<Unicode>
YAMAHA X1 ခေတ်စားနေတဲ့အချိန်က မန်းပေးဘူးတာလေးမျှဝေပေးပါရစေ
သူက ground clearance နိမ့်တဲ့ဘိန်းမျိုး
ရှော့ဘားတွေပျော့နေချိန်ဆိုပိုသတိထားစီးရတာ
ပိုင်ရှင်က ကားကိုရှောင်ရင်း လမ်းဘေးကျောက်ခဲနဲ့ထိမိပြီး
သံလိုက်အုံရဲ့အဖုံးဖိထားတဲ့အပိုင်းမှာ ကွဲသွားတာပေါ့ ရှေ့စပေါ့ကဒ်လေးရဲ့အောက်နားလေးမှာ
ကာဘိုက်ဆော်တဲ့သူပြကြည့်တော့ အင်ဂျင်ခွဲပြီးအခြမ်းယူလာပေးတဲ့
ပိုင်ရှင်ကမခွဲချင်ဘူး အင်ဂျင်ကရှယ်ကြီးလေ
အဲ့ဒါနဲ့ ဆိုင်ကယ်ကိုဘေးစောင်းမလှဲခင် ဓါတ်ဆီတွေထုတ်
ပြီး လှဲချ ကွဲနေတဲ့နေရာကို သေချာပြောင်စင်နေအောင်ဆေးပြီး ခြောက်သွေ့သွားတဲ့အခါ ကတ္ထူစက္ကူကို ညှပ်ပြီး
သူ့အဝန်းအဝိုင်းအတိုင်း ကော်ကပ်
နောက်ပြီးတော့မှ AB ကော်ဖျော်ပြီးစက္ကူအပေါ်ကိုလောင်းလိုက်တယ် ကော်မခြောက်သေးခင် ညှိပေးရတာပေါ့
အားလုံးပြီးတော့ ဘီးကိုပြန်မတ်
ဆီထည့်နှိုးကြည့်တော့ အဆင်ပြေသွားပါတယ်
ဘီးအဟောင်းတစီးဝယ်တော့မယ်ဆို
အဲ့ဒါလေးတွေကစ စစ်နိုင်ရင်ပိုကောင်းတယ်
HONDA WAVE 125 i တစီးလည်း ချိန်းပြတ်ပြီး
ကွဲသွားလို့လုပ်ပေးဘူးပါတယ်
ဘာမှထွေထွေထူးထူးလုပ်ပေးရတာမဟုတ်ဘူးဆိုပေမယ့်
စိတ်ရှည်ပြီးသေချာအောင်လုပ်ပေးနိုင်ဖို့က ပြင်ဆရာများရဲ့ အဓိကအချက်ပါ
နောက်ပြီး
တရုတ်ဘီးတစီး လက်ကိုင်စောင်းနေတာ
စမ်းစီးကြည့်မယ်ဆိုပြီး
ပိုင်ရှင်မမြင်နိုင်တဲ့နေရာရောက်မှ
ဆိုင်ကယ်ကိုရပ် ညာဘက်စောင်းနေရင် ဘယ်ဘက်ကို
ခပ်ဆက်ဆက်လေး ရိုက်တည့်ပေးလိုက်တယ်
အဆင်ပြေဖို့က အဓိကမို့လား အရောင်းဆိုင်မှာပဲပြန်ပြီး
ဆီလိုက်ထားတဲ့ ဘိန်းတွေဆိုတော့ မတရားတင်းကြပ်နေအောင်နတ်တိုင်တွေကို ကြပ်မထားဘူးဆိုတာ သိနေတာကြောင့်ရယ်ပေါ့ တကယ်တမ်းလည်း လက်တတင်းကြပ်လိုက်ရင်အဆင်ပြေကြပါတယ်
Tool ကောင်းတိုင်းနင်းကန်ကြပ်နေရင်
ခရီးသွားလာရင်း လိုအပ်လို ရှိတဲ့ဂွလေးတွေနဲ့ပြန်ဖြုတ်ရတဲ့အခါ နင်းကန်ကြပ်ပေးလိုက်တာတွေက ဒုက္ခကောင်းကောင်းတွေ့စေတာပေါ့
ရေးလက်စနဲ့
ကိုယ်တိုင်စီးနေတဲ့ လော့ဂျာ ၂၀၀၃ မော်ဒယ်အဟောင်းလေးကဒုက္ခပေးတာလေးပါထည့်ပြောပြလိုက်မယ်
အခြေအနေအရ မနက်စောစောထ
ရွာတွေကိုစျေးလှည့်ရောင်းနေရတဲ့အချိန်တွေတုန်းကပေါ့
ရေကြီးတာတွေထဲဖြတ်မောင်းပြီးကတည်းက
သူစဖောက်လာတာ ဘာလဲဆိုတော့ စတတ်ကွိုင်ခဏ ခဏ
ကျွမ်းတာ အသစ်လဲပြီးစီး ၂ရက်လောက်ဆို လောင်ပြီ
အချိန်ပေးပြီး ဝါယာလိုင်းကိုမစစ်နိုင်တော့တဲ့အခါကြတော့ အလွယ်နည်းနော် သံလိုက်အုံအဖုံးကလာတဲ့ကြိုးစ
တွေထဲကနေ ground အပ်စကိုဖြုတ်ထားလိုက်တာပဲ
အဲ့ဒီနောက်ကတည်းက ဘာမှမဖြစ်တော့တာ
ပြန်ရောင်းလိုက်သည်ထိပေါ့ဗျာ
နောက်များကျမှ ကြုံရတဲ့အတွေ့အကြုံလေးတွေမျှဝေပေးပါဦးမယ်
အဆင်ပြေကြပါစေဗျာ
ခေတ်ကာလဆိုးကြီးကနေလည်း အမြန်ဆုံးလွန်မြောက်
ကြပါစေ
crd
<Zawgyi>
YAMAHA X1 ေခတ္စားေနတဲ့အခ်ိန္က မန္းေပးဘူးတာေလးမွ်ေဝေပးပါရေစ
သူက ground clearance နိမ့္တဲ့ဘိန္းမ်ိဳး
ေရွာ့ဘားေတြေပ်ာ့ေနခ်ိန္ဆိုပိုသတိထားစီးရတာ
ပိုင္ရွင္က ကားကိုေရွာင္ရင္း လမ္းေဘးေက်ာက္ခဲနဲ႔ထိမိၿပီး
သံလိုက္အုံရဲ႕အဖုံးဖိထားတဲ့အပိုင္းမွာ ကြဲသြားတာေပါ႔ ေရွ႕စေပါ႔ကဒ္ေလးရဲ႕ေအာက္နားေလးမွာ
ကာဘိုက္ေဆာ္တဲ့သူျပၾကည့္ေတာ့ အင္ဂ်င္ခြဲၿပီးအျခမ္းယူလာေပးတဲ့
ပိုင္ရွင္ကမခြဲခ်င္ဘူး အင္ဂ်င္ကရွယ္ႀကီးေလ
အဲ့ဒါနဲ႔ ဆိုင္ကယ္ကိုေဘးေစာင္းမလွဲခင္ ဓါတ္ဆီေတြထုတ္
ၿပီး လွဲခ် ကြဲေနတဲ့ေနရာကို ေသခ်ာေျပာင္စင္ေနေအာင္ေဆးၿပီး ေျခာက္ေသြ႕သြားတဲ့အခါ ကတၳဴစကၠဴကို ညႇပ္ၿပီး
သူ့အဝန္းအဝိုင္းအတိုင္း ေကာ္ကပ္
ေနာက္ၿပီးေတာ့မွ AB ေကာ္ေဖ်ာ္ၿပီးစကၠဴအေပၚကိုေလာင္းလိုက္တယ္ ေကာ္မေျခာက္ေသးခင္ ညႇိေပးရတာေပါ႔
အားလုံးၿပီးေတာ့ ဘီးကိုျပန္မတ္
ဆီထည့္ႏႈိးၾကည့္ေတာ့ အဆင္ေျပသြားပါတယ္
ဘီးအေဟာင္းတစီးဝယ္ေတာ့မယ္ဆို
အဲ့ဒါေလးေတြကစ စစ္ႏိုင္ရင္ပိုေကာင္းတယ္
HONDA WAVE 125 i တစီးလည္း ခ်ိန္းျပတ္ၿပီး
ကြဲသြားလို႔လုပ္ေပးဘူးပါတယ္
ဘာမွေထြေထြထူးထူးလုပ္ေပးရတာမဟုတ္ဘူးဆိုေပမယ့္
စိတ္ရွည္ၿပီးေသခ်ာေအာင္လုပ္ေပးႏိုင္ဖို႔က ျပင္ဆရာမ်ားရဲ႕ အဓိကအခ်က္ပါ
ေနာက္ၿပီး
တ႐ုတ္ဘီးတစီး လက္ကိုင္ေစာင္းေနတာ
စမ္းစီးၾကည့္မယ္ဆိုၿပီး
ပိုင္ရွင္မျမင္ႏိုင္တဲ့ေနရာေရာက္မွ
ဆိုင္ကယ္ကိုရပ္ ညာဘက္ေစာင္းေနရင္ ဘယ္ဘက္ကို
ခပ္ဆက္ဆက္ေလး ႐ိုက္တည့္ေပးလိုက္တယ္
အဆင္ေျပဖို႔က အဓိကမို႔လား အေရာင္းဆိုင္မွာပဲျပန္ၿပီး
ဆီလိုက္ထားတဲ့ ဘိန္းေတြဆိုေတာ့ မတရားတင္းၾကပ္ေနေအာင္နတ္တိုင္ေတြကို ၾကပ္မထားဘူးဆိုတာ သိေနတာေၾကာင့္ရယ္ေပါ႔ တကယ္တမ္းလည္း လက္တတင္းၾကပ္လိုက္ရင္အဆင္ေျပၾကပါတယ္
Tool ေကာင္းတိုင္းနင္းကန္ၾကပ္ေနရင္
ခရီးသြားလာရင္း လိုအပ္လို ရွိတဲ့ဂြေလးေတြနဲ႔ျပန္ျဖဳတ္ရတဲ့အခါ နင္းကန္ၾကပ္ေပးလိုက္တာေတြက ဒုကၡေကာင္းေကာင္းေတြ႕ေစတာေပါ႔
ေရးလက္စနဲ႔
ကိုယ္တိုင္စီးေနတဲ့ ေလာ့ဂ်ာ ၂၀၀၃ ေမာ္ဒယ္အေဟာင္းေလးကဒုကၡေပးတာေလးပါထည့္ေျပာျပလိုက္မယ္
အေျခအေနအရ မနက္ေစာေစာထ
ရြာေတြကိုေစ်းလွည့္ေရာင္းေနရတဲ့အခ်ိန္ေတြတုန္းကေပါ႔
ေရႀကီးတာေတြထဲျဖတ္ေမာင္းၿပီးကတည္းက
သူစေဖာက္လာတာ ဘာလဲဆိုေတာ့ စတတ္ကြိဳင္ခဏ ခဏ
ကြၽမ္းတာ အသစ္လဲၿပီးစီး ၂ရက္ေလာက္ဆို ေလာင္ၿပီ
အခ်ိန္ေပးၿပီး ဝါယာလိုင္းကိုမစစ္ႏိုင္ေတာ့တဲ့အခါၾကေတာ့ အလြယ္နည္းေနာ္ သံလိုက္အုံအဖုံးကလာတဲ့ႀကိဳးစ
ေတြထဲကေန ground အပ္စကိုျဖဳတ္ထားလိုက္တာပဲ
အဲ့ဒီေနာက္ကတည္းက ဘာမွမျဖစ္ေတာ့တာ
ျပန္ေရာင္းလိုက္သည္ထိေပါ႔ဗ်ာ
ေနာက္မ်ားက်မွ ႀကဳံရတဲ့အေတြ႕အႀကဳံေလးေတြမွ်ေဝေပးပါဦးမယ္
အဆင္ေျပၾကပါေစဗ်ာ
ေခတ္ကာလဆိုးႀကီးကေနလည္း အျမန္ဆုံးလြန္ေျမာက္
ၾကပါေစ
crd