<Unicode>
ဆိုင်ကယ် ဘရိတ်များအကြောင်း
ဆိုင်ကယ်တွင် အသုံးများသော ဘရိတ် ၃ မျိူးရှိသည်။
၁။ ရှူးဘရိတ် (Hub break)
တရုတ်ဘီးလေး အတော်များများ၌ အတွေ့ရဆုံး ဘရိတ်တစ်မျိုးဖြစ်သည်။ ကုန်ကျစရိတ်သက်သာ၍ အပိုပစ္စည်းပေါများခြင်းက အသုံးများခြင်း၏ အကြောင်းတစ်မျိုး ဖြစ်ပါလိမ့်မည်။ (ထိုင်း Auto ဘီး ဘရိတ်ရှုးများကတော့ စျေးကြီးသည်။) ရှုးဘရိတ်၏ အာသာချက်များကတော့ အကြမ်းခံခြင်း, အသုံးခံခြင်းနှင့် အပူဒဏ်ခံနိုင်ခြင်းတို့ဖြစ်ပြီး၊ အားနည်းချက်အနေဖြင့် ကုန်းအတက်များ၌ ဘရိတ်အုပ်ထားသော်လည်း နောက်ပြန်လျောကျတတ်သည်။ ကားကြီးများ၌ ဂျမ်းတုံးဆောင်ထားရသည်အထိ ဘရိတ်ပူလျှင် ပူသလောက် အမိနည်း၍ နောက်ပြန်လျောကျမှု ပိုဖြစ်တတ်သည်။ အရမ်းပူနေသောအချိန် ရေဖြင့်လောင်းပါက ဘရိတ်ရှုးများပွ၍ ပျက်ဆီးတတ်သည်ကိုလည်း ဂရုထားရပါမည်။
၂။ ဆီဘရိတ် (Hydraulic break)
မြန်မာပြည်၌ ဒစ်ဘရိတ်ဟု လူသိများသည်။ အားသာချက်အနေဖြင့် ဘရိတ်အုပ်လိုက်သောအခါ တုန့်ကနဲနေအောင် မိသည်။ အခန့်မသင့်က ဗုန်းကနဲနေအောင်လည်း သင် ပြုတ်ကျသွားပါလိမ့်မည်။ ရှူးဘရိတ်ကဲ့သို့ ဘရိတ်အုပ်ထားစဥ် နောက်ပြန်လျောမကျတတ်ပါ။ ပြုပြင်ထိန်းသိမ်းရလွယ်ကူပြီး ရှူးများလဲရန်အတွက် ဘီးများထိ ဖြုတ်နေစရာ မလိုပါ။ သို့သော် တရုတ်ဘီးလေးများနှင့်သာ ရင်းနှီးကျွမ်းဝင်နေသဖြင့် ဒစ်ဘရိတ်ကို ပြင်ဆရာများက ကြောက်ကြသည်။ အတွေ့အကြုံနည်းသောသူများအနေဖြင့် ဘရိတ်ဆီရှူရခက်ခဲခြင်း ဖြစ်တတ်သည်။ တစ်ခါလောက်ပျက်လိုက်သော ဒစ်ဘရိတ်သည် ရှူးဖြုတ်ပစ်၍ အလွတ်စီးခံရဖို့ ရာခိုင်နှုန်းများလှသည်။
၃။ ABS (Anti-lock Break System)
နောက်ဆုံးပေါ် ဘရိတ်အမျိုးအစားထဲက တစ်ခုဖြစ်သည်။ "ဘီးသေခြင်းကို ဆန့်ကျင်သော ဘရိတ်စနစ်"ဟု အလွယ်တကူ ဘာသာပြန်နိုင်မည်ထင်သည်။ ကျနော်တို့ ဘရိတ်အုပ်လိုက်သောအခါ ယာဥ်တစ်စီး၏ အရှိန်တွေကို ထိန်းချုပ်ပစ်လိုက်သည် မဟုတ်ပဲ ယာဥ်၏ ဘီးများကိုသာ ထပ်မံမလည်ပတ်နိုင်အောင် ရပ်တန့်ပစ်လိုက်ခြင်းဖြစ်သည်။ ဘီး၏ မျက်နှာပြင်အနည်းငယ်သာ လမ်းဖြင့်ထိစပ်နေပြီး ကုပ်အားပျောက်ဆုံးနေသဖြင့် ယာဥ်သည် ဒရွတ်တိုက် ရှေ့သို့လျောပါသွားသည်။ အထူးသဖြင့် ရှေ့ဘရိတ်တစ်ခုတည်းကိုသာ ဆွဲမိသောအခါ နောက်ဘီးကရှေ့ဘီးကို ကျော်တက်ဖို့ ကြိုးစားခြင်းနှင့် back pressure များကြောင့် ဆိုင်ကယ်ဖင်ရမ်းသွားပြီး အရှိန်များရင်များသလို အပတ်ပေါင်းများစွာ လည်သွားတတ်သည်။ ABS စနစ်၌ ဘီး၏လည်ပတ်အားကို wheel sensor များဖြင့် အဆက်မပြတ် စောင့်ကြည့်နေပြီး သာမာန်ဘရိတ်အုပ်ချက်များ၌ ABS က ဝင်၍အလုပ်မလုပ်ပဲ သတ်မှတ်အတိုင်းအတာထက်ပို၍ ဘီးသေခြင်းဖြစ်သွားသောအခါ ABS စနစ်က ဘရိတ်ကို လွှတ်လိုက်အုပ်လိုက် လုပ်ပေးစေခြင်းဖြင့် ECU က ဝင်ရောက်ထိန်းချုပ်ပေးသွားခြင်းဖြစ်သည်။ အလွယ်ပြောရလျှင် လူတစ်ဝက် စက်တစ်ဝက် ဘရိတ်အုပ်သွားခြင်းဖြစ်သည်။ သိုသော် ECU ၏ respond(တုန့်ပြန်မှု)သည် 1 မီလီစက္ကန့်တွင် အကြိမ် ၃၀ လောက်အထိရှိသဖြင့် ECU က ဝင်ရောက်ထိန်းချုပ် ဘရိတ်အုပ်သွားသည်ကို သင်က သိလိုက်မည်ပင် မဟုတ်ပါ။ ABS သည် အန္တရာယ်ကင်းရှင်းရေးအတွက် များစွာအထောက်အကူပြုသော တည်ထွင်မှု တစ်ခုဖြစ်ပြီး ကျေးဇူးအထပ်ထပ်တင်ထိုက်သော တည်ထွင်မှုတွေထဲက တစ်ခုလည်းဖြစ်သည်။ ဆိုင်ကယ်ချစ်သူတစ်ယောက်အနေဖြင့် သင်တတ်နိုင်၍ ဆိုင်ကယ်တစ်စီး ဝယ်စီးမည်ဆိုပါက ABS စနစ်ပါသော ဆိုင်ကယ်ကိုသာ ဝယ်စီးပါဟု တိုက်တွန်းလိုပါသည်။ ယာဥ်တိုက်မှုကြောင့်ဖြစ်ရသော အန္တရာယ်များစွာထဲမှ ရာခိုင်နှုန်းများစွာကို ABS စနစ်က ကာကွယ်ပေးပါလိမ့်မည်။
ဘရိတ်များအကြောင်းကို အနည်းအကျဥ်းလောက်တော့ ရိပ်စားမိကြပြီထင်ပါသည်။ ရှေ့ဘရိတ်ပျက်စီးနေသော ဆိုင်ကယ်များ၊ ဘရိတ်ရှူးပါးနေသဖြင့် အထိအမိနည်းနေသော ဆိုင်ကယ်များကို များစွာတွေ့ဖူးသည်။ ၁ နာရီ ကီလို ၈၀ ဖြင့် မောင်းနေသော ယာဥ်တစ်စီးသည် ၁ စက္ကန့်၌ ၈၈ ပေအထိ ရောက်သည်။ ဟာကနဲဟင်ကနဲ အာမေဍိက်ဖြစ်၍ မဆုံးခင်မှာ ဝုန်းကနဲဒိုင်းကနဲအသံ ကြားရနိုင်ပြီး သင့်အတွက် အသက်အန္တရာယ်ထိ ဖြစ်စေနိုင်ပါသည်။ သို့အတွက် တစ်ခုသတိထားရမည်က ယာဥ်တစ်စီးကို မောင်းနှင်နေသောအခါ ကျနော်တို့၏ လုံခြုံမှုများ၊ ကျနော်တို့၏ အသက်များကို ဘရိတ်အပေါ်၌ ရာခိုင်နှုန်းများစွာ အပ်နှင်းထားရသည်ကို သတိချပ်မိဖို့ဖြစ်သည်။ မျက်နှာကြီးရာ ဟင်းဖတ်ပါနေတတ်သော လောကကြီးသည် အဆင်ပြေချမ်းသာနေသောသူများကို ABS စနစ်ဖြင့် ကာကွယ်ပေးနေချိန်၌ ကျနော်တို့လို ကျောမွဲလေးများက ရှူးဘရိတ်, ဆီဘရိတ်လေးများကို ဂရုတစိုက် ပြုပြင်လဲလှယ်ပေးဖို့ တိုက်တွန်းလိုပါသည်။
Photo credit
<Zawgyi>
ဆိုင္ကယ္ ဘရိတ္မ်ားအေၾကာင္း
ဆိုင္ကယ္တြင္ အသုံးမ်ားေသာ ဘရိတ္ ၃ မ်ိဴးရွိသည္။
၁။ ႐ွဴးဘရိတ္ (Hub break)
တ႐ုတ္ဘီးေလး အေတာ္မ်ားမ်ား၌ အေတြ႕ရဆုံး ဘရိတ္တစ္မ်ိဳးျဖစ္သည္။ ကုန္က်စရိတ္သက္သာ၍ အပိုပစၥည္းေပါမ်ားျခင္းက အသုံးမ်ားျခင္း၏ အေၾကာင္းတစ္မ်ိဳး ျဖစ္ပါလိမ့္မည္။ (ထိုင္း Auto ဘီး ဘရိတ္ရႈးမ်ားကေတာ့ ေစ်းႀကီးသည္။) ရႈးဘရိတ္၏ အာသာခ်က္မ်ားကေတာ့ အၾကမ္းခံျခင္း, အသုံးခံျခင္းႏွင့္ အပူဒဏ္ခံႏိုင္ျခင္းတို႔ျဖစ္ၿပီး၊ အားနည္းခ်က္အေနျဖင့္ ကုန္းအတက္မ်ား၌ ဘရိတ္အုပ္ထားေသာ္လည္း ေနာက္ျပန္ေလ်ာက်တတ္သည္။ ကားႀကီးမ်ား၌ ဂ်မ္းတုံးေဆာင္ထားရသည္အထိ ဘရိတ္ပူလွ်င္ ပူသေလာက္ အမိနည္း၍ ေနာက္ျပန္ေလ်ာက်မႈ ပိုျဖစ္တတ္သည္။ အရမ္းပူေနေသာအခ်ိန္ ေရျဖင့္ေလာင္းပါက ဘရိတ္ရႈးမ်ားပြ၍ ပ်က္ဆီးတတ္သည္ကိုလည္း ဂ႐ုထားရပါမည္။
၂။ ဆီဘရိတ္ (Hydraulic break)
ျမန္မာျပည္၌ ဒစ္ဘရိတ္ဟု လူသိမ်ားသည္။ အားသာခ်က္အေနျဖင့္ ဘရိတ္အုပ္လိုက္ေသာအခါ တုန္႔ကနဲေနေအာင္ မိသည္။ အခန္႔မသင့္က ဗုန္းကနဲေနေအာင္လည္း သင္ ျပဳတ္က်သြားပါလိမ့္မည္။ ႐ွဴးဘရိတ္ကဲ့သို႔ ဘရိတ္အုပ္ထားစဥ္ ေနာက္ျပန္ေလ်ာမက်တတ္ပါ။ ျပဳျပင္ထိန္းသိမ္းရလြယ္ကူၿပီး ႐ွဴးမ်ားလဲရန္အတြက္ ဘီးမ်ားထိ ျဖဳတ္ေနစရာ မလိုပါ။ သို႔ေသာ္ တ႐ုတ္ဘီးေလးမ်ားႏွင့္သာ ရင္းႏွီးကြၽမ္းဝင္ေနသျဖင့္ ဒစ္ဘရိတ္ကို ျပင္ဆရာမ်ားက ေၾကာက္ၾကသည္။ အေတြ႕အႀကဳံနည္းေသာသူမ်ားအေနျဖင့္ ဘရိတ္ဆီ႐ွဴရခက္ခဲျခင္း ျဖစ္တတ္သည္။ တစ္ခါေလာက္ပ်က္လိုက္ေသာ ဒစ္ဘရိတ္သည္ ႐ွဴးျဖဳတ္ပစ္၍ အလြတ္စီးခံရဖို႔ ရာခိုင္ႏႈန္းမ်ားလွသည္။
၃။ ABS (Anti-lock Break System)
ေနာက္ဆုံးေပၚ ဘရိတ္အမ်ိဳးအစားထဲက တစ္ခုျဖစ္သည္။ "ဘီးေသျခင္းကို ဆန္႔က်င္ေသာ ဘရိတ္စနစ္"ဟု အလြယ္တကူ ဘာသာျပန္ႏိုင္မည္ထင္သည္။ က်ေနာ္တို႔ ဘရိတ္အုပ္လိုက္ေသာအခါ ယာဥ္တစ္စီး၏ အရွိန္ေတြကို ထိန္းခ်ဳပ္ပစ္လိုက္သည္ မဟုတ္ပဲ ယာဥ္၏ ဘီးမ်ားကိုသာ ထပ္မံမလည္ပတ္ႏိုင္ေအာင္ ရပ္တန္႔ပစ္လိုက္ျခင္းျဖစ္သည္။ ဘီး၏ မ်က္ႏွာျပင္အနည္းငယ္သာ လမ္းျဖင့္ထိစပ္ေနၿပီး ကုပ္အားေပ်ာက္ဆုံးေနသျဖင့္ ယာဥ္သည္ ဒရြတ္တိုက္ ေရွ႕သို႔ေလ်ာပါသြားသည္။ အထူးသျဖင့္ ေရွ႕ဘရိတ္တစ္ခုတည္းကိုသာ ဆြဲမိေသာအခါ ေနာက္ဘီးကေရွ႕ဘီးကို ေက်ာ္တက္ဖို႔ ႀကိဳးစားျခင္းႏွင့္ back pressure မ်ားေၾကာင့္ ဆိုင္ကယ္ဖင္ရမ္းသြားၿပီး အရွိန္မ်ားရင္မ်ားသလို အပတ္ေပါင္းမ်ားစြာ လည္သြားတတ္သည္။ ABS စနစ္၌ ဘီး၏လည္ပတ္အားကို wheel sensor မ်ားျဖင့္ အဆက္မျပတ္ ေစာင့္ၾကည့္ေနၿပီး သာမာန္ဘရိတ္အုပ္ခ်က္မ်ား၌ ABS က ဝင္၍အလုပ္မလုပ္ပဲ သတ္မွတ္အတိုင္းအတာထက္ပို၍ ဘီးေသျခင္းျဖစ္သြားေသာအခါ ABS စနစ္က ဘရိတ္ကို လႊတ္လိုက္အုပ္လိုက္ လုပ္ေပးေစျခင္းျဖင့္ ECU က ဝင္ေရာက္ထိန္းခ်ဳပ္ေပးသြားျခင္းျဖစ္သည္။ အလြယ္ေျပာရလွ်င္ လူတစ္ဝက္ စက္တစ္ဝက္ ဘရိတ္အုပ္သြားျခင္းျဖစ္သည္။ သိုေသာ္ ECU ၏ respond(တုန္႔ျပန္မႈ)သည္ 1 မီလီစကၠန္႔တြင္ အႀကိမ္ ၃၀ ေလာက္အထိရွိသျဖင့္ ECU က ဝင္ေရာက္ထိန္းခ်ဳပ္ ဘရိတ္အုပ္သြားသည္ကို သင္က သိလိုက္မည္ပင္ မဟုတ္ပါ။ ABS သည္ အႏၲရာယ္ကင္းရွင္းေရးအတြက္ မ်ားစြာအေထာက္အကူျပဳေသာ တည္ထြင္မႈ တစ္ခုျဖစ္ၿပီး ေက်းဇူးအထပ္ထပ္တင္ထိုက္ေသာ တည္ထြင္မႈေတြထဲက တစ္ခုလည္းျဖစ္သည္။ ဆိုင္ကယ္ခ်စ္သူတစ္ေယာက္အေနျဖင့္ သင္တတ္ႏိုင္၍ ဆိုင္ကယ္တစ္စီး ဝယ္စီးမည္ဆိုပါက ABS စနစ္ပါေသာ ဆိုင္ကယ္ကိုသာ ဝယ္စီးပါဟု တိုက္တြန္းလိုပါသည္။ ယာဥ္တိုက္မႈေၾကာင့္ျဖစ္ရေသာ အႏၲရာယ္မ်ားစြာထဲမွ ရာခိုင္ႏႈန္းမ်ားစြာကို ABS စနစ္က ကာကြယ္ေပးပါလိမ့္မည္။
ဘရိတ္မ်ားအေၾကာင္းကို အနည္းအက်ဥ္းေလာက္ေတာ့ ရိပ္စားမိၾကၿပီထင္ပါသည္။ ေရွ႕ဘရိတ္ပ်က္စီးေနေသာ ဆိုင္ကယ္မ်ား၊ ဘရိတ္႐ွဴးပါးေနသျဖင့္ အထိအမိနည္းေနေသာ ဆိုင္ကယ္မ်ားကို မ်ားစြာေတြ႕ဖူးသည္။ ၁ နာရီ ကီလို ၈၀ ျဖင့္ ေမာင္းေနေသာ ယာဥ္တစ္စီးသည္ ၁ စကၠန္႔၌ ၈၈ ေပအထိ ေရာက္သည္။ ဟာကနဲဟင္ကနဲ အာေမဍိက္ျဖစ္၍ မဆုံးခင္မွာ ဝုန္းကနဲဒိုင္းကနဲအသံ ၾကားရႏိုင္ၿပီး သင့္အတြက္ အသက္အႏၲရာယ္ထိ ျဖစ္ေစႏိုင္ပါသည္။ သို႔အတြက္ တစ္ခုသတိထားရမည္က ယာဥ္တစ္စီးကို ေမာင္းႏွင္ေနေသာအခါ က်ေနာ္တို႔၏ လုံၿခဳံမႈမ်ား၊ က်ေနာ္တို႔၏ အသက္မ်ားကို ဘရိတ္အေပၚ၌ ရာခိုင္ႏႈန္းမ်ားစြာ အပ္ႏွင္းထားရသည္ကို သတိခ်ပ္မိဖို႔ျဖစ္သည္။ မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါေနတတ္ေသာ ေလာကႀကီးသည္ အဆင္ေျပခ်မ္းသာေနေသာသူမ်ားကို ABS စနစ္ျဖင့္ ကာကြယ္ေပးေနခ်ိန္၌ က်ေနာ္တို႔လို ေက်ာမြဲေလးမ်ားက ႐ွဴးဘရိတ္, ဆီဘရိတ္ေလးမ်ားကို ဂ႐ုတစိုက္ ျပဳျပင္လဲလွယ္ေပးဖို႔ တိုက္တြန္းလိုပါသည္။
Photo credit