*ဆိုင်ကယ် စက်မနိုးခြင်း*
*အင်္ဂျင်ကြောင့် မနိုးခြင်း
*ပလပ်မီးမကူးခြင်း
*ကာဗျူရေတာကြောင့် စက်မနိုးခြင်း
*အင်္ဂျင်ချို့ယွင်းချက်များ*
လေကျစ်အား(compression) ကျဆင်းခြင်း
လေကျစ်အားလျော့သွားရင် အင်္ဂျင်ကိုစစ်ရပါမယ် ပစ္စတင် ဝရိမ်းကျတာလား စစ်ပါ မီးခိုးလိုက်လား ရှိုက်ဘားကိုအင်္ဂျင်ဝိုင်မှုတ်လားစစ်ရပါမယ်မီးခိုးလိုက်တယ် အင်္ဂျင်ဝိုင်စားတယ်ဆို အင်္ဂျင်ကျတာပါ
နောက်တစ်ချက်က ဘားတွေပါ ပစ္စတင်ဝရိမ်း ကောင်းပေမယ့် ဘားတွေလေမလုံရင်မနိုးပါ
ဘားနင်းတာမျိုးဆို ပြန်ချိန်လို့ရပါတယ်
ဘားကောက်ရင် စက်မနိုးပါ
ဘားတွေမကောင်းရင်စက်သံလည်း မမှန်နိုင်ပါ
တိုင်ပင်လွဲရင်လည်း စက်မနိုးပါ တိုင်ပင်ချိန်းလျော့တာကိုပေစီးရင် တိုင်ပင်ကျော်တတ်ပါတယ် တိုင်ပင်မှားရင် ဘားကောက်ပါတယ်
ဆိုင်ကယ်တစ်စီးစက်နိုးဖို့ အင်္ဂျင်ပိုင်းမှာ လေကျစ်အားကောင်းရမယ် ဘားတွေလုံရမယ် တိုင်ပင်မှန်ရမယ်
*ကာဗျူရေတာလိုင်း*
အရင်ဆုံးကြည့်ရမှာ ကာဗျူရေတာကန်ထဲကို ဆီအလုံအလောက်ရောက်လား ကြည့်ရပါမယ် ဆီသန့်လားစစ်ရမယ်
ကာဗျူရေတာကိုစစ်တဲ့အခါ အတွင်းလိုင်းပေါက်တွေပွင့်လားသေချာစစ်ရမယ် အပ်ပင် အပ်ခွက် ကောင်းမကောင်း ဂျက်တွေပြုတ်ကျရင်လည်းစက်မနိုးပါ
အပ်ပင် အပ်ခွက်မကောင်းရင် ဆီစားမယ် မီးခိုးမဲလိုက်မယ် ပလပ်ခဏ ခဏကြောင်တတ်ပါတယ်
လေစစ်ဖော့တွေကိုသေချာစစ်ရမယ် တချို့ဘီးတွေမှာပိတ်နေတတ်တယ်
ပိတ်နေရင် လီဗာဆွဲတိုင်းစက်မပါဘူး
*မီးလိုင်း*
စစ်ရမှာကတော့ ကွိုင် cdi ပလပ်ကွိုင် ပလပ်
Ac cdiမှာဆို စတက်ကွိုင်စစ်ရမယ် cdiစစ်ရမယ် ပလပ်ကွိုင် ပါဆာကွိုင်ကကျွမ်းခဲတယ် ကျွမ်းတာတွေတော့ရှိပါတယ်
Dc cdi ဘီးတွေမှာ ဘက်ထရီရှိမရှိစစ်ရမယ် ဒိုင်အုပ်စစ်ရမယ် ဝါယာရှော့တွေစစ်ရမယ် Cdiစစ်ရမယ် တချို့Cdiကြောင်တာတွေရှိပါတယ် ကောင်းလိုက် မကောင်းလိုက်ဖြစ်တာမျိုး
ပလပ်မီးထွက်တယ်ဆိုပေမယ့် မီးထွက်တိုင်းမနိုးပါ မီးထွက်မှန်ဖို့လိုပါတယ် မီးတစ်ချက်ချင်းဆီပြတ်နေရပါမယ်
ပလပ် ခဏ ခဏကျွမ်းတာမျိုးဆို ပလပ်ကိုကြည့်ပြီး ဘာကြောင့်လဲခန့်မှန်းပါ ဓာတ်ဆီမှိုင်းရိုက်တာလား အင်္ဂျင်ဝိုင်ကြောင့်ကျွမ်းတာလား
မီးလိုင်းကတော့ ကျွန်တော် Cdiတွေအကြောင်းအသေးစိတ် ခဏ ခဏရှင်းထားပါတယ် ပြန်ပြီးဖတ်ကြည့်လို့ရပါတယ်
စက်နိုးဖို့
ဆီလိုင်း မီးလိုင်း အင်္ဂျင်လိုင်းအကုန်ကောင်းနေရပါမယ်
#CreditOriginalUploader
ထိုင်းနိုင်ငံအတွင်း
ဆိုင်ကယ်နဲ့ပတ်သတ်ပြီး သေသေချာချာကိုပြုပြင်ပေးနေပါတယ်ခင်မျာ
ဆက်သွယ်ချင်သူများ
0942695931 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်မျာ စျေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်
ဆိုင်ကယ်နဲ့ပတ်သတ်တဲ့ နည်းပညာများစွာကို တင်ပေးသွားမှာမို့ Page ကို Like & Share လုပ်ထားပေးကြပါခင်မျာ
#MotorcycleTechnology
#Admin
<Unicode>

<Zawgyi>
*ပလပ်မီးမကူးခြင်း
*ကာဗျူရေတာလိုင်း*
*မီးလိုင်း*
စက်နိုးဖို့
ထိုင်းနိုင်ငံအတွင်း
ဆက်သွယ်ချင်သူများ
0942695931 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်မျာ ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေပါသည်
#Admin