ရေမကျင့်ခြင်း

<Unicode>
#ဆိုင်ကယ်ပြုပြင်နည်းအပိုင်း(92) Crd

ကုမ္ပဏီထုတ်အတိုင်း ရေလောင်းစရာမလိုပဲ အင်ဂျင်သက်တမ်းကြာရှည်အောင် ဘယ်လို တပ်ဆင်မလဲ....?

ဘိုးရိမ်းထိုးထားသော်လည်းကောင်း ပင်စတင်လဲသော်လည်းကောင်း စလစ်ထဲသို့ ပင်စတင် ထိုးသွင်း စမ်းသပ်တဲ့အခါမှာ ပင်စတင်မျက်နှာပြင်ပွတ်တိုက်မှု ရှိမရှိ အရင်စစ်ဆေးပေးပါ ပုံမှာ ပြထားသည့်အတိုင်း ပွတ်တိုက်မှု ရှိပါက ကော်ဘတ်အချောနဲ့ အနည်းငယ်ပြန်တိုက်စားပေးပါ ပင်စတင်နှင့် စလစ်အကွာဝေးသည် ၀.၀၅မီလီမီတာ အကွာရှိနေရမည်။
မိတ်ဆွေတို့ ဖိလာဂိတ်အသုံးပြုတာ အားနည်းချက်ရှိပါက အချိန်စ မကျော်လွန်အောင် ၀.၀၄မီလီမီတာအကွာဝေး တပ်ဆင်နိင်ပါသည်။
တဖြည်းဖြည်းနဲ့ လုပ်ကိုင်တာများလာရင် ၀.၀၅မီလီမီတာ စကေးကို ချိန်စအသုံးပြု လာနိင်မှာဖြစ်ပါတယ်။

အင်ဂျင် မှန်သမျှ ဘယ်အင်ဂျင်မဆို စလစ် ပင်စတင် တင်းကြပ်မနေပါ စက်အရွယ်အစားပေါ်မူတည်ပြီး အသုံးပြုတဲ့ စက်ချောဆီ ဂိတ်အလိုက် စကေးအကွာဝေး ထားရမှာဖြစ်ပါတယ်။
အသေးစိတ် သိလိုပါက ကီလို 0 ပါကင်ဘီးကိုဝယ်ပြီးဖြုတ်ကြည့်၍ လေ့လာပါ ပိုသိလာမှာဖြစ်ပါတယ်။
စလစ် ပင်စတင် တင်းကြပ်၍လည်းမရသလို စီးစီးလေးလည်းမရပါ ထိုနည်းစနစ်သည် ကိုယ်တိုင် စိတ်ကူး ထင်မြင်ချက် တွေးခြင်းမဟုတ်ပါ သီအိုရီ နည်းစနစ်အရ ဖြစ်ပါတယ်။
နည်းပညာများ တိုးတက်အောင်မြင်ကြပါစေ။

<Zawgyi>


