တိုင်မင်ချိန်း နှင့် စက်မှု့ဆိုင်ရာပစ္စည်းများချို့ယွင်းမှု့ ပြဿနာ ဖြေရှင်းခြင်း

တိုင်မင်ချိန်း နှင့် စက်မှု့ဆိုင်ရာပစ္စည်းများချို့ယွင်းမှု့
                      ပြဿနာ ဖြေရှင်းခြင်း

      တိုင်မင်ချိန်း မလဲမှီ စစ်ဆေးဘို့့အချက်တွေက
ချိန်းဒေါက်ပလွေလို့ ခေါ်များတဲ့ tensioner valve &
setting ပိုက်တံရဲ့ အောက်ခြေအတွင်းခန်းမှာ ရှိနေတဲ့
ဘောလုံးကလေး အနေအထား မှန် မမှန် စစ်ရမယ်
    ဒီဘား ဘောလုံးလေးဟာ သူ့အောက်ခြေကို အင်ဂျင်
ဝိုင်ရောက်ရှိလာအောင် ဝင်ခွင့်ပေးတယ် ပြည့်ဝတာနဲ့
အောက်ခြေအခန်းတွင်းက ချောဆီ ပြန်မထွက်သွားရ
အောင် ပိတ်ထားပေးတယ် ဒါကို valve လို့ခေါ်တာ
အဆို့ရှင်ပါပဲ
    စစ်ဆေးနည်းက ပါးစပ်မှာထည့် မှုတ်ကြည့်ပါ
ပိတ်နေရမယ် စုပ်ယူကြည့်ပါ ပွင့်နေရမယ် ဒါဆို ok
    တိုင်မင်ချိန်းကို တင်းမာစေအောင် လုပ်ပေးတာက
အင်ဂျင်ဝိုင် ဖိအားပါ
     စပရင် မဟုတ်ပါဘူး စပရင်သန်မာ ထည့်သုံးခြင်းဖြင့်
ရမဲ့ အကျိုးဆက်ကတော့
     ပလွေ နဲ့ ချိန်းဖိမောင်း ကြားက ရာဘာသီး dumpling
ကွဲအက်ကြေမွနိင်သလို chain guide pinion ချိန်းဘိဘီး
     ခါးဘီး central wheel တို့ ချို့ယွင်းကြတတ်ကာ
တိုင်မင်ချိန်း အချိန်မတိုင်မှီ လဲလှယ်ရပါတယ်
    ဒီဘားလေးက ပုံမှန်တွန်းပေးနိင်တဲ့ အပြော့စား စပရင်
ဖြစ်မယ်ဆိုယင် လုံလောက်သော ဖိအားရတာနဲ့ နောက်ထပ် ဆီကို စုပ်မယူတော့ပါဘူး
   အကျဉ်ချုပ်ပြောရယင် ဘယ်အင်ဂျင်မျိုးကို မဆို တိုင်
မင်ချိန်းကို တင်းစေတဲ့ စနစ်ကို ဆီဖိအားသုံးပါတယ်
  sprocket type မှာ oil pressure ကိုသုံးပြီး
  belt type မှာ high pressure ဖြစ်တဲ့ hydraulic
pumpကို သုံးပါတယ်
 ယခု့ဆိုင်ကယ် အမျိုးအစားမှာ ထပ်ပြီး စစ်ဆေးသင့်တာ
ကတော့ အင်ဂျင်ဝိုင်ပန့်ဂီယာပြား အနေအထားဟာ
ကမ်ဂီယာ ကရိုင်းဂီယာ တို့နဲ့ တဖြောင့်တည်း ရှိနေစေဘို့
အလိုင်းမင့် ချိန်ညှိဘို့လဲ လိုပါတယ် 
  ဆီပန့်ဂီယာပြား အတွင်းဆိုဒ် အပြင်ဆိုဒ် အလှည့်မလွဲဘို့
လိုအပ်ပါတယ်
 ချိန်း tensioner တပ်ဆင်ပြီးတာနဲ့ ပလွေရိုးအတွင်း
ချောဆီ ကျွေးထည့်သွင်းခြင်းဖြင့် ချိန်းတင်းမာလာစေတာ
တွေ့ရယင် ok ပါပြီ system ကောင်းပါပီ
  ဆီကျွေးလို့ ပလွေရိုး အပြင် ဆီလျှံထွက်လာပါက ပလွေ
မကောင်းတာလား အင်ဂျင်ဘလောက် ပလွေအိမ် ချောင်ချိနေပြီလား စစ်ဆေးရပါမယ် tensioner rod
setting clearance များနေယင် အင်ဂျင်ဘလောက်သာ
လဲရမဲ့ အနေအထားသာ ဖြစ်ပါတော့တယ်
  ဒီဆိုင်ကယ် တိုင်မင်ချိန်း မကြာခဏ လဲနေရတဲ့ ရောဂါ
လက္ခဏာ ကိုယ်သိထားသလောက် မျှဝေပါတယ်
        အဆင်ပြေကြပါစေ။
<Unicode>

<Zawgyi>
                      ပြဿနာ ဖြေရှင်းခြင်း

      တိုင်မင်ချိန်း မလဲမှီ စစ်ဆေးဘို့အချက်တွေက
အဆို့ရှင်ပါပဲ
အင်ဂျင်ဝိုင် ဖိအားပါ
ရမဲ့ အကျိုးဆက်ကတော့
pumpကို သုံးပါတယ်
လိုအပ်ပါတယ်
        အဆင်ပြေကြပါစေ။