စရာ အပေါက်တစ်ခုပဲကျန်တဲ့ Transfer port ကိုဖြတ်တယ်...
Piston အပေါ်က Cylinder ထဲဝင်တယ်...Exhaust gas တွေကို
Cylinder ထဲကတဆင့် exhaust port ကိုဖြတ်ပြီး tuned pipe
ထဲထိတွန်းကန်ပြီးပို့လိုက်တယ်...
ပြီးတော့ Exhaust port ကိုပါထပ်ဝင်တယ်...tuned pipe ထဲရောက်တယ်...
Tuned pipe ထဲမှာ နဂိုက ရှိပြီးသား burnt gas တွေလှောင်ပိတ်
နေတော့ ဒီကောင်တွေက အသစ်ဝင်လာတဲ့ လေဆီရောတွေကို
ပြန်ပြီးတွန်းကန်တယ်...tuned pipe ရဲ့အဆုံးမှာ အပေါက်ဝကို
ကျဉ်းထားတော့ လောင်ကျွမ်းပြီးသား burnt gas တွေကရုတ်တရပ်
မထွက်နိုင်ဖြစ်ပြီး ပိတ်ဆို့နေကြတာပေါ့...အဲ့မှာ burnt gas တွေက
Fresh လေဆီရောတွေကို ပြန်ကန်ကြတာပေါ့...
အဲ့ဒါနဲ့ လေဆီရောတွေက ထုထည်ကျစ်ကျစ်လစ်လစ်နဲ့
Cylinder ထဲပြန်ဝင်လာကြတာပေါ့...အဲ့ဒီမှာ ကွက်တိ piston က
Compression ယူရင်းတက်လာတာပေါ့...transfer port က ဝင်လာတဲ့
လေဆီရောတွေရယ် tuned pipe က ပြန်ဝင်လာတဲ့ လေဆီရော တွေရယ်
ဆုံပြီး ထုထည်ပိုပြီးကျစ်လစ်လာတာပေါ့ဗျာ...
အဲ့မှာ power stroke နောက်တစ်ကြိမ်ယူတော့တာပဲ...
(နားလည်ကြရဲ့လားမသိဘူး ကြိုးစားပြီးရှင်းပြထားပါတယ်...)
Exhaust ကို ရိုးရိုးလုပ်ထားနဲ့စာရင် tuned pipe က power ပိုရတယ်
လေဆီရောတွေ ကို volumetric ဖြစ်စေတယ် ထုထည်ကျစ်လစ်စေတယ်ပေါ့...
ဆီစားလည်းပိုသက်သာတယ်ပေါ့ဗျာ...ဒါပေမယ့် tuned pipe
ထဲ လေဆီရောတွေ ကျန်ကျန်နေတက်တော့ ဆီစားတုန်းပဲပေါ့...
အခုနောက်ပိုင်း Fuel injection နဲ့ဆိုတော့ ဆီတွေက waste မဖြစ်တော့ပဲ
ဆီစားသက်သာလာကြတယ်ဗျ...KTM 2 stroke တွေပေါ့...
နည်းပညာတွေက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာကြတာပေါ့ဗျာ...
2 stroke တွေရဲ့ အဓိက အားသာချက်ကတော့ valves တွေ
Valves ကိုမောင်းရတဲ့ chain drive တွေ cam တွေ မပါကြတာပဲဗျ...
အဲ့ကောင်တွေမပါတော့ လှုပ်ရှားရတဲ့ အစိတ်အပိုင်း အများကြီး
မပါတော့ ကြာရှည်လည်းခံတယ် weight လည်းလျှော့သွားတာပေါ့ဗျာ...
သူ့ရဲ့ Intake ကို Carburetor နဲ့ဆက်ထားတဲ့ reed valves တွေကပဲ
ထိန်းချုပ်သွားတာ...reed valves ဆိုတာ မြန်မာအခေါ် လျှာခင် ပုံစံလေးပေါ့
Carbon fiber နဲ့လုပ်ထားတာ,အဝင်ပဲရတယ် အထွက်မရဘူး...
Check valve သို့ Non return valve အမျိုးအစားထဲမှာပါတယ်...
ငယ်ငယ်က ကစားစရာ နှဲ လေးတွေ မှတ်မိရဲ့လားမသိဘူး...
အလယ်မှာ လျှာခင်အဖက်လေးနဲ့ ဒီဖက်က မှုတ်မှအသံမြည်တယ်...
ဟိုဖက်က မှုတ်ရင် လုံးဝကို ပိတ်နေတာလေ...
Reed valve ဆိုတာ အဲ့လိုမျိုးပဲ...Carburetor အထွက် cylinder ရဲ့
Intake မှာတည်ရှိတယ်...Reed valves တွေကို အခုထိသုံးကြတုန်းပဲ
2 Stroke တွေမှာ Yamaha YZ series,KTM 2 stroke,Gas Gas အစရှိသဖြင့်ပေါ့...
အဲ...power valves မြန်မာအခေါ်ဘားဘူး တွေကိုတော့
Cylinder ရဲ့ Exhaust port မှာ တပ်ကြတယ်ဗျ...
2 stroke exhaust က မြင်တဲ့အတိုင်း ဖောင်းဖောင်းကြီးနဲ့ ပြီးတော့
Exhaust gas တွေကိုထိန်းချုပ်တဲ့ ကျဉ်းသွားတဲ့နေရာ ပြီးမှ
Exhaust muffler ကို အထဲမှာ silencer ထည့်ထားပြီးတပ်ထားတာပေါ့ဗျာ...
အဲ့ exhaust tuned pipe ကြီးထဲမှာ catalytic CO2 convertor ရှိတယ်...
လေထုညစ်ညမ်းမှာစိုးလို့ပေါ့ဗျာ...exhaust gas တွေက tuned pipe ထဲက
နေတဆင့် တွန်းကန်ပြီးထွက်လာရတော့ ဖွတ် ဖွတ် နဲ့ အသံမြည်တာပေါ့
High RPM ဆိုရင်တော့ သိတဲ့အတိုင်းပဲ ကလေးသားလေးအော်သံလို
ငယ်သံပါနေတာပေါ့ဗျာ...ပြီးတော့ DT တွေရဲ့ Exhaust muffler အဆုံးမှာ
Pipe အကောက်လေးတပ်ထားတာသတိထားမိလားမသိဘူး...
အဲ့ဒါ မတပ်ထားရင် Exhaust ကထွက်တဲ့ မီးခိုး gas ထဲမှာ ဆီချေးအစက်
တွေပါလာတက်တယ်ပြီး ဖွာကြဲလိုက်သလိုဖြစ်ပြီး အနောက်က ထိုင်တဲ့
Passenger ရဲ့ကျောက်ကုန်းကို ပေကျံစေတော့တာပဲဗျ...အနောက်ထိုင်ခုံ
လည်းဆီချေးစက်တွေစင်ပြီးညစ်ပတ်ကုန်ရောဗျ...ဘာလို့လဲဆိုတော့
အပေါ်မှာရှင်းပြထားတဲ့အတိုင်းပဲ intake လေဆီရောတွေက crank case
ထဲကိုဖြတ်ဝင်လာရလို့လေ အဲ့မှာ crank case ထဲက ဆီချေးတွေကပ်ပါ
လာတော့တာပေါ့...တချို့ဘီးတွေဆို ကိုယ့်ဟာကိုပဲ custom မိတ်လုပ်ပြီး
တော့ extension pipe လုံးသေးသေးလေးကို ခပ်ရှည်ရှည်တပ်ထားကြတာ
တွေ့ဘူးလိမ့်မယ်...အဲ့ခါကြတော့ ဆီချေးစက်တွေနဲ့ exhaust gas တွေက
Pipe ရဲ့ အောက်စိုက်ထားတဲ့ direction အတိုင်းပဲ တစ်စုတစ်စည်းတည်း
ထွက်တော့တာပေါ့ဗျ
တော်လောက်ပါပြီး နောက်များမှ အပိုင်း ၂ ကိုဆက်ကြတာပေါ့.... :-)
........................အားလုံးပဲဆိုင်ကယ်ဗဟုသုတနဲ့ပြည့်ဝကြပါစေ.....................
..........................Sharing knowledge is developing mankind..........................
..........................................by Lawrence Peace............................................
ကိုပိစ္
<Zawgyi>
YAMAHA DT125 ရဲ႕ 2 stroke Reed Valve Engine
အပိုင္း (၁) Reed Valves and Tuned pipe
အင္ဂ်င္နီယာတစ္ေယာက္ဟာ အျခားလူတစ္ေယာက္ကို
Informations ေပးေတာ့မယ္ဆိုရင္ အရင္ဆုံး သတိထားရမွာက
မွန္ကန္ဖို႔လိုအပ္ပါတယ္...
အထူးသျဖင့္ Technical informations ေတြေပးတဲ့အခါ...
Engineer ခ်င္းဆို ကိစၥသိပ္မရွိဘူး,ကိုယ္ေပးတဲ့ data ေတြက
မွားေနရင္သူကၾကည့္လိုက္တာနဲ႔သတိထားမိႏိုင္တယ္...
"ဟေရာင္ မင္းေပးလိုက္တဲ့ data ေတြကမွားေနတယ္...
ငါတြက္ၾကည့္ၿပီးၿပီး...မင္း ျပန္ check လုပ္ၾကည့္ဦး...)
အဲ့မွာ ကိုယ္က ျပန္ check လို႔မွားေနရင္...
"ေအး ဟုတ္တယ္ကြာ...ငါမွားသြားတယ္ sorry သယ္ရင္း..."
ဒါဆို ၿပီးသြားၿပီ ျပႆနာက...
အဲ...မၿပီးတာက Engineer မဟုတ္ပဲ အျခားလူတစ္ေယာက္ကို
အဲ့ဒီစက္ပစၥည္းနဲ႔ပတ္သက္တဲ့ informations အမွားေတြ အလြဲေတြကို
ေပးမိသြားရင္...ေသၿပီဆရာပဲ...
ဘာေၾကာင့္လဲဆိုေတာ့ အဲ့လူက ကိုယ္ေပးလိုက္တဲ့ Informations အမွား
ေတြကိုအမွန္ပဲထင္ေနေတာ့မွာေလ...
ေခါင္မာတဲ့လူဆိုေသၿပီပဲ...သိတဲ့လူ နားလည္တဲ့လူက
ေျပာျပလည္းလက္မခံေတာ့ဘူး...
"ငါ႔ကို Engineer ဆရာႀကီးတစ္ေယာက္က ဒီအတိုင္းပဲေျပာထားတာကြ"
ဆိုၿပီးေတာ့ေလ...ေသေအာင္ျငင္းေတာ့မွာဗ်...
အဲ...ပိုဆိုးတာက သူမွားေနတဲ့ Informations ေတြကို အျခားလူေတြကို
လက္ဆင့္ကမ္းၿပီးေျပာလိုက္ရင္ သြားၿပီး...
အဲ့ဒီအမွားသံသရာႀကီးကလုံးလည္ခ်ာလည္လိုက္ေနေတာ့မွာ...
ဘာျဖစ္လို႔ ဒါကိုအေရးတႀကီးေျပာရလဲဆိုေတာ့...
အေနာ္ကိုယ္တိုင္ခံခဲ့ရဖူးလို႔ဗ်...
အေနာ္ ဆယ္ေက်ာ္သက္အရြယ္ အင္ဂ်င္ေတြကို
စၿပီးစိတ္ဝင္စားတဲ့ အခ်ိန္...အဲ့မွာ 4 stroke ေတြကိုနည္းနည္း
ေတာ့နားလည္ေနၿပီး... 2 stroke ေတြကိုေတာ့ သင္ယူေနတဲ့အခ်ိန္...
အဲ့အခ်ိန္မွာ 2 stroke small engine ေတြ အထူးသျဖင့္
ဆိုင္ကယ္အင္ဂ်င္ေတြေပါ႔...DT,NSR နဲ႔ တီနာဘီးေလးေတြေပါ႔...
အဲ့ဘီးေတြရဲ႕ Exhaust အထြက္ အရင္းက pipe ႀကီးက
ဘာေၾကာင့္ ေဖာင္းေဖာင္းႀကီးျဖစ္ေနလဲေပါ႔...
4 stroke ေတြက မရွိပါဘူး,Exhaust pipe က ပုံမွန္ပဲေလ...
ဒါေပမယ့္ 2stroke က ဘာေၾကာင့္ ေဖာင္းေဖာင္းႀကီးနဲ႔
အလုံးႀကီးျဖစ္ေနလဲေပါ႔,ၿပီးေတာ့ Exhaust muffler နဲ႔က်ေတာ့
ဆက္ထားတဲ့ pipe က ပုံမွန္ေသးေသးေလးပဲေလ...
ဘာျဖစ္လို႔လဲေပါ႔ အရမ္းသိခ်င္ခဲ့တာ...
အဲ့မွာ ဆရာတစ္ေယာက္ကိုေမးဖူးတယ္...သူကလည္း
BE,Mechanical ပဲဗ်,3rd classသေဘၤာအင္ဂ်င္နီယာတစ္ေယာက္...
"ဆရာ ဘာလို႔ 2 stroke ဆိုင္ကယ္ေတြရဲ႕ Exhaust mainfold ႀကီးက
ေဖာင္းေဖာင္းႀကီးနဲ႔အႀကီးႀကီးျဖစ္ေနရတာလဲ..." ေပါ႔...
အေနာ္ကေမးေတာ့ သူက တစ္ခ်က္စဉ္းစားတယ္ ၿပီးေတာ့...
"အာ...2 stroke အင္ဂ်င္ဆိုေတာ့ အဲ့ဒါ Turbocharger ပဲေပါ႔ကြ..."
အေနာ္က "ဟုတ္ရဲ႕လား ဆရာ..."လို႔ေသခ်ာေအာင္ထပ္ေမးေတာ့
သူက "ဟာ...ဟုတ္တာေပါ႔ကြ အဲ့ဒါ Turbocharger အစစ္ပဲ..."တဲ့...
ဒါနဲ႔ပဲ အေနာ္လည္း ႏွစ္ေတာ္ေတာ္ၾကာၾကာပဲစြဲေနခဲ့တာ...
DT ေတြ NSR ေတြ 2 stroke small engines ေတြမွာ
Turbo ပါတယ္ဆိုၿပီးေတာ့ေလ...အဲ့ဒါေၾကာင့္ ဒီေကာင္ေတြ
ဆီစားၿပီး ပါဝါေကာင္းတာေပါ႔ ဆိုၿပီးေတာ့ေလ...
ေနာက္ေတာ့ စာေတြဖတ္ ရန္ကုန္ေရာက္ Internet နဲ႔
အထိအေတြ႕မ်ားေတာ့မွ နားလည္လာေတာ့တာ...
ဘယ္...ဒီေကာင္က Turbocharger မွမဟုတ္ပဲဟာ...
Expansion chamber ေခၚ Tuned pipe သို႔ Tuned exhaust လို႔
ေခၚၾကတာဗ်...Turbocharger လုံးဝမဟုတ္ဘူး...
ဆိုင္ကယ္ေတြမွာ Turbocharger တပ္ၿပီးမထုတ္ၾကဘူးဗ်...
အရင္ကေတာ့ရွိခဲ့တယ္ နည္းပညာေတြတိုးတက္ဆဲ
ပိုေကာင္းတဲ့ နည္းပညာေတြရွာေဖြေနဆဲအခ်ိန္ေတြမွာေပါ႔...
Honda ရဲ႕ CX series , CX500 Turbo,CX650 Turbo တို႔ထုတ္ခဲ့ဘူးတယ္...
Suzuki,Yamaha,Kawasaki တို႔လည္းထုတ္ခဲ့ဘူးတယ္ 1980 ဝန္းက်င္
ေတြမွာေပါ႔...ေနာက္ပိုင္း နည္းပညာေတြတိုးတက္လာေတာ့
Turbo မလိုေတာ့ပဲ power ကိုလုံလုံေလာက္ေလာက္ထုတ္ႏိုင္လာခဲ့တယ္...
အဲ့မွာ ဆိုင္ကယ္ေတြမွာ Turbo မသုံးၾကေတာ့ဘူး...
ဒါေပမယ့္ Kawasaki က အခု 2014 မွာ Supercharger ပါတဲ့ sportbike
တစ္မ်ိဳး စ ထုတ္ခဲ့တယ္...Ninja H2 တဲ့ Supercharger ပါတယ္,1000cc,
Inline 4 cylinders ျမင္းေကာင္ေရ 200 ထြက္ၿပီး street legal ျဖစ္ပါတယ္...
Racing version လည္းရွိပါတယ္...HP 300 အထိထုတ္ေပးႏိုင္တယ္...
အဲ...Suzuki ရဲ႕ Hayabusa ႀကီးက Turbocharger ကို aftermarket
ဝယ္တပ္လို႔ရပါတယ္...
အဲ့မွာရွင္းျပခ်င္တာက Supercharger ဆိုတာ အင္ဂ်င္ရဲ႕
Crank shaft ကေနတဆင့္ belt နဲ႔ေမာင္းရတဲ့ charger တစ္မ်ိဳးပါ...
(Crankshaft ကေန Belt ႀကိဳး၊ Chain ႀကိးု၊ Gear သြားေတြနဲ႔ခ်ိတ္ဆက္ၿပီး
ေမာင္းၾကသလို တစ္ခ်ိဳ႕ကလည္း ေမာ္တာနဲ႔သီးသန္႔လည္ပတ္ေစတာ
ေတြ႕ရပါတယ္။ Ninja H2 မွာ Chain ႀကိဳး ၃ေခ်ာင္းပူးနဲ႔ဆက္သြယ္လည္ပတ္
ေစၿပီး အျမင့္ဆံုး RPM မွာ 130000 အထိရွိပါတယ္။)
Turbocharger ဆိုတာက အင္ဂ်င္ရဲ႕ Exhaust ကေနတဆင့္
ကန္ထြက္လာတဲ့ Burnt gas ေတြကို ဒလက္နဲ႔တစ္ဆင့္ခံၿပီး
အဲ့ ဒလက္ရဲ႕ shaft နဲ႔ ဆက္သြယ္ထားတဲ့ charger ရဲ႕ ဒလက္ေတြ
ကိုလည္ပတ္ေစၿပီး ေလေတြကို force နဲ႔သြင္းတဲ့ charger မ်ိဳးပါ...
Turbocharger ကို သေဘၤာႀကီးေတြ အမ်ားဆုံးအသုံးျပဳပါတယ္...
Supercharger က Turbocharger ထက္ပိုၿပီး ထိေရာက္မႈရွိပါတယ္...
ၿပိဳင္ကား ေတြမွာ အမ်ားဆုံး အသုံးျပဳပါတယ္...
ဆိုင္ကယ္ေတြမွာဘာေၾကာင့္ Turbo ေတြမသုံးေတာ့လဲဆိုေတာ့
ဒီေကာင္ေတြက သိတဲ့အတိုင္း အရမ္းႏုပါတယ္...
ဆိုင္ကယ္ဆိုတာက ကားေတြလိုအႀကီးႀကီးေတြမဟုတ္ေတာ့
Turbocharger ေတြကို လုံလုံၿခဳံၿခဳံ ကာကြယ္မႈမေပးႏိုင္ပါဘူး...
လမ္းၾကမ္းေတြမွာေမာင္းမယ္ လမ္းမေတြမွာလည္း ေမွာက္ရင္
လဲရင္ Turbo စက္ကထိခိုက္ႏိုင္ပါတယ္...
အထဲမွာ ဒလက္ေတြနဲ႔ အႏုစိတ္တည္ေဆာက္ထားတဲ့အတြက္
အျပင္က ထိမိခိုက္မိတာနဲ႔အလြယ္တကူပ်က္စီးသြားႏိုင္ပါတယ္...
အဲ...Charger တပ္ထားထဲ အင္ဂ်င္က အဲ့ Charger ပ်က္သြားရင္သြားၿပီး...
Charger ထဲက ဒလက္ေတြက မလည္ေတာ့ပဲ အင္ဂ်င္ရဲ႕ intake ကို
ပိတ္ထားသလိုျဖစ္ၿပီး intake fresh air ေတြမဝင္ႏိုင္ေတာ့ပဲ
အင္ဂ်င္လဲထိုးရပ္ေတာ့တာပဲ...အဲ့ဒါေၾကာင့္ ဆိုင္ကယ္ေတြမွာ
Charger တပ္တာကို စြန္႔လႊတ္လိုက္ၾကတာပဲဗ်...
ၿပီးေတာ့ အခုေခတ္ဆိုင္ကယ္ေတြက Charger တပ္စရာမလိုပဲနဲ႔ကို
Output power ေတြက အရမ္းေကာင္းေနၾကၿပီေလ...
600cc range sportbikes ေတြဆို HP 100 ေက်ာ္ေတြ အသာေလး
ထုတ္ေပးႏိုင္ၾကၿပီးဆိုေတာ့ေလ...
ထားပါေတာ့ေလ...DT အေၾကာင္းေျပာေနရင္းနဲ႔
ေခ်ာ္ေတာေငါ႔သြားတယ္...ျပန္ဆက္ၾကရေအာင္...
2 stroke small engines ေတြမွာေတြ႕ရတဲ့ Exhaust mainfold
ေဖာင္းေဖာင္းႀကီးက expansion chamber ေခၚ Tuned pipe ပါပဲ...
1938 ဝန္းက်င္ ဂ်ာမနီမွာ ေရနံျပတ္လတ္ေနတဲ့အခ်ိန္
ေလာင္စာေတြေခြၽတာသုံးေနရတဲ့အခ်ိန္မွာ Limbach လို႔ေခၚတဲ့
German engineer တစ္ေယာက္က ဆီေခြၽတာမိေအာင္
နည္းလမ္းေတြ ႀကံဆေနခ်ိန္မွာ တီထြင္ခဲ့တာဗ်...
ပုံမွာျပထားတဲ့အတိုင္း 2 stroke engine က intake stroke နဲ႔
Compression stroke ကို တၿပိဳင္နက္တည္းရယူတဲ့အခ်ိန္မွာ
Carburetor နဲ႔ဆက္ထားတဲ့ Reed valves က ပြင့္ေနတယ္...
အဲ့မွာ ေလဆီေရာေတြက Piston ေအာက္က crank case ထဲဝင္ၿပီး
Crank case ထဲမွာ ခိုေအာင္းေနတယ္...
Piston က အေပၚကိုတက္သြားတဲ့အခ်ိန္မွာ intake နဲ႔ exhaust ports
ေတြကို piston ရဲ႕ body နဲ႔ပဲပိတ္သြားတယ္...
ေလဆီေရာေတြကို ဖိညႇစ္လိုက္တယ္...pressure ရတယ္...
အဲ့အခ်ိန္မွာ CDI က timing နဲ႔ မီးေပးလိုက္တယ္...
Spark plug က မီးပြင့္တယ္...ေပါက္ကြဲတယ္...combustion ျဖစ္တယ္
Power ရတယ္ piston ကေအာက္ကိုဆင္းတယ္...
Power stroke နဲ႔ Exhaust stroke တစ္ၿပိဳင္နက္တည္းျဖစ္တယ္...
အဲ့မွာ piston က သူ့ရဲ႕ေအာက္ Cylinder ထဲမွာရွိတဲ့ ေလဆီေရာေတြကို
ဖိႏွိပ္လိုက္တယ္...ေလဆီေရာေတြက crank case ထဲမွာ ဖိႏွိပ္ခံရၿပီး
တစ္ဖက္ပဲဖြင့္လို႔ရတဲ့ Reed valves ေတြကိုပိတ္လိုက္သလိုျဖစ္တယ္
အဲ့မွာ ထြက္စရာ အေပါက္တစ္ခုပဲက်န္တဲ့ Transfer port ကိုျဖတ္တယ္...
Piston အေပၚက Cylinder ထဲဝင္တယ္...Exhaust gas ေတြကို
Cylinder ထဲကတဆင့္ exhaust port ကိုျဖတ္ၿပီး tuned pipe
ထဲထိတြန္းကန္ၿပီးပို႔လိုက္တယ္...
ၿပီးေတာ့ Exhaust port ကိုပါထပ္ဝင္တယ္...tuned pipe ထဲေရာက္တယ္...
Tuned pipe ထဲမွာ နဂိုက ရွိၿပီးသား burnt gas ေတြေလွာင္ပိတ္
ေနေတာ့ ဒီေကာင္ေတြက အသစ္ဝင္လာတဲ့ ေလဆီေရာေတြကို
ျပန္ၿပီးတြန္းကန္တယ္...tuned pipe ရဲ႕အဆုံးမွာ အေပါက္ဝကို
က်ဉ္းထားေတာ့ ေလာင္ကြၽမ္းၿပီးသား burnt gas ေတြက႐ုတ္တရပ္
မထြက္ႏိုင္ျဖစ္ၿပီး ပိတ္ဆို႔ေနၾကတာေပါ႔...အဲ့မွာ burnt gas ေတြက
Fresh ေလဆီေရာေတြကို ျပန္ကန္ၾကတာေပါ႔...
အဲ့ဒါနဲ႔ ေလဆီေရာေတြက ထုထည္က်စ္က်စ္လစ္လစ္နဲ႔
Cylinder ထဲျပန္ဝင္လာၾကတာေပါ႔...အဲ့ဒီမွာ ကြက္တိ piston က
Compression ယူရင္းတက္လာတာေပါ႔...transfer port က ဝင္လာတဲ့
ေလဆီေရာေတြရယ္ tuned pipe က ျပန္ဝင္လာတဲ့ ေလဆီေရာ ေတြရယ္
ဆုံၿပီး ထုထည္ပိုၿပီးက်စ္လစ္လာတာေပါ႔ဗ်ာ...
အဲ့မွာ power stroke ေနာက္တစ္ႀကိမ္ယူေတာ့တာပဲ...
(နားလည္ၾကရဲ႕လားမသိဘူး ႀကိဳးစားၿပီးရွင္းျပထားပါတယ္...)
Exhaust ကို ႐ိုး႐ိုးလုပ္ထားနဲ႔စာရင္ tuned pipe က power ပိုရတယ္
ေလဆီေရာေတြ ကို volumetric ျဖစ္ေစတယ္ ထုထည္က်စ္လစ္ေစတယ္ေပါ႔...
ဆီစားလည္းပိုသက္သာတယ္ေပါ႔ဗ်ာ...ဒါေပမယ့္ tuned pipe
ထဲ ေလဆီေရာေတြ က်န္က်န္ေနတက္ေတာ့ ဆီစားတုန္းပဲေပါ႔...
အခုေနာက္ပိုင္း Fuel injection နဲ႔ဆိုေတာ့ ဆီေတြက waste မျဖစ္ေတာ့ပဲ
ဆီစားသက္သာလာၾကတယ္ဗ်...KTM 2 stroke ေတြေပါ႔...
နည္းပညာေတြက တစ္ဆင့္ၿပီးတစ္ဆင့္ တိုးတက္လာၾကတာေပါ႔ဗ်ာ...
2 stroke ေတြရဲ႕ အဓိက အားသာခ်က္ကေတာ့ valves ေတြ
Valves ကိုေမာင္းရတဲ့ chain drive ေတြ cam ေတြ မပါၾကတာပဲဗ်...
အဲ့ေကာင္ေတြမပါေတာ့ လႈပ္ရွားရတဲ့ အစိတ္အပိုင္း အမ်ားႀကီး
မပါေတာ့ ၾကာရွည္လည္းခံတယ္ weight လည္းေလွ်ာ့သြားတာေပါ႔ဗ်ာ...
သူ့ရဲ႕ Intake ကို Carburetor နဲ႔ဆက္ထားတဲ့ reed valves ေတြကပဲ
ထိန္းခ်ဳပ္သြားတာ...reed valves ဆိုတာ ျမန္မာအေခၚ လွ်ာခင္ ပုံစံေလးေပါ႔
Carbon fiber နဲ႔လုပ္ထားတာ,အဝင္ပဲရတယ္ အထြက္မရဘူး...
Check valve သို႔ Non return valve အမ်ိဳးအစားထဲမွာပါတယ္...
ငယ္ငယ္က ကစားစရာ ႏွဲ ေလးေတြ မွတ္မိရဲ႕လားမသိဘူး...
အလယ္မွာ လွ်ာခင္အဖက္ေလးနဲ႔ ဒီဖက္က မႈတ္မွအသံျမည္တယ္...
ဟိုဖက္က မႈတ္ရင္ လုံးဝကို ပိတ္ေနတာေလ...
Reed valve ဆိုတာ အဲ့လိုမ်ိဳးပဲ...Carburetor အထြက္ cylinder ရဲ႕
Intake မွာတည္ရွိတယ္...Reed valves ေတြကို အခုထိသုံးၾကတုန္းပဲ
2 Stroke ေတြမွာ Yamaha YZ series,KTM 2 stroke,Gas Gas အစရွိသျဖင့္ေပါ႔...
အဲ...power valves ျမန္မာအေခၚဘားဘူး ေတြကိုေတာ့
Cylinder ရဲ႕ Exhaust port မွာ တပ္ၾကတယ္ဗ်...
2 stroke exhaust က ျမင္တဲ့အတိုင္း ေဖာင္းေဖာင္းႀကီးနဲ႔ ၿပီးေတာ့
Exhaust gas ေတြကိုထိန္းခ်ဳပ္တဲ့ က်ဉ္းသြားတဲ့ေနရာ ၿပီးမွ
Exhaust muffler ကို အထဲမွာ silencer ထည့္ထားၿပီးတပ္ထားတာေပါ႔ဗ်ာ...
အဲ့ exhaust tuned pipe ႀကီးထဲမွာ catalytic CO2 convertor ရွိတယ္...
ေလထုညစ္ညမ္းမွာစိုးလို႔ေပါ႔ဗ်ာ...exhaust gas ေတြက tuned pipe ထဲက
ေနတဆင့္ တြန္းကန္ၿပီးထြက္လာရေတာ့ ဖြတ္ ဖြတ္ နဲ႔ အသံျမည္တာေပါ႔
High RPM ဆိုရင္ေတာ့ သိတဲ့အတိုင္းပဲ ကေလးသားေလးေအာ္သံလို
ငယ္သံပါေနတာေပါ႔ဗ်ာ...ၿပီးေတာ့ DT ေတြရဲ႕ Exhaust muffler အဆုံးမွာ
Pipe အေကာက္ေလးတပ္ထားတာသတိထားမိလားမသိဘူး...
အဲ့ဒါ မတပ္ထားရင္ Exhaust ကထြက္တဲ့ မီးခိုး gas ထဲမွာ ဆီေခ်းအစက္
ေတြပါလာတက္တယ္ၿပီး ဖြာႀကဲလိုက္သလိုျဖစ္ၿပီး အေနာက္က ထိုင္တဲ့
Passenger ရဲ႕ေက်ာက္ကုန္းကို ေပက်ံေစေတာ့တာပဲဗ်...အေနာက္ထိုင္ခုံ
လည္းဆီေခ်းစက္ေတြစင္ၿပီးညစ္ပတ္ကုန္ေရာဗ်...ဘာလို႔လဲဆိုေတာ့
အေပၚမွာရွင္းျပထားတဲ့အတိုင္းပဲ intake ေလဆီေရာေတြက crank case
ထဲကိုျဖတ္ဝင္လာရလို႔ေလ အဲ့မွာ crank case ထဲက ဆီေခ်းေတြကပ္ပါ
လာေတာ့တာေပါ႔...တခ်ိဳ႕ဘီးေတြဆို ကိုယ့္ဟာကိုပဲ custom မိတ္လုပ္ၿပီး
ေတာ့ extension pipe လုံးေသးေသးေလးကို ခပ္ရွည္ရွည္တပ္ထားၾကတာ
ေတြ႕ဘူးလိမ့္မယ္...အဲ့ခါၾကေတာ့ ဆီေခ်းစက္ေတြနဲ႔ exhaust gas ေတြက
Pipe ရဲ႕ ေအာက္စိုက္ထားတဲ့ direction အတိုင္းပဲ တစ္စုတစ္စည္းတည္း
ထြက္ေတာ့တာေပါ႔ဗ်
ေတာ္ေလာက္ပါၿပီး ေနာက္မ်ားမွ အပိုင္း ၂ ကိုဆက္ၾကတာေပါ႔.... :-)
........................အားလုံးပဲဆိုင္ကယ္ဗဟုသုတနဲ႔ျပည့္ဝၾကပါေစ.....................
..........................Sharing knowledge is developing mankind..........................
..........................................by Lawrence Peace............................................
ကိုပိစ