အရင်းနှီးဆုံးအရာ သို့သော် အစိမ်းဆုံးသောနာမည်

<Unicode>
အရင်းနှီးဆုံးအရာ သို့သော် အစိမ်းဆုံးသောနာမည်

ဤစာသည် ဆိုင်ကယ်အင်ဂျင်ကို စိတ်ဝင်စားသော ညီငယ်လေးများအတွက် ရည်ရွယ်ပါသည်။ အင်ဂျင်ဟု ဆိုလိုက်သည်နှင့် ကျနော်တို့ စတင်ကြုံတွေ့ရသည်မှာ ကျနော်တို့ နားမလည်သော အမည်နာမ အခေါ်အဝေါ်တွေ ဖြစ်သည်။ အပ်တစ်ချောင်းပင် အဖြစ်ရှိအောင် မထုတ်လုပ်နိုင်သော ကျနော်တို့ ရွှေပြည်ကြီးက စတင်တည်ထွင်လိုက်သော ပစ္စည်းများ မဟုတ်ကြ၍ ကျနော်တို့နားမလည်သော အမည်တွေနှင့် ဖြစ်နေသည်ကလည်း အဆန်းတကျယ်တော့မဟုတ်လှပါ။

အမည်တစ်ခုကို နားထဲမှာကြားလိုက်ပြီး ကြားလိုက်တဲ့အရာက ဘာဆိုတာကို ဦးနှောက်ထဲမှာ ထင်းကနဲမပေါ်ခြင်းက အတော်ကသိကအောင့်နိုင်သောကိစ္စတစ်ခုဖြစ်သည်။ ရွှေမှုံရတီလို့ ကြားလိုက်သည်နှင့် ပါးမှာအမာရွတ်လေးနှင့် အရမ်းချစ်စရာကောင်း ကောင်မလေးကို မျက်စိထဲပြေးမြင်မိပြီး ကြားရတာ အရသာရှိသလောက်၊ ဟိုဘက်ရွာက နှင်းမှုံလေး သိပ်လှသကွာဟု ကြားရသောအခါ နှင်းမှုံကို မမြင်ဖူးသော ကျနော့်အတွက် ဟိုဘက်ရွာကတော့ ဟုတ်ပါရဲ့ ဘယ်သူ့သမီးမှန်းလည်းမသိ ဘယ်နားနေမှန်းလည်းမသိ ဖြူသလား မဲသလားလည်း မသိနဲ့ ကြားရတာ တစ်ခုခုလိုနေသလို ခံစားရသည်။ ထို့ကြောင့် အင်ဂျင်နှင့် ပတ်သက်သော အမည်ဝေါဟာရများကို ကြားလိုက်သည်နှင့် ထင်းကနဲ့ ဦးနှောက်ထဲ မြင်ယောင်မိဖို့ အရေးကြီးပါသည်။ ဤနေရာ၌ ပစ္စည်းတစ်ခုချင်းစီ၏ အဓိပ္ပါယ်တိတိကျကျများနှင့် သိပ္ပံနည်းကျ အလုပ်လုပ်ဆောင်မှုများကို မဆိုလိုပဲ ဘာဆိုတာကို အပေါ်ယံ သိမြင်ဖို့သာ ဆိုလိုပါသည်။ 

ဆိုင်ကယ်ပညာသည် အင်ဂျင်နီယာ ပညာရပ်ဖြစ်သောကြောင့် ဝေါဟာရတို့သည်လည်း အင်ဂျင်နီယာ ဝေါဟာရအတိုင်းသုံးမှ ပို၍ ကျစ်ကျစ်လစ်လစ် ရှိနေတတ်သည်။ မြန်မာမှုပြုလိုက်က Piston ဟူသော ဝေါဟာရကိုပင် လျှာထွက်အောင် ပြောနေရပါမည်။ တချို့ညီငယ်များက ဆရာ့ဆီရောက်ရင်အခြေခံက သင်ပေးမှာပဲ ဆိုပြီး သင်တန်းရောက်မှ အကုန်စသင်ဖို့ ကြိုးစားတတ်သည်။ ကျယ်ပြန့်ရှုပ်ထွေးလှသော အင်ဂျင်နီယာ ပညာရပ်တစ်ခုကို လအနည်းငယ်ဖြင့် သင်ကြားရသောအခါ အခေါ်ဝေါ်လေးတွေကအစ စသင်ပေးဖို့ ခက်လှပါသည်။ နောက်ထပ် အခက်တစ်ခုက အင်ဂျင်နီယာဝေါဟာရတွေကို မြန်မာမှုပြု၍သင်က ခရီးပေါက်ဖို့ မလွယ်လှသဖြင့် အင်္ဂလိပ်ဝေါဟာရများ ထည့်သင်ကြသည်။ တစ်ခုခုအကြောင်း သိလိုလျှင် Google, You Tube တို့၌ အလွယ်တကူရှာလို့ရသော ခေတ်ကြီး၌ ဆရာတွေက သူတို့ပြောပြ ရေးပြလိုက်သော အင်္ဂလိပ်စာလုံးတို့ကို ရိုက်နှိပ်ရှာစေချင်သော စေတနာကလည်း ရှိနေသေးသည်။

သို့သော် မကြားဖူးသော ဝေါဟာရများကို ကြုံရ ကြားရသောအခါ ကြားသလောက် နိုင်မလည်နိုင်ဖြစ်ကာ စိတ်ဓာတ်ကျသွားတတ်သည်။ ဆရာက bore လို့ပြောလိုက် stroke လို့ပြောလိုက်နှင့် ဘာကိုပြောလို့ပြောမှန်းမသိ လည်တယ်ပူတယ် ဖြစ်နေတတ်သည်။ တကယ်တော့ bore ဆိုတာလည်း ကျနော်တို့မြင်ဖူးသလို stroke ဆိုတာလည်း ကျနော်တို့တွေ့ဖူးပြီးသားဖြစ်သည်။ ကျနော်တို့နဲ့ အရင်းနှီးဆုံးအရာတွေထဲက ဖြစ်ပေမယ့် နာမည်တွေကတော့ အစိမ်းဆုံးဖြစ်နေတတ်သည်။

မည်သို့ပင် ဆိုစေ ဆိုင်ကယ်ပညာနှင့်ပတ်သက်၍ သူများထက် နှာတစ်ဖျားလေးဖြစ်ဖြစ် သာချင်တယ်ဆိုပါက အင်ဂျင်နှင့်ဆိုင်သော ဝေါဟာရတို့ကို ဖြည်းဖြည်းချင်း လေ့လာသွားရမည်ဖြစ်သည်။ ကျနော့်ဆရာ ပြောတဲ့စကားအတိုင်းပြောရရင် " ကြောက်လို့ရှောင်ရင် သေအောင်တွေ့တတ်ပါတယ်"။ ထို့ကြောင့် မရှောင်ပဲ နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ကြပါစို့လို့ ကိုယ့်ကိုယ်ကိုရော ညီငယ်များကိုပါ တိုက်တွန်းလိုက်ရပါတယ်။

ဗဟုသုတများ ပွားများစည်ပင်နိုင်ကြပါစေ။

<Zawgyi>
အရင္းႏွီးဆုံးအရာ သို႔ေသာ္ အစိမ္းဆုံးေသာနာမည္

ဤစာသည္ ဆိုင္ကယ္အင္ဂ်င္ကို စိတ္ဝင္စားေသာ ညီငယ္ေလးမ်ားအတြက္ ရည္ရြယ္ပါသည္။ အင္ဂ်င္ဟု ဆိုလိုက္သည္ႏွင့္ က်ေနာ္တို႔ စတင္ႀကဳံေတြ႕ရသည္မွာ က်ေနာ္တို႔ နားမလည္ေသာ အမည္နာမ အေခၚအေဝၚေတြ ျဖစ္သည္။ အပ္တစ္ေခ်ာင္းပင္ အျဖစ္ရွိေအာင္ မထုတ္လုပ္ႏိုင္ေသာ က်ေနာ္တို႔ ေရႊျပည္ႀကီးက စတင္တည္ထြင္လိုက္ေသာ ပစၥည္းမ်ား မဟုတ္ၾက၍ က်ေနာ္တို႔နားမလည္ေသာ အမည္ေတြႏွင့္ ျဖစ္ေနသည္ကလည္း အဆန္းတက်ယ္ေတာ့မဟုတ္လွပါ။

အမည္တစ္ခုကို နားထဲမွာၾကားလိုက္ၿပီး ၾကားလိုက္တဲ့အရာက ဘာဆိုတာကို ဦးေႏွာက္ထဲမွာ ထင္းကနဲမေပၚျခင္းက အေတာ္ကသိကေအာင့္ႏိုင္ေသာကိစၥတစ္ခုျဖစ္သည္။ ေရႊမႈံရတီလို႔ ၾကားလိုက္သည္ႏွင့္ ပါးမွာအမာရြတ္ေလးႏွင့္ အရမ္းခ်စ္စရာေကာင္း ေကာင္မေလးကို မ်က္စိထဲေျပးျမင္မိၿပီး ၾကားရတာ အရသာရွိသေလာက္၊ ဟိုဘက္ရြာက ႏွင္းမႈံေလး သိပ္လွသကြာဟု ၾကားရေသာအခါ ႏွင္းမႈံကို မျမင္ဖူးေသာ က်ေနာ့္အတြက္ ဟိုဘက္ရြာကေတာ့ ဟုတ္ပါရဲ႕ ဘယ္သူ့သမီးမွန္းလည္းမသိ ဘယ္နားေနမွန္းလည္းမသိ ျဖဴသလား မဲသလားလည္း မသိနဲ႔ ၾကားရတာ တစ္ခုခုလိုေနသလို ခံစားရသည္။ ထို႔ေၾကာင့္ အင္ဂ်င္ႏွင့္ ပတ္သက္ေသာ အမည္ေဝါဟာရမ်ားကို ၾကားလိုက္သည္ႏွင့္ ထင္းကနဲ႔ ဦးေႏွာက္ထဲ ျမင္ေယာင္မိဖို႔ အေရးႀကီးပါသည္။ ဤေနရာ၌ ပစၥည္းတစ္ခုခ်င္းစီ၏ အဓိပၸါယ္တိတိက်က်မ်ားႏွင့္ သိပၸံနည္းက် အလုပ္လုပ္ေဆာင္မႈမ်ားကို မဆိုလိုပဲ ဘာဆိုတာကို အေပၚယံ သိျမင္ဖို႔သာ ဆိုလိုပါသည္။ 

ဆိုင္ကယ္ပညာသည္ အင္ဂ်င္နီယာ ပညာရပ္ျဖစ္ေသာေၾကာင့္ ေဝါဟာရတို႔သည္လည္း အင္ဂ်င္နီယာ ေဝါဟာရအတိုင္းသုံးမွ ပို၍ က်စ္က်စ္လစ္လစ္ ရွိေနတတ္သည္။ ျမန္မာမႈျပဳလိုက္က Piston ဟူေသာ ေဝါဟာရကိုပင္ လွ်ာထြက္ေအာင္ ေျပာေနရပါမည္။ တခ်ိဳ႕ညီငယ္မ်ားက ဆရာ့ဆီေရာက္ရင္အေျခခံက သင္ေပးမွာပဲ ဆိုၿပီး သင္တန္းေရာက္မွ အကုန္စသင္ဖို႔ ႀကိဳးစားတတ္သည္။ က်ယ္ျပန္႔ရႈပ္ေထြးလွေသာ အင္ဂ်င္နီယာ ပညာရပ္တစ္ခုကို လအနည္းငယ္ျဖင့္ သင္ၾကားရေသာအခါ အေခၚေဝၚေလးေတြကအစ စသင္ေပးဖို႔ ခက္လွပါသည္။ ေနာက္ထပ္ အခက္တစ္ခုက အင္ဂ်င္နီယာေဝါဟာရေတြကို ျမန္မာမႈျပဳ၍သင္က ခရီးေပါက္ဖို႔ မလြယ္လွသျဖင့္ အဂၤလိပ္ေဝါဟာရမ်ား ထည့္သင္ၾကသည္။ တစ္ခုခုအေၾကာင္း သိလိုလွ်င္ Google, You Tube တို႔၌ အလြယ္တကူရွာလို႔ရေသာ ေခတ္ႀကီး၌ ဆရာေတြက သူတို႔ေျပာျပ ေရးျပလိုက္ေသာ အဂၤလိပ္စာလုံးတို႔ကို ႐ိုက္ႏွိပ္ရွာေစခ်င္ေသာ ေစတနာကလည္း ရွိေနေသးသည္။

သို႔ေသာ္ မၾကားဖူးေသာ ေဝါဟာရမ်ားကို ႀကဳံရ ၾကားရေသာအခါ ၾကားသေလာက္ ႏိုင္မလည္ႏိုင္ျဖစ္ကာ စိတ္ဓာတ္က်သြားတတ္သည္။ ဆရာက bore လို႔ေျပာလိုက္ stroke လို႔ေျပာလိုက္ႏွင့္ ဘာကိုေျပာလို႔ေျပာမွန္းမသိ လည္တယ္ပူတယ္ ျဖစ္ေနတတ္သည္။ တကယ္ေတာ့ bore ဆိုတာလည္း က်ေနာ္တို႔ျမင္ဖူးသလို stroke ဆိုတာလည္း က်ေနာ္တို႔ေတြ႕ဖူးၿပီးသားျဖစ္သည္။ က်ေနာ္တို႔နဲ႔ အရင္းႏွီးဆုံးအရာေတြထဲက ျဖစ္ေပမယ့္ နာမည္ေတြကေတာ့ အစိမ္းဆုံးျဖစ္ေနတတ္သည္။

မည္သို႔ပင္ ဆိုေစ ဆိုင္ကယ္ပညာႏွင့္ပတ္သက္၍ သူမ်ားထက္ ႏွာတစ္ဖ်ားေလးျဖစ္ျဖစ္ သာခ်င္တယ္ဆိုပါက အင္ဂ်င္ႏွင့္ဆိုင္ေသာ ေဝါဟာရတို႔ကို ျဖည္းျဖည္းခ်င္း ေလ့လာသြားရမည္ျဖစ္သည္။ က်ေနာ့္ဆရာ ေျပာတဲ့စကားအတိုင္းေျပာရရင္ " ေၾကာက္လို႔ေရွာင္ရင္ ေသေအာင္ေတြ႕တတ္ပါတယ္"။ ထို႔ေၾကာင့္ မေရွာင္ပဲ နဖူးေတြ႕ဒူးေတြ႕ ေတြ႕လိုက္ၾကပါစို႔လို႔ ကိုယ့္ကိုယ္ကိုေရာ ညီငယ္မ်ားကိုပါ တိုက္တြန္းလိုက္ရပါတယ္။

ဗဟုသုတမ်ား ပြားမ်ားစည္ပင္ႏိုင္ၾကပါေစ။