cc (cm3) တွက်ချက်ခြင်း အနုပညာ

<Unicode>
cc (cm3) တွက်ချက်ခြင်း အနုပညာ

ဟျောင့် သားရီး မင်းဆိုင်ကယ်က အင်ဂျင်ပါဝါ ဘယ်လောက်လဲ? အင်ဂျင်ပါဝါ 125 လေကွာ။ အေး ဟုတ်လား။ အာ့ဆိုရင်တော့ အရုန်းအဆွဲ ကောင်းတာပေါ့ကွာ။
ကျနော်တို့ ဝန်းကျင်မှာ ကြားဖန်များ၍ ရိုးအီနေသော စကားများဖြစ်သည်။ 125 သည် 110 ထက် ပို၍ ဂဏန်းကြီးသည်။ ထို့ကြောင့် 110 ထက် အရုန်းအဆွဲပိုကောင်းသည်ဟု ကျနော်တို့ မှတ်သားထား၍ ဖြစ်သည်။ 110 ဆိုတာ ဘာလဲ၊ 125 ဆိုတာ ဘာကိုပြောတာလဲ ဆိုတာထိ စစ်စစ်ပေါက်ပေါက် စဥ်းစားမိသူက နည်းပါလိမ့်မည်။
ကျနော်တို့ ရွှေပြည်ကြီးသားတွေသည် စဥ်းစားရမှာကို သေရမှာထက် ပိုကြောက်တတ်သည်။ ကျနော်လည်း အဲ့ထဲက တစ်ယောက်ပါ 🤪။ ဒီနေ့တော့ နည်းနည်းလောက်လေး စဥ်းစား တွက်ချက်ကြည့်ခြင်းဖြင့် ကျနော်တို့ ဦးနှောက်ကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက်ကြပါစို့။

ပထမဆုံး အနေဖြင့် cc ဟူသည် အဘယ်နည်း? cc ဟူသည် cubic centimetre (ကျူဗစ် စင်တီမီတာ)ကို အတိုခေါ်ဆိုထားခြင်းဖြစ်သည်။ ထုထည်ပမာဏ, ဝင်ဆန့်မှုပမာဏတို့ကို ပြလိုရာ၌ ၎င်းယူနစ်ကို သုံးသည်။ အကျယ်အဝန်းကို တွက်ခြင်းနှင့် ဝင်ဆန့်မှုပမာဏတို့ကိုတွက်ခြင်းသည် တွက်ပုံတွက်နည်း မတူပါ။ အကျယ်အဝန်းကိုတွက်သောအခါ အလျား+အနံကိုသာ တွက်ရ၍ ဝင်ဆန့်မှုပမာဏကို တွက်သောအခါအလျား+အနံ+အမြင့် သုံးမျိုးလုံးကို တွက်ရသည်။ ထိုသို့တွက်သောအခါ၌လည်း လေးထောင့်ပုံသဏ္ဍာန်ရှိသော အုတ်ကန်၏ ပမာဏကိုတွက်ခြင်းနှင့် စက်ဝိုင်းပုံ ထုလုံးရှည်ပုံသဏ္ဍာန်ရှိသော ကျောက်စည်ပိုင်း၏ ပမာဏကို တွက်နည်းမတူပါ။

လေးထောင့်ပုံသဏ္ဍာန် အုတ်ကန်၌ အလျား×အနံ×အမြင့် ၃ ခုကိုမြှောက်ရုံဖြင့် ပမာဏကို တန်းသိရသော်လည်း၊ စက်ဝိုင်းပုံ ထုလုံးရှည်ပုံသဏ္ဍာန်ရှိသော ကျောက်စည်ပိုင်း၏ပမာဏကို တွက်ရာ၌ကား ဖော်မြူလာ (formula) အတိုင်းသာ တွက်ရပါသည်။ အဆင်သင့်ဖြစ်ပြီဆိုပါက ဦးနှောက်ကို ခါးတောင်းကြိုက်လိုက်ပါ။
တွက်ပုံ ဖော်မြူလာကား pi r2 h (အသံဖြင့် ဖတ်ပါက ပိုင် အာစကွဲ အိက်ချ် )ဖြစ်သည်။ (ကျနော့် ကီးဘုတ်သည် အတိအကျ ရိုက်မရပါသဖြင့် ပုံ၌ ဝိုင်းပြထားသည်ကိုသာ ကြည့်ကြလေကုန်) 
၁။ pi ပိုင်ဟူသည်ကား စက်ဝိုင်းပုံကို တွက်ရာ၌ ကိန်းသေတန်ဖိုးဖြစ်ပြီး၊ ပိုင်တန်ဖိုးမှာ 3.14 ဖြစ်သည်။
၂။ r2 အာစကွဲ၌ r သည် radius ဟုခေါ်သော စက်ဝိုင်း၏ အချင်းဝက်( ထက်ဝက်) ကို ခေါ်ကာ 2 ကား ၂ ထပ်ကိန်းကို ဆိုလိုခြင်းဖြစ်သည်။ အချင်းဝက်ကို ၂ ခါထပ်မြောက်ရန်ဖြစ်သည်။
၃။ h ကား hight အမြင့်ကို ဆိုလိုသည်။

ဥပမာပုံကိုကြည့်၍ Dream 125တစ်စီး၏ cc ကို တွက်ပြပါမည်။ ပုံ၌ Dream 125 ၏ Bore (အချင်း) မှာ 52.4 mm ဖြစ်ပြီး၊ Stroke (အမြင့်) မှာ 57.9 mm ဖြစ်သည်ကို တွေ့ရပါမည် ။ (1) ပိုင်တန်ဖိုးကား 3.14 ဖြစ်၍ တစ်ခါမှတ်ထားရုံဖြင့် ရပါပြီ။ (2) 52.4 အချင်းဝက်မှာ 26.2 ဖြစ်၍ 26.2 ကို 26.2 ဖြင့်မြှောက်သော် 26.2×26.2= 686.44 ဖြစ်သည်။ (3) အမြင့်ကား 57.9 ဖြစ်သည်။ အားလုံးကို မြှောက်လိုက်သော် 3.14×686.44×57.9 =124798.9 mm3 ဖြစ်သည်။ mm3 ကို cc (cm3) ပြောင်းလိုသော် 1000 ဖြင့် စားပါ။ 124798.9÷1000=124.7 ( ဒသမနောက်က တန်ဖိုးနည်းသော ဂဏန်းများကို ဖြုတ်ထားသည်) ဤအတိုင်းတွက်ချက်လိုက်ပါက Displacement၌ 124 cc ဟု ရေးထားသော်လည်း အတိအကျကို ရေးထားခြင်းမဟုတ်မှန်း သိရမည်ဖြစ်သည်။

တွက်နည်းသည် လွယ်ကူသော်လည်း အစိမ်းသက်သက်ဖြစ်နေခဲ့သော ကျနော့်အတွက်တော့ ခက်ခဲခဲ့ပါသည်။ သို့အတွက် ကျနော်နှင့် ဘဝတူ ညီအစ်ကိုများ၊ သိသော်လည်း ဝိုးတဝါးဖြစ်နေကြသော ညီအစ်ကိုများအတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။ လွှဲချော်မှု တစ်စုံတရာပါဝင်ပါက ကျနော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပါသည်။ ၄ တန်းအောင်ရုံသာ ကျောင်းနေဖူးခဲ့သော ကျနော်နှင့်, တပည့်များကို cylinder cc တွက်နည်းကို အာပေါက်မတတ် ရှင်းလင်းသင်ပြပေးခဲ့သော ဆရာကောင်းထက်ပိုင်အား ဤဆောင်းပါးလေးဖြင့် ဂါရဝပြုအပ်ပါသည်။

Photos & Video Credit

<Zawgyi>
cc (cm3) တြက္ခ်က္ျခင္း အႏုပညာ

ေဟ်ာင့္ သားရီး မင္းဆိုင္ကယ္က အင္ဂ်င္ပါဝါ ဘယ္ေလာက္လဲ? အင္ဂ်င္ပါဝါ 125 ေလကြာ။ ေအး ဟုတ္လား။ အာ့ဆိုရင္ေတာ့ အ႐ုန္းအဆြဲ ေကာင္းတာေပါ႔ကြာ။
က်ေနာ္တို႔ ဝန္းက်င္မွာ ၾကားဖန္မ်ား၍ ႐ိုးအီေနေသာ စကားမ်ားျဖစ္သည္။ 125 သည္ 110 ထက္ ပို၍ ဂဏန္းႀကီးသည္။ ထို႔ေၾကာင့္ 110 ထက္ အ႐ုန္းအဆြဲပိုေကာင္းသည္ဟု က်ေနာ္တို႔ မွတ္သားထား၍ ျဖစ္သည္။ 110 ဆိုတာ ဘာလဲ၊ 125 ဆိုတာ ဘာကိုေျပာတာလဲ ဆိုတာထိ စစ္စစ္ေပါက္ေပါက္ စဥ္းစားမိသူက နည္းပါလိမ့္မည္။
က်ေနာ္တို႔ ေရႊျပည္ႀကီးသားေတြသည္ စဥ္းစားရမွာကို ေသရမွာထက္ ပိုေၾကာက္တတ္သည္။ က်ေနာ္လည္း အဲ့ထဲက တစ္ေယာက္ပါ 🤪။ ဒီေန႔ေတာ့ နည္းနည္းေလာက္ေလး စဥ္းစား တြက္ခ်က္ၾကည့္ျခင္းျဖင့္ က်ေနာ္တို႔ ဦးေႏွာက္ကို ေသြးပူေလ့က်င့္ခန္း လုပ္ေပးလိုက္ၾကပါစို႔။

ပထမဆုံး အေနျဖင့္ cc ဟူသည္ အဘယ္နည္း? cc ဟူသည္ cubic centimetre (က်ဴဗစ္ စင္တီမီတာ)ကို အတိုေခၚဆိုထားျခင္းျဖစ္သည္။ ထုထည္ပမာဏ, ဝင္ဆန္႔မႈပမာဏတို႔ကို ျပလိုရာ၌ ၎ယူနစ္ကို သုံးသည္။ အက်ယ္အဝန္းကို တြက္ျခင္းႏွင့္ ဝင္ဆန္႔မႈပမာဏတို႔ကိုတြက္ျခင္းသည္ တြက္ပုံတြက္နည္း မတူပါ။ အက်ယ္အဝန္းကိုတြက္ေသာအခါ အလ်ား+အနံကိုသာ တြက္ရ၍ ဝင္ဆန္႔မႈပမာဏကို တြက္ေသာအခါအလ်ား+အနံ+အျမင့္ သုံးမ်ိဳးလုံးကို တြက္ရသည္။ ထိုသို႔တြက္ေသာအခါ၌လည္း ေလးေထာင့္ပုံသ႑ာန္ရွိေသာ အုတ္ကန္၏ ပမာဏကိုတြက္ျခင္းႏွင့္ စက္ဝိုင္းပုံ ထုလုံးရွည္ပုံသ႑ာန္ရွိေသာ ေက်ာက္စည္ပိုင္း၏ ပမာဏကို တြက္နည္းမတူပါ။

ေလးေထာင့္ပုံသ႑ာန္ အုတ္ကန္၌ အလ်ား×အနံ×အျမင့္ ၃ ခုကိုေျမႇာက္႐ုံျဖင့္ ပမာဏကို တန္းသိရေသာ္လည္း၊ စက္ဝိုင္းပုံ ထုလုံးရွည္ပုံသ႑ာန္ရွိေသာ ေက်ာက္စည္ပိုင္း၏ပမာဏကို တြက္ရာ၌ကား ေဖာ္ျမဴလာ (formula) အတိုင္းသာ တြက္ရပါသည္။ အဆင္သင့္ျဖစ္ၿပီဆိုပါက ဦးေႏွာက္ကို ခါးေတာင္းႀကိဳက္လိုက္ပါ။
တြက္ပုံ ေဖာ္ျမဴလာကား pi r2 h (အသံျဖင့္ ဖတ္ပါက ပိုင္ အာစကြဲ အိက္ခ်္ )ျဖစ္သည္။ (က်ေနာ့္ ကီးဘုတ္သည္ အတိအက် ႐ိုက္မရပါသျဖင့္ ပုံ၌ ဝိုင္းျပထားသည္ကိုသာ ၾကည့္ၾကေလကုန္) 
၁။ pi ပိုင္ဟူသည္ကား စက္ဝိုင္းပုံကို တြက္ရာ၌ ကိန္းေသတန္ဖိုးျဖစ္ၿပီး၊ ပိုင္တန္ဖိုးမွာ 3.14 ျဖစ္သည္။
၂။ r2 အာစကြဲ၌ r သည္ radius ဟုေခၚေသာ စက္ဝိုင္း၏ အခ်င္းဝက္( ထက္ဝက္) ကို ေခၚကာ 2 ကား ၂ ထပ္ကိန္းကို ဆိုလိုျခင္းျဖစ္သည္။ အခ်င္းဝက္ကို ၂ ခါထပ္ေျမာက္ရန္ျဖစ္သည္။
၃။ h ကား hight အျမင့္ကို ဆိုလိုသည္။

ဥပမာပုံကိုၾကည့္၍ Dream 125တစ္စီး၏ cc ကို တြက္ျပပါမည္။ ပုံ၌ Dream 125 ၏ Bore (အခ်င္း) မွာ 52.4 mm ျဖစ္ၿပီး၊ Stroke (အျမင့္) မွာ 57.9 mm ျဖစ္သည္ကို ေတြ႕ရပါမည္ ။ (1) ပိုင္တန္ဖိုးကား 3.14 ျဖစ္၍ တစ္ခါမွတ္ထား႐ုံျဖင့္ ရပါၿပီ။ (2) 52.4 အခ်င္းဝက္မွာ 26.2 ျဖစ္၍ 26.2 ကို 26.2 ျဖင့္ေျမႇာက္ေသာ္ 26.2×26.2= 686.44 ျဖစ္သည္။ (3) အျမင့္ကား 57.9 ျဖစ္သည္။ အားလုံးကို ေျမႇာက္လိုက္ေသာ္ 3.14×686.44×57.9 =124798.9 mm3 ျဖစ္သည္။ mm3 ကို cc (cm3) ေျပာင္းလိုေသာ္ 1000 ျဖင့္ စားပါ။ 124798.9÷1000=124.7 ( ဒသမေနာက္က တန္ဖိုးနည္းေသာ ဂဏန္းမ်ားကို ျဖဳတ္ထားသည္) ဤအတိုင္းတြက္ခ်က္လိုက္ပါက Displacement၌ 124 cc ဟု ေရးထားေသာ္လည္း အတိအက်ကို ေရးထားျခင္းမဟုတ္မွန္း သိရမည္ျဖစ္သည္။

တြက္နည္းသည္ လြယ္ကူေသာ္လည္း အစိမ္းသက္သက္ျဖစ္ေနခဲ့ေသာ က်ေနာ့္အတြက္ေတာ့ ခက္ခဲခဲ့ပါသည္။ သို႔အတြက္ က်ေနာ္ႏွင့္ ဘဝတူ ညီအစ္ကိုမ်ား၊ သိေသာ္လည္း ဝိုးတဝါးျဖစ္ေနၾကေသာ ညီအစ္ကိုမ်ားအတြက္ ျပန္လည္မွ်ေဝေပးျခင္းျဖစ္ပါသည္။ လႊဲေခ်ာ္မႈ တစ္စုံတရာပါဝင္ပါက က်ေနာ့္ရဲ႕ ညံ့ဖ်င္းမႈသာျဖစ္ပါသည္။ ၄ တန္းေအာင္႐ုံသာ ေက်ာင္းေနဖူးခဲ့ေသာ က်ေနာ္ႏွင့္, တပည့္မ်ားကို cylinder cc တြက္နည္းကို အာေပါက္မတတ္ ရွင္းလင္းသင္ျပေပးခဲ့ေသာ ဆရာေကာင္းထက္ပိုင္အား ဤေဆာင္းပါးေလးျဖင့္ ဂါရဝျပဳအပ္ပါသည္။

Photos & Video Credit