4ချက်ထိုးဂီယာဘောက်

<Unicode>
Motorcycle Gearbox Part-1(4 ချက်ထိုးဂီယာဘောက်)
        မော်တော်ဆိုင်ကယ်သည်အင်ဂျင်၏လည်ပတ်မှုအားများကိုကလပ်အုံမှတဆင့်ဂီယာဘောက်သို့ရောက်ရှိစေသည်။ဂီယာဘောက်မှတဆင့်ချိန်းစပေါ့ကတ်အသေး၊အကြီးတို့မှတဆင့်ဆိုင်ကယ်နောက်ဘီးကိုလည်ပတ်စေခြင်းဖြင့်မော်တော်ဆိုင်ကယ်ကိုရှေ့သိုသွားစေသည်။
        မော်တော်ဆိုင်ကယ်ဂီယာဘောက်တွင်main shaft(ခိုပင်နယံအကြီးတပ်ထားသည့်shaft)၊Layout shaft(စပေါ့ကတ်အသေးတပ်ထားသည့်shaft)နှင့်ဂီယာချိန်းပေးသောကွန်ထရိုလာShaftတို့ဖြင့်တည်ဆောက်ထားသည်။
        Main shaftနှင့်Layout shaftနှစ်ခုစလုံးသည်ပြောင်ချောနေသောshaftများမဟုတ်ပါ။ကွန်ထရိုလာshaftသည်‌ ပြောင်ချောshaftဖြစ်ပြီးဂီယာ‌ချိန်း‌ ပေးသောshaftဖြစ်သည်။
        ကွန်ထရိုလာshaftတွင်linkခွနှစ်ခုတပ်ဆင်‌ပေးထားသည်။ကွန်ထရိုလာshaftလည်တိုင်းlinkခွနှစ်ခုသည်ဘယ်၊ညာရွေ့လျားသည်။ကွန်ထရိုလာshaftလည်‌အောင်ဆိုင်ကယ်မောင်းသူကဂီယာတံကိုနင်းပေးရသည်။တနည်းအားဖြင့်‌ပြောလျှင်ဂီယာချိန်းပေးခြင်းဖြစ်သည်။
        Main shaftနှင့်Layout shaftများပေါ်တွင်Spline(မြောင်းများ)ထိုးထားသည်။ဂီယာဘောက်ပင်နယံများတွင်shaftနှင့်အတူတွဲလည်သောFixed(အသေ)ပင်နယံနှင့်freeလည်သောပင်နယံဟူ၍နှစ်မျိုးရှိသည်။
        Fixedပင်နယံသည်shaft၏splineနှင့်ချိတ်နေစေရန်အတွက်ပင်နယံအတွင်းတွင်အထစ်ကလေးများကိုပြုလုပ်ပေးထားသည့်အပြင်တွင်လည်းအထစ်များတပ်ဆင်‌‌ပေးထားသည်။Fixedပင်နယံ၏အလယ်‌‌မြောင်းကိုကွန်ထရိုလာshaftတွင်ရှိ‌သောlinkခွနှင့်ချိတ်ဆက်‌ပေးရသည်။linkခွသည်ဂီယာချိန်း‌ ပေးသောအလုပ်ကိုလုပ်ဆောင်ပေးရသည်။
        Freeလည်သောပင်နယံသည်shaftလည်ချိန်တွင်လိုက်မလည်ပေ။Freeလည်သောပင်နယံ၏အတွင်းဘက်သည်စက်ဝိုင်းပုံဖြစ်ပြီးပင်နယံနှင့်shaftကြားတွင်Bush(ဘွတ်)ခံပေးခြင်းဖြင့်Freeလည်စေရန်တည်ဆောက်ထားသည်။Freeပင်နယံတွင်ပင်နယံအပေါက်ငယ်လေးများပါသည်။Freeပင်နယံအပေါက်ငယ်လေးများကိုFixedပင်နယံ၏အပြင်အထစ်ကလေးများကလာစွပ်လိုက်သောအခါဂီယာထိုးခြင်းစတင်ဖြစ်ပေါ်လာသည်။
    လုပ်ဆောင်ပုံအဆင့်ဆင့်ကိုနားလည်အောင်အလွယ်ရှင်းပြရလျှင်ကွန်ထရိုလာshaft၏linkခွသည်Fixedပင်နယံကိုဘယ်ညာရွေ့လျားစေပြီးFixedပင်နယံနှင့်Freeပင်နယံချိတ်ဆက်ကာဂီယာ၀င်ခြင်းဖြစ်‌ပေါ်စေသည်။
         Part-2တွင်ဂီယာတစ်လုံချင်းစီချိတ်ဆက်၍ဂီယာထိုးခြင်းဖြစ်ပေါ်လာပုံကိုဆက်လက်ရေးသားပါအုန်းမည်။ 

Comment တွင်၀င်ရောက်ဆွေးနွေးပေးဖို့ကိုလည်းဖိတ်ခေါ်အပ်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
ဆိုင်ကယ်နှင်ပတ်သက်သောဗဟုသုတများကိုဆက်လက်ရေးသားပါအုန်းမည်
Like and shareလုပ်ပေးကြပါ
Learning is not end!
စက်မှုကျောင်းသား

<Zawgyi>
Motorcycle Gearbox Part-1(4 ခ်က္ထိုးဂီယာေဘာက္)
        ေမာ္ေတာ္ဆိုင္ကယ္သည္အင္ဂ်င္၏လည္ပတ္မႈအားမ်ားကိုကလပ္အုံမွတဆင့္ဂီယာေဘာက္သို႔ေရာက္ရွိေစသည္။ဂီယာေဘာက္မွတဆင့္ခ်ိန္းစေပါ႔ကတ္အေသး၊အႀကီးတို႔မွတဆင့္ဆိုင္ကယ္ေနာက္ဘီးကိုလည္ပတ္ေစျခင္းျဖင့္ေမာ္ေတာ္ဆိုင္ကယ္ကိုေရွ႕သိုသြားေစသည္။
        ေမာ္ေတာ္ဆိုင္ကယ္ဂီယာေဘာက္တြင္main shaft(ခိုပင္နယံအႀကီးတပ္ထားသည့္shaft)၊Layout shaft(စေပါ႔ကတ္အေသးတပ္ထားသည့္shaft)ႏွင့္ဂီယာခ်ိန္းေပးေသာကြန္ထ႐ိုလာShaftတို႔ျဖင့္တည္ေဆာက္ထားသည္။
        Main shaftႏွင့္Layout shaftႏွစ္ခုစလုံးသည္ေျပာင္ေခ်ာေနေသာshaftမ်ားမဟုတ္ပါ။ကြန္ထ႐ိုလာshaftသည္‌ ေျပာင္ေခ်ာshaftျဖစ္ၿပီးဂီယာ‌ခ်ိန္း‌ ေပးေသာshaftျဖစ္သည္။
        ကြန္ထ႐ိုလာshaftတြင္linkခြႏွစ္ခုတပ္ဆင္‌ေပးထားသည္။ကြန္ထ႐ိုလာshaftလည္တိုင္းlinkခြႏွစ္ခုသည္ဘယ္၊ညာေရြ႕လ်ားသည္။ကြန္ထ႐ိုလာshaftလည္‌ေအာင္ဆိုင္ကယ္ေမာင္းသူကဂီယာတံကိုနင္းေပးရသည္။တနည္းအားျဖင့္‌ေျပာလွ်င္ဂီယာခ်ိန္းေပးျခင္းျဖစ္သည္။
        Main shaftႏွင့္Layout shaftမ်ားေပၚတြင္Spline(ေျမာင္းမ်ား)ထိုးထားသည္။ဂီယာေဘာက္ပင္နယံမ်ားတြင္shaftႏွင့္အတူတြဲလည္ေသာFixed(အေသ)ပင္နယံႏွင့္freeလည္ေသာပင္နယံဟူ၍ႏွစ္မ်ိဳးရွိသည္။
        Fixedပင္နယံသည္shaft၏splineႏွင့္ခ်ိတ္ေနေစရန္အတြက္ပင္နယံအတြင္းတြင္အထစ္ကေလးမ်ားကိုျပဳလုပ္ေပးထားသည့္အျပင္တြင္လည္းအထစ္မ်ားတပ္ဆင္‌‌ေပးထားသည္။Fixedပင္နယံ၏အလယ္‌‌ေျမာင္းကိုကြန္ထ႐ိုလာshaftတြင္ရွိ‌ေသာlinkခြႏွင့္ခ်ိတ္ဆက္‌ေပးရသည္။linkခြသည္ဂီယာခ်ိန္း‌ ေပးေသာအလုပ္ကိုလုပ္ေဆာင္ေပးရသည္။
        Freeလည္ေသာပင္နယံသည္shaftလည္ခ်ိန္တြင္လိုက္မလည္ေပ။Freeလည္ေသာပင္နယံ၏အတြင္းဘက္သည္စက္ဝိုင္းပုံျဖစ္ၿပီးပင္နယံႏွင့္shaftၾကားတြင္Bush(ဘြတ္)ခံေပးျခင္းျဖင့္Freeလည္ေစရန္တည္ေဆာက္ထားသည္။Freeပင္နယံတြင္ပင္နယံအေပါက္ငယ္ေလးမ်ားပါသည္။Freeပင္နယံအေပါက္ငယ္ေလးမ်ားကိုFixedပင္နယံ၏အျပင္အထစ္ကေလးမ်ားကလာစြပ္လိုက္ေသာအခါဂီယာထိုးျခင္းစတင္ျဖစ္ေပၚလာသည္။
    လုပ္ေဆာင္ပုံအဆင့္ဆင့္ကိုနားလည္ေအာင္အလြယ္ရွင္းျပရလွ်င္ကြန္ထ႐ိုလာshaft၏linkခြသည္Fixedပင္နယံကိုဘယ္ညာေရြ႕လ်ားေစၿပီးFixedပင္နယံႏွင့္Freeပင္နယံခ်ိတ္ဆက္ကာဂီယာ၀င္ျခင္းျဖစ္‌ေပၚေစသည္။
         Part-2တြင္ဂီယာတစ္လုံခ်င္းစီခ်ိတ္ဆက္၍ဂီယာထိုးျခင္းျဖစ္ေပၚလာပုံကိုဆက္လက္ေရးသားပါအုန္းမည္။ 

Comment တြင္၀င္ေရာက္ေဆြးေႏြးေပးဖို႔ကိုလည္းဖိတ္ေခၚအပ္ပါသည္။
အားလုံးကိုေက်းဇူးတင္ပါသည္။
ဆိုင္ကယ္ႏွင္ပတ္သက္ေသာဗဟုသုတမ်ားကိုဆက္လက္ေရးသားပါအုန္းမည္
Like and shareလုပ္ေပးၾကပါ
Learning is not end!
စက္မႈေက်ာင္းသား