ပလပ်မှာဆီစိုခြင်း

<Unicode>
ပလပ်မှာ ဆီစိုခြင်း (အင်ဂျင်ဝိုင်စိုခြင်း)
အကြောင်း...

မော်တော်ကားဓါတ်ဆီအင်ဂျင် 
မီးပေးစနစ်မှာ အသုံးပြုနေတဲ့ 
ပလပ်တွေကို အင်ဂျင်ဝိုင်ရိုက် 
(အင်ဂျင်ဝိုင်စို) တဲ့ ပြစ်ချက်နဲ့ပါတ်သက်ပြီး
ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

ပလပ်ကို အင်ဂျင်ဝိုင်စိုစေနိူင်တဲ့ 
အကြောင်းအရာများစွာအနက် 
အဖြစ်များတဲ့ ပြစ်ချက်တွေကို 
ဖော်ပြပေးလိုက်ပါတယ်။

(၁) ပလပ်ဆီးလ် မကောင်းခြင်း 

ပလပ်ဆီးလ်ကို အင်ဂျင်တိုက်ပစ်ဖုံးမှာ တပ်ဆင်ထားပြီး အင်ဂျင်အပူဒါဏ်ကြောင့် ပလပ်ဆီးလ်တွေပျက်စီးစေနိူင်ကာ အင်ဂျင်ဝိုင်တွေ ပလပ်ကွိုင်နှင့် ပလပ်ကို စိုစေနိူင်ပါတယ်။ ပလပ်နှင့် ပလပ်ကွိုင်တွေကို လျှင်မြန်စွာပျက်စီးစေနိူင်တဲ့အတွက် ဒီပြစ်ချက်ကိုလည်း အမြန်စစ်ဆေးပြုပြင်သင့်ပါတယ်။

(၂) ဗားဆီးလ် (Valve Seal) မကောင်းခြင်း

ဗားတွေမှာ တပ်ဆင်ထားတဲ့ ဗားဆီးလ်တွေက အင်ဂျင်ဝိုင်တွေကို အင်ဂျင်မီးလောင်ခန်း (Combustion Chamber) ကို မရောက်အောင် တားဆီးပေးတာဖြစ်ပါတယ်။ တကယ်လို့ ဗားဆီးလ်တွေမကောင်းတဲ့အခါ အင်ဂျင်ဝိုင်တွေက ဗားတွေမှတဆင့် အင်ဂျင်မီးလောင်ခန်းကိုရောက်ရှိစေကာ ပလပ်တွေကို အင်ဂျင်ဝိုင်ရိုက် (စို) စေပါတယ်။ အဲ့ဒီအခါ ပလပ်မီးကူးမှုအားနည်းသွားပြီး အင်ဂျင်တုန်ခြင်း၊ စက်နှိုးမရခြင်းတို့ကို ဖြစ်စေနိူင်ပါတယ်။

(၃) ပစ်စတင် (Piston) များ မကောင်းခြင်း

အင်ဂျင်မီးလောင်ခန်းထဲက ပစ်စတင်တွေက လောင်စာနှင့်လေကို စုပ်ယူဖိကျစ်ကာ မီးလောင်ပေါက်ကွဲစေပြီး အင်ဂျင်ပါဝါကို ထုတ်ပေးတာဖြစ်ပါတယ်။ အင်ဂျင်အပူကြောင့် ပစ်စတင်များအက်ခြင်း၊ ချောဆီစနစ်ကြောင့် ပစ်စတင်များအစင်းရာများထင်ခြင်း စတဲ့အချက်တွေကြောင့် မီးလောင်ခန်းအတွင် အင်ဂျင်ဝိုင်များရောက်ရှိစေကာ ပလပ်တွေကို အင်ဂျင်ဝိုင်စိုစေမှာ ဖြစ်ပါတယ်။

(၄) ပစ်စတင်ရိန်း(Piston Ring)မကောင်းခြင်း

ပစ်စတင်တွေကဲ့သို့ ပစ်စတင်ရိန်းတွေ မကောင်း (ရိန်းကျခြင်း) တဲ့အခါ အင်ဂျင်မီးလောင်ခန်းကို အင်ဂျင်ဝိုင်တွေရောက်ရှိစေနိူင်ပြီး ပလပ်တွေကို အင်ဂျင်ဝိုင်စိုစေတဲ့အပြင် အင်ဂျင်ဝိုင်မီးလောင်ပေါက်ကွဲမှုကြောင့် မီးခိုးအပြာထွက်စေနိူင်ပါတယ်။ မီးခိုးအပြာထွက်စေတဲ့ အဖြစ်အများဆုံးပြစ်ချက်တွေကတော့ ဗားဆီးလ်တွေမလုံခြင်းနှင့် ပစ်စတင်ရိန်းကျခြင်းတို့ ဖြစ်ပါတယ်။

အထက်ပါအချက်တွေကြောင့် ပလပ်တွေကို အင်ဂျင်ဝိုင်စိုစေနိူင်ပြီး အင်ဂျင်တုန်ခြင်း၊ 
အင်ဂျင်စလိုးမငြိမ်ခြင်း၊ အင်ဂျင်နှိုးမရခြင်း
တို့ကို ဖြစ်စေနိူင်တဲ့အတွက် အထူးဂရုစိုက် စစ်ဆေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

==========================================
မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ 

Credit: original writer
မူရင်းရေးသားသူဆရာအား လေးစားလျက် 


<Zawgyi>
ပလပ္မွာ ဆီစိုျခင္း (အင္ဂ်င္ဝိုင္စိုျခင္း)
အေၾကာင္း...

ေမာ္ေတာ္ကားဓါတ္ဆီအင္ဂ်င္ 
မီးေပးစနစ္မွာ အသုံးျပဳေနတဲ့ 
ပလပ္ေတြကို အင္ဂ်င္ဝိုင္႐ိုက္ 
(အင္ဂ်င္ဝိုင္စို) တဲ့ ျပစ္ခ်က္နဲ႔ပါတ္သက္ၿပီး
ဗဟုသုတအျဖစ္ မွ်ေဝခ်င္ပါတယ္။

ပလပ္ကို အင္ဂ်င္ဝိုင္စိုေစနိူင္တဲ့ 
အေၾကာင္းအရာမ်ားစြာအနက္ 
အျဖစ္မ်ားတဲ့ ျပစ္ခ်က္ေတြကို 
ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ပလပ္ဆီးလ္ မေကာင္းျခင္း 

ပလပ္ဆီးလ္ကို အင္ဂ်င္တိုက္ပစ္ဖုံးမွာ တပ္ဆင္ထားၿပီး အင္ဂ်င္အပူဒါဏ္ေၾကာင့္ ပလပ္ဆီးလ္ေတြပ်က္စီးေစနိူင္ကာ အင္ဂ်င္ဝိုင္ေတြ ပလပ္ကြိဳင္ႏွင့္ ပလပ္ကို စိုေစနိူင္ပါတယ္။ ပလပ္ႏွင့္ ပလပ္ကြိဳင္ေတြကို လွ်င္ျမန္စြာပ်က္စီးေစနိူင္တဲ့အတြက္ ဒီျပစ္ခ်က္ကိုလည္း အျမန္စစ္ေဆးျပဳျပင္သင့္ပါတယ္။

(၂) ဗားဆီးလ္ (Valve Seal) မေကာင္းျခင္း

ဗားေတြမွာ တပ္ဆင္ထားတဲ့ ဗားဆီးလ္ေတြက အင္ဂ်င္ဝိုင္ေတြကို အင္ဂ်င္မီးေလာင္ခန္း (Combustion Chamber) ကို မေရာက္ေအာင္ တားဆီးေပးတာျဖစ္ပါတယ္။ တကယ္လို႔ ဗားဆီးလ္ေတြမေကာင္းတဲ့အခါ အင္ဂ်င္ဝိုင္ေတြက ဗားေတြမွတဆင့္ အင္ဂ်င္မီးေလာင္ခန္းကိုေရာက္ရွိေစကာ ပလပ္ေတြကို အင္ဂ်င္ဝိုင္႐ိုက္ (စို) ေစပါတယ္။ အဲ့ဒီအခါ ပလပ္မီးကူးမႈအားနည္းသြားၿပီး အင္ဂ်င္တုန္ျခင္း၊ စက္ႏႈိးမရျခင္းတို႔ကို ျဖစ္ေစနိူင္ပါတယ္။

(၃) ပစ္စတင္ (Piston) မ်ား မေကာင္းျခင္း

အင္ဂ်င္မီးေလာင္ခန္းထဲက ပစ္စတင္ေတြက ေလာင္စာႏွင့္ေလကို စုပ္ယူဖိက်စ္ကာ မီးေလာင္ေပါက္ကြဲေစၿပီး အင္ဂ်င္ပါဝါကို ထုတ္ေပးတာျဖစ္ပါတယ္။ အင္ဂ်င္အပူေၾကာင့္ ပစ္စတင္မ်ားအက္ျခင္း၊ ေခ်ာဆီစနစ္ေၾကာင့္ ပစ္စတင္မ်ားအစင္းရာမ်ားထင္ျခင္း စတဲ့အခ်က္ေတြေၾကာင့္ မီးေလာင္ခန္းအတြင္ အင္ဂ်င္ဝိုင္မ်ားေရာက္ရွိေစကာ ပလပ္ေတြကို အင္ဂ်င္ဝိုင္စိုေစမွာ ျဖစ္ပါတယ္။

(၄) ပစ္စတင္ရိန္း(Piston Ring)မေကာင္းျခင္း

ပစ္စတင္ေတြကဲ့သို႔ ပစ္စတင္ရိန္းေတြ မေကာင္း (ရိန္းက်ျခင္း) တဲ့အခါ အင္ဂ်င္မီးေလာင္ခန္းကို အင္ဂ်င္ဝိုင္ေတြေရာက္ရွိေစနိူင္ၿပီး ပလပ္ေတြကို အင္ဂ်င္ဝိုင္စိုေစတဲ့အျပင္ အင္ဂ်င္ဝိုင္မီးေလာင္ေပါက္ကြဲမႈေၾကာင့္ မီးခိုးအျပာထြက္ေစနိူင္ပါတယ္။ မီးခိုးအျပာထြက္ေစတဲ့ အျဖစ္အမ်ားဆုံးျပစ္ခ်က္ေတြကေတာ့ ဗားဆီးလ္ေတြမလုံျခင္းႏွင့္ ပစ္စတင္ရိန္းက်ျခင္းတို႔ ျဖစ္ပါတယ္။

အထက္ပါအခ်က္ေတြေၾကာင့္ ပလပ္ေတြကို အင္ဂ်င္ဝိုင္စိုေစနိူင္ၿပီး အင္ဂ်င္တုန္ျခင္း၊ 
အင္ဂ်င္စလိုးမၿငိမ္ျခင္း၊ အင္ဂ်င္ႏႈိးမရျခင္း
တို႔ကို ျဖစ္ေစနိူင္တဲ့အတြက္ အထူးဂ႐ုစိုက္ စစ္ေဆးသင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

==========================================
မိတ္ေဆြမ်ား ဗဟုသုတတိုးပြားၾကေစဖို႔ ျပန္လည္မွ်ေဝျခင္းျဖစ္ပါတယ္။ 

Credit: original writer
မူရင္းေရးသားသူဆရာအား ေလးစားလ်က္