ဆိုင်ကယ်အင်ဂျင်ဆိုင်ရာ အင်ဂျင်ဝိုင်ရွေးချယ်မှုအကြောင်း
<Unicode>
(၁)
အင်ဂျင်ဝိုင်ကို ဆိုင်ကယ်တစ်စီး၏ အသက်သွေးသဖွယ် တင်စားကြသည်။
တိုမျှလောက်အရေးကြီးသော အင်ဂျင်ဝိုင်ကို တွေ့ရာကောက်ထည့်နေကြသည်ကို ကျနော်တို့ရွှေပြည်ကြီး၌ ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် အနည်းငယ်မျှ ရွေးချယ်ဝယ်ယူတတ်လျှင် အမြတ်ဟုသဘောထား၍ အင်ဂျင်ဝိုင်အကြောင်း သိသာရုံ တင်ပြပေးပါမည်။
အင်ဂျင်ဝိုင်ရွေးချယ်တော့မည်ဆိုလျှင် 
၁။ အင်ဂျင်ဝိုင်အမျိုးအစား 
၂။ အင်ဂျင်ဝိုင်စေးပျစ်နှုန်း
၃။ မိမိဆိုင်ကယ်နှင့် သင့်တော်မှုရှိမရှိ ကောင်းစွာသိရှိရပါမည်။
(၂)
အင်ဂျင်ဝိုင်အမျိုးအစားများ
အင်ဂျင်ဝိုင်သည် 
၁။ ရေနံအခြေခံအင်ဂျင်ဝိုင် 
၂။ ဓာတုဗေဒဒြပ်ပေါင်း ရောစပ်ထားသောအင်ဂျင်ဝိုင်
၃။ ၁၀၀% ဓာတုဗေဒဒြပ်ပေါင်း အင်ဂျင်ဝိုင် ဟူ၍ သုံးမျိုးရှိသည်။
ရေနံအခြေခံ အင်ဂျင်ဝိုင်သည် ဖယောင်းချိုးကျ၍ အင်ဂျင်အတွင်း ညစ်ပေနေတတ်ပြီး အင်ဂျင်ဝိုင်လမ်းကြောင်းများကိုပါ ပိတ်ဆို့တတ်သည်။
အချိန်မီလဲရန်လိုအပ်ကာ မခန်းတတ်သဖြင့် အင်ဂျင်ဝိုင်လဲဖို့ မေ့လျော့နေတတ်သည်။ အသုံးပြုမှုများသောယာဥ်များအတွက် သင့်လျော်၍ ဂရုစိုက်၍ လဲလှယ်ပေးဖို့တော့ လိုအပ်ပါသည်။
၎င်းအင်ဂျင်ဝိုင်အမျိုးအစားကို အင်ဂျင်ဝိုင်ဗူးများ၌ mineral oil, virgen oil စသည်ဖြင့် ဖော်ပြထားတတ်သည်။
ခေတ်အနေအထားရ သုံးသင့်သောအင်ဂျင်ဝိုင် တစ်မျိုးမှာ ဓာတုဗေဒဒြပ်ပေါင်း ရောစပ်ထားသော အင်ဂျင်ဝိုင်ဖြစ်သည်။
ဖယောင်းချိုးကျမှုနည်းပါးကာ အင်ဂျင်ဝိုင်အရည်အသွေးကျလျှင် ခန်းလာတတ်သဖြင့် အချိန်မီသိရှိ လဲလှယ်ပေးနိုင်သည်။ အရမ်းအသုံးမများသောယာဥ်များအတွက် သင့်လျော်သည်။
semi-synthetic, synthetic tech,synthetic technology စသည်ဖြင့် ဖော်ပြထားကြသည်။
fully synthetic ခေါ် 100%ပြည့် ဓာတုဗေဒဒြပ်ပေါင်းအင်ဂျင်ဝိုင်ကိုကား အတော်များများ လက်လှမ်းမမီသဖြင့် ဤနေရာ၌ အထူးဖော်မပြတော့ပါ။
(၃)
အင်ဂျင်ဝိုင်စေးပျစ်နှုန်းသည် single grade, multi grade ဟု နှစ်မျိုးရှိ၍ အသုံးများသော multi grade အကြောင်းကိုသာ တင်ပြပေးပါမည်။
အပူအအေး အခြေနေနှစ်မျိုးလုံး၌ သုံးနိုင်သောအင်ဂျင်ဝိုင်ကို multi grade ခေါ်၍ ၎င်းgradeများကို  ရွေ့လျားစက်ပစ္စည်းများဆိုင်ရာ အင်ဂျင်နီယာအဖွဲ့ဖြစ်သော SAE မှ သတ်မှတ်ပေးသည်။
ဗူးများ၌ SAE 5w-40, 10w-40 စသည်ဖြင့် ရေးထားတတ်သည်။
5w၌ wသည် winterကို ရည်ညွှန်းသည်။ 0° ၌ အင်ဂျင်ဝိုင် စေးပျစ်နှုန်းသည် 5 ဖြစ်သည်ဟု ဆိုလိုသည်။ နောက်က 40 သည် 100° ၌ အင်ဂျင်ဝိုင်စေးပျစ်နေမည့် ပမာဏဖြစ်သည်။ ဤနေရာ၌ စေးပျစ်သည်ဆိုသည်မှာ အင်ဂျင်ဝိုင်ပျစ်သွားခြင်းကို ဆိုလိုသည်မဟုတ်ပဲ ပူလာသောအခါ မော်လီကျူးများ၏ တစ်ခုနှင့်တစ်ခု တွဲဆက်လာခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။
အေးသောအရပ်ဒေသများ၌ SAE 5w-40 ကို ထည့်ထားခြင်းဖြင့် အင်ဂျင်ဝိုင်ပါးပါးလေးသည် စက်နှိုးရလွယ်ကူစေကာ အင်ဂျင်အနှံ့ လျှင်မြန်စွာ စီးဆင်းသွားပြီး ပူလာသောအခါ၌ grade 40 က အင်ဂျင်ကို ပွန်းစားမှုများမဖြစ်အောင် ထပ်မံကာကွယ်ပေးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ရေတိုင်ကီပါသော အင်ဂျင်များအတွက် 10w-40 ဆီမျိုးကို အသုံးပြုသင့်သည်။ မိမိအရပ်ဒေသ အပူချိန်အလိုက် ရွေးချယ်ဝယ်ယူတတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
(၄)
မိမိဆိုင်ကယ်နှင့် သင့်လျော်သောအင်ဂျင်ဝိုင်ကို မရွေးချယ်တတ်က အကုန်မလှ ဖြစ်တတ်သော်လည်း အမေရိကန် အခြေစိုက် ရေနံဆိုင်ရာ အဖွဲ့ဖြစ်သော API ၏ service class သတ်မှတ်ပေးထားချက်များကို သိရှိပါက သင့်အတွက် အကုန်လှ၍ အရတော်နေမည်ဖြစ်သည်။
ဓာတ်ဆီအင်ဂျင်(spark ignition engine)များအတွက် SA,SJ, SM, SN,SP စသည်ဖြင့် လာ၍ ဗူးခွံများ၌ API SN စသည်ဖြင့် ရေးပေးထားသည်။ class မြင့်လေ ကောင်းလေဖြစ်ပြီး  service class အလိုက် အသုံးပြုနိုင်သော ယာဥ်များကို ပုံ၌ ကြည့်ရှုနိုင်သည်။
ဒီဇယ်အင်ဂျင်(compression engine)များအတွက်ကိုတော့ C ဖြင့်လာ၍ API CA, CJ စသည်ဖြင့်လာသည်။ ဆိုင်ကယ်အင်ဝိုင်ဝယ်သည်ကို API C  ပေးပါက သင့်ကိုဂျင်းထည့်နေမှန်း သိပါလေ။
(၅)
SAE နှင့် API ကြည့်တတ်သော် အင်ဂျင်ဝိုင်ရွေးချယ်မှုအတွက် များစွာအထောက်အကူဖြစ်သော်လည်း ဂျပန်အခြေစိုက် ရွေးလျားစက်များဆိုင်ရာ စံအဆင့်သတ်မှတ်အဖွဲ့ဖြစ်သော JASO ၏ service class များကို သိပါက ပို၍ တိကျစွာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ ဆိုင်ကယ်များအတွက် JASO MA, MA1, MA2, MB တို့ရှိပြီး
၁။ အင်ဂျင် ဂီယာဘောက်သပ်သပ်ဆီအတွက် JASO MA
၂။ အင်ဂျင် ဂီယာဘောက်အတွဲလိုက် ရိုးရိုးအတွက် JASO MA1
၃။ ကျောက်ဇကာပါသော အင်ဂျင်ဂီယာဘောက် အတွဲလိုက်အတွက် JASO MA2
4။ scooter (auto) များအတွက် JASO MB ဟု ခွဲခြားသတ်မှတ်ထားသည်။
ကျနော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး အင်ဂျင်ဝိုင် ဂျင်းထည့်ခံရခြင်းမှ ကင်းဝေးကြ၍ မိမိတို့ ယာဥ်များကို သက်တမ်းရှည်ကြာစွာ အသုံးပြုနိုင်ကြပါစေ။
photo Credit
လေ့လာနိုင်သော link များ
https://www.facebook.com/844278189051701/posts/2549691691843667/
https://www.facebook.com/844278189051701/posts/2546983505447819/
https://www.facebook.com/844278189051701/posts/2539378316208338/
https://www.facebook.com/yangon.c.thu.5/videos/162851468261488/
<Zawgyi>
(၁)
(၂)
အင်ဂျင်ဝိုင်သည် 
(၃)
(၄)
(၅)
photo Credit