<Unicode>
#ဆိုင်ကယ်ကိုရေခဏခဏဆေးခြင်း
ဒါမှမဟုတ် ဆိုင်ကယ်ရေဆေးရင် ဘယ်လိုဂရုစိုက်ရမယ် ဆောင်ရန်ရှောင်ရန်နဲ့
ရေဆေးခြင်းရဲ့ကောင်ကျိုးရဲ့ တခြားတစ်ဖက်က
ဆိုးကျိုးတချို့
ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဆိုင်ကယ်ကို အမြဲသစ်လွင်နေချင်တာက ကျွန်တော်တို့ရဲ့ ဆန္ဒပါ
အဲ့ဒီလိုသစ်လွင်နေချင်တာနဲ့ပဲ စေတနာအမှားတွေဖြစ်ကုန်ရော
ကျွန်တော်ဒီတခါမှာတော့ အဓိက ဆွေးနွှေးသွားမှာက ရေဆေးခြင်းအခြားတဖက်ကဆိုးကျိုးတွေပေါ့လေ
ဘယ်နေရာမဆိုကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေတယ်ဆိုတာ အတော်မှန်ပါတယ်
ရေဖိအားပြင်းပြင်းနဲ့အရမ်းမဆေးပါနဲ့ English လိုဆို High pressure water လို့ခေါ်ပါတယ်
High pressure ဖြစ်လို့လဲ ဆိုင်ကယ်ရဲ့ လက်မဝင်နိုင်တဲ့ နေရာကျိုကျိုကျားကျားလေးတွေကို ပြောင်စင်အောင်ဆေးကျောနိုင်တာပါ အဲ့ဒီလိုဖိအားကောင်းလို့လဲ ဖိအားကောင်းတဲ့ရေတွေက ခလုတ်ကြားတွေ ပလပ်ကြားတွေ ရေဝင်တတ်ပါတယ် လွတ်တတ်ပါတယ် သော့ပေါက်တွေထဲဝင်ရင်လဲကျပ်တတ်ပါတယ် နောက်တစ်ခုက သင်ခရီးကပြန်ရောက်တာ ဒါမှမဟုတ် မြို့ထဲကို အတော်ကြာကြာပတ်ပြီးမှ ရေဆေးဖို့သတိရတာနဲ့ ရေဆေးခုံကိုဝင်ထိုးပြီးဆန်းမဆေးပါနဲ့ အင်ဂျင်ပူနေရင်လဲ ချက်ချင်းမဆေးပါနဲ့
သတ္ထုတွေက ပူရင်ပွလာတယ်ဆိုတာ ငယ်ငယ်က စာထဲမှာသင်ဖူးကြမယ်ထင်ပါတယ် အဲ့ဒီလိုပူနေရာကနေ Normal situation ကိုပြန်ရောက်ဖို့ရာက လေနဲ့ ဒါမှမဟုတ် သဘာဝအတိုင်းထားပြီး အအေးခံခြင်းက ကောင်းပါတယ် ဘာတွေဖြစ်နိုင်လဲဆိုရင် အင်ဂျင်တချို့ကတော့ ရေကျင့်တာခေါ်ပါတယ် အေးလွယ်တာမှန်ပေမဲ့ အင်ဂျင် အက်တတ်တာကိုလဲသတိပြုစေချင်ပါတယ် ပြီးတော့ အင်ဂျင်မှာပါတဲ့ဆေးသားတွေလဲမညီမညာဖြစ်ပြီးကြည့်ရဆိုးစေပါတယ် အင်ဂျင်က ဘာရောင်မှမပါဘူး သတ္ထုရောင်ပဲဆိုရင်လဲ ဂရုစိုက်စရာတစ်ခုတိုးလာပြန်ပါပြီ တချို့သော ဆပ်ပြာတွေက သတ္ထုတွေနဲ့ ဓာတ်ပြုတတ်ပါတယ် များသောအားဖြင့်တော့ ဆပ်ပြာမှာပါလာတတ်တဲ့ Chemical တွေက သတ္ထုတွေနဲ့ဓာတ်ပြုတတ်တာမို့ ဝင်းနေရမဲ့ အစိတ်အပိုင်းက ထင်သလောက်ဝင်းမလာတာမျိုးဖြစ်နိုင်ပါတယ် ဒါကြောင့် soft ဖြစ်တဲ့ ဆပ်ပြာကိုသာ သုံးပါ ချွတ်မရတဲ့အညစ်အကြေးဆိုတာမရှိပါဘူး ချွတ်တတ်ဖို့ပဲလိုတာပါ ပြီးတော့ ညီကိုတို့ ဆိုင်ကယ်တွေမှာပါတဲ့ Leather ခုံတွေက ရေမကြိုက်ပါဘူး
အတိုချုံးရရင်တော့ ဖိအားပြင်းလွန်းတဲ့ရေကိုရှောင်ပါ
မရှောင်နိုင်ရင်လဲ ဒီနေရာဒီနေရာကို တော့ pressure water မသုံးချင်ကြောင်းပြောပါ
ချိန်း / ပလပ် / ခလုတ်တွေ သူတို့က မိုးရေနဲ့ သဘာဝ ရေတချို့လောက်ခံနိုင်အောင် Design ထုတ်ထားပေမဲ့ ဖိအားပြင်းတဲ့ရေကိုမခံနိုင်ပါဘူး
Chain Care လုပ်ပါ မမေ့ပါနဲ့ Chain care မလုပ်နိုင်ရင် ရေမဆေးသေးပါနဲ့
ဆိုင်ကယ်ပူနေရင် 15 minutes လောက်အနားပေးပြီးမှဆေးပါ
ဆပ်ပြာ အပျော့စားသုံးပါ
ပွတ်တိုက်ဆေးကျောတဲ့အခါ Brush အကြမ်းသားတွေမသုံးပါနဲ့ ကျွန်တော်တို့က မြန်မာလူမျိုးတွေပဲ မဝတ်တော့တဲ့ ပုဆိုးအဟောင်းရှိရင် Ok ပါတယ် တဘက်အဟောင်းလဲပြေပါတယ်
ကစ်လဲ အများကြီးမသုံးသင့်ပဲမသုံးပါနဲ့ ဖုံတွေလာစုတတ်ပါတယ် ရေဆေးထားတာမကြာသေးဘူး ဖုန်တွေတင်နေပြန်ပြီကွာဆိုတာ ကစ်ကြောင့်ပါ ရေဆေးပြီးရင် ကစ်မတိုက်ပဲသေသေချာချာထားစီးကြည့်ပါ ဖုံတင်သက်သာပါတယ် Show ပြဖို့လိုတဲ့အနေအထားမှာလောက်ပဲသုံးပါ
ဒါကတော့ ဆိုင်ကယ်ရေဆေးခြင်းနဲ့ ကျွန်တော့အမြင်ဖြစ်ပါတယ်
အချိန်ပေးဖတ်ရှုပေးကြတာ ကျေးဇူးတင်ပါတယ်
မိမိတို့ ဆိုင်ကယ်တွေကို မှန်မှန်ကန်ကန် ဂရုစိုက်နိုင်ကြပါစေ
#crb
<Zawgyi>
#ဆိုင္ကယ္ကိုေရခဏခဏေဆးျခင္း
ဒါမွမဟုတ္ ဆိုင္ကယ္ေရေဆးရင္ ဘယ္လိုဂ႐ုစိုက္ရမယ္ ေဆာင္ရန္ေရွာင္ရန္နဲ႔
ေရေဆးျခင္းရဲ႕ေကာင္က်ိဳးရဲ႕ တျခားတစ္ဖက္က
ဆိုးက်ိဳးတခ်ိဳ႕
ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ရဲ႕ဆိုင္ကယ္ကို အၿမဲသစ္လြင္ေနခ်င္တာက ကြၽန္ေတာ္တို႔ရဲ႕ ဆႏၵပါ
အဲ့ဒီလိုသစ္လြင္ေနခ်င္တာနဲ႔ပဲ ေစတနာအမွားေတြျဖစ္ကုန္ေရာ
ကြၽန္ေတာ္ဒီတခါမွာေတာ့ အဓိက ေဆြးေႏႊးသြားမွာက ေရေဆးျခင္းအျခားတဖက္ကဆိုးက်ိဳးေတြေပါ႔ေလ
ဘယ္ေနရာမဆိုေကာင္းက်ိဳးနဲ႔ဆိုးက်ိဳး ဒြန္တြဲေနတယ္ဆိုတာ အေတာ္မွန္ပါတယ္
ေရဖိအားျပင္းျပင္းနဲ႔အရမ္းမေဆးပါနဲ႔ English လိုဆို High pressure water လို႔ေခၚပါတယ္
High pressure ျဖစ္လို႔လဲ ဆိုင္ကယ္ရဲ႕ လက္မဝင္ႏိုင္တဲ့ ေနရာက်ိဳက်ိဳက်ားက်ားေလးေတြကို ေျပာင္စင္ေအာင္ေဆးေက်ာႏိုင္တာပါ အဲ့ဒီလိုဖိအားေကာင္းလို႔လဲ ဖိအားေကာင္းတဲ့ေရေတြက ခလုတ္ၾကားေတြ ပလပ္ၾကားေတြ ေရဝင္တတ္ပါတယ္ လြတ္တတ္ပါတယ္ ေသာ့ေပါက္ေတြထဲဝင္ရင္လဲက်ပ္တတ္ပါတယ္ ေနာက္တစ္ခုက သင္ခရီးကျပန္ေရာက္တာ ဒါမွမဟုတ္ ၿမိဳ႕ထဲကို အေတာ္ၾကာၾကာပတ္ၿပီးမွ ေရေဆးဖို႔သတိရတာနဲ႔ ေရေဆးခုံကိုဝင္ထိုးၿပီးဆန္းမေဆးပါနဲ႔ အင္ဂ်င္ပူေနရင္လဲ ခ်က္ခ်င္းမေဆးပါနဲ႔
သတၳဳေတြက ပူရင္ပြလာတယ္ဆိုတာ ငယ္ငယ္က စာထဲမွာသင္ဖူးၾကမယ္ထင္ပါတယ္ အဲ့ဒီလိုပူေနရာကေန Normal situation ကိုျပန္ေရာက္ဖို႔ရာက ေလနဲ႔ ဒါမွမဟုတ္ သဘာဝအတိုင္းထားၿပီး အေအးခံျခင္းက ေကာင္းပါတယ္ ဘာေတြျဖစ္ႏိုင္လဲဆိုရင္ အင္ဂ်င္တခ်ိဳ႕ကေတာ့ ေရက်င့္တာေခၚပါတယ္ ေအးလြယ္တာမွန္ေပမဲ့ အင္ဂ်င္ အက္တတ္တာကိုလဲသတိျပဳေစခ်င္ပါတယ္ ၿပီးေတာ့ အင္ဂ်င္မွာပါတဲ့ေဆးသားေတြလဲမညီမညာျဖစ္ၿပီးၾကည့္ရဆိုးေစပါတယ္ အင္ဂ်င္က ဘာေရာင္မွမပါဘူး သတၳဳေရာင္ပဲဆိုရင္လဲ ဂ႐ုစိုက္စရာတစ္ခုတိုးလာျပန္ပါၿပီ တခ်ိဳ႕ေသာ ဆပ္ျပာေတြက သတၳဳေတြနဲ႔ ဓာတ္ျပဳတတ္ပါတယ္ မ်ားေသာအားျဖင့္ေတာ့ ဆပ္ျပာမွာပါလာတတ္တဲ့ Chemical ေတြက သတၳဳေတြနဲ႔ဓာတ္ျပဳတတ္တာမို႔ ဝင္းေနရမဲ့ အစိတ္အပိုင္းက ထင္သေလာက္ဝင္းမလာတာမ်ိဳးျဖစ္ႏိုင္ပါတယ္ ဒါေၾကာင့္ soft ျဖစ္တဲ့ ဆပ္ျပာကိုသာ သုံးပါ ခြၽတ္မရတဲ့အညစ္အေၾကးဆိုတာမရွိပါဘူး ခြၽတ္တတ္ဖို႔ပဲလိုတာပါ ၿပီးေတာ့ ညီကိုတို႔ ဆိုင္ကယ္ေတြမွာပါတဲ့ Leather ခုံေတြက ေရမႀကိဳက္ပါဘူး
အတိုခ်ဳံးရရင္ေတာ့ ဖိအားျပင္းလြန္းတဲ့ေရကိုေရွာင္ပါ
မေရွာင္ႏိုင္ရင္လဲ ဒီေနရာဒီေနရာကို ေတာ့ pressure water မသုံးခ်င္ေၾကာင္းေျပာပါ
ခ်ိန္း / ပလပ္ / ခလုတ္ေတြ သူတို႔က မိုးေရနဲ႔ သဘာဝ ေရတခ်ိဳ႕ေလာက္ခံႏိုင္ေအာင္ Design ထုတ္ထားေပမဲ့ ဖိအားျပင္းတဲ့ေရကိုမခံႏိုင္ပါဘူး
Chain Care လုပ္ပါ မေမ့ပါနဲ႔ Chain care မလုပ္ႏိုင္ရင္ ေရမေဆးေသးပါနဲ႔
ဆိုင္ကယ္ပူေနရင္ 15 minutes ေလာက္အနားေပးၿပီးမွေဆးပါ
ဆပ္ျပာ အေပ်ာ့စားသုံးပါ
ပြတ္တိုက္ေဆးေက်ာတဲ့အခါ Brush အၾကမ္းသားေတြမသုံးပါနဲ႔ ကြၽန္ေတာ္တို႔က ျမန္မာလူမ်ိဳးေတြပဲ မဝတ္ေတာ့တဲ့ ပုဆိုးအေဟာင္းရွိရင္ Ok ပါတယ္ တဘက္အေဟာင္းလဲေျပပါတယ္
ကစ္လဲ အမ်ားႀကီးမသုံးသင့္ပဲမသုံးပါနဲ႔ ဖုံေတြလာစုတတ္ပါတယ္ ေရေဆးထားတာမၾကာေသးဘူး ဖုန္ေတြတင္ေနျပန္ၿပီကြာဆိုတာ ကစ္ေၾကာင့္ပါ ေရေဆးၿပီးရင္ ကစ္မတိုက္ပဲေသေသခ်ာခ်ာထားစီးၾကည့္ပါ ဖုံတင္သက္သာပါတယ္ Show ျပဖို႔လိုတဲ့အေနအထားမွာေလာက္ပဲသုံးပါ
ဒါကေတာ့ ဆိုင္ကယ္ေရေဆးျခင္းနဲ႔ ကြၽန္ေတာ့အျမင္ျဖစ္ပါတယ္
အခ်ိန္ေပးဖတ္ရႈေပးၾကတာ ေက်းဇူးတင္ပါတယ္
မိမိတို႔ ဆိုင္ကယ္ေတြကို မွန္မွန္ကန္ကန္ ဂ႐ုစိုက္ႏိုင္ၾကပါေစ
#crb